သတင်းများ


ဧရာဝတီတိုင်းဒေသကြီး (COVD -19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ အလှူရှင်များမှ Oxygen Concentrator များနှင့် Oxygenerator ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပခြင်းနှင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၂၂) ရက်၊ (၁၀၀၀)နာရီအချိန်၌ ဧရာဝတီတိုင်း​​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီရုံး၊ အည်းအ​ဝေးခန်းမ(၁)တွင် တိုင်းဒေသကြီး(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ အလှူရှင်များမှ Oxygen Concentrator များနှင့် Oxygenerator ကိုပေးအပ်လှူဒါန်းပွဲကျင်းပရာ အခမ်းအနားသို့ တိုင်း​​ဒေသကြီး(COVID-I9) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ​ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ​ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် (COVID-I9) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလှူရှင်များကိုယ်စား ဦးစည်သူစိုးမှ လှူဒါန်းရခြင်းနှင့်ပါတ်သက်၍ရှင်းလင်းတင်ပြခဲ့ပါသည်။ ထိုနောက် A to Z Holding Company Ltd မှ Oxygen Concentrator(၈) လုံး၊ ဧရာဟိုးဒင်းလ် ကုမ္ပဏီလီမိတက်နှင့်ပုသိမ်စက်မှုမြို့တော်စီမံကိန်းမှ တစ်ရက်လျှင် အောက်စီဂျင် (40 L) အိုး( 160 ) ထုတ်လုပ်ပေးနိုင်သည့်ငွေကျပ်သိန်း(၁၁၀၀)ကျော်တန်ဖိုးရှိ Oxygenerator စက်နှင့် Buffo Myanmar com Ltd မှ ငွေကျပ်(၂၀)သိန်းတို့အား သက်ဆိုင်ရာအလှူရှင်များကလှူဒါန်းရာ ​ကော်မတီဥက္ကဌက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကာ အလှူရှင်များအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့​နောက် (၁၀၁၅) နာရီအချိန်တွင် တိုင်း​​ဒေသကြီး(COVID-I9) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအ​ဝေး ဆက်လက် ပြုလုပ်ခဲ့ရာ ​ကော်မတီဥက္ကဌနှင့် အ​နောက်​တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့မှ အမှာစကား​ပြောကြားခဲ့ပြီး ​ကော်မတီအတွင်း​ရေးမှူး ဗိုလ်မှူးကြီး​ကျော်စွာလှိုင်၊ တိုင်း​ဒေသကြီးပြည်သူကျန်းမာ​ရေးနှင့်ကုသ​ရေးဦးစီးမှူး ​ဒေါက်တာ​ဇော်မင်းထွန်းနှင့် ​ကော်မတီဝင်များမှ တိုင်း​ဒေသကြီးအတွင်း (COVID-I9) ထိန်းချုပ်ကာကွယ်ကုသ​ရေးလုပ်ငန်း​ဆောင်ရွက်​နေမှုအ​ခြေအ​နေများ၊ လိုအပ်ချက်များအား ​ဆွေး​နွေးတင်ပြကြရာ ​ကော်မတီဥက္ကဌနှင့် တိုင်းမှူးတို့မှ သက်ဆိုင်ရာကဏ္ဍအလိုက်လိုအပ်သည်များကို ​ညှိနှိုင်း​ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့​ကြောင်း သတင်းရရှိပါသည်။


Read More...
22-Jul-2021
ဧရာဝတီတိုင်းဒေသကြီး (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၂၁) ရက်နေ့ ၊ နံနက် (၁၀၀၀)နာရီအချိန်၌ ဧရာဝတီတိုင်း​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီရုံး၊ အစည်းအ​ဝေးခန်းမ(၁)တွင် ဧရာဝတီတိုင်းဒေသကြီး(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပခဲ့ရာ တိုင်း​ဒေသကြီး (COVID-19) ထိန်းချုပ်​ရေးနှင့်အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ (COVID-19) ​ရောဂါထိန်းချုပ်ကာကွယ်​ကုသရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လိုအပ်ချက်များအားဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှုအခြေအနေများအား တိုင်းဒေသကြီး(COVID-19)​ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်​ရေး​ကော်မတီအတွင်း​ရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်သရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တက်​ရောက်လာသူများမှ ဆွေးနွေးတင်ပြကြရာ ​ကော်မတီဥက္ကဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့​ကြောင်းသတင်းရရှိပါသည်။


Read More...
21-Jul-2021
ဧရာဝတီတိုင်းဒေသကြီး (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၂၀) ရက်နေ့ ၊ နံနက် (၁၀)နာရီအချိန်တွင် ဧရာဝတီတိုင်း​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီရုံး၊ အစည်းအ​ဝေးခန်းမ(၁)တွင် ဧရာဝတီတိုင်းဒေသကြီး(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပခဲ့ရာ တိုင်း​ဒေသကြီး (COVID-19) ထိန်းချုပ်​ရေးနှင့်အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ (COVID-19) ရောဂါကူးစက်ပြန့်ပွားမှု များပြားလာခြင်းကြောင့် (COVID-19) ရောဂါထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သံသယလူနာများထားရှိရန်အတွက် Quarantine Center များ ပြင်ဆင်ထားရှိမှု အခြေအနေများ၊ (COVID-19)ရောဂါအတည်ပြုလူနာများအား ကုသပေးနေမှု အခြေအနေများနှင့်အောက်စီဂျင်လိုအပ်ချက်များအားဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှုအခြေအနေများအား တိုင်းဒေသကြီး(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်သရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း တို့ကဆွေးနွေး တင်ပြကြပါသည်။ ထိုနောက် ​ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက (Covid-19) ​ရောဂါကာကွယ်ကုသ​ရေးလုပ်ငန်းများအား ဆွေးနွေးတင်ပြကြရာ​ ကော်မတီဥက္ကဋ္ဌက သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို ​ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့​ကြောင်းသတင်းရရှိပါသည်။


Read More...
20-Jul-2021
Covid-19 ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်း အစည်းအဝေးကျင်းပပြုလုပ်ခြင်းနှင့် Covid-19 ရောဂါထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် စေတနာ့ ဝန်ထမ်းများအား အလှူငွေနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့ ၊ (၁၀၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် တိုင်းဒေသကြီးCovid-19 ရောဂါထိန်းချုပ် ကာကွယ်ရေးလုပ်ငန်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင် နှင့်တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်း၊ ပုသိမ်မြို့၊ ခုတင်(၅၀၀)ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်ဇင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ Covid-19 ရောဂါကာကွယ်ကုသရေးလုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများ၊ လိုအပ်ချက်များအားဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့မှ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၁၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ခုတင်(၅၀၀) ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမတွင် Covid-19 ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ တွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် စေတနာဝန်ထမ်းများအား အလှူငွေနှင့်စားသောက်ကုန်များ ကူညီထောက်ပံ့ခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ လမင်းတစ်ရာ ဘက်စုံပရဟိတ အဖွဲ့စေတနာ့ဝန်ထမ်း(၄၅)ဦးနှင့် ကား(၆)စီးအတွက် စားသောက်စရိတ်၊ စက်သုံးဆီ ထောက်ပံ့ လှူဒါန်းငွေကျပ်(၄၉၅၀၀၀ဝိ/-)၊ ကိုရဲသွေးနီနှင့် မိတ်ဆွေများပရဟိတအဖွဲ့ စေတနာ့ဝန်ထမ်း(၄)ဦး၊ ကား(၂)စီးအတွက် စားသောက်စရိတ် ထောက်ပံ့လှူဒါန်းငွေကျပ်(၅၄၀၀၀ဝိ/-) တို့အား ပေးအပ် ချီးမြှင့်ခဲ့ရာ ပရဟိတအဖွဲ့တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးမှ လမင်းတစ်ရာဘက်စုံပရဟိတအဖွဲ့ စေတနာ့ဝန်ထမ်းများ၊ ကိုရဲသွေးနီနှင့် မိတ်ဆွေများ ပရဟိတအဖွဲ့စေတနာ့ဝန်ထမ်းများအတွက် စားသောက်ကုန်များ ထောက်ပံ့ပေးအပ် ခဲ့ရာ ပရဟိတအဖွဲ့တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် အောက်စီဂျင်လိုအပ်မှု များရှိနေသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပံ့ပိုးကူညီပေးသည့် တစ်နေ့လျှင် (၄၀)လီတာအိုး အလုံး(၆၀)ထုတ်လုပ်နိုင်မည့် အောက်စီဂျင်စက်တပ်ဆင် ဆောင်ရွက်နေမှုအခြေအနေနှင့် တစ်နေ့လျှင် (၄၀)လီတာအိုး အလုံး(၂၀)ထုတ်လုပ်ပေးနေပြီး လူနာခန်းအတွက် ပိုက်လိုင်းမှ အောက်စီဂျင်တိုက်ရိုက်ပေးနေသည့် စက်တစ်လုံး တပ်ဆင်ဆောင်ရွက်ပြီး၍ ကုသပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်တို့မှ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
19-Jul-2021
ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ ဆေးရုံကြီးတွင် Oxygen စက်တပ်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၁၈)ရက်နေ့ ၊ (၁၆၄၅)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ ဇော်မင်းထွန်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဇင်၊ ဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စိုးတို့နှင့်အတူ ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် အောက်စီဂျင်စက် တပ်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် အောက်စီဂျင်ထုတ်ပေးနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပုသိမ်ပြည်သူ့ ဆေးရုံကြီးတွင် အောက်စီဂျင်လိုအပ်မှုများရှိနေသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပံ့ပိုးကူညီပေးသည့် တစ်နေ့လျှင် အောက်စီဂျင် (၈၀၀)လီတာ ထွက်ရှိပြီး Covid-19 လူနာခန်း အတွက် ပိုက်လိုင်းမှတဆင့်အောက်စီဂျင်ပေးနိုင်သည့်စက်တစ်လုံးတပ်ဆင်ပြီးစီး၍ ကုသဆောင်ရွက် ပေးနေမှုအခြေအနေနှင့် တစ်နေ့လျှင် အောက်စီဂျင်(၂၄၀၀)လီတာထွက်ရှိမည့် စက်တစ်လုံးတပ်ဆင် ဆောင်ရွက်နေမှု အခြေအနေများအား တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
18-Jul-2021