သတင်းများ


မြောင်းမြမြို့၊ ရတနာသိင်္ဂီသီလရှင်စာသင်တိုက်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ကျောင်းသုံးပစ္စည်းများ ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင်  မြောင်းမြမြို့၊ ကံ့ကော်မြိုင်ရပ်ကွက်၊ ကံ့ကော်မြိုင်အတွင်ပတ်လမ်း ရတနာသိင်္ဂီသီလရှင်စာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့သွားရောက်၍ ကျောင်းအပ်နှံမှုအခြေအနေများ၊ ကျောင်းဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောက်ရွက်ထားရှိမှုများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ကျောင်းသူများ ပျော်ရွင်အေးချမ်းစွာကျောင်းတက်ရောက်နိုင်ရန် ပြင်ဆင်ထားရှိစေရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ်-၁၉ ရာဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေး မှာကြားခဲ့ကာ ရတနာသိင်္ဂီသီလရှင်စာသင်တိုက် သီလရှင်ဆရာကြီး  ဒေါ်ဣန္ဒဝတီ(သဒ္ဓမ္မဇောတိကဓဇ) ထံ စာသင်ကျောင်းများဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေမှုများအား လျှောက်ထားတင်ပြ၍  ဆန်၊ဆီ၊ဆား၊ ပဲ စသည့် စားသောက်ဖွယ်ရာများလှူဒါန်းခဲ့ပြီး ရတနာသိင်္ဂီသီလရှင်စာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ကျောင်းသုံးပစ္စည်းများ၊ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်နှင့် အလှူငွေများ ပေးအပ်ခဲ့ပါသည်။


Read More...
31-May-2022
မိုးစပါးစိုက်ပျိုးရန်အတွက် သစ်စိမ်း​မြေသြဇာ (ပိုက်ဆံ​လျှော်) ထည့်သွင်းထွန်ယက်ခြင်းကို ကြည်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ မေလ ၃၁ ရက်နေ့ ည​နေပိုင်းတွင် အိမ််မဲမြို့နယ်၊ သဖန်းပင်ဆိပ်​ကျေးရွာ​ တောင်သူဦးလှ​ကျော်၏ ကွင်းအမှတ် ၉၄/၁၆၂၁ ဦးပိုင်အမှတ် ၁၀/၂ လယ်​မြေ ၅ဧကတွင် ၂၀၂၂မိုးစပါးစိုက်ပျိုးရန်အတွက် သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်)ထည့်သွင်းထွန်ယက်ခြင်းကိုကြည်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီမြေသြဇာများပြန်လည်ကောင်းမွန်လာမှာဖြစ်ပါကြောင်း၊ စပါးအတွက်လိုအပ်သော အာဟာဓာတ်များများစွာပါဝင်ပါကြောင်း၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များထည့်သွင်းစိုက်ပျိုးခြင်းဖြင့်မြေဆီလွှာများပြန်လည်ကောင်းမွန်လာပြီး ဓာတ်မြေသြဇာသုံးစွဲမှုများကိုလျှော့ချပေးနိုင်မှာဖြစ်ပါကြောင်းနှင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များစိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။


Read More...
31-May-2022
ပုသိမ်မြို့ပေါ်ရှိ ကျောင်းများသို့ ကျောင်းသုံးပစ္စည်းများ ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ မေလ ၃၁ ရက်နေ့ နံနက်ပိုင်းက  ပုသိမ်မြို့ပေါ်ရှိ ညောင်ပင်သာဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းနှင့် (P.E.C)ကိုယ်ပိုင်အထက်ကျောင်းသို့ သွားရောက်၍ ကျောင်းအပ်နှံမှုအခြေအနေများ၊ ကျောင်းဖွင့်လှစ်နိုင်ရေးပြင်ဆင်ဆောက်ရွက်ထားရှိမှုများလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  ညောင်ပင်သာဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်လက်ခံမှုအခြေအနေများ၊ စာသင်ဆောင်များပြင်ဆင်ထားရှိမှုအခြေအနေများနှင့် ကျောင်းဝန်းကျင်သန့်ရှင်းသာယာလှပရေးတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ညောင်ပင်သာကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဝိဿုတ(အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)အား ဖူးမြော်ကြည် ညို၍ ကျောင်း များဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများအား လျှောက်ထားတင်ပြခဲ့ပြီး လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ပြီး ဆရာမများထံသို့ ကျောင်းသုံးပစ္စည်းများ၊နှာခေါင်းစည်း၊လက်သန့်ဆေးရည်နှင့် အလှူငွေများ ပေးအပ်ခဲ့သည်။ အဆိုပါ ညောင်ပင်သာဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပုသိမ်မြို့နယ်နှင့် အခြားမြို့များမှ ကိုရင်အပါး(၄၀) တက်ရောက်ပညာသင်ကြားလျက်ရှိသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ကျောင်းအပ်ရန်လာရောက်သည့် ကျောင်းသား ကျောင်းသူများအားတွေ့ ဆုံအားပေးခဲ့ ပြီးကျောင်းအုပ်ဆရာမကြီးထံသို့ နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များ ထောက်ပံ့ပေးအပ်ခဲ့ကာ  ကိုသာဖြူ ဘုရားရှိခိုးကျောင်းဝန်းရှိ ဘော်ဒါဆောင်များသို့ သွားရောက်၍ အဆောင်ဖွင့်လှစ်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး အဆောင်တာဝန်ခံများထံစားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါဘော်ဒါဆောင်တွင် အိမ်မဲ၊မြောင်းမြ၊ ကန်ကြီးထောင့်၊ ငပုတော၊လပွတ္တာ၊ သာပေါင်း၊ ပုသိမ်မြို့နယ်များရှိကျေးရွာများမှ ကျောင်းသား၊ကျောင်းသူ (၄၂)ဦးမှ လာရောက်နေထိုင်၍ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင်တက်ရောက် ပညာသင်ကြားမှာဖြစ်ပါသည်။ အလားတူ ဝန်ကြီးချုပ်သည် Precious Educare Center(P.E.C)ကိုယ်ပိုင်အထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်လက်ခံမှုအခြေအနေများ၊ စာသင်ဆောင်များပြင်ဆင်ထားရှိမှုအခြေအနေများနှင့် ကျောင်းဝန်းကျင်သန့်ရှင်းသာယာလှပရေးတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး အဆိုပါကျောင်းမှ တာဝန်ရှိသူများထံသို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။  အဆိုပါကျောင်းဆောင်များလှည့်လည်ကြည့်ရှုစစ်ဆေးရာတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား ၊ ကျောင်းသူများ ပျော်ရွင်အေးချမ်းစွာ ကျောင်းတက်ရောက်နိုင်ရန် ပြင်ဆင်ထားရှိစေရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ်-၁၉ ရာဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေး လမ်းညွှန်မှာကြားခဲ့သည်။


Read More...
31-May-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာမီးလင်းရေးဖွင့်ပွဲများတက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်မြစ်အနောက်ဘက်ကမ်း၊ ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကျေးရွာမီးလင်းရေးဖွင့်ပွဲကို ၂၈ ရက်နေ့ နေ့လည်တွင်ပြုလုပ်ခဲ့ရာ  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ကွင်းလျားကျေးရွာအုပ်စု၊ ကွင်းပေါက် ကျေးရွာတွင် ကျေးရွာ(၅)အတွက်  N.E.P Phase II ဖြင့် (၁၁/၀.၄ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ တည်ဆောက်ပေးပြီး ကျေးရွာမှကိုယ်ထူကိုယ်ဖြင့် ၄၀၀ ဗို့ဓာတ်အားလိုင်းဆောင်ရွက်သည့် ကျေးရွာမီးလင်းရေးဖွင့်ပွဲတက်ရောက်ခဲ့ပြီး အခမ်းအနားအားဖဲကြိးဖြတ်ဖွင့်လှစ်ပေးခဲ့၍  စက်ခလုပ်နှိပ်လျှပ်စစ်မီးပို့လွှတ်ပေးခဲ့ပြီး လျှပ်စစ်မီးဖွင့်ပွဲဆိုင်းဘုတ်အား အမွှေးနံသာရည်များဖြန်းပတ်ပေးခဲ့ကာကျေးရွာတွင်းရှိနေအိမ်များတွင်လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကွင်းလျားကျေးရွာနှင့်ကညင်ငူကျေးရွာများတွင်ဆောင်ရွက်မည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရေရှည်တည်တံ့မှုရှိစေရေးအလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ကွင်းလျားအခြေခံပညာအထက်တန်းကျောင်းခွဲသို့ သွားရောက်ခဲ့ပြီး ဆရာ၊ဆရာမများ၊ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိ၊ရပ်ဖများ၊ကျောင်းသားမိဘများနှင့်တွေ့ဆုံခဲ့ပါသည်။ ထို့နောက် ဆားတော်ကျေးရွာတွင် N .E.P Phase II ဖြင့် (၁၁/၀.၄ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ တည်ဆောက်ပေးပြီး ကျေးရွာမှကိုယ်ထူကိုယ်ဖြင့် ၄၀၀ ဗို့ဓာတ်အားလိုင်းဆောင်ရွက်သည့် ကျေးရွာမီးလင်းရေးဖွင့်ပွဲတက်ရောက်ခဲ့ပြီး အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့၍  စက်ခလုပ်နှိပ်လျှပ်စစ်မီးပို့လွှတ်ပေးခဲ့ပြီး လျှပ်စစ်မီးဖွင့်ပွဲဆိုင်းဘုတ်အား အမွှေးနံသာရည်များဖြန်းပတ်ပေးခဲ့ကာကျေးရွာတွင်းရှိနေအိမ်များတွင်လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။ အလားတူ အိုင်ဇောက်ကျေးရွာတွင် ကျင်းပပြုလုပ်သည့် အိုင်ဇောက်ကျေးရွာနှင့် အုန်းပင်စုကျေးရွာများအတွက် N.E.P Phase II ဖြင့် (၁၁/၀.၄ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ တည်ဆောက်ပေးပြီး ကျေးရွာမှကိုယ်ထူကိုယ်ဖြင့် ၄၀၀ ဗို့ဓာတ်အားလိုင်းဆောင်ရွက်သည့် ကျေးရွာမီးလင်းရေးဖွင့်ပွဲတက်ရောက်ခဲ့ပြီး အခမ်းအနားအားဖဲကြိးဖြတ်ဖွင့်လှစ်ပေးခဲ့၍  စက်ခလုပ်နှိပ်လျှပ်စစ်မီးပို့လွှတ်ပေးခဲ့ပြီး လျှပ်စစ်မီးဖွင့်ပွဲဆိုင်းဘုတ်အား အမွှေးနံသာရည်များဖြန်းပတ်ပေးခဲ့ကာကျေးရွာတွင်းရှိနေအိမ်များတွင်လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။ထို့နောက်အိုင်ဇောက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ဆရာမများနှင့်တွေ့ဆုံခဲ့ပြီး ကျောင်းသုံးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက် ကမ်းနီကျေးရွာ၊ ကျုံတုန်းကျေးရွာနှင့် အလယ်စုကျေးရွာများအတွက် N.E.P Phase II ဖြင့် (၁၁/၀.၄ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ တည်ဆောက်ပေးပြီး ကျေးရွာမှကိုယ်ထူကိုယ်ဖြင့် ၄၀၀ ဗို့ဓာတ်အားလိုင်းဆောင်ရွက်သည့် ကျေးရွာမီးလင်းရေးဖွင့်ပွဲတက်ရောက်ခဲ့ပြီး အခမ်းအနားအားဖဲကြိးဖြတ်ဖွင့်လှစ်ပေးခဲ့၍  စက်ခလုပ်နှိပ်လျှပ်စစ်မီးပို့လွှတ်ပေးခဲ့ပြီး လျှပ်စစ်မီးဖွင့်ပွဲဆိုင်လျှပ်စစ်မီးဖွင့်ပွဲဆိုင်းဘုတ်အား အမွှေးနံသာရည်များဖြန်းပတ်ပေးခဲ့ကာကျေးရွာတွင်းရှိနေအိမ်များတွင်လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် ကမ်းနီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ဆရာမများ၊ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိ၊ရပ်ဖများ၊ကျောင်းသားမိဘများနှင့်တွေ့ဆုံခဲ့ပြီး ကျောင်းသားကျောင်းသူများရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ် ၁၉ ရာဂါကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေး မှာကြားခဲ့ပြီး လိုအပ်သည်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး  ကျောင်းသုံးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက် ကမ်းနီတိုက်နယ်ဆေးရုံသို့သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး ဒေသခံပြည်သူများကိုကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအားမေးမြန်းခဲ့ပြီး ဆေးရုံဝန်ထမ်းများနှင့် ဆေးကုသမှုခံယူနေသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါတယ်။ ဆက်လက်၍  ကညင်ငူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ရောက်ရှိ၍ ဆရာ၊ ဆရာမများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာဆိုင်ရာများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါတယ်။  ထို့နောက် နွားရေတိုက်ကျေးရွာ၊ တောင်သူ ဦးမြင့်ဆွေ လယ်မြေတွင် ပြုလုပ်သည့် ၂၀၂၂- ၂၀၂၃ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပတ်စိုက်ပျိုးပွဲ တက်ရောက်၍ ဒေသခံ​​တောင်သူများအား သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်)မျိုး​စေ့များ ​ထောက်ပံ့​ပေးအပ်ခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လယ်မြေအတွင်း ပိုက်ဆံလျှော် မျိုးစေ့များကြဲပတ်ပေးခဲ့ကာ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် မျိုး၊ရေ၊ မြေ ၊ နည်း မှန်ကန်စွာစိုက်ပျိုးနိုင်ရေး၊ သာဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများအချိုးကျသုံးစွဲစေရေးမှာကြားခဲ့ပါသည်။


Read More...
28-May-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကျုံပျော် မြို့နယ်များသို့ စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲများတက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မေလ ၂၈ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ပုသိမ်ခရိုင်၊ ကန်ကြီးထောင််မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ (၆၀×၃၀)ပေ၊ Steel Structure တစ်ထပ်၊ KG စာသင်ကျောင်းဆောင် ဖွင့်ပွဲတက်ရောက်၍ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စာသင်ဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၊ (၁၀၀ပေ×၃၀ပေ) RC နှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရောက်၍ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆောက်အဦသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အလားတူ ကျုံပျော်မြို့နယ်၊ ရှမ်းစုကျေးရွာ အခြေခံပညာမူလတန်းကျောင်း (၁၂၀×၃၀) Steel Structure တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ကျုံပျော်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊(၁၀၀ပေ×၃၀ပေ) RC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရောက်ခဲ့ပြီး အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ အဆောက်အဦသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။  အဆိုပါကျောင်းဆောင်သစ်ဖွင့်ပွဲများတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ကျောင်းသား ကျောင်းသူများ ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ် ၁၉ ရာဂါကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေး မှာကြားခဲ့ပြီး လိုအပ်သည်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။


Read More...
28-May-2022