သတင်းများ


ဧရာဝတီတိုင်းဒေသကြီးသဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၂၈)ရက်နေ့ ၊ နံနက် (၁၁၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီးသဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များတက်​ရောက်ခဲ့ကြပြီး ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးရဲမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးအုန်းမြင့်က သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ရင်ဆိုင်ကြုံတွေ့ရမည့် အခက်အခဲများကို အမြန်ဆုံး ဖြေရှင်းပေးနိုင်ရေးဆိုင်ရာ ကိစ္စများကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့​နောက် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်နှင့် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌများက Video Conferencing ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်​ဆောင်ရွက်ထားရှိများကို ရှင်းလင်းတင်ပြခဲ့ကြပြီးတက်ရောက်လာသောသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြရာ ကောင်စီဥက္ကဌက လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့​ကြောင်းသတင်းရရှိပါသည်။


Read More...
28-Jul-2021
ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှကြီးမှူး၍ ပုသိမ်မြို့ပေါ်ရှိ ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီး (၁၅)ပါးအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၂၈)ရက်နေ့ ၊ (၁၀၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၌ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှကြီးမှူး၍ ပုသိမ်မြို့ပေါ်ရှိ ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီး(၁၅)ပါးအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ခင်ဇော်၊ ကောင်စီအဖွဲ့ဝင်များ၊ ​ကောင်စီအတွင်းရေးမှူးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဆရာတော်အရှင် သူမြတ်များထံမှ တရားတော်များနာယူကြည်ညိုခဲ့ကာ ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
28-Jul-2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ကောင်စီအဖွဲ့ဝင်များမှ သမဝါယမသင်တန်းကျောင်းတွင် ပုသိမ်မြို့ပေါ်ရှိ Covid-19 ရောဂါကုသဆောင်များ၊ Quarantine Center များတွင် တက်ရောက်ကုသမှုခံယူနေသော လူနာများအတွက် ထမင်း၊ ဟင်းနှင့် ဖြည့်စွက် စာများ ကူညီထောက်ပံ့ပို့ဆောင်ပေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၂၇)ရက်နေ့ ၊ (၁၀၃၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီ အဖွဲ့ဝင်(၂) ဦးတင်အေး၊ ကောင်စီအဖွဲ့ဝင်(၃) ဦးအုန်းမြင့်၊ ကောင်စီအဖွဲ့ဝင်(၅) ရဲမှူးကြီး တင်ဇော်ထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ သမဝါယမသင်တန်းကျောင်းတွင် ပုသိမ်မြို့ပေါ်ရှိ Covid-19 ရောဂါ ကုသဆောင်များတွင် တက်ရောက်ကုသမှုခံယူနေသောလူနာများနှင့်၊ Quarantine Center များတွင် ဝင်ရောက်နေသူများအတွက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ကူညီ ထောက်ပံ့ပေးသည့် ထမင်း၊ ဟင်းနှင့် ဖြည့်စွက်စာများ ပို့ဆောင်ပေးနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကောင်စီဥက္ကဋ္ဌမှ ကူညီဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်းများအား အားပေးစကားပြောကြားခဲ့ကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
27-Jul-2021
ဧရာဝတီတိုင်းဒေသကြီး (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၂၅) ရက်နေ့ ၊ နံနက် (၁၀၀၀)နာရီအချိန်၌ ဧရာဝတီတိုင်း​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီရုံး၊ အစည်းအ​ဝေးခန်းမ(၁)တွင် ဧရာဝတီတိုင်းဒေသကြီး(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပခဲ့ရာ တိုင်း​ဒေသကြီး (COVID-19) ထိန်းချုပ်​ရေးနှင့်အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ (COVID-19) ​ရောဂါထိန်းချုပ်ကာကွယ်​ကုသရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှုအခြေအနေများအား တိုင်းဒေသကြီး(COVID-19)​ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်​ရေး​ကော်မတီအတွင်း​ရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်သရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် ​ကော်မတီဝင်များမှ ဆွေးနွေးတင်ပြကြရာ ​ကော်မတီဥက္ကဌက လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့​ကြောင်းသတင်းရရှိပါသည်။


Read More...
25-Jul-2021
ဧရာဝတီတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကာကွယ်ကုသရေးလုပ်ငန်းများတွင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ၊ နှီးနွယ်အသင်းအဖွဲ့များ ပူးပေါင်းပါဝင်ကူညီနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၂၄)ရက်၊ (၁၂၀၀)နာရီအချိန်၌ ဧရာဝတီတိုင်း​​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီရုံး၊ အည်းအ​ဝေးခန်းမ(၁)တွင် တိုင်းဒေသကြီး(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအ​ဝေးကျင်းပပြုလုပ်ခဲ့ရာ တိုင်း​​ဒေသကြီး(COVID-I9) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ ​ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာ​ရေးနှင့် ကုသ​ရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ​ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအ​ဝေးတွင် တိုင်း​​ဒေသကြီး (COVID-I9) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌနှင့် အ​နောက်​တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး ကော်မတီအတွင်း​ရေးမှူး ဗိုလ်မှူးကြီး​ကျော်စွာလှိုင်၊ တိုင်း​ဒေသကြီးပြည်သူကျန်းမာ​ရေးနှင့်ကုသ​ရေးဦးစီးမှူး ​ဒေါက်တာ​ဇော်မင်းထွန်းနှင့် ​ကော်မတီဝင်များမှ တိုင်း​ဒေသကြီးအတွင်း (COVID-I9) ထိန်းချုပ်ကာကွယ်ကုသ​ရေးလုပ်ငန်း​ဆောင်ရွက်​နေမှုအ​ခြေအ​နေများ၊ လိုအပ်ချက်များအား ​ဆွေး​နွေးတင်ပြကြရာ ​ကော်မတီဥက္ကဌနှင့် တိုင်းမှူးတို့မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့​ပါသည်။ ဆက်လက်၍ (၁၃၀၀) နာရီအချိန်တွင် တိုင်း​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီရုံး၊ အစည်း​အ​ဝေးခန်းမ(၁)၌ ဧရာဝတီတိုင်း​ဒေသကြီးအတွင်း COVID-19 ​ရောဂါကာကွယ်ကုသ​ရေးလုပ်ငန်းများတွင် ပုဂ္ဂလိကကျန်းမာ​ရေးလုပ်ငန်းများ၊ နှီးနွယ်အသင်းအဖွဲ့များ ပူး​ပေါင်းပါဝင်ကူညီနိုင်​ရေး ညှိနှိုင်း​ဆွေး​နွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ​​ဆွေး​နွေးပွဲတွင်တိုင်း​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဌနှင့် တိုင်းမှူးတို့မှ အဖွင့်အမှာစကား​ပြောကြားခဲ့ပါသည်။ ထို့​နောက် တိုင်း​ဒေသကြီးပြည်သူကျန်းမာ​ရေးနှင့်ကုသ​ရေးဦးစီးမှူး ​ဒေါက်တာ​ဇော်မင်းထွန်းမှ တိုင်း​ဒေသကြီးအတွင်း (COVID-19) ​ရောဂါဖြစ်ပွား​နေမှုနှင့်ပတ်သက်၍ ​ဆွေး​နွေးတင်ပြခဲ့ပြီး ဆွေးနွေးပွဲသို့တက်​ရောက်လာကြသည့် မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံကျန်းမာ​ရေးမှူးအသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း၊ မြန်မာနိုင်ငံကြက်​ခြေနီအသင်းနှင့် ဧရာဝတီတိုင်း​ဒေသကြီးအတွင်းရှိပုဂ္ဂလိက​ဆေးရုံများမှ ကိုယ်စားလှယ်များက တိုင်း​ဒေသကြီးအတွင်း ကာကွယ်ကုသ​ရေးလုပ်ငန်းများတွင်​ ကူညီဆောင်ရွက်​ပေး​နေမှုအ​ခြေအ​နေများ၊ ​ဆက်လက်ဆောင်ရွက်မည့်အစီအစဥ်များ၊ လိုအပ်ချက်များအား​ ဆွေး​နွေးတင်ပြကြရာ ​ကောင်စီဥက္ကဌနှင့် တိုင်းမှူးတို့မှ ​ဆွေး​နွေးတင်ပြချက်များအ​ပေါ် ညှိနှိုင်း​ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့ကြောင်းသတင်းရရှိပါသည်။


Read More...
24-Jul-2021