သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားကြီး အရှေကျေးရွာရှိ စီးပွားဖြစ်မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းတွင် မြေသြဇာကြဲပတ်နေမှုအား ကြည့်ရှု စစ်ဆေးခြင်းနှင့် တကုန်းကြီးကျေးရွာ၊ ပါရမီရိပ်သာကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် Quarantine Center သို့ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း
၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်၊ (၁၆၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယား ကြီးအရှေ့ကျေးရွာတွင် Saemaul Undong (S.M.U) ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းဖြင့် ဆောင်ရွက်သည့် ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း (၃၆)ဧကသို့ ရောက်ရှိ၍ မျိုးစေ့ထုတ်စိုက်ခင်းအား ဓါတ်မြေသြဇာကြဲပက်နေမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်မှ ဓါတ်မြေသြဇာလိုအပ်မှုအခြေအနေများ၊ မြေဆီလွှာဓါတ်ခွဲစစ်ဆေးမှုအဖြေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာရှိ ပါရမီ ရိပ်သာကျောင်းတိုက်တွင် ဖွင့်လှစ်ထားရှိသည့် Quarantine Center သို့ရောက်ရှိ၍ PPE ဝတ်စုံ (၄၀)၊ FACE MASK (၂၀၀၀)ခုနှင့် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၅၀၀၀၀ဝိ/-)အား ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူ များမှ လက်ခံရယူခဲ့ပါသည်။


Read More...
24-Aug-2021
ပုသိမ်မြို့၊ ဧရာ​ရွှေဝါခန်းမ၌ ပုသိမ်မြို့ပေါ်တွင် ဝါတွင်းကာလ သီတင်းသုံးတော်မူကြသော ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ပုသိမ်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး
၂၀၂၁ ခုနှစ်၊ သြဂုတ်လ၊ ၂၄ ရက်၊ နံနက်(၀၉၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ဧရာ​ရွှေဝါခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည် ပုသိမ်မြို့ပေါ်ရှိ ဝါတွင်းကာလ သီတင်းသုံးတော်မူကြသော ဆရာတော်သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သြဝါဒါစရိယ ညောင်ပင်သာကျောင်းတိုက် ပဓာနနာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့(သုဓမ္မာ) ဥက္ကဋ္ဌ မရမ်းချိုကျောင်းတိုက် ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။ ပုသိမ်မြို့ပေါ်တွင် ဝါတွင်းကာလသီတင်းသုံးတော်မူကြသော ဆရာတော်သံဃာတော်များနှင့် သီလရှင်များအား (၂၄၂၇၆၀၀၀)ကျပ်တန်ဖိုးရှိ ဆန်(၈၆၇)အိတ်၊ (၅၃၈၂၀၀၀) ကျပ်တန်ဖိုးရှိ ဆီ(၁၃၈၀)ပိဿာ၊ (၁၉၀၀၀၀)ကျပ်တန်ဖိုးရှိ ဆား(၄၇၅)ပိဿာ၊ (၈၇၈၇၀၀၀)ကျပ် တန်ဖိုးရှိ ပဲ(၃၀၃၀)ပိဿာ၊ (၁၃၆၃၅၀၀)တန်ဖိုးရှိ ကြက်သွန်(၃၀၃၀)ပိဿာ တို့အား လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေကြသည့် တပ်မတော်မှ အရာရှိအရာခံစစ်သည်များ၊ အထွေထွေအုပ်ချုပ်ရေးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား (၁၂၂)ဦးတို့ဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်


Read More...
24-Aug-2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့မအခြေခံပညာအထက်တန်းကျောင်းခွဲတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးမြို့တော် ပုသိမ်မြို့ သန့်ရှင်းသာယာလှပရေးအတွက် ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက်များ၊ ပန်းခြံများ၊ ဌာနဆိုင်ရာရုံးများ၊ လမ်းဘေးဝဲယာနှင့် စာသင်ကျောင်းများအား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ခုနှစ်၊ သြဂုတ်လ၊ (၂၃) ရက်နေ့၊ နံနက်(၀၈၀၀) နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့မအခြေခံပညာအထက်တန်းကျောင်းခွဲတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပါသည်။ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် တပ်မတော်မှ အရာရှိအရာခံစစ်သည်များ၊ အထွေထွေအုပ်ချုပ်ရေးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား (၁၇၅)ဦးတို့ဖြင့် ကျောင်းဝန်း အတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။


Read More...
23-Aug-2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရွှေမုဌောမဟာစေတီတော်မြတ်ကြီး ဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင် (၆၉)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ၊ ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များ ရေပြင်ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်သရုပ်ပြမှုများအား ဝန်ကြီးချုပ်တက်​ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရွှေမုဌောမဟာစေတီတော်မြတ်ကြီး ဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင် (၆၉)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို ယ​​နေ့ နံနက် ၇:၃၀ အချိန်က ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရဖွဲ့ဝင် အတွင်း​ရေးမှူးတို့ကဆရာတော် သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး အနုမောဒနာတရားတော်များ နာယူကြည်ညိုခဲ့ကာ ရေစက်သွန်းချအမျှပေးဝေခဲ့ပါသည်။ (၆၉)ကြိမ်မြောက် မြို့လုံးကျွတ် ဝါဆိုသင်္ကန်း ကပ်လှူပွဲတွင် ဝါဆိုသံဃာတော်များ၊ သီလရှင်များအတွက် လှူဒါန်းသည့် စုစုပေါင်းတန်ဖိုးမှာ (၂၄၅၄၂၀၀ဝိ/-)ကျပ်ဖြစ်ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် Royal Lake ရေကန်တွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များ ရေပြင်ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုများ သရုပ်ပြခြင်းအခမ်းအနားသို့ရောက်ရှိ၍ အပျော်တန်း ငါးဖမ်းစက်လှေ တိမ်းမှောက်မှုဖြစ်စဉ်တွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ခြင်းနှင့် နီးစပ်ရာဆေးရုံသို့ပို့ဆောင်ခြင်း သရုပ်ပြမှု၊ ရေယာဉ်မီးလောင်မှုဖြစ်စဉ်တွင် စက်လှေပေါ်မှ ရေထဲသို့ ကြောက်လန့်ခုန်ချသူများအား ဂျက်စကီး၊ INTELLIGENCE Lifebouy နှင့် Assault Boat တို့အသုံးပြု၍ ကယ်ဆယ်ခြင်းနှင့် Fire Boat ဖြင့်မီးငြိမ်းသတ်သရုပ်ပြခြင်း၊ ရေကြီးရေလျှံဒေသများတွင် ရေနစ်နေသည့်ပြည်သူ တစ်ဦးအား ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ အထောက်အကူပြုပစ္စည်းမပါဘဲ(Man to Man) ကယ်ဆယ်သရုပ်ပြခြင်း၊ Fire Boat ၊ INTELLIGENCE Lifebouy ၊ ဂျက်စကီးနှင့် Assault Boat တို့ဖြင့် စီတန်း၍ အလေးပြုတန်းဖြုတ်ထွက်ခွာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ကရှာဖွေကယ်ဆယ်ရေးသရုပ်ပြအဖွဲ့အား အမှာစကား ပြောကြားခဲ့ပြီး ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခဲ့ရာ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်း ကလက်ခံခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးမှ သရုပ်ပြပွဲအထိမ်းအမှတ် အလံအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ထံသို့ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ကခင်းကျင်းပြသထားသည့် ခေတ်မီ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများအား ကြည့်ရှု စစ်ဆေးခဲ့​ကြောင်းသိရသည်။


Read More...
22-Aug-2021
ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ Volunteers များအား ဂုဏ်ပြုထောက်ပံ့ခြင်းအခမ်းအနားနှင့် ပုသိမ်ပြည်သူ့ဆေးရုံကြီး(၉)ထပ် တိုးချဲ့ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း
၂၀၂၁ခုနှစ်၊ သြဂုတ်လ၊ (၂၁) ရက်နေ့၊ နံနက်(၀၉၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ် ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ Volunteers များအား ဂုဏ်ပြုထောက်ပံ့ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် Volunteers များတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အလှူရှင်များမှ တိုင်းဒေသကြီးကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းများအတွက် ငွေကျပ်(၇၇၆၅၅၀၀ဝိ/-)တန်ဖိုးရှိ အလှူငွေနှင့် ရောဂါကာကွယ်ကုသရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှလက်ခံခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံများအတွက် ထောက်ပံ့ငွေကျပ် (၁၀၂၅)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ရာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းက လက်ခံခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအတွင်းရှိ Quaran-tine Center ၊ ကုသရေးစင်တာ၊ ကုသရေးဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စေတနာ့ဝန်ထမ်းများအတွက် စားစရိတ်နှင့် စက်သုံးဆီအတွက် ထောက်ပံ့ငွေကျပ် (၂၁၅၅)သိန်း အား ထောက်ပံ့ပေးအပ်ခဲ့ရာ စေတနာ့ဝန်ထမ်းများကိုယ်စား ဦးဝေယံမှ လက်ခံခဲ့ပါသည်။ ထို့နောက် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်မှ တိုင်းဒေသကြီးအတွင်းရှိ Quarantine Center ၊ ကုသရေးစင်တာ၊ ကုသရေးဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စေတနာ့ဝန်ထမ်းများအတွက် ငွေကျပ်(၂၁၇၀)သိန်း တန်ဖိုးရှိ ကျန်းမာရေးအကာအကွယ်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ စေတနာ့ဝန်ထမ်းများကိုယ်စား ဦးချစ်ကိုကိုဝင်းမှ လက်ခံခဲ့ပါသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် Quarantine Center ၊ ကုသရေးစင်တာ၊ ကုသရေးဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စေတနာ့ ဝန်ထမ်းများကိုယ်စား တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၅)မှ တာဝန်ယူတည်ဆောက်နေသည့် ပုသိမ်ပြည်သူ့ဆေးရုံကြီး(၉)ထပ် တိုးချဲ့ဆောင်ဆောက်လုပ်ခြင်းလုပ်ငန်းသို့ရောက်ရှိခဲ့ရာ ရှင်းလင်းဆောင်တွင် အဆောက်အဦ အထူးအဖွဲ့(၁၅)မှ လက်ထောက်ညွန်ကြားရေးမှူး ဦးသိန်းစိုးမှ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ဘဏ္ဍာရေးနှစ်အလိုက် ရရှိရန်ပုံငွေဖြင့် တည်ဆောက်နေမှုအခြေအနေများ၊ တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ ဆက်ဆက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် ၁၀၀% ပြီးစီးရန် လျာထား ရန်ပုံငွေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး အဆောက်အဦတည်ဆောက်ပြီးစီးမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
21-Aug-2021