သတင်းများ


ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည့် သက်ကြီးလူမှုအားမာန်(ISHGS)အဖွဲ့များအား ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားကျင်းပခြင်း
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်၊နံနက်(၁၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နော်သဝါး၊ ခရိုင်၊မြို့နယ်အဆင့်တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ လူမှုဝန်ထမ်းရုံး၊ မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည့် လူမှုအားမာန်(ISHGS)အဖွဲ့များအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်း အနားကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ လူမှုအားမာန်အဖွဲ့များအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး ပုသိမ်မြို့နယ် လူမှုအားမာန်အဖွဲ့ဥက္ကဋ္ဌ ဦးစောဘောမူဒိုက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူမှုအားမာန်အဖွဲ့များမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားပါသည်။ ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိပုသိမ်မြို့နှင့် ရွှေသောင်ယံမြို့အစရှိသော လူမှုအသင်းအဖွဲ့ပေါင်း(၂၄)ဖွဲ့ကို တစ်ဖွဲ့လျှင် (၁၀)သိန်းနှုန်း ဖြင့်ထောက်ပံ့ငွေ (ကျပ်သိန်းနှစ်ရာ့လေးဆယ်ကျပ်တိတိ) အားထောက်ပံပေးအပ်ခဲ့ရာသက်ဆိုင်ရာ တာဝန်ရှိသူများကလက်ခံရယူခဲ့ကြပြီးဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်း လူမှုအားမာန်အဖွဲ့ပေါင်း(၆၃)ဖွဲ့ရှိရာ ကျန်ရှိသည့်အဖွဲ့များကို ဆက်လက်ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။


Read More...
07-Sep-2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် မြောင်းမြမြို့သို့သွားရောက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး   ရဲမှူးကြီးတင်ဇော်ထွန်း၊   ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ လိုက်ပါလျှက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ၊ (၅)ရက်နေ့ မွန်းတည့်အချိန်တွင် မြောင်းမြမြို့ထွက်ခွာခဲ့ရာ ပုသိမ်-မြောင်မြလမ်းမပေါ်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် စီမံကိန်းခန့်မှန်းတန်ဖိုး ၆၆၀၀ ကျပ်သန်းကုန်ကျခံကာ တည်ဆောက်လျှက်ရှိသော ပမ္မဝတီတံတား(မြင်းကဆိပ်)၏ လုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ရောက်ရှိရာ တံတားအထူးအဖွဲ့(၁၅)မှ ဒုတိယညွှန်ကြားရေးမှူး (မြို့/ပြ)ဦးရဲနိုင်ဦးမှ တံတားလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဘဏ္ဍာနှစ်အလိုက် ရရှိရန်ပုံငွေနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လုပ်ငန်းဆက်လက်ဆောင်ရွက်မည့် အခြေအနေနှင့် ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့ပြီး တံတားလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာရှိ တောင်သူဦးသိန်းဆိုင်ထွန်း၏ ဆင်းသုခမိုးစပါးစိုက်ခင်းတွင် စုပေါင်းမြေဩဇာကြဲပက်ပွဲသို့ ရောက်ရှိခဲ့ရာ မြောင်းမြမြို့စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးချစ်ကိုနိုင်က ၂၀၂၁ခုနှစ်၊ မိုးစပါးရာသီတွင် စံပြကွက်/စမ်းသပ်ကွက်များဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး စုပေါင်းမြေဩဇာကြဲပက်ပွဲကို ကြည့်ရှုအားပေးကာ တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်ခဲ့ပြီး သစ်စိမ်းမြေဩဇာများ ထည့်သွင်းစိုက်ပျိုးခြင်းများ၊ ယူရီးယားနှင့်မြေဆွေးရောစပ်အသုံးပြု၍ စိုက်ပျိုးခြင်းဖြင့်ရရှိလာသော အကျိုးကျေးဇူးများကို သိရှိပြီးလိုက်နာဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြရွှေဝါခန်းမ၌ကျင်းပသော ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြောင်းမြခရိုင်ဆန်စက်ပိုင်ရှင်များ၊ မြို့မိ/မြို့ဖများ၊ ဌာနဆိုင်ရာများပူးပေါင်းစီစဉ်ကျင်းပသည့် မြောင်းမြခရိုင်အတွင်းရှိ ဝါဆိုဝါကပ်သီတင်းသုံးတော်မူကြသော ဆရာတော်၊ရဟန်း၊သာမဏေနှင့်သီလရှင်များအား ဆွမ်းဆန်တော်၊ဆီ၊ဆား၊ပဲ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြောင်းမြမြို့ နိုင်ငံတော်ဗဟိုဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊အလယ်တောရဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကာ ကြွရောက်လာသော ဆရာတော်များက ပရိတ်တရားတော်များရွတ်ဖတ်ချီးမြှင့်တော်မူပြီးနောက် သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် ဆန်၊ဆီ၊ဆား၊ပဲနှင့် လှူဖွယ်ပစ္စည်းများကို ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကာ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆိုအခမ်းအနားရုပ်သိမ်းခဲ့ပါသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သ ည်အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ကာ ကျောင်းအုပ်ဆရာမကြီးနှင့်အဖွဲ့အားတွေ့ဆုံ၍ ကျောင်းတွင်လိုအပ်သော အခက်အခဲများအားရှိပါက တင်ပြသွားရန်မှာကြားခဲ့ပြီးနောက် မြောင်းမြခရိုင်ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပါတယ်။ ထို့နောက် ဆေးရုံတွင်အသုံးပြုရန် FACE MASK အခု ၆၀၀၀ ၊ Remdesivir for Injection 120 တို့အား ခွဲဝေထောက်ပံ့ပေးအပ်ခဲ့ပြီး ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် မြောင်းမြမြို့ ဘောလုံးကွင်းအားကြည့်ရှုစစ်ဆေးခဲ့ရာတာဝန်ရှိသူမှ အားကစားကွင်းတွင် လက်ရှိပြုပြင်ထိန်းသိမ်းပြင်ဆင်လျှက်ရှိသည်များကိုတင်ပြရာ ဝန်ကြီးချုပ်မှ အားကစားများအဆင့်မြင့်အောင်ကြိုးစားဆောင်ရွက်ရေ းလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
05-Sep-2021
ပုသိမ်မြို့၊မြို့တော်ခန်းမနှင့် အထက(၁)ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံခြင်းကို အားပေးကြည့်ရှုခြင်း
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမနှင့် အ.ထ.က(၁)ကျောင်းတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှု့အားပေးခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး   ရဲမှူးကြီးတင်ဇော်ထွန်း၊   တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် ခရိုင်၊မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူတို့နှင့်အတူ လိုက်လံကြည့် ရှုအားပေးခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊မြို့တော်ခန်းမသို့ရောက်ရှိပြီး မြို့နယ်ကျန်မာရေးဦးစီးဌာနမှဦးစီးမှူး ဒေါက်တာတင်ဝင်းအောင် ဦးစီးသောကာကွယ်ဆေးထိုးနေမှုအဖွဲ့၏ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအားကြည့်ရှုအားပေးပါတယ်။ ဆက်လက်ပြီး ပုသိမ်မြို့ အ.ထ.က(၁)  ကျောင်း ရတနာတန်ဆောင်ခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန မှ ဒေါက်တာမို့မို့လွင် ဦးစီးသော ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနေမှုကို ကြည့်ရှု့ကာ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသွားသော်လည်း ကျန်းမာရေးဌာနမှထုတ်ပြန်ထားသော စည်းကမ်းချက်များကို ဆက်လက်လိုက်နာသွားရန် လိုအပ်ကြောင်းနှင့် ကာကွယ်ဆေးကို ဇူလိုင်လ လကုန်ရက်နှင့် ဩဂုတ်လ လဆန်းပိုင်းက ပထမအကြိမ်ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပြီးသူများအား ရပ်ကွက်အလိုက် ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုးနှံပြီးပါက အထောက်အထားလက်မှတ် (Certificate)ပေးသွားမှာဖြစ်ကြောင်း အားပေးစကားပြောကြားပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။


Read More...
05-Sep-2021
ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၄၃/၂၀၂၁) ကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌  ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ၊ (၁) ရက်နေ့၊ မွန်းလွဲ (၁)နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၄၃/၂၀၂၁) အား  ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာ စကားပြောကြားခဲ့ပါတယ်။ ပြီးနောက် တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ယခင်နေ့အစည်းအဝေးမှတ်တမ်းအပေါ် လုပ်ဆောင်ထားရှိမှုနှင့် ကော်မတီ၏ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဆက်လက်ပြီး တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်းက (၂)ပတ်အတွင်း မြို့နယ်အလိုက်ကိုဗစ်၁၉ရောဂါစစ်ဆေးခြင်းနှင့် ပိုးတွေ့ရှိမှုအခြေအနေများ၊ တတိယလှိုင်းကာလအတွင်း ပိုးတွေ့လူနာအရေအတွက်အား ရက်သတ္တပတ်အလိုက်နှိုင်းယှဉ်တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကော်မတီဝင်များမှ အထွေထွေ ဆွေးနွေးတင်ပြခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။


Read More...
01-Sep-2021
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာနှင့်စက်ရုံများ၏လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌  ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ၊ (၁) ရက်နေ့ ၊ နံနက်(၉)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီးလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းနှင့်တိုင်းဒေသကြီးအတွင်းရှိစက်ရုံများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ ပါသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး  ဦးတင်အေး၊တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် စက်ရုံများမှ စက်ရုံမှူးများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် အမှတ်(၅)ဓါတ်မြေဩဇာစက်ရုံ(ကန်ကြီးထောင့်)မှ စက်ရုံမှူး ဦးသက်မင်းထွန်းက Boiler Start Up ပြုလုပ်ပြီး Schedule အရ အမိုးနီးယားစက်ရုံ အဆင်ဆင့်စတင်လည်ပတ်မည့်အကြောင်းနှင့် ယူရီးယားများထုတ်လုပ်မှုကိုလည်း စတင်သွားမည့် အကြောင်းကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လျှပ်စစ်ဓာတ်မားဖြန့်ဖြူးရေးလုပ်ငန်းမှ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးထင်ကျော်က တိုင်းဒေသကြီးအတွင်းလျှပ်စစ်ဓါတ်အားဖြန့်ဖြူးမှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ပါသည်။ ဆက်လက်ပြီး အမှတ်(၃၆)အကြီးစားမှန်စက်ရုံမှ စက်ရုံမှူးဦးကိုကြည်က စက်ရုံပြန်လည်လည်ပတ်နိုင်ရေးခိုင်မာသော ကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး မှန်အပြင်အခြားသောစီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်ပြီး နှစ်ရှည်ငှားရမ်းခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်ရန်အတွက် စက်ရုံ ဆိုင်ရာအချက်အလက်များပေးပို့ဆောင်ရွက်ထားပြီးဖြစ်ကြောင်း Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက်အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)မှ စက်ရုံမှူးဦးသိန်းဇော်ဦးကလည်း စက်ရုံ ပြန်လည်လည်ပတ်လျှင် လိုအပ်မည့်အချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြီးနောက်အမှတ်(၃၂)အကြီးစားဘိလပ်မြေစက်ရုံ(ကြံခင်း)မှ စက်ရုံမှူး ဦးဝင်းနိုင်က ထုံးကျောက်တောင်၊ သံတောင်နှင့် နတ်မီးတောင်ဆိုင်ရာများအကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး ပုဂ္ဂလိကကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် စီစဉ်လျှက်ရှိကြောင်း Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြပါသည်။ အဆိုပါရှင်းလင်း တင်ပြမှုများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်  တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းတို့က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကစက်ရုံအလုပ်ရုံလုပ်ငန်းများပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်သင့်သောလုပ်ငန်းများအား အမြန်ဆုံးတင်ပြဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
01-Sep-2021