သတင်းများ


ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးအဆင့်ဌာဆိုင်ရာများတွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၁) ကျင်းပ
၂၀၂၁ ခုနှစ်၊ မတ်လ၊ (၃၀)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ဧရာရွှေဝါ ခန်းမ၌ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးအဆင့်ဌာဆိုင်ရာများတွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေး၌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားရာတွင် CDM ပြုလုပ်နေသည့် ဝန်ထမ်းများအား စတင်အရေးယူတော့မည်ဖြစ်ကြောင်း၊ တိုင်းအဆင့်အကြီးအကဲများအနေဖြင့် အကြောင်းမဲ့ပျက်ကွက်နေသည့် ဝန်ထမ်းများအား အရေးယူဆောင်ရွက်ရန်လိုကြောင်း၊ CDM ပြုလုပ်ခြင်း၊ အကြောင်းမဲ့ပျက်ကွက် နေသည့် ဝန်ထမ်းများအား လစာထုတ်ပေးမှုများ စိစစ်တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းအဆင့်အကြီးအကဲများအနေဖြင့် မိမိတို့၏ လက်အောက်ရှိ ခရိုင်/မြို့နယ်အဆင့် ရုံးများတွင် ဝန်ထမ်းလစာများ လိမ်လည်ထုတ်ယူခြင်းမျိုးမဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းအဆင့်အကြီးအကဲများအနေဖြင့် အခက်အခဲများရှိပါက တင်ပြရန်နှင့် ပေါင်းစပ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ ဌာနတစ်ခုချင်းအလိုက်ဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကိုညှိနှိုင်း ဆွေးနွေးခဲ့ပြီး အစည်းအဝေးအားရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။


Read More...
30-Mar-2021
ပုသိမ်မြို့တွင်သာသနာတော်ဆိုင်ရာဘွဲတံဆိပ်တော်ရ"ဂုဏဝိသိဋ္ဌ"ပူဇာသဘင်အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ၂၀၂၁ခုနှစ် မတ်လ(၂၇)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲနှင့် ၂၀၂၀ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ အထူးအောင်သံဃာတော်များနှင့် သီလရှင်ဆရာကြီးများကိုထပ်ဆင့်ဂုဏ်ပြုပူဇာ်ပွဲ " ဂုဏဝိသိဋ္ဌ"ပူဇာသဘင်အခန်းအနားကိုကျင်းပခဲ့ပါတယ်။ အခန်းအနားကို " နမောတဿ " သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီးထူးမခြားနား သီချင်းခန့် ၃ ပိုဒ်ဖြင့်ပူဇော်ပါတယ်။ ထို့နောက် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ဝင် မအူပင်မြို့ ပရိယတ္တိမင်းကျောင်းစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉာဏိန္ဒာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြောင်မြမြို့ အလယ်တောရ စာသင်တိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တပညာသီဟ က သမ္မောဒနီယဩဝါဒကထာ မြွက်ကြား ချီးမြှင့်တော်မူပါတယ်။ ထိုနောက် ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများက ပရိတ်တရားများရွတ်ပွားချီးမြှင်တော်မူပြီး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးရဲမြင့်က သာသနာရေးဆိုင်ရာများကိုလျှောက်ထားပါတယ်။ ၎င်းနောက် တိုင်းစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နှင့်တာဝန်ရှိသူများက ၂၀၂၁ ခုနှစ် သာသနာရေးဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၅၀ ပါး ၊၂၀၂၀ ပြည့်နှစ်သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၂၁ ပါး၊ အထူးအောင်သံဃာ ၃ ပါး၊ ၂၀၂၁ ခုနှစ်သာသနာရေးဆိုင်ရာ ဘွဲတံဆိပ်တော်ရ သီလရှင်ဆရာကြီး ၃ ပါးတို့ကို ဂုဏ်ပြုလက်မှတ်များနှင့် လှူဒါန်းဖွယ်ရာပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။ ထိုနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ငါးသိုင်းချောင်းမြို့ ၊ ရွှေရေးဆောင်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသံဝရာဘိဝံသ အရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားကိုနာကြား၍ ရေစက်သွန်း အမျှပေးဝေခဲ့ပြီး၊ အခန်းအနားကို တက်ရောက်လာကြသူများက " ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု " သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခန်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။ အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပခဲ့ကာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဦးရဲမြင့်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်အောင်အောင်နှင့်ဇနီး၊ ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။


Read More...
27-Mar-2021
ကျောင်းကုန်းမြို့နယ်၊ ကံကလေးကျေးရွာအုပ်စု၊ လှေဒါးချောင်ကျေးရွာတွင် နွေစပါးစံကွက် ရိတ်သိမ်းခြင်းအခမ်းအနားကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင် (၂)ဦးတင်အေး၊ တိုင်ဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့်အတူ ၂၀၂၁ ခုနှစ်၊ မတ်လ၊ (၂၅)ရက်နေ့၊ နေ့လယ်(၁၅၀၀) နာရီအချိန်၌ ကျောင်းကုန်းမြို့နယ်၊ ကံကလေးကျေးရွာအုပ်စု၊ လှေဒါးချောင်ကျေးရွာ၊ ကွင်းအမှတ်(၄၂၅-ဘီ)၊ ဦးပိုင်အမှတ် (၄၃/၄)၊ တောင်သူဦးမြင့်အောင်၏ ဆင်းသုခမျိုးသန့်စပါးစိုက်ခင်း (၁၀)ဧကတွင် ကျင်းပပြုလုပ်သော ၂၀၂၁ခုနှစ် နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ရိတ်သိမ်းခြွေလှေ့နေမှုအခြေအနေကို ကြည့်ရှုအားပေးခဲ့ပါသည်။ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေ များကိုရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ ယနေ့မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းမှ တစ်ဧကလျှင် အစိုတင်း(၁၄၆)တင်း ထွက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
25-Mar-2021
ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ (၉၂)ကြိမ်မြောက် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ကြီး ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ယူသည့်ကာလတွင် ဘုရားကျောင်းကန် စေတီပုထိုးများအား အများပြည်သူများ ဖူးမျှော်ကြည်ညိုနိုင်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မတ်လ၊ (၂၄)ရက်နေ့၊ နေ့လယ်(၁၂၀၀) နာရီအချိန်၌ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ မြတ်စွယ်တော်တန်ဆောင်းတွင် ကျင်းပပြုလုပ်သည့် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ကြီး ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ဗိုလ်မှူးကြီးမျိုးညွန့်ဦး၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြပြီး အတုလဗုဒ္ဓစွယ်တော်မြတ်အား ဂန္ဓကုဋိတိုက်တော်မှ ရွှေကျောင်းတော်သို့ နာယကဆရာတော်များနှင့် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှ ပင့်ဆောင်ပူဇော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။


Read More...
25-Mar-2021
ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)ကျင်းပခြင်း
၂၀၂၁ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့၊ (၀၉၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြလုပ်ခဲ့သည့် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှု အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)သို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေအငြင်းပွားမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် အယူခံများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်သွားသော တောင်သူများ၏ လယ်ယာမြေများအား လျော်ကြေး၊ နစ်နာကြေးပေးအပ်ရန်ကိစ္စရပ်များ၊ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲအသုံးပြုထားမှုအပေါ် ဒဏ်ကြေးပေးဆောင်ရန် ကိစ္စရပ်များ၊ လယ်ယာမြေအခြားနည်းသုံးစွဲခွင့်ကိစ္စရပ်များတို့နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးအား နေ့လည် (၁၂:၄၅)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။


Read More...
23-Mar-2021