သတင်းများ


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဌ ဆရာတော်ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရ (ကျောက်မဲ) အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဌ ဆရာတော်ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရ (ကျောက်မဲ) အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်စက်မှုမြို့တော် စီမံကိန်းရုံးတွင်ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီးဒေါ်ကြည်ကြည်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်ဇနီးများ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ ဦးစွာ ကြွရောက်လာကြကုန်သော ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ဘဒ္ဒန္တဝိသုဒ္ဓါစာရာဘိဝံသ(မတ္တရာ)ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာဝောာ်အရှင်သူမြတ်များမှ ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့ကြပါတယ်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကြ၍ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဗုဒ္ဒသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ပြီးနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။


Read More...
09-Apr-2022
နွေရာသီအားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားအား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၈)ရက်နေ့တွင် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီးအားကစားနှင့် ကာယာပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားအား တက်ရောက်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားသင်တန်းသူများ၏ အားကစား သရုပ်ပြမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါ နွေရာသီအားကစားသင်တန်းများတွင် အားကစားနည်း (၁၀)မျိုးပါဝင်ပြီး (၂၅.၃.၂၀၂၂)ရက်နေ့မှ (၈.၄.၂၀၂၂)ရက်နေ့အထိ နှစ်ပတ်တာ အားကစားအခြေခံနည်းစနစ်များကို သင်ကြားပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


Read More...
08-Apr-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ငရုတ်ကောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဧပြီလ(၆)ရက်နေ့ နံနက်ပိုင်းက ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ရှိ တံတားအရှည် ၁၂၈၀ပေ (Bored Pile RC Concrete) အမျိုးအစား ချောင်းဝတံတားတည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး တံတားတည်ဆောက်ရေးတာဝန်ခံမှ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီးနောက် တံတားတည်ဆောက်ရေးဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ အဲ့ဒီနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငရုတ်ကောင်းမြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံတာဝန်ခံများနှင့်တွေ့ဆုံကာ တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါတယ်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငရုတ်ကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသူ/သားများ အေးချမ်းစွာ စာ​မေးပွဲဖြေဆိုနေမှုများ၊ ကျောင်းဆောင်ကြံ့ခိုင်မှုအခြေအနေများ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး စာရေးကိရိယာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါတယ်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငရုတ်ကောင်းမြို့ ဓမ္မိကာရုံမြို့မကျောင်းတိုက် ဆရာတော်ဘုရားကြီးအားဖူးမျှော်၍ သာသနာရေးဆိုင်ရာများလျောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်း ဆွမ်း၊ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနရက္ခိတကျောင်းဆောင်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါတယ်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ငရုတ်ကောင်းမြို့ ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့ပြီး တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနအလိုက် ရည်မှန်းချက်များအား အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ဒေသခံပြည်သူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ပါတယ်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒီရေတောများထိန်းသိမ်းရေးနှင့်ရေနေသတ္တဝါများ မျိုးသုန်းပျောက်ကွယ်မှုမရှိစေရေးနှင့်ဒေသခံပြည်သူများမှ သစ်တောများစနစ်တကျထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ ပုသိမ်ခရိုင်သစ်တောဉီးစီးဌာနမှ ထပ်မံဖွဲ့စည်းရန်ဆောင်ရွက်လျက်ရှိသည့် ကြွေချိုင်ဒီရေတော ကြိုးပြင်ကာကွယ်တော (၁၀၁၈)ဧကအား သွားရောက်ကြည့်ရှုခဲ့ပြီး သစ်တောဉီးစီးဌာန ခရိုင်သစ်တောဉီးစီးမှူးမှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အသေးစိတ်ကွင်းဆင်းစစ်ဆေးပြီး ပြန်လည်တင်ပြဆောင်ရွက်သွားရန် လမ်းညွန်မှာကြားခဲ့ပါတယ်။ ဆက်လက်၍  တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့်လမ်းဦးစီးဌာနမှဆောင်ရွက်သည့် ငရုပ်ကောင်းလမ်း ၁မိုင် ၂ဖာလုံအား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေး ပြည့်မီစေရေးလမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။


Read More...
06-Apr-2022
ပုသိမ်ပြည်သူ့ဆေးရုံကြီး (၉)ထပ် တိုးချဲ့ဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်းတို့နှင့်အတူ ပုသိမ်ပြည်သူ့ ဆေးရုံကြီး (၉)ထပ်တိုးချဲ့ဆောင် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့သွားရောက်၍ ရေသန့်လုပ်ငန်း RC Ground Tank (30000, 60000, 90000 Gal)/ Pump House ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့ပါသည်။ ဆက်လက်၍ (၉)ထပ်ဆောင်ဆေးရုံကြီးတွင် ဓာတ်လှေခါးတပ်ဆင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး လမ်းညွှန်မှာကြားခဲ့ပါတယ်။ ထို့နောက် Multi Room တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၅)၊ လုပ်ငန်းတာဝန်ခံမှ ဆောင်ရွက်လျက်ရှိသည့် မြို့ပြလုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ လျှပ်စစ်လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ဆဲ အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
05-Apr-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည်  ၂၀၂၂ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့၊ နေ့လည်ပိုင်းအချိန်တွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကား ပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ဟာ နိုင်ငံတော်က ဘဏ္ဍာရေးနှစ် ပြန်လည်ပြောင်းလဲပြင်ဆင်သတ်မှတ်ပြီးနောက် စတင်ဆောင်ရွက်သည့် ပထမဆုံးဘဏ္ဍာရေးနှစ်ဖြစ်ပြီး တိုင်းပြည်ရဲ့စီးပွားရေးပြန်လည် ဦးမော့လာစေရေးကို တွန်းအားပေး ဆောင်ရွက်ရမဲ့နှစ်လည်း ဖြစ်ပါကြောင်း တိုင်းဒေသကြီး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ကဏ္ဍအလိုက်လျာထားချက်များကို အကောင်အထည်ဖော်ရာမှာ ကဏ္ဍများရဲ့ ထုတ်လုပ်နိုင်စွမ်းဆောင်ရွက်နိုင်စွမ်းရှိသမျှ အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်ပါကြောင်း၊ ထို့အပြင်ပြည်သူအများစု ရေတိုလက်ငင်း အကျိုးကျေးဇူးရရှိခံစားရမဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း လျင်လျင်မြန်မြန် အကောင်အထည်ဖော်ပေးနိုင်ဖို့လည်း လိုအပ်ပြီးတိုင်းဒေသကြီး၏ စီးပွားရေးမှာ ပါဝင်မှုအများဆုံးဖြစ်ပြီး အဓိကလည်းဖြစ်သည့် လယ်ယာနှင့် သားငါးကဏ္ဍများ လျာထားချက်ထက် ပိုမိုအကောင်အထည်ဖော်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အခြေခံတန်ဖိုးမြင့် ကုန်ထုတ် လုပ်ငန်းများဖြစ်တဲ့ အသေးစားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ အဆိုပါလုပ်ငန်းများရဲ့ ထုတ်လုပ်မှုများ သက်ဆိုင်ရာကဏ္ဍအလိုက် မကျန်ရှိစေရေး အကောင်အထည်ဖော် ဆောင်ရွက်မည့် ဌာနများနှင့် အဖွဲ့အစည်းများအချင်းချင်း အချိတ်အဆက်မိမိ ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ ကဏ္ဍအလိုက် လျာထားချက်များ ပြည့်မီကျော်လွန်ရေး ဆောင်ရွက်ရင်းနိုင်ငံတော်ရဲ့ လမ်းညွှန်ချက်ဖြစ်သော စားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံကို သတ်မှတ်လျာထားချက်အတိုင်း အပြည့်အဝစိုက်ပျိုးထွက်ရှိနိုင်ရေး ကိုလည်းအင်တိုက်အားတိုက် ဆောင်ရွက်ရမှာဖြစ်ပြီး တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရာခိုင်နှုန်း တိုးတက်လာသကဲ့သို့ ဒေသနေပြည်သူများ ကျန်းမာရေးနဲ့ညီညွတ်ပြီး သင့်တင့်သည့် ဈေးနှုန်းဖြင့် စားသုံးနိုင်မှာဖြစ်ပါကြောင်း ဒေသန္တရစီမံကိန်းပါ ရည်မှန်းချက်များ ပြည့်မီအောင်မြင်ရေးအတွက် တာဝန်ရှိအဖွဲ့အစည်းအသီးသီးအနေနဲ့ ကဏ္ဍအချင်းချင်း၊ ဒေသအချင်းချင်း ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ကြရန်လိုကြောင်းပြောကြားခဲ့ပါသည်။


Read More...
04-Apr-2022