သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပေါ်ဆန်းဖိုရမ်-၂၀၂၅ စကားဝိုင်းဆွေးနွေးပွဲနှင့် ပေါ်ဆန်းပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ဧရာဝတီ တိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ်-၂၀၂၅ စကားဝိုင်းဆွေးနွေးပွဲနှင့် ပေါ်ဆန်းပြိုင်ပွဲဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပညာရှင်များ၊ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ တောင်သူကြီးများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများနှင့်တောင်သူများက vedio conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။


Read More...
07-Mar-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကြည့်ရှုစစ်ဆေး၊ အခြေခံပညာကျောင်များသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဇလွန်မြို့ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် Bored Pile အခြေပြုကျောက်စီတမံအလျား ၂၂၀ ပေ ဆောင်ရွက်နေမှု အခြေအနေအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေရှည်တည်တံ့စေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး အောင်ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးဆောင်ရွက်ကြရန် မှာကြားခဲ့ပသည်။


Read More...
07-Mar-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဇလွန်မြို့၊ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ရွှေသားမျက်နှာကြက်တော်ကြီး ရေစက်ချအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ရွှေသားမျက်နှာကြက်တော်ကြီး ရေစက်ချအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်မြတ်ကြီးတွင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။


Read More...
07-Mar-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ပုသိမ်မြို့ သရောင်းချောင်းမျိုးသန့်ခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ သာပေါင်းမြို့နယ်၊ သန်လျက်စွန်းကျေးရွာတွင် (Super sun-41)နေကြာစိုက်ပျိုးဖြစ်ထွန်းနေမှုများ ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ သရောင်းချောင်းမျိုးသန့်ခြံသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ မျိုးသန့်ခြံအတွင်း သုတေသနပြု စိုက်ပျိုးထားသော ပေါ်ဆန်းစပါးစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
06-Mar-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ်-၂၀၂၅ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ်-၂၀၂၅ ကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာဧရာဝတီတိုင်းဒသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသအသီးသီးနှင့် နေပြည်တော်ရှိ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိစသည့် မြို့နယ်များမှ ပညာရှင်များနှင့် တောင်သူများက Video Conferencing စနစ်ဖြင့်တက်ရောက်ခဲ့ကြသည်။ 


Read More...
05-Mar-2025