သတင်းများ


ငါးသိုင်းချောင်းမြို့၌ ရေဘေးသင့်ပြည်သူများ သောက်သုံးရေ အခက်အခဲမရှိသလို သောက်သုံးရေမပြတ်လပ်ပါကြောင်း
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ ရေဘေးသင့်ပြည်သူများ သောက်သုံးရေ အခက်အခဲမရှိစေရန် တာဝန်ရှိသူများမှဦးဆောင်၍ ပရဟိတအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကူညီထောက်ပံ့ပေးလျက်ရှိသည်။


Read More...
24-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဟင်္သာတမြို့နယ်၊ ကညင်ငူကျေးရွာရှိ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကားများပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့နယ်၊ ကညင်ငူကျေးရွာသို့ သွားရောက်၍ မှော်ထူကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တို့က အားပေးစကားများပြောကြားခဲ့သည်။ ယင်းနောက် ဟင်္သာတခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။


Read More...
24-Aug-2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင် ဒေသခံကျေးရွာတောင်သူများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်သည် ၂၄-၈-၂၀၂၆ ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အောက်ကမ္ဘာကျေးရွာအုပ်စု ကမာအောင် ဘုန်း‌တော်ကြီးကျောင်းတွင် တိုင်းဒေသကြီးကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတိုင်းဦးစီးမှူး၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနတိုင်းဦးစီးမှူး၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး၊ တိုင်း‌ဒေသကြီးမြေစာရင်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးတို့နှင့်အတူ ဒေသခံကျေးရွာတောင်သူများနှင့်တွေ့ဆုံခဲ့ပြီး တောင်သူများ၏ ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။


Read More...
24-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဟင်္သာတမြို့နယ်၊ အုတ်ပုံကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး စကားများပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့နယ်၊ ကညင်ငူကျေးရွာအုပ်စု၊ အုတ်ပုံကျေးရွာသို့သွား‌ရောက်၍ ရတနာသီရိပုညကျောင်းတိုက်တွင် ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ရေပြန်လည်ကျဆင်းပါက ရေဘေးသင့်ပြည်သူများ အနေဖြင့် စိုက်ပျိုးသီးနှံများ အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် စက်ယန္တရားများ အသင့်စုဖွဲ့ထားရှိပါကြောင်းနှင့် လိုအပ်သည့် မျိုးစေ့၊ သွင်းအားစုများကိုလည်း အသင့်စုဆောင်းထားရှိ ပြီးဖြစ်ပါကြောင်း၊ ရေကျဆင်းပြီးနောက် ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး၊ ပြည်သူများ၏ နေထိုင်စားသောက်ရေးနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အပြင် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးက ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” ပြောကြားသည်။


Read More...
24-Aug-2026
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများနှင့် လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက်အလှူငွေများနှင့် လူသုံးကုန်ပစ္စည်းများကို ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဧည့်ရိပ်သာတွင် ကုမ္မဏီများ၊ ချောင်းသာဟိုတယ်ဇုန်မှ အလှူရှင်များနှင့် စေတနာရှင်အလှူရှင်များက လာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က လက်ခံခဲ့ပါသည်။


Read More...
24-Aug-2026