သတင်းများ


ဟင်္သာတမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)သင်တန်း (၄/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် ဧပြီလ ၂၆ ရက်နေ့တွင်  တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ဟင်္သာတမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂) သင်တန်း (၄/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားသို့‌တက်ရောက်ခြင်း၊ သူနာပြုဒီပလိုမာ(၃)နှစ်သင်တန်း တက်ရောက်လျက်ရှိသည့် သင်တန်းသားများနှင့် တွေ့ဆုံခြင်းများဆောင်ရွက်ခဲ့ပြီး အမှာစကားပြောကြားရာတွင် သင်တန်းဆင်းဆရာဆရာမများအ‌နေဖြင့် ကျန်းမာရေးကဏ္ဍအတွက်များစွာအထောက်အကူပြုပါကြောင်း၊ သင်တန်းတွင်သင်ကြားခဲ့သည့်ဘာသာရပ်များအား လက်တွေ့နယ်ပယ်တွင် ထိရောက်စွာ အသုံးပြုရန်လိုကြောင်း၊ ပြည်သူလူထုများကိုလည်း ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးကြရန်နှင့် ပဏာမကျန်းမာရေးကာကွယ်မှုများကိုလည်း ပြည့်ပြည့်ဝဝဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများတွင်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျန်းမာရေးကဏ္ဍလိုအပ်ချက်များကို ဖြည့်တင်းဆောင်ရွက်ပေးကြသည့်အတွက် ကျေးဇူးတင်ပါကြောင်းပြောကြားခဲ့ပြီး သင်တန်းသားသင်တန်းသူ (၄၂)ဦးအတွက် သင်တန်းဆင်း အောင်လက်မှတ်များပေးအပ်ခြင်း၊ သင်တန်းတွင်ဆုရရှိခဲ့သည့်သင်တန်းသားများအား ဆုချီးမြှင့်ခြင်း၊ သူနာပြုဒီပလိုမာသင်တန်းတက်ရောက်နေသည့် သင်တန်းသားသင်တန်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပြီး သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု၍ သင်တန်းသားများ၏ နေထိုင်စားသောက်ရေးစီစဉ်ဆောင်ရွက်ထားမှုများအား စစ်ဆေးကြည့်ရှုအားပေးခဲ့ပါသည်။


Read More...
26-Apr-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်များသို့ ဒေသဖွံဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် ဧပြီလ ၂၆ ရက်နေ့တွင်  တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ရေကြည်မြို့နယ်၊ မီးသွေးကုန်းကျေးရွာသို့ရောက်ရှိ၍ မီးသွေးကုန်းကျေးရွာနှင့် ရေလဲကြီးကျေးရွာသို့ဆက်သွယ်ထားသည့် ပေ ၆၀ အရှည်ရှိ သံကူကွန်ကရစ် ချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်စစ်ဆေး ကြည့်ရှုခဲ့ရာ တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တံတားတည်ဆောက်ရေးတာဝန်ခံမှ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စံချိန်စံညွှန်းနှင့်အညီ ခိုင်ခံ့အောင်တည်ဆောက်ရန်၊ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်နှင့် လုံခြုံရေးဂရုပြုဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ဟင်္သာတမြို့နယ်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းသို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ရာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ သင်တန်းဖွင့်လှစ်သင်ကြားမှုအခြေအနေများ၊ ဖွင့်လှစ်ခဲ့ပြီး သင်တန်းများနှင့် ဖွင့်လှစ်ရန်လျာထားသင်တန်းများ၊ ဆက်လက်ဆောင်ရွက်မည်အစီအမံများ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိမိတိုင်းဒေသကြီးအနေဖြင့် မုန်တိုင်းများဝင်ရောက်ခြင်း၊ ရေကြီးရေလျှံခြင်းနှင့် ကမ်းပြိုကမ်းစားခြင်း စသည့်သဘာဝဘေးများ ကျရောက်လေ့ရှိသည့်အတွက် သဘာဝဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့် အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ သဘာဝဘေးစီမံချက်များအား ထိရောက်ပြည့်စုံအောင် ရေးဆွဲဆောင်ရွက်ရန်နှင့် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရန်လိုကြောင်း၊ စီမံချက်များသည်လက်တွေ့အကောင်အထည်ဖော်ရာတွင် ပြီးပြည့်စုံမှုအခြေအနေနှင့် ထပ်မံလိုအပ်မှုတို့အား သုံးသပ်ဆောင်ရွက်ရန်လိုကြောင်းနှင့် မိုးမကျမီသင်တန်းများ အမြန်ဆုံးဖွင့်လှစ်နိုင်ရေးတင်ပြဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ထို့နောက်နေ့လယ်ပိုင်း‌တွင် ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်ဓမ္မာရုံအတွင်း ပထမအကြိမ် ထိုးနှံမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးအားပေးခဲ့ပြီး ကိုဗစ်ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး သက်ဆိုင်ရာဌာနများ၊ အုပ်ချုပ်မှုဆိုင်ရာအဖွဲ့အစည်းများမှ အဆင့်ဆင့်ကြပ်မတ်၍ အထူးအလေးထားဆောင်ရွက်ကြရန်၊ ဒေသခံပြည်သူများအနေဖြင့် လာရောက်ထိုးနှံရန် အခက်အခဲရှိပါက အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်ချက်များအပေါ် ဝိုင်းဝန်းကူညီဖြည့်ဆည်း ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဇလွန်မြို့နယ်၊ မေရီလန်းကျေးရွာအုပ်စု၊ မေရီလန်းကျေးရွာသို့သွားရောက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနားသို့တက်‌ရောက်ခဲ့ရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူးမှ  စိုက်ဧကများနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧက (၁၀၀)စာ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) အိတ်(၁၀၀)အား တောင်သူများသို့ ပေးအပ်ခဲ့ပြီး တောင်သူများနှင့်အတူ ကြဲပက်ဆောင်ရွက်ခဲ့ပါသည်။


Read More...
26-Apr-2022
ပုသိမ်တက္ကသိုလ်၊ ပုသိမ်နည်းပညာတက္ကသိုလ်နှင့် ပုသိမ်ကွန်ပျူတာတက္ကသိုလ်တို့ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် ဧပြီလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင်  တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ပုသိမ်တက္ကသိုလ်၊ ပုသိမ်နည်းပညာတက္ကသိုလ် နှင့် ပုသိမ်ကွန်ပျူတာတက္ကသိုလ်တို့ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ‌ဆရာဆရာမများနှင့်သွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် မေလတွင် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ တင့်တယ်စေရန်အတွက် ကျောင်းအဝင်လမ်းများနှင့် ကျောင်းဝင်းအတွင်းအပြင် သန့်ရှင်းရေး၊ စာသင်ဆောင်များ၊ လက်တွေ့ခန်းများ၊  ကျောင်းသားကျောင်းသူအိပ်ဆောင်များ၊ ကျောင်းစာကြည့်တိုက်၊ အနုပညာခန်းမ၊ အားကစားခန်းမ၊ အားကစားကွင်းများအပါအဝင် ပြင်ဆင်ထားရှိ၍ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာပညာသင်ယူလေ့လာဆည်းပူးကြစေခြင်းဖြင့် ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးတည်ဆောက်ရာတွင် များစွာအထောက်အကူရရန်ဖြစ်ကြောင်း မှာကြားခဲ့ပြီး ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်၊ ပုသိမ်နည်းပညာတက္ကသိုလ်ဒုတိယပါမောက္ခချုပ်၊ ပုသိမ်ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်တို့မှ ကျောင်းဖွင့်လှစ်နိုင်ရေးစီစဉ်ထားရှိမှု အခြေအနေများ၊ သင်ကြားမှုသင်ယူမှုအခြေအနေများ၊ ကျောင်းဝင်ခွင့်ရရှိမှုအခြေအနေများ၊  ကျောင်းစာသင်ဆောင်နှင့် လက်တွေ့ခန်းများ ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ကျောင်းသားအဆောင်နှင့် ကျောင်းသူအဆောင်များ ပြင်ဆင်ထားရှိမှုနှင့် နေထိုင်စားသောက်ရေး စီစဉ်ဆောင်ရွက်ထားရှိမ ှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွင်း ပုသိမ်တက္ကသိုလ်တွင် ကျောင်းသားဝင်ခွင့်ဦးရေ ၇၀၃၁ ဦး၊ ပုသိမ်နည်းပညာတက္ကသိုလ်တွင် ကျောင်းသားဝင်ခွင့်ဦးရေ ၁၀၆၁ ဦးနှင့် ပုသိမ်ကွန်ပျူတာတက္ကသိုလ်တွင် ကျောင်းသားဝင်ခွင့်ဦးရေ ၅၁၁ ဦး ရှိပါကြောင်း သတင်းရရှိသည်။


Read More...
25-Apr-2022
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွဲခြံချောင်းဖျားကျေးရွာ၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် ဧပြီလ ၂၄ ရက် နံနက်ပိုင်းတွင်  တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွဲခြံချောင်းဖျား ကျေးရွာသို့ သွားရောက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သည့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနားသို့ တက်‌ရောက်၍  ဧက (၃၀) စာ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) အိတ် (၃၀)အား တောင်သူများသို့ ပေးအပ်ခဲ့ပြီး တောင်သူများနှင့်အတူ ကြဲပက်ဆောင်ရွက်ခဲ့ပါသည်။


Read More...
24-Apr-2022
ဘိုကလေးပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့စာပေးစာယူပထမနှစ်သင်တန်း (၁/၂၀၂၂) တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် ဧပြီလ ၂၄ ရက် နံနက်ပိုင်းတွင်  တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ဘိုကလေးပညာရေး ဒီဂရီကောလိပ်သို့သွားရောက်၍ ပညာရေးဘွဲ့စာပေးစာယူပထမနှစ်သင်တန်း (၁/၂၀၂၂)၌ တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် ယနေ့ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် ဆရာဆရာမများ၏ ကဏ္ဍမှာများစွာအရေးပါကြောင်း၊  ပြီးခဲ့သည့်ပညာသင်နှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရောက်နိုင်ခြင်းမရှိသည့် မိမိ၏တပည့်များအား လာမည့်ပညာသင်နှစ်တွင် ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရန်  ဝိုင်းဝန်းကြိုးပန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆရာဆရာမများသည် တပည့်များကိုသင်ကြားရင်း ကိုယ်တိုင်လည်း ထပ်မံလေ့လာဆည်းပူးနေကြသူများဖြစ်သဖြင့် ထာဝရ ကျောင်းသားကြီးပင်ဖြစ်ကြောင်း၊ ဆရာဆရာမများသည် တပည့်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်သတ္တိမြင့်မားလာစေရန် စွမ်းဆောင်ကြရသူများဖြစ်သည့်အတွက် ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့ပြီး ဆရာဆရာမများမှ မြို့နယ်အလိုက်အသီးသီး မိတ်ဆက်တင်ပြခဲ့၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။


Read More...
24-Apr-2022