သတင်းများ
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Read More...
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အိမ်မဲမြို့နယ်၊ မြောင်းမြမြို့နယ်များသို့ ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ဦးစွာ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် အိမ်မဲမြို့၊ အထက်ပိုင်းရပ်ကွက်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အိမ်မဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း (အရှည် ၃၀၀ပေ၊အကျယ်၂၅ပေနှင့် ထု၆လက်မ) ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်ရှိ အိမ်မဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် (အရှည် ၄.၃၅ဖာလုံ၊အကျယ်၁၂ပေနှင့် ထု ၇လက်မ)ရှိ မြောင်းမြ-အိမ်မဲကားလမ်းဘေးမှ ရွာသစ်-ပဒက်ကျေးရွာခြင်းဆက် ကွန်ကရစ်လမ်းသစ်အား ဆက်လက်ဖွင့်လှစ်ပေးသည်။ ယင်းနောက် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လမ်းဖွင့်ပွဲအထိမ်းအမှတ် ပစ္စည်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ အိမ်မဲမြို့နယ်၊ ကျားနဖူးကျေးရွာရှိ နွေစပါးရာသီတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ထားရှိသည့် စိုက်နည်းစနစ်စမ်းသပ်ကွက်၊ မျိုးယှဉ်ပြိုင်ကွက်၊ မျိုးစေ့ထုတ်စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နှင့် တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး နှင့် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှူးတို့က အိမ်မဲမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးထွက်ရှိမှုအခြေအနေများ ရှင်းလင်းတင်ပြရာတိုင်းဒေသကြီးဝန်ကြီးချုပ်မှ တစ်ဧက တင်း၁၀၀ အထက် ထွက်ရှိနိုင်သည့် ဧကများပိုမိုတိုးတက်လာစေရေး၊ တစ်သီးစိုက်မှ နှစ်သီးစိုက်၊သုံးသီးစိုက်ဧကများအဖြစ်တိုးတက်စိုက်ပျိုးနိုင်ရေးမှာကြားခဲ့သည်။
ထို့နောက် မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာရှိ နေကြာသီးနှံစံပြကွက်ရိတ်သိမ်းနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ရိတ်သိမ်းချိန်လေလွင့်မှုမရှိစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး နှင့် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှူး တို့ကမြောင်းမြမြို့နယ်၏ ၂၀၂၂- ၂၀၂၃ခုနှစ် လယ်ယာကဏ္ဍသီးနှံစုံစိုက်ပျိုးထုတ်လုပ်နိုင်မှုအခြေအနေများအားရှင်းလင်းတင်ပြရာ အရည်အသွေးပြည့် သီးနှံများ တိုးချဲ့ထုတ်လုပ်နိုင်ရေးမှာကြားခဲ့ပြီးတောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြောင်းမြမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် (အရှည်မှာ ၀/၇မိုင်၊အကျယ်၁၂နှင့် ထု၇လက်မ) ရှိ ကညင်ကုန်း -ကျွဲခြံဝ ကွန်ကရစ်လမ်းသစ်ပွဲအား တက်ရောက်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် (အရှည် ၀/၇မိုင်၊အကျယ်၁၂ပေနှင့် ထု ၇လက်မ)ရှိ ဇလပ်ကွင်း-ပိန္နဲကုန်း ကွန်ကရစ်လမ်းအား ဆက်လက်ဖွင့်လှစ်ပေးသည်။ယင်းနောက် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လမ်းဖွင့်ပွဲအထိမ်းအမှတ် ပစ္စည်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြောင်းမြမြို့၊ကံ့ကော်မြိုင်ရပ်ကွက်၊ကံ့ကော်မြိုင်(၆)လမ်း ကွန်ကရစ်လမ်းသစ်နှင့် မြရတနာရပ်ကွက်၊နဝရတ်လမ်း ကတ္တရာရေပိတ်လွှာခင်းလမ်းပိုင်းနှင့် နဝရတ်လမ်း (စက်မှုဇုန်အပိုင်း)ကွန်ကရစ်လမ်းအပိုင်း လမ်းသစ်ဖွင့်ပွဲများအား တက်ရောက်ဖွင့်လှစ်ပေးပြီးနောက် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက လမ်းဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းအား ဝန်ကြီးချုပ်ထံပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါဖွင့်လှစ်သော လမ်းများမှ ကံ့ကော်မြိုင်လမ်းသည် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် မြောင်းမြမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဘဏ္ဍာရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေ တို့ဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး စုစုပေါင်းလမ်းအရှည် ၂၂၀၀ပေ၊အကျယ်၁၂ပေနှင့် ထု၆လက်မရှိပြီး နဝရတ်လမ်း (ကတ္တရာရေပိတ်လွှာခင်းလမ်းပိုင်း)မှာ ၄၆၀၀ပေ၊အကျယ်၁၄ပေနှင့် ထု၈လက်မရှိပြီး နဝရတ်လမ်း (စက်မှုဇုန်အပိုင်း)မှာ လမ်းအရှည် ၁၄၈၀ပေ၊ အကျယ် ၁၄ပေနှင့်ထု ၈လက်မရှိကြောင်းသိရသည်။ အဆိုပါလမ်းများဖွင့်လှစ်ပေးမှုကြောင့် ဒေသခံပြည်သူများ၏ ပညာရေး၊ကျန်းမာရေး၊ စီးပွားရေး အစရှိသည့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မှာဖြစ်ကြောင်းသိရှိရသည်။
Read More...
17-Mar-2023
ဆုတောင်းပြည့်ဘုရားစုကျေးရွာရှိ ဘုရားကုန်းကျောင်းတိုက်အတွင်း၌ တည်ထားကိုးကွယ်အပ်သော ရှေးဟောင်းစုတောင်းပြည့် စေတီတော်မြတ်ကြီး ရွှေထီးတော်အသစ်တင်လှူပွဲအခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဆုတောင်းပြည့်ကျေးရွာအုပ်စု၊ ဆုတောင်းပြည့်ဘုရားစုကျေးရွာရှိ ဘုရားကုန်းကျောင်းတိုက်အတွင်း၌ တည်ထားကိုးကွယ်အပ်သော ရှေးဟောင်းစုတောင်းပြည့် စေတီတော်မြတ်ကြီး ရွှေထီးတော်အသစ်တင်လှူပွဲ မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊အလှူရှင်ဒါယိကာ၊ဒါယိကာမများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရွှေထီးတော်မြတ်ကြီး သီတင်းသုံးတော်မူရာ ဂန္ဓကုဋီ ကျောင်းတော်သာသို့ သံဃာတော်များအား ပင့်ဆောင်တော်မူ၍ ရွှေထီးတော်မြတ်ကြီးအား မဟာပဏာမ နမောတဿဂါထာတော်မြတ်ဖြင့် ပူဇော်၍ မေတ္တာသုတ် ပရိတ်တော်မြတ်များ ရွတ်ပွားပူဇော်ပြီး အမွှေးနံ့သာရည်များဖြင့် ပူဇော်ကာ ဒါယကာ၊ ဒါယိကာမများက ဒေဝါဝင်း၊ ရာဇာဝင်းများခြံရံလျက် ရွှေထီးတော်မြတ်ကြီးကို ပင့်ဆောင်ကြ၍ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား လင်္ကျာရစ် လှည့်လည်ပူဇော်ခဲ့သည်။
ထို့နောက်ရွှေထီးတော်မြတ်ကြီးကို ဆရာတော်ကြီးများအားဆက်ကပ်ကာ မေတ္တာခံယူကြပြီး ဂန္ဓကုဋီကျောင်းတော်သာ၌ ရွှေထီးတော်မြတ်ကြီး ယာယီသီတင်းသုံးတော်မူရန် ပင့်ဆောင်ခဲ့ ကြသည်။ ထို့နောက် ရွှေထီးတော်မြတ်ကြီးတစ်ဆူစီကို မင်္ဂလာပန်းရထားဖြင့် တင်လှူပူဇော်ရာ ရွှေထီးတော်၏ ပထမဘုံအဆင့်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊တို့ကလည်းကောင်း၊ရွှေထီးတော်၏ ဒုတိယဘုံအဆင့်အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးရာဝန်ကြီး တို့ကလည်းကောင်း၊ရွှေထီးတော်၏ တတိယဘုံအဆင့်အား အလှူရှင်များကလည်းကောင်း၊ရွှေထီးတော်၏ စတုတ္ထဘုံအဆင့်အား အလှူရှင်များကလည်းကောင်း၊ရွှေထီးတော်၏ ပဉ္စမဘုံအဆင့်၊ ဆဌမဘုံအဆင့်၊ သတ္တမဘုံအဆင့် တို့အား စေတီတော်ဂေါပကအဖွဲ့နှင့် အလှူရှင်များ ကလည်းကောင်း၊ ရွှေထီးတော်၏ အဌမဘုံအဆင့်၊ နဝမဘုံအဆင့်တို့အား အလှူရှင်များကလည်းကောင်း၊ ရွှေထီးတော်၏ ချယားသီးတော်အား အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကလည်းကောင်း၊ရွှေထီးတော်၏ ငှက်မြတ်နားတော်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ကလည်းကောင်း၊ စိန်ဖူးတော်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင်မန်းငြိမ်းမောင် ကလည်းကောင်း အသီးသီးတင်လှူပူဇော်ခဲ့ကြသည်။ ယင်းနောက် ရွှေထီးတော်တင်လှူပူဇော်ပြီးသောအခါ၌ သံဃာတော် (၃၁) ပါး တို့က ဗုဒ္ဓါဘိသေက ဥဒါန မင်္ဂလာဂါထာတော်များဖြင့် ရွတ်ပွားပူဇော်ကြခဲ့ကြပြီး ရွှေမိုး၊ ငွေမိုးများ ရွာသွန်းခဲ့ကြသည်။
ဆက်လက်၍ ရေစက်ချမင်္ဂလာ အခမ်းအနား ပြုလုပ်ရာ ဒါယိကာ၊ဒါယိကာမများက ဘုရားရှိခိုးကန်တော့၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပညာသာမိ၊ ပခန်းကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်မန်းငြိမ်းမောင်၊တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လှူဖွယ်ဝတ္တုအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ပြီးအနုမောဒနာတရား နာကြားခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားအား “ဗုဒ္ဓသာသနံံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
Read More...
17-Mar-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နံနက်ပိုင်းက ပန်းတနော်မြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်ခဲ့ပြီး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့်က ငါးသားပေါက်မွေးမြူရေးကန်မှ ငါးအသားတိုးမွေးမြူရေးကန်များသို့ ငါးပြောင်းရွှေ့ပန့်ဖြင့်ပြောင်းရွှေ့ မွေးမြူမှု အခြေအနေ ကြည့်ရှုစစ်ဆေးခဲ့ပြီး ငါးပြောင်းရွှေ့ပန့်ဖြင့် တစ်နာရီလျှင် ၃၀ ဂရမ်အရွယ်အစားရှိ ငါးအကောင်ရေ (၆) သိန်းခန့်ပြောင်းရွှေ့နိုင်ကြောင်းသိရသည်။
ထို့နောက် ခေတ်မီ နည်းစနစ်များဖြင့် (၅) ဧကတွင် ရေသွင်းရေထုတ်စနစ်ပါသည့် မြေသားကန်တည်ဆောက်ခြင်းနှင့် Best Aquaculture Practice (BAP) စနစ်နှင့်အညီ ရေလှောင်ကန် reservoir တည်ဆောက်ခြင်း၊ ရေထုတ်ပြွန်တည်ဆောက်ခြင်းများအား စက်ယန္တရားများနှင့်ဆောင်ရွက်နေမှုများအားလည်းကောင်းမှု၊ စပါးခွံသုံး Biomass Power Plant တိုးတက်တည်ဆောက်နေမှုနှင့် အပိုင်းလိုက်အမြန်ဆုံးစမ်းသပ်လည်ပတ်နိုင်ရေးဆောင်ရွက်နေမှု အပြင် ဘေးထွက်ပစ္စည်း biochar များကို မြေဩဇာအဖြစ် ထုတ်လုပ်နိုင်ရေးဆောင်ရွက်နေမှု၊ နိုင်ငံတကာစံညွှန်းများနှင့်အညီ ငါးအစာ Feed Factory တည်ဆောက်မှုလုပ်ငန်းစဉ်များ၊ Seafood Processing & ColdStorage Plant ဆောင်ရွက်လျက်ရှိမှုနှင့် စက်ပစ္စည်းကိရိယာများ တိုးတက်တပ်ဆင်ဆောင်ရွက်လျက်ရှိမှု၊ Tank Farm များတွင် ငါးတန်များအား (၈၀) ဂရမ် အရွယ်အစားမှ ရောင်းတန်းဝင်သည်အထိ(၈)လ ခန့်ဖြင့် တစ်ကန်လျှင် အကောင်ရေ (၈၀၀၀၀) အား စနစ်တကျမွေးမြူထားရှိမှုများအား လိုက်လံရှင်းလင်းပြောကြားခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရာတွင် မိရိုးဖလာမွေးမြူရေး နည်းလမ်းများထက် စနစ်ကျနပြီးကောင်းမွန်သည့် ခေတ်မီမွေးမြူ ရေးနည်းလမ်းများကိုအောင်မြင်အောင်ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ငါးတန်မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများကိုပြည်တွင်းသာမကပြည်ပဈေးကွက် များသို့တင်ပို့ ရောင်းချရန်စီမံဆောင်ရွက်နေမှုများအပေါ်သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
Read More...
17-Mar-2023
ပုသိမ်မြို့ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတားတည်ဆောက်ခြင်းလုပ်ငန်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တိုင်းဒသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပုသိမ်မြို့ ကမ်းနားလမ်း၊ မြေနုဆိပ်ခံတားနှင့် ဥမ္မာဒန္တီဆိပ်ခံတံတားအကြားကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား(Jetty) စုစုပေါင်းအလျား (၅၃၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ကြံ့ခိုင်မှုရှိစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကာ လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Read More...
16-Mar-2023
မြစ်ရေတိုက်စားမှုကြောင့်မြစ်ကမ်းပါးပြိုကျမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေးခဲ့ပြီး နေအိမ်များကြိုတင်ရွှေ့ပြောင်းခဲ့သည့် မိသားစုဝင်များနှင့် ဒေသခံပြည်သူများအားတွေ့ဆုံအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာတွင် ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကမ်းခြေမှ အလျား ၂၀၀ပေ၊အနံ၂၅ပေခန့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး နေအိမ်များကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား တိုင်းဒေသကြီး ဝန်ကြီးချူပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းတွင် သွားရောက်တွေ့ဆုံအားပေးစကားများပြောကြားခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြစ်ကမ်းပါးပြိုကျမှုအား ရေယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရတနာသိပ္ပံကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြစ်ကမ်းပါးကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား လျှောက်ထားတင်ပြခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက ဒေသခံပြည်သူများအတွက် မြစ်ကမ်းပါးထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးမည့်အခြေအနေများနှင့် ကျေးရွာနေပြည်သူများအတွက် ပညာရေး၊ကျန်းမာရေးနှင့် လျှပ်စစ်မီးရရှိရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေများအား ရင်းရင်းနှီးနှီးအားပေး ပြောကြားခဲ့ပြီး ကမ်းပြိုနေရာများအားကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ကုက္ကိုဝကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များဖြည့်ဆည်း ပေးနိုင်ရေး မှာကြားခဲ့သည်။ အဆိုပါ ကမ်းပြို မှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ခြေ (၁၁)လုံး၊ အိမ်ထောင်စု (၁၁)စု တို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးရန်ပုံငွေနှင့် ကာဘော်လိပ်ဆပ်ပြာတို့အား ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက ကမ်းပြိုဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Read More...
16-Mar-2023