သတင်းများ


ဆန်စပါးဥပဒေ (မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့၊‌ဧရာရွှေဝါခန်းမ၌ ပြုလုပ်သည့် ဆန်စပါးဥပဒေ(မူကြမ်း)ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး “(၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား၌ တောင်သူများ၊ဌာနဆိုင်ရာများ၊စိုက်ပျိုး၊မွေးမြူ၊ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့်စုပေါင်း၍ ပန်းတိုင်အထွက်နှုန်းရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲအား ပြုလုပ်ခဲ့ပါကြောင်း၊၂၀၂၂ ခုနှစ်၊အောက်တိုဘာလ (၆)ရက်မှ (၇)ရက်နေ့ထိ၊ အပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (၂)၌ ကျင်းပခဲ့သည့် “မြန်မာနိုင်ငံဆန်စပါးညီလာခံ ၂၀၂၂ (Myanmar Rice Conference 2022)"တွင် မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ပြီး ရရှိခဲ့သော ဖော်ထုတ်ချက် (၄၃)ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံပြီး စားရေရိက္ခာပေါကြွယ်ဝခြင်း၊အလားအလာကောင်းသော စိုက်မွေးအခြေခံ ကုန်ထုတ်လုပ်ငန်းများ များစွာရှိသည့်အတွက် နိုင်ငံတော်ဝန်ကြီးချုပ်က  အောင်မြင်ဖြစ်ထွန်းနိုင်သော တိုင်းဒေသကြီးဖြစ်သည့်အတွက်  စံနမူနာပြဖြစ်အောင် ကြိုးစားဆောင်ရွက်ရန်လမ်းညွှန်ခဲ့ပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)တို့ ပူးပေါင်း၍ ရေးဆွဲပြီး ဆန်စပါးဥပဒေ(မူကြမ်း)ကို ပြင်ဆင်ဖြည့်စွက်နိုင်ရန် ဆွေးနွေးပွဲ ကျင်းပပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဆန်စပါးအများဆုံးစိုက်ပျိုးသည့် တိုင်းဒေသကြီးဖြစ်သောကြောင့်  လိုအပ်ချက်များကိုပိုမိုဆွေးနွေးနိုင် မှာဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ ထုတ်လုပ်သူနှင့် တောင်သူများက ထိရောက်သည့် ထိထိရောက်ရောက်ဆွေးနွေးအကြံပြုမှုတွေ လုပ်ဆောင်ပေးပါရန်မှာကြားလိုပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း  စပါး တစ်ဧကအထွက်နှုန်း တိုးတက်ရေး၊ အရည်အသွေးတိုးတက်ကောင်းမွန်စေရေး၊ ဆန်နှင့်ဆန်ထွက်ပစ္စည်း ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိရာတစ်ဧကအထွက်နှုန်းတိုးတက်ရေး၏ အဓိကအချက်များဖြစ်တဲ့ မျိုးကောင်းမျိုးသန့်ရရှိစေရေး၊ သွင်းအားစုဈေးနှုန်းများ သက်သာစေရေးအတွက်တိုင်းဒေသကြီးအစိုးရ၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ စိုက်ပျိုးထုတ်လုပ်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စားရေရိက္ခာဖူလုံရေးနှင့် ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေးအတွက် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်နှင့် တိုင်းဒေသကြီး၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၁၈-၂၀၃၀)ကို ကအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည်  စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံတဲ့ စီးပွားရေးလုပ်ငန်းများ အဓိကထားသည့် တိုင်းဒေသကြီးဖြစ်ရာ မိုးစပါး၊ နွေစပါး စုစုပေါင်းဧက(၅၁)သိန်းကျော် စိုက်ပျိုးပြီး စပါးတင်းသိန်းပေါင်း (၄၀၀၀)ကျော် ထွက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပြီး ပို လျှံသည့်ဆန်များကို  ပြည်တွင်းပြည်ပတင်ပို့လျက်ရှိပါကြောင်း၊ ခေတ်မီအဆင့်မြင့် ဆန်စက်ကြီးများရှိပြီး ပေါင်းဆန် တိုးတက်ထုတ်လုပ်နိုင်ရေးကိုလည်း စည်းရုံးဖိတ်ခေါ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း “ဆန်စပါးကဏ္ဍစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝယ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ကြိတ်ခွဲထုတ်လုပ်ခြင်း၊ ပြည်တွင်း၊ ပြည်ပတင်ပို့ခြင်း၊ထိန်းကျောင်းကြပ်မတ်ခြင်း ကဏ္ဍများကို ဤဥပဒေဖြင့် ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ပိုမိုအလေးထားဆွေးနွေးပေးစေလိုပါကြောင်း၊ ဆန်စပါး ကြိတ်ခွဲထုတ်လုပ်မှုမှ ထွက်ရှိလာသည့်ဘေးထွက်ပစ္စည်း ဖွဲနုများကို ဖွဲနုဆီ ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါပြီး ဖွဲနုဆီစက်များ တည်ဆောက်၊လည်ပတ် ထုတ်လုပ်နိုင်ပါက ဆီဖူလုံမှု အထောက်အကူဖြစ်လာနိုင်ပါကြောင်း၊ ဆန်စပါးဥပဒေမူကြမ်းတွင် ပေါင်းဆန်စက်၊ ဖွဲနုဆီစက် ဖွံ့ဖြိုးရေးကဏ္ဍများ အားပေးကူညီထောက်ပံ့ရန်ပါရှိသည့်အတွက် အောင်မြင်အောင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့် ဆန်စပါးဥပဒေမူကြမ်းနှင့် ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တောင်သူများ၊ ရောင်းဝယ်သူများ၊ ဆန်စက်ပိုင်ရှင်များ၊Exporter များမှ  မိမိတို့၏ပကတိအခြေအနေနှင့်ကိုက်ညီသည့် အချက်အလက်များ ထဲထဲဝင်ဝင်ဆွေးနွေးပေးကြရန်”ပြောကြားခဲ့သည်။ ယင်းနောက်  တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာမှူးက ဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူးက ဆက်လက်ရှင်းလင်းဆွေးတင်ပြခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့သည်။ထို့နောက် စားသုံးရေးရာဦးစီးဌာန(ရုံးချုပ်)မှ ဥပဒေ(မူကြမ်း)အား ဆက်လက်ရှင်းလင်းခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသူများမှ ပြင်ဆင်ဖြည့်စွက်ရရမည်များအား အပြန်အလှန်တင်ပြဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆန်စပါးဥပဒေ(မူကြမ်း) ဆွေးနွေးပွဲရလဒ်များတွင်ပြည့်ပြည့်စုံစုံထည့်သွင်းဆွေးနွေးကြသည်ကိုတွေ့ရှိရပါကြောင်း၊ စကားရပ်၊ အသုံးအနှုန်းတိကျမှန်ကန်ရန်လိုအပ်ပါကြောင်း၊ နေရာဒေသမတူညီမှုများအတွက်လည်းထည့်သွင်းဆွေးနွေးကြရမှာဖြစ်ပါကြောင်း၊ ပညာရှင်များ၊ ဌာနဆိုင်ရာများနှင့်တောင်သူများပါဝင်သည့် သုတေသနပြုလုပ်ငန်းများဆောင်ရွက်နိုင်ရေးဆွေးနွေးမှုများလည်းတွေ့ရှိရပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍအလိုက်ကျွမ်းကျင်ပညာရှင်များထွက်ပေါ်လာပါက တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် အထောက်အပံ့ကောင်းများစွာရရှိမှာဖြစ်ပါ၍ လူစွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေးဆောင်ရွက်ရန်လိုပါကြောင်းနှင့် ရရှိတဲ့အချိန်အတွင်း ထိရောက်သည့်ပြင်ဆင်ဖြည့်စွက်ချက်များ၊ အကြံပြုချက်များဆွေးနွေးချက်များဖြင့် နိုငံအကျိုး၊ တိုင်းဒေသကြီးအကျိုးနှင့် တောင်သူများအကျိုးအတွက် ကြိုးပမ်းဆောင်ရွက်ရန်နိဂုံးချုပ်အမှာစကားများပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ရောင်းဝယ်ရေးသမားများ၊ ပုသိမ်တက္ကသိုလ်မှပါမောက္ခများ၊ Exporterများနှင့်တောင်သူများစုစုပေါင်း ၁၅၇ဦးတက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။


Read More...
06-Mar-2023
ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်မှန်/ဆေးစပ်) စိစစ်ရေးမှူး-၄ (ဆေးမှတ်တမ်း) (၆)လသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
ဆေးဘက်ကျွမ်းကျင်-၄(ဓာတ်မှန်/ဆေးစပ်)စိစစ်ရေးမှူး-၄(ဆေးမှတ်တမ်း)သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ယနေ့ပြုလုပ်သည့် သင်တန်းဆင်းပွဲသည် ကျန်းမာရေးအတွက် အဓိကကျသည့် သင်တန်းတစ်ခုဖြစ်ပြီး ကိုးထပ်ဆောင် ပြည်သူ့ဆေးရုံသစ်ကြီးသည်ဖွင့်လှစ်ပြီးနောက်ပိုင်း ပိုမိုအနှစ်သာရပြည့်ဝသည့် ဆေးရုံကြီးတစ်ခုအဖြစ်တွေ့ရှိရပါကြောင်း၊ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ဆေးပညာနှီးနွယ်တက္ကသိုလ်များ၊ သင်တန်းကျောင်းများမှ နိုင်ငံတော်ပံ့ပိုးမှုဖြင့် ပညာသင်ကြားပို့ချခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဆေးရုံကြီးများ၌လည်း အကူသူနာပြုသင်တန်းများ၊ ကျွမ်းကျင်ဝန်ထမ်းသင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း၊ အရည်အသွေးပြည့်ဝည့် ဓာတ်မှန်ပညာ၊ ဆေးစပ်ပညာ၊ ဆေးမှတ်တမ်းပညာများကို လေ့လာသင်ယူကြပြီး အရည်အချင်းပြည့်ဝစွာနဲ့ အောင်မြင်ခဲ့ကြတဲ့အတွက် ယခုလို သင်တန်းဆင်းပွဲကျင်းပပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ပံ့ပိုးပေးခဲ့ကြသည့် မိဘဆရာသမားများနှင့် လက်တွေ့လေ့လာခွင့်ရအောင် ပံ့ပိုးပေးပါသောတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးရှိ တာဝန်ရှိပုဂ္ဂိုလ်များ၊ လေ့လာဆည်းပူးခွင့်ရအောင် စီစဉ်ပေးပါသော ဆေးရုံအုပ်ကြီး၊ဆရာဝန်ကြီးများနှင့် သင်တန်းဆရာ/မများနှင့် ည သင်တန်းဖွင့်လှစ်ပေးပါသောနိုင်ငံတော်အစိုးရ တို့အား ကျေးဇူးတင်ရမှာ ဖြစ်ပါကြောင်း၊ ဆေးရုံများသည် ဆရာဝန်၊သူနာပြု၊ ဓါတ်မှန်ရိုက်ခြင်း၊ ဓါတ်ခွဲခြင်းနှင့် ဆေးဘက်ဆိုင်ရာအထောက်အကူပြု လုပ်ငန်းများ၊ ဆေးနှင့်ဆေးပစ္စည်း ဖြန့်ဖြူးရေးလုပ်ငန်းများ၊ ဆေးမှတ်တမ်း လုပ်ငန်းများနှင့် အခြားသောဝန်ထမ်းများပါရှိသော ကျန်းမာရေးအရည်အချင်းပြည့်ဝသည့် စောင့်ရှောက်မှု အဖွဲ့အစည်းဖြစ်ပါကြောင်းနှင့်  အရေးပေါ်လူနာများ၊ ထိခိုက်ဒဏ်ရာရလူနာများ၊ ရောဂါပြင်းထန်သောလူနာများ၊ နာလန်ထလူနာများအစရှိသည်တို့ကိုကုသရေးဆိုင်ရာဝန်ဆောင်မှု (Curative Services) များသာမကကျန်းမာမှုမြှင့်တင်ခြင်း (Health promotion)၊ ရောဂါကာကွယ်တားဆီးခြင်း (Preventive Services) ၊ နာလန်ထလူနာများအားစောင့်ရှောက်ခြင်း (Rehabilitative Services) လုပ်ငန်းများကိုပါဝန်ဆောင်မှုပေးသည့် ဌာနတစ်ခုလည်းဖြစ်ပါကြောင်း၊  ဆေးနှင့်ဆေးပစ္စည်းများစီမံခန့်ခွဲမှုသည်  ဆေးရုံအတွက် အရေးကြီးပါကြောင်းနှင့် ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများအနေဖြင့် Medical Store Management ကို တိကျစွာ ဆောင်ရွက်နေတာကိုလည်းသိရှိရပါကြောင်း၊ ဆေးဘက်ကျွမ်းကျင်-၄(ဓါတ်မှန်/ဆေးစပ်)၊ စိစစ်ရေးမှူး-၄ (ဆေးမှတ်တမ်း) ဝန်ထမ်းများသည် နိုင်ငံတော်၏  လိုအပ်ချက်အတွက် တစ်ထောင့်တစ်နေရာမှာ ဖြည့်တင်းလုပ်ကိုင်ရင်း မိမိအပါအဝင် မိသားစုပတ်ဝန်းကျင်နှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် အလုပ်အကျွေးပြုပြီး ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများကို ဦးဆောင်ကြိုးပမ်း ဆောင်ရွက်သွားနိုင်ပါစေကြောင်း”သင်တန်းဆင်း အမှာစကားများပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းသား သင်တန်းသူများအားထောက်ပံ့ငွေပေးအပ်ခဲ့ရာ သင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။


Read More...
06-Mar-2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၃ခုနှစ်၊သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲအခမ်းအနားပုသိမ်မြို့တွင်ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၃ခုနှစ်၊သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း၊ ထပ်ဆင့်ဂုဏ်ပြုပူဇော်ခြင်း မင်္ဂလာအခမ်းအနားအား မွန်းလွဲပိုင်း၌ ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ အခမ်းအနားအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကာ ထူးမခြားနား သီချင်းခန့်ဖြင့်ပူဇော်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ချီးမြှင့်အလှူခံရရှိတော်မူသောညောင်တုန်းမြို့၊ ရွှေဟင်္သာတောရ ပါဋိတက္ကကျောင်းတိုက်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တအာဒိစ္စာဘိဝံသ အရှင်သူမြတ်က သမ္မောဒနီယကထာ ချီးမြှင့်တော်မူပြီး  ဆရာတော် သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွား ချီးမြှင့်တော်မူကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ပြီးနောက်  ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဆရာတော်အမှူးပြုသောအပူဇော်ခံပင့်သံဃာတော်အရှင်သူမြတ်များအားတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီးတို့နှင့် တာဝန်ရှိသူများကလလှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး( ၁၉)ပါး၊ ၊ ပထမပြန်၊ ဓမ္မာစရိယ၊ နိကာယ်စာမေးပွဲတို့တွင် အထူးအောင်သံဃာ(၄)ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအားတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဒုတိယဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ လည်းကောင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရသီလရှင်ဆရာကြီး(၃)ပါးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီးနှင့် တိုင်းဒေသကြီးဥပဒေချုပ်တို့မှလည်းကောင်းဘွဲ့တံဆိပ်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများအသီးသီးဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မရမ်းချိုကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တသောဘိတမဟာထေရ်အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီးများအား ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ဆွမ်းဆန်တော်နှင့် လှူဘွယ်ဝတ္ထုအစုစုတို့အားလောင်းလှူပူဇော်ခဲ့ကြသည်။ အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ စေတနာရှင်အလှူရှင်များမှ ဝတ္ထုငွေနှင့်လှူဘွယ်ပစ္စည်းတန်ဖိုးစုစုပေါင်း (၁၅၁၃၆၅၀၀) တစ်ရာ့ငါးဆယ်တစ်သိန်းသုံးသောင်းခြောက်ထောင်ငါးရာကျပ်တိတိအား လောင်းလှူခဲ့ကြကြောင်းသိရသည်။


Read More...
05-Mar-2023
ရေကြည်မြို့၏ကျက်သရေဆောင် သမိုင်းဝင်ဒီပါရုမ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
သာသနာတော်နှစ်၂၅၆၆ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊‌ ရေကြည်မြို့၏ ကျက်သရေဆောင် သမိုင်းဝင်ဒီပါရုမ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ရင်ပြင်တော်၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များတက်ရောက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီး၊ဆရာလေးများအား ဆွမ်းဆန်စိမ်းများလောင်းလှူခဲ့ကြသည်။ ဦးစွာ ဘုရားအမှူးရှိသော ဘုန်းတော်ကြီးကျောင်း (၈၈) ကျောင်းမှ သံဃာတော်(၅၃၆)ပါးနှင့် သီလရှင်ကျောင်း (၁၀)ကျောင်းမှ သီလရှင် ဆရာကြီး၊ဆရာလေး (၇၁)ပါး၊စုစုပေါင်း (၆၀၇)ပါးတို့မှ ဒီပါရုမ်စေတီတော်မြတ်ကြီးအား လက်ယာရစ် ဆွမ်းဆန်တော်များနှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို အလှူခံတော်မူရာ ဝန်ကြီးချုပ်အမှူးပြုသော စေတနာရှင်အလှူရှင်များက ဆွမ်းဆန်တော်များနှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို လောင်းလှူခဲ့ကြသည်။ ဆက်လက်၍ ရေစက်ချမင်္ဂလာအခမ်းအနားအား သန္တိသုခတန်ဆောင်း‌တော်အတွင်း၌ပြုလုပ်ရာ “နမောတဿ” သုံးကြိမ်သံပြိုင်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပူဇော်ခဲ့ပြီးနောက် တိုင်းသံဃနာယက ဥက္ကဋ္ဌ (မူလဒွါရ)ဒီပါရုမ် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်ထံမှ (၈)ပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဂေါပကအဖွဲ့ဝင်များက ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်သံဃ နာယကဥက္ကဋ္ဌ မင်္ဂလာရာမကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ကောင်းမှုကုသိုလ်အစုအစုတို့အတွက် ရေစက်သွန်းချ ဆုတောင်းအမျှပေးဝေခဲ့ပြီး ရေစက်ချမင်္ဂလာအခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်သံပြိုင်ရွတ်ဆို ပိတ်သိမ်းခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ပုသိမ်မြို့၊ မြောင်းမြကျောင်းတိုက်သို့ သွားရောက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၃ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီး၊ဆရာလေးများအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ပြီး  ဆရာတော်အရှင်သူမြတ်များအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည်ညိုအားပေးခဲ့သည်။


Read More...
05-Mar-2023
(၆၁)နှစ်မြောက်တောင်သူလယ်သမားနေ့အခမ်းအနား တတိယနေ့အဖြစ် ဌာနဆိုင်ရာများနှင့် တောင်သူများစုပေါင်း၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအလုပ်ရုံဆွေးနွေးပွဲနှင့် ပိတ်ပွဲအခမ်းအနားနှင့်ဆုချီမြှင့်ပွဲကျင်းပ
(၆၁)နှစ်မြောက်တောင်သူလယ်သမားနေ့အခမ်းအနား တတိယနေ့အဖြစ် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ ဌာနဆိုင်ရာများနှင့် တောင်သူများစုပေါင်း၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်လျက်ရှိရာ ယနေ့ညနေပိုင်းက  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊တိုင်းဒေသကြီးအတွင်းရှိ တောင်သူများ တက်ရောက်ခဲ့ကြသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်နိုင်မည့် ရေမြေသဘာဝရွေးချယ်ခြင်း၊အထွက်မျိုးကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးခြင်း၊မျိုးကောင်း၊မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင်း၊သွင်းအားစုများထည့်သွင်းအသုံးပြုခြင်း၊ထုံးထည့်သွင်းခြင်း၊ တစ်သီးမှနှစ်သီး၊ နှစ်သီးမှ သုံးသီးစိုက်သို့ ပြောင်းလဲစိုက်ပျိုးရေး အစရှိသည့် ခေါင်းစဉ် အသီးသီးဖြင့် စကားဝိုင်းအလိုက် ဆွေးနွေးမှုရလဒ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ မွေးမြုူရေးလုပ်ငန်းများနှင့်ပတ်သတ်၍ စကားဝိုင်းအလိုက် ဆွေးနွေးမှုရလဒ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အခြေအနေများအားလည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဗဟိုဌာန (မြောင်းမြ) မှ တာဝန်ခံမှ ပေါ်ဆန်းစပါး အရည်အသွေးတိုးတက်စေရေးနှင့် သဘာဝမြေသြဇာများအသုံးပြုစေရေးသုတေသနပြုလုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်း အသေးစိတ်ရှင်းလင်းတင်ပြမှုအပေါ်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လာမည့်စိုက်ပျိုးရာသီတွင် မိုးစပါး၊ နွေစပါး လက်ရှိအထွက်နှုန်းထက် တစ်ဧက (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရန်အတွက်  တောင်သူများ၊ စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီများမှအဆင့်ဆင့်မှကြပ်မက်ဆောင်ရွက်ရန်လိုကြောင်း၊  ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးရေးကိုလည်းအောင်မြင်အောင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရအတွက်လည်း သက်ဆိုင်ရာဌာနများဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  မွေးမြူရေးတောင်သူများအနေဖြင့် အဆင့်မြင့်နည်းပညာသုံးမွေးမြူရေးစနစ်ကိုလည်း စနစ်တကျမွေးမြူ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လည်းလိုပါကြောင်း၊ ဒေသထွက်ကုန်ကြမ်းများမှ တိရစ္ဆာန်အစားအစာများထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်တိုးချဲ့ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တောင်သူလယ်သမားနေ့ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ဆက်လက်ပြုလုပ်ရာ တောင်သူလယ်သမားနေ့ပြခန်းများတွင်နှစ်သိမ့်ဆုရရှိသည့်ခရိုင်များအားသက်ဆိုင်ရာတာဝန်ရှိသူများမှလည်းကောင်း၊ အထူးဆုရရှိသည့် ခရိုင်များများအား တိုင်းရင်းသားရေးရာဝန်ကြီး၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်သယံဇာတရေးရာဝန်ကြီးတို့မှလည်းကောင်း၊ တတိယဆုရရှိသည့် ကျုံပျော်ခရိုင်အား စီးပွားရေးရာဝန်ကြီးမှ လည်းကောင်း၊ ဒုတိယဆုရှိသည့် ပုသိမ်ခရိုင်အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှလည်းကောင်း၊ ပထမဆုရရှိသည့် မြောင်းမြခရိုင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်မှလည်းကောင်းဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီးနောက် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ ကိုအခြေခံ၍ ကုန်ချောထုတ်လုပ်နိုင်သည့် စက်ရုံအလုပ်ရုံများထွက်ပေါ်လာစေရေး ကြိုးစားဆောင်ရွက်စေရေးနှင့်တောင်သူများအတွက် အမှန်တကယ်အကျိုးရှိသည့်ဆွေးနွေးပွဲဖြစ်ပါကြောင်းနှင့် ရလဒ်များအပေါ် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေးကြိုးစားဆောင်ရွက်ကြရန်၊ နိုင်ငံတော်မှအားထားရသည့် စံပြတိုင်းဒေသကြီးဖြစ်စေရေးကြိုးစားဆောင်ရွက်ကြရန်၊ တောင်သူများ၏လူမှုစီးပွားဘဝတိုးတက်မြင့်မားစေရေး၊ တစ်ဦးချင်းဝင်ငွေတိုးတက်ရရှိစေရေးမိမိတို့ဒေသ ၊တိုင်းဒေသကြီးနှင့်နိုင်ငံအကျိုးအတွက် တိုးတက်အောင်ဆောင်ရွက်နိုင်စေရေးကြိုးပမ်းဆောင်ရွက်ကြရန် နိဂုံးချုပ်အမှာစကားများပြောကြားခဲ့ကြောင်းသိရသည်။


Read More...
04-Mar-2023