သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်းရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုများကြည့်ရှုစစ်ဆေး
Read More...
ဧရာတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့တွင်း ရေစီးရေလာကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေး အတွက် ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်း၊ တလိုင်းချောင်းချောင်းအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက် ထားရှိမှုများအားကြည့်ရှုစစ်ဆေးပြီးနောက် ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားသို့ သွားရောက်၍ ငဝန်မြစ်ရေမြင့်တက်လာမှုကြောင့် လက်ရှိရောက်ရှိနေသည့် မြစ်ရေအမှတ်များ၊ စိုးရိမ်ရေမှတ် ရောက်ရှိလာနိုင်မည့်အခြေအနေများကို မေးမြန်းကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
21-Jul-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်နှင့် ဟင်္သာတခရိုင်အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်းများနှင့် တာတမံများကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်ရှိ ငဝန်တာမိုင်(၄၇/၂)အနီးရှိငါးသိုင်းချောင်းရေမှတ်စခန်းနှင့် ရွှေဘိုရပ်ကွက်ရှိ ဗောဓိတာရေကင်းစခန်း (တာမိုင်-၄၆)သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ၂၀၁၅ ခုနှစ်မှစ၍ မြစ်ရေမြင့်တက်အခြေအနေ၊ နေ့၊ ည ရေကင်းလှည့်လည်စစ်ဆေးခြင်း တာဝန်ချထားမှုအခြေအနေများ၊ လက်ရှိငဝန်မြစ်ရေအမှတ်သည်( ၂၈.၀၀ ) ပေရှိပါကြောင်းနှင့် စိုးရိမ်ရေအမှတ်သို့ရောက်ရှိနေပြီဖြစ်ပြီး အန္တရာယ်ရေအမှတ်သည် ( ၃၂.၃၅ )ပေဖြစ်ပါကြောင်း
Read More...
20-Jul-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ်တွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါစီမံကိန်း ဆောင်ရွက်သော တောင်သူများအား မြို့နယ်အတွင်း ဝယ်ယူကြိတ်ခွဲ ဆောင်ရွက်နေသူများမှ မျိုးစေ့ချကိရိယာ(Drum Seeder )ပေးအပ်ပွဲနှင့် သွင်းအားစု ပေးအပ်ပွဲ အခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာတွင် ၂၀၂၅-၂၀၂၆ခုနှစ် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါစီမံကိန်း ဆောင်ရွက်သော တောင်သူများအား မြို့နယ်အတွင်း ဝယ်ယူကြိတ်ခွဲ ဆောင်ရွက်နေသူများမှ မျိုးစေ့ချကိရိယာ(Drum Seeder )ပေးအပ်ပွဲနှင့် သွင်းအားစု ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး မျိုးစေ့ကိရိယာ(Drum Seeder )နှင့် သွင်းအားစုများပေးအပ်ခဲ့သည်။
Read More...
20-Jul-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၂၁) ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပူဇော်ပွဲသို့ တက်ရောက်၍ အရုဏ်ဆွမ်းများဆက်ကပ်လောင်းလှူ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် (၂၁)ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်းဆက်ကပ် လောင်းလှူပူဇော်ပွဲကို ယနေ့နံနက်(၄)နာရီအချိန်က ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ ဝိသာခါဓမ္မာရုံတွင် ကျင်းပခဲ့ရာ အရုဏ်ဆွမ်းဆက်ကပ် လောင်းလှူပူဇော်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများတက်ရောက်၍ အရုဏ်ဆွမ်းများ လောင်းလှူခဲ့ကြသည်။
Read More...
19-Jul-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်သည့် စိုက်ပျိုး မွေးမြူရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် စိုက်ပျိုးမွေးမြူရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။
Read More...
19-Jul-2025