သတင်းများ


ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် (၅၀၅-က)ဖြင့် အရေးယူဆောင်ရွက်ထားသည့် အမှုတွဲများအား ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၃)ရက်နေ့ ၊ (၁၆၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်း(၁)တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ (၅၀၅-က)ဖြင့် အရေးယူဆောင်ရွက်ထားသည့်အမှုတွဲများအား တင်ပြသည့်အစည်းအဝေးသို့ ဧရာဝတီတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး တင်ပြလာသည့် အမှုတွဲများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြဆွေးနွေးကြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
03-Jun-2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် လမ်းဦးစီးဌာနနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၃)ရက်နေ့ ၊ (၁၄၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်း(၁)တွင် လမ်းဦးစီးဌာနနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တိုင်း၊ ခရိုင်လမ်းဦးစီးနှင့် လမ်း/တံတားအထူးအဖွဲ့မှတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)က လုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြခြင်း၊ ခရိုင်နှင့် လမ်း/တံတားအထူးအဖွဲ့များမှ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးတို့က လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်လာသူများမှ တင်ပြဆွေးနွေးကြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမှ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
03-Jun-2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကျင်းပခြင်း
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၃)ရက်နေ့ ၊ (၁၃၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေးခန်း(၁)တွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းများတွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အမှာစကားပြောကြားခဲ့ကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အဆောက်အဦသည် အသစ်ဖြစ်၍ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် သန့်ရှင်းရေးအား အထူးအလေးထား ဆောင်ရွက်ကြရန်မှာကြားခဲ့ကာ လွှတ်တော်ပင်မအဆောက်အဦအသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
03-Jun-2021
ပုသိမ်မြို့၊ အောင်ဓမ္မပါလသာသနာ့ဗိမ္မာန်တွင်ကျင်းပပြုလုပ်သည့် အစိုးရဓမ္မာစရိယ စာမေးပွဲတွင် ဖြေဆိုနေကြသည့် သံဃာတော်၊ သီလရှင်များအား သွားရောက်ဖူးမြှော်ကြည်ညိုခြင်း
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁)ရက်နေ့ ၊ (၁၃၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ အောင်ဓမ္မပါလ သာသနာ့ဗိမ္မာန်တွင် (၁.၆.၂၀၂၁)ရက်နေ့မှ (၉.၆.၂၀၂၁)ရက်နေ့ထိ ကျင်းပပြုလုပ်သည့် အစိုးရဓမ္မာစရိယစာမေးပွဲတွင် ဖြေဆိုနေကြသည့် သံဃာ + သီလရှင်(၁၂၅)ပါးအား သွားရောက်ဖူးမြှော်ကြည်ညိုခဲ့ပြီး လှူဖွယ်ဝတ္တုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိပါသည်။


Read More...
01-Jun-2021
ဧရာဝတီတိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၁/၂၀၂၁)ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ မေလ၊ (၃၁)ရက်နေ့ ၊ (၁၄၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်သည့် ဧရာဝတီ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၁/၂၀၂၁)သို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိရေး လျှောက်ထားမှုများအပေါ် တင်ပြ ဆွေးနွေးကြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
31-May-2021