သတင်းများ


ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့် မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ပထမအကြိမ် (အကြို) အစည်းအဝေးသို့တက်ရောက်
မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ပထမအကြိမ်(အကြို)အစည်းအဝေးကို ယနေ့နံနက် (၁၀၀၀)နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်က “ယခုနှစ်တွင် ယခင်နှစ်များကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာအရ ရိုးရာမပျက် သက်ကြီးပူဇော်ပွဲ၊ ဘေးမဲ့ငါးလွှတ်ပွဲနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်ပွဲများသာ ကျင်းပသွားနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ပကတိအခြေအနေများနှင့်အညီ အစဉ်အလာမပျက် ဆောင်ရွက်သွားနိုင်ရေး စီစဉ်ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် လက်ရှိကော်မတီများအနေဖြင့် မည်သည်တို့ဆောင်ရွက်ရန်သင့်တော်သည်၊ မည်သည်တို့ကိုပေါင်းစပ်ပေးရမည်၊ ပံ့ပိုးပေးရမည်” စသည်ဖြင့် အမှာစကားပြောကြားပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်က “ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သွားနိုင်ရေး၊ ကျင်းပမည့်ပွဲတော်များအတွက် ပြည်သူများအတွက် လုံခြုံရေးကြိုတင်ပြင်ဆင်ထားကြရန်”ပြောကြားသည်။ ဆက်လက်၍ အတွင်းရေးမှူးဦးသန်းဆွေဝင်းက “ယခုဆောင်ရွက်မည့် ပွဲတော်များသည် နှစ်စဉ်ဆောင်ရွက် နေသည့် ပွဲတော်များဖြစ်၍ အခက်အခဲမရှိနိုင်ကြောင်း၊ ငွေဆောင်၊ ချောင်းသာကမ်းခြေများ လည်း ဖွင့်လှစ်မည်ဖြစ်သဖြင့် ကိုဗစ်-၁၉ရောဂါ ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေးနှင့် အပန်းဖြေပြည်သူများ၏ လုံခြုံရေးအတွက်လည်း စီစဉ်ဆောင်ရွက်ရန်လိုကြောင်း” စသည်ဖြင့် ပြောကြားပြီး လုပ်ငန်းကော်မတီ(၈)ခုမှ လိုအပ်သည်များ တင်ပြဆွေးနွေးခဲ့ကြသည်။ ယခုနှစ် မဟာသင်္ကြန်ပွဲတော်၏ ဘေးမဲ့ငါးလွှတ်ပွဲ၌ ငါးမြစ်ချင်းအကောင်ရေ(၅)သောင်း အား ငဝန်မြစ်အတွင်းသို့ စေလွှတ်မည်ဖြစ်ကြောင်းနှင့် ပြည်သူများအပန်းဖြေနားနေနိုင်ရေး အတွက် ငွေဆောင်၊ ချောင်းသာကမ်းခြေများလည်း ဖွင့်လှစ်ထားရှိမည် ဖြစ်ကြောင်းသိရှိရသည်။


Read More...
02-Apr-2021
ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီး(၉)ထပ် တိုးချဲ့ဆောင်ဆောက်လုပ်ခြင်းနှင့် ဆေးရုံဖွင့်လှစ် ကုသနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း
၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၂)ရက်နေ့ ၊ နံနက်(၁၁၁၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီး(၉)ထပ် တိုးချဲ့ဆောင် ဆောက်လုပ်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုခဲ့ပြီး အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၅)၊ တာဝန်ခံ ညွှန်ကြားရေးမှူးမှ ဆေးရုံဆောက်လုပ်ပြီးစီးမှု အခြေအနေများအားရှင်းလင်းတင်ပြခဲ့မှုအပေါ် လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ပြီး ဆေးရုံဆောက်လုပ်နေမှုအခြေအနေများနှင့် ဆေးရုံအနောက်ဘက်ခြမ်းရှိ မြေထိမ်းနံရံဆောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုသိမ်ပြည်သူ့ ဆေးရုံ ခုတင်(၅၀၀) ဖွင့်လှစ်ကုသနေမှု၊ လူနာများဆေးကုသခံယူနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။


Read More...
02-Apr-2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၈/၂၀၂၁) ကျင်းပပြုလုပ်ခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၁)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၈/၂၀၂၁) ကျင်းပပြုလုပ် ခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။


Read More...
01-Apr-2021
Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေး (၉/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၁)ရက်နေ့ ၊ နံနက်(၁၁၁၅)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၉/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ယခင်နေ့အစည်းအဝေးမှတ်တမ်းအပေါ် လုပ်ဆောင်ထားရှိမှုနှင့် ကော်မတီ၏ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ထားရှိမှုများအားရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းက ကျန်းမာရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
01-Apr-2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီဝင်များနှင့် အတူ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီးဦးရဲတင့်နှင့် တာဝန်ရှိသူများအား ၂၀၂၁ ခုနှစ်၊ မတ်လ၊ (၃၁)ရက်နေ့၊ နံနက် (၀၈၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
31-Mar-2021