သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြောင်းမြမြို့တွင် ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီများနှင့်တွေ့ဆုံ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ညနေပိုင်း ကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
Read More...
18-Jun-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သူနာပြုသင်တန်းကျောင်း(မြောင်းမြ)၏ အပတ်စဉ်(၆) သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားများတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မြောင်းမြမြို့သူနာပြုသင်တန်းကျောင်းတွင်ပြုလုပ်သည့် ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကာ သင်တန်းသား၊ သင်တန်းသူများ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “သူနာပြုအတတ်ပညာသည် နိုင်ငံတော်နှင့် လုပ်သားပြည်သူများအတွက် အားကိုးအားထားရသည့်အပြင် မိမိတို့အတွက် ကုသိုလ်လဲရဝမ်းလဲဝသည့် အလုပ်ဖြစ်၍ သူနာပြုအလုပ်ကို ဂုဏ်ယူစွာဖြင့် လုပ်ကိုင်ရင်း ပြည်သူကို အလုပ်အကျွေးပြုကြရန်လိုပါကြောင်း
Read More...
17-Jun-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သူနာပြုသိပ္ပံ(ပုသိမ်)၏ အပတ်စဉ်(၄၁) သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သူနာပြုသိပ္ပံ(ပုသိမ်)၏ အပတ်စဉ်(၄၁)သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Read More...
17-Jun-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကန်ကြီးထောင့်မြို့နယ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ ရောက်ရှိ၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ရာ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေမှုအခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ ပိုမိုတက်ရောက်စေရေးအတွက် အသိပညာပေးစည်းရုံးဆောင်ရွက်မှု အခြေအနေများ၊ ပညာသင်ကြားခွင့်ကာလပြီးဆုံးပါက ရရှိသည့်အဆင့်အလိုက် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများတွင် ဆက်လက်ပညာဆည်းပူးနိုင်မည့်အခြေအနေများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြ
Read More...
16-Jun-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေကြီး၊ ပုသိမ်မြို့၊ သမဝါယမစာရင်းရင်းရေးစာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(ပုသိမ်) တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်း သူများ တက်ရောက်ခဲ့ကြသည်။
Read More...
16-Jun-2026