သတင်းများ


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၅) ဓါတ်မြေဩဇာစက်ရုံသို့ သွားရောက်၍ စက်ရုံဝန်ထမ်းများနှင့်တွေ့ဆုံအားပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များလိုက်ပါလျက် ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၅) ဓါတ်မြေဩဇာစက်ရုံသို့သွားရောက်၍ စက်ရုံ ဝန်ထမ်းများနှင့်တွေ့ဆုံအားပေးခဲ့သည်။ ဦးစွာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးမှ စက်ရုံလည်ပတ်မှု၊ ဓာတ်ဩဇာထုတ်လုပ်မှု၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စက်ရုံလည်ပတ် ဓါတ်မြေဩဇာထုတ်လုပ်ဖြန့်ဖြူးနိုင်မှု၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် တွင် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများနှင့် စက်ရုံဝန်းအတွင်းသန့်ရှင်းရေးလုပ်ငန်းများနှင့်စိမ်းလန်းစိုပြေရေးဆောင်ရွက်ထားရှိမှုအခြေအနေများရှင်းလင်းတင်ပြမှု အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်၍ ဓါတ်မြေဩဇာလိုအပ်ချက်များများပြားပါကြောင်း၊ Annual Shutdown ကာလအတွင်း စက်ပြင်ဆင်ခြင်းလုပ်ငန်းများကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ပြီး ယနေ့တွင် ဓါတ်မြေဩဇာစတင်ထုတ်လုပ်နိုင်ပြီဖြစ်၍ လာရောက် တွေ့ဆုံအားပေးခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးချိန်အမီ တောင်သူများ၏ ဓါတ်မြေဩဇာလိုအပ်ချက်များကို ဈေးနှုန်းသက်သာစွာဖြင့် ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါကြောင်းနှင့် ကြိုးစားဆောင်ရွက်ခဲ့ကြသည့် စက်ရုံမှူးနှင့်ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပြီး စက်ရုံဝန်ထမ်းများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံလည်ပတ်နေမှု၊ ဓါတ်မြေဩဇာ ထုတ်လုပ်မှုနှင့် Central Control Room မှ စက်ရုံလည်ပတ်နေမှုထိန်းချုပ်ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


Read More...
12-Jul-2023
ပုသိမ်ခရိုင်တွင်ပြုလုပ်သည့် ဒေသတွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း (MSMEs)ထုတ်ကုန်ပြပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်တွင် ဒေသတွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSMEs)ထုတ်ကုန်ပြပွဲဖွင့်ပွဲ အခမ်းအနားအား ယနေ့ နေ့လည်ပိုင်းက  ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲမုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးစီးပွား ရေးရာဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌတို့မှ  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ခန်းမအတွင်း ပြသထားသည့် စက်မှုလယ်ယာပြခန်း၊ ခရိုင်စိုက်ပျိုး ရေးဦးစီးဌာနပြခန်း၊ ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြခန်း၊ ခရိုင် ငါးလုပ်ငန်းဦးစီးဌာနပြခန်း၊ ခရိုင်သစ်တောဦးစီးဌာနပြခန်း၊ ခရိုင် မီးသတ်ဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနပြခန်း၊ ခရိုင်ပညာရေးဌာနနှင့် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြခန်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနပြခန်း၊ Nurture Group ပြခန်း၊ ငပုတောမြို့နယ်ဒေသထွက်ကုန်များပြခန်း၊ သာပေါင်းမြို့နယ်ဒေသထွက်ကုန်များပြခန်း၊ ကန်ကြီး ထောင့်မြို့နယ်ဒေသထွက်ကုန်များအရောင်းပြခန်း၊ ပုသိမ်မြို့နယ် ဒေသထွက်ကုန်များအရောင်းပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါပြပွဲအား အများပြည်သူများလေ့လာနိုင်အောင် ယနေ့မှ (၁၅)ရက်နေ့အထိ ပြသွားမည်ဖြစ်ပြီး ပြခန်းပေါင်း(၁၅)ခန်းပြသသွားမည်ဖြစ်ပါသည်။


Read More...
12-Jul-2023
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းများအား အောင်နိုင်ရေးအလံပေးအပ်
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစား သမားများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမား များက တစ်ဦးချင်းမိတ်ဆက်ပြီး အသင်းအုပ်ချုပ်သူများမှ  ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ဗိုဗီနမ်အားကစားအနေဖြင့် (၃၂)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများမှ နည်းပြအဖြစ်ပြုလုပ်ပေးနေ၍ ပြိုင်ပွဲတွင်အောင်မြင်မှုရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဖူဆယ်အားကစားအနေဖြင့်လည်း ၂၀၁၇-၂၀၁၈ခုနှစ်တွင် အမျိုးသမီးအသင်းသည် ငွေတံဆိပ်ဆုရရှိခဲ့၍ ယခုနှစ်တွင်ပိုမိုအောင်မြင်အောင်ကြိုးစားကြစေလိုကြောင်း၊ လေ့ကျင့်သား ပြည့်ဝစွာဖြင့် နည်းစနစ်တကျလေ့ကျင့်ကြရန်လိုပါကြောင်း၊  အားကစားသမားများသည် ပြိုင်ပွဲ ယှဉ်ပြိုင်ကြသည့်အခါ အသင်းအဖွဲ့စိတ်ဓာတ်အပြည့်နှင့် မလျှော့သောဇွဲ၊ လုံ့လ၊ ဝိရိယတို့ဖြင့် အားကစားသမားပီသစွာ အနိုင်မခံအရှုံးမပေး ကြိုးစားယှဉ်ပြိုင်ကစားကြရန်လိုပါကြောင်း၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ အနေဖြင့်လည်း လေ့ကျင့်မှုမပျက်စေရေး၊ နည်းစနစ်မှန်မှန် လေ့ကျင့်ကြစေရေးနှင့် စနစ်တကျစီမံဆောင်ရွက်ရန်လိုပါကြောင်း၊ ပြိုင်ပွဲများကိုသွားရောက် ယှဉ်ပြိုင်မည့် အားကစားသမားများ၊ နည်းပြများ၊ အုပ်ချုပ်သူများအနေဖြင့် မိမိတို့အသင်း အောင်မြင်မှုများရရှိစေရေး ဆထက်ထမ်းပိုးကြိုးစားဆောင်ရွက်သွားရန်နှင့် အောင်မြင်မှု သရဖူများ ရရှိပါစေကြောင်း”ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဗိုဗီနမ်နှင့် ဖူဆယ်အသင်းတို့မှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ဗိုဗီနမ်အသင်းတွင် နည်းပြ၊ အုပ်ချုပ်နှင့် အားကစားသမား (၂၄)ဦး၊ ဖူဆယ်အသင်းတွင် နည်းပြ၊ အုပ်ချုပ်နှင့် အားကစားသမား(၃၂) ဦးတို့ဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းသိရသည်။


Read More...
12-Jul-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လပွတ္တာခရိုင်၊ မြောင်းမြခရိုင်နှင့် ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လပွတ္တာခရိုင်၊ မြောင်းမြခရိုင်နှင့် ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။  ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ ရှမ်းစုကျေးရွာ၊ တောင်သူ ဦးထွန်းမင်း၏ လယ်မြေ(၁၀)ဧကတွင် စပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနှင့် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန် စပါးမျိုးစေ့ချစက်( Paddy Seeding Machine)ဖြင့် ပျိုးထောင်ခြင်းသရုပ်ပြမှုအားကြည့်ရှုအားပေးခဲ့ပြီး လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီး ဌာန တိုင်းဦးစီးမှူးက နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်တောင်သူများ၏ လယ်ဧကများ၊ မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက် ထွက်ရှိရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပီလောပီနံစိုက်ပျိုးပြီးစီးမှု အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူကြီးများအနေဖြင့် ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုး ခဲ့သဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာသည်ကိုမြင်တွေ့နေရပြီဖြစ်ပါကြောင်း၊ သဘာဝမြေသြဇာများအသုံးပြု၍ ဓါတ်မြေသြဇာသုံးစွဲမှုများလျော့ချကြရန်၊ အထွက်တိုး မျိုးကောင်း မျိုးသန့်များသုံးစွဲကြရန်၊ ပီလောပီနံစိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်နှင့် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းသည် စပါးအထွက်တိုးခြင်း၊ ကုန်ကျစရိတ်များသက်သာခြင်း တို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုစေရေးမှာကြားခဲ့ပြီး တောင်သူများအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် သွင်းအားစုများ ထောက်ပံ့ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြမြို့နယ်၊ ကုန်းထိပ်ပြောင် ကျေးရွာရှိ ဦးမျိုးနိုင်၏ အသားတိုးဝက်အကောင်(၂၀၀)နှင့် ဥစားကြက်အကောင်(၉၀၀၀) မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးပြီး မွေးမြူထုတ်လုပ်မှု စာရင်းဇယားများ စနစ်တကျမှတ်သားဆောင်ရွက်စေရေးနှင့် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရေး၊ ထုတ်လုပ်မှုကုန်ကျစရိတ် များလျော့ချနိုင်ရေးဆောင်ရွက်ရန်၊ စွန့်ပစ်ပစ္စည်းများမှ သဘာဝ မြေဩဇာအဖြစ်ပြန်လည်အသုံးပြုနိုင်စေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး မွေးမြူရေးလုပ်ငန်းသုံး ခြံဖြန်းပိုးသတ်ဆေးများ ပံ့ပိုးပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ တောင်သူဦးအောင်သောင်း၏လယ်မြေ (၂)ဧကတွင် နယူးဧရာ(၁)  အထွက်တိုးစပါး စိုက်ပျိုးနေမှု အားကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ စိုက်နည်းတကျစိုက်ပျိုးရန်နှင့် အောင်မြင်အောင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာရှိ တောင်သူဒေါ်သီတာအေး၏ လယ်မြေ(၁၀)ဧကတွင် တိုင်းဟိ အဏုဇီဝဖျော်ရည်ဖြန်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဟိ သဘာဝဇီဝမြေဩဇာ တာဝန်ခံမှ တိုင်းဟိ အဏုဇီဝဖျော်ရည်၏ မြေဆီလွှာပြုပြင်နိုင်မှု၊ အပင်ကြီးထွားဖွံ့ဖြိုးမှုအခြေအနေများ ရှင်းလင်းတင်ပြမှာအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သဘာဝဇီဝမြေဩဇာများပိုမိုထုတ်လုပ်နိုင်ရေးနှင့် တွင်ကျယ်စွာ အသုံးပြုနိုင်စေရေးမှာကြားခဲ့သည်။ ဆက်လက်၍ တောင်သူဦးစိုးအောင်၏လယ်မြေ(၃)ဧကတွင် ပျိုးဘောင်စနစ်ဖြင့် ပျိုးထောင်၍ မှော်ဘီ(၃) အထွက်တိုးမျိုးစပါး စိုက်ပျိုးနေမှုအားကြည့်ရှု အားပေးခဲ့ပြီး အောင်မြင်အောင်ဆောင်ရွက်စေရေး မှာကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး အနေဖြင့် မိုးစပါး စိုက်ဧက (၃၇) သိန်းကျော် စိုက်ပျိုးမည်ဖြစ်ရာ ယနေ့အထိ (၁၇)သိန်းကျော် စိုက်ပျိုးပြီးဖြစ်သဖြင့် (၄၇)ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်းသိရသည်။


Read More...
11-Jul-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မအူပင်မြို့၊ အမှတ်စဉ် (၂/၂၀၂၃)ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင့် ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားအားတက်ရောက်၊ ညောင်တုန်း၊ ပန်းတနော်မြို့နယ်များရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကြည့်ရှုအားပေး
အမှတ်စဉ်(၁/၂၀၂၃)ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက မအူပင်မြို့၊ အမှတ်(၅) အလတ်စားစက်ပြင်အလုပ်ရုံ၌ ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင် ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဖြစ်ပြီး မိုးစပါး၊နွေးစပါး ဧက ၅၂ သိန်းကျော် စိုက်ပျိုးလျက်ရှိပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် လိုအပ်နေသေးပြီး ပန်းတိုင်အထွက်နှုန်းမရောက်သေးမီ ကာလစပ်ကြား တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် ယခုမိုးစပါးစိုက်ပျိုးရာသီမှစတင် ဆောင်ရွက်လျက်ရှိပါကြောင်း၊အထွက်နှုန်းများ တိုးတက်ရန်အတွက်  မျိုးကောင်းမျိုးသန့်စပါးများဖြင့် ပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ)ထည့်သွင်းစိုက်ပျိုးခြင်း စသည့်မြေပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ရိတ်သိမ်းခြွေလှေ့စက်များပေါ်လာပြီးနောက်ပိုင်း တောင်သူများအနေဖြင့် ရိတ်သိမ်းခြွေလှေ့စက်များကို အားထားအသုံးပြုလာပါကြောင်း၊ ရိတ်သိမ်း​ချွေ​လှေ့စက်များအသုံးပြုရာတွင်စက်​မောင်းများစနစ်တကျက်ိုင်တွယ်ထိန်းသိမ်းမောင်းနှင်နိုင်စေရေး နွေစပါးအပြီးမိုးစပါးမရိတ်သိမ်းမီ သင်တန်း​ပေးရခြင်းဖြစ်ပါ​ကြောင်း၊ ဆက်လက်ပြီးဆင့်ပွားသင်တန်းများပို့ချသွားမည်ဖြစ်ပါ​ကြောင်း၊ ရိတ်သိမ်းချိန်တွင် အ​လေအလွင့်ထိန်းနိုင်ပါကပိုမိုအထွက်တိုးလာမည်ဖြစ်သဖြင့် တစ်ဧက၁၀တင်းနှုန်းပိုမိုထွက်ရှိ​ရေးဆောင်ရွက်ရာတွင် များစွာအကျိုးရှိမည်ဖြစ်​ကြောင်း၊ စက်မှုလယ်ယာဦးစီးဌာနသာမက ကုမ္ပဏီများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊သင်တန်းသားများအနေဖြင့် စာတွေ့ လက်တွေ့ သင်ကြားပို့ချမှုများကို ကြိုးစားသင်ယူကြစေလိုကြောင်း”အမှာစကားပြောကြားသည်။ ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီးနောက် သင်တန်းကြီးကြပ်သူနှင့် နည်းပြဆရာများက တစ်ဦးချင်းဂါဝရပြုမိတ်ဆက်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ အဆိုပါ စက်မှုလယ်ယာနှင့် Good Brother ကုမ္ပဏီတို့မှပူးပေါင်းဖွင့်လှစ်သည့် အမှတ်စဉ်(၂/၂၀၂၃)ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းအား ယနေ့မှစ၍ ဩဂုတ်လ(၄) ရက်နေ့အထိသင်ကြားပို့ချသွားမှာဖြစ်ပြီး သင်တန်းသား ( ၅၉) ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်သည့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး မိုးစပါးတစ်ဧက (၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ သမဝါယမဦးစီးဌာန  တိုင်းဒေသကြီးဦးစီးမှူးက သမဝါယမလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေအားလည်းကောင်း၊  စိုက်ပျိုးရေးဦးစီးဌာန တိုင်း၊ခရိုင်ဦး စီးမှူးတို့က စပါး၊နေကြာသီးနှံနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် သတိပြုလိုက်နာရမည့်အချက်များ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းရာတွင် အကျိုးရှိမှုအခြေအနေများနှင့်  ဇီဝမြေဩဇာ၊ သဘာဝမြေဩဇာထည့်သွင်း အသုံးပြုစိုက်ပျိုးနိုင်ရေးတို့အားလည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးက ကြဲခင်းဧက၊ စိုက်ခင်းဧကများနှင့်စိုက်ပျိုးမှုနှင့် အထွက်နှုန်းတိုးတက်ရန် ရွေးချယ်စိုက်ပျိုးသင့်သည့် မျိုးစပါးများအားလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက ကုန်ဈေးနှုန်းကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးဆောင်ရွက်ရာတွင် ကိန်းဂဏန်းအချက်အလက်များမှန်ကန်ရေးကိစ္စရပ်များအားလည်းကောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှစ၍ တစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးအတွက် ပြီးခဲ့သည့် တောင်သူလယ်သမားနေ့တွင် ဆွေးနွေးပွဲများပြုလုပ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်စေရေးအတွက် အထွက်နှုန်းတိုးသည့် မျိုးစပါးများအား ရွေးချယ်စိုက်ပျိုးကြစေလိုကြောင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးရန် ရည်မှန်းထားသည့် ဧကများသည်လည်း အမှန်တကယ်ပြောင်းလဲစိုက်ပျိုးရန် လိုအပ်ပါကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးဆောင်ရွက်ရာတွင် မအူပင်ခရိုင်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအနေဖြင့် အများဆုံးခရိုင်ဖြစ်ပါကြောင်း၊ ဆန်စက်များသည်လည်း ရန်ကုန်မြို့နှင့် အနီးဆုံးတွင်ရှိပါကြောင်း၊ တိရစ္ဆာန်အစာ ဈေးနှုန်းကြီးမြင့်မှုများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လိုပါကြောင်း၊ မအူပင်ခရိုင်သည် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဖြင့်အလားအလာကောင်းသည့် ခရိုင်ဖြစ်သဖြင့် ဆီဖူလုံရေးအတွက် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရန်လိုပါကြောင်းနှင့် ပီလောပီနံကိုလည်း တိုးချဲ့စိုက်ပျိုးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း” မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မအူပင်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီးအား ပန်း၊ရေချမ်း၊ဆီမီးတို့ဖြင့် ဖူးမြော်ကြည်ခဲ့ပြီး  ဝန်ကြီးချုပ်သည် စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအား ကြည့်ရှုစစစ်ဆေးကာ လုပ်ငန်းများအမြန်ဆုံးဆောင်ရွက်နိုင်စေရေးမှာကြားခဲ့ပြီး အလှူငွေများ  ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ ဝါးတောကျေးရွာရှိ တောင်သူ ဒေါ်ခင်နန်းကြည်၏ တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်စိုက်ခင်း (​ေကျာက်ဖရုံ) ၀.၁၆ ဧက၊ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။ ထို့အတူ ညောင်တုန်းမြို့နယ်၊ ထိပ်ဝလေးကျေးရွာ၊ တောင်သူဦးသန်းလွင်၏ ရုံးပတီ၊ သခွား (၁.၁၀)ဧက စိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုအားကြည့်ရှုအားပေးခဲ့ပြီး စိုက်ပျိုးထုတ်လုပ် ရောင်းချမှုအခြေအနေများမေးမြန်းခဲ့ကာ သဘာဝမြေသြဇာများပိုမိုသုံးစွဲစေရေး၊ ဈေးနှုန်းသက်သာစွာရောင်းချပေးနိုင်ရေးနှင့်ပိုမိုတို့ချဲ့စိုက်ပျိုးစေရေးမှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတနော်မြို့နယ်၊ ဥတိုကျေးရွာရှိ ထူးထက်ဟန် ကုမ္ပဏီ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းသို့သွားရောက်ကြည့်ရှုစစ် ဆေးခဲ့ရာ မွေးမြူရေးခြံတာဝန်ခံမှ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းကို အလုံပိတ်လေအေးပေးစနစ်ဖြင့် မွေးမြူထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများနှင့် ထုတ်လုပ်ရောင်းချမှုအခြေအနေများရှင်းလင်းတင်ပြခဲ့ပြီးနောက် အသားတိုးဝက်မွေးမြူထားရှိမှုအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး  မွေးမြူ ရေးလုပ်ငန်းများစနစ်တကျဆောင်ရွက်ရန်၊ တိုးချဲ့မွေူးမြူရန်နှင့် ပြည်တွင်းပြည်ပဈေးကွက်တိုးချဲ့နိုင်ရေးဆောင်ရွက်ရန်၊ ဇီဝလုံခြုံရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှု ကုန်ကျစရိတ်လျော့ချနိုင်ရေးအတွက် နည်းလမ်းများရှာဖွေဆောင်ရွက်ရန်နှင့် စွန့်ပစ်အညစ်အကြေး များအသုံးပြု၍ သဘာဝမြေဩစာထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားရန် မှာကြား ခဲ့ပါသည်။ ထူးထက်ဟန် ကုမ္ပဏီ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းမှ ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ ဝက်ပိသာချိန်ပေါင်း (၃၂၂၈၁၆)ပိသာ မွေးမြူရောင်းထုတ်နိုင်ခဲ့ပြီး လက်ရှိတွင် မွေးမြူရေးခြံ (၈)ခြံ၌ အသားတိုးဝက်ကောင်ရေ ၅၂၀၀ကို မွေးမြူထားရှိကာ ဟင်းသီးဟင်းရွက်များကိုလည်း သဘာဝမြေဩဇာများအသုံးပြုစိုက်ပျိုးထားရှိကြောင်းသိရသည်။


Read More...
10-Jul-2023