သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်မြို့၊ ကမ်းနားလမ်း ကျောက်ထီးအနီး ငဝန်မြစ်ရေစီးကြောင့် ဖြစ်ပေါ်ခဲ့သော လူသွားလမ်းပလက်ဖောင်းနှင့်ရင်ပြင်အက်ကွဲမှုအား ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကမ်းနားလမ်း ကျောက်ထီးအနီး ငဝန်မြစ်ကမ်းဘေးတွင် အများပြည်သူအပန်းဖြေ အနားယူနိုင်ရန်နှင့် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန်အတွက် ပြုလုပ်ထားသော ပလက်ဖောင်းနှင့် ရင်ပြင်ပေါ်တွင် ငဝန်မြစ်ရေစီးကြောင့် အလျားပေ ၁၃၀ ခန့် အက်ကွဲကြောင်းဖြစ်ပေါ်ခဲ့သဖြင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက အဆိုပါနေရာသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ တိုင်းဒေသကြီးဌာနဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးချုပ်က အများပြည်သူ အန္တရာယ်မဖြစ်စေရေးအတွက် လိုအပ်သည့်အစီအမံများ ချက်ချင်းဆောင်ရွက်ရန်နှင့် အမြန်ဆုံးပြန်လည် ပြုပြင်နိုင်ရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
Read More...
22-Jun-2026
ကမာရွတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်မှုပြုလုပ်သူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
Read More...
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် (၁၀) ရပ်ကွက် အောင်မင်းခေါင် (၁) လမ်းရှိ နေအိမ်တစ်လုံးတွင် အွန်လိုင်းလိမ်လည်မှုပြုလုပ်လျက်ရှိသည့် မြန်မာနိုင်ငံသား အမျိုးသားရှစ်ဦးနှင့် အမျိုးသမီးရှစ်ဦး စုစုပေါင်း ၁၆ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Read More...
21-Jun-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးစပါးစိုက်ပျိုးမည့် ဒေသခံတောင်သူများထံသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်၊ ဧရာသီရိသုခခန်းမတွင်ပြုလုပ်သည့် တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးစိုက်ပျိုးမည့် ဒေသခံတောင်သူများထံသို့ သွင်းအားစုပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ရာ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သမဝါယမလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
Read More...
20-Jun-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ)က ကြီးမှူးကျင်းပသော သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သာသနာ့ဗိမာန်၌ ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ)က ကြီးမှူးကျင်းပသော သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက် ဖူးမြော်ကြည်ညိုကြသည်။
Read More...
20-Jun-2026
ပြည်သူများမှ အခွန်အခများပေးဆောင်မူအပေါ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထူးပင်ကျေးဇူးတင်မိပါကြောင်း၊ အခွန်အခငွေကြေးများအား ပြည်သူတွေရဲ့ လိုအပ်နေသောနေရာများအားမှန်ကန်မြန်ဆန်ထိရောက်စွာ အကျိုးပြုလုပ်ဆောင်သွားမည်
Read More...
ဧရာ၀တီတိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွက် ပေးချေရန်ဖြစ်သည့် အခွန်အကောက်ရငွေများမှ အခွန်ဝေစုများလွှဲပြောင်းပေးခြင်းအစီအစဉ်အရ စုစုပေါင်းကျပ်သန်း(၄၅၅၉.၅၈၈) အား တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေး၀န်ကြီးထံသို့ ဇွန်လ ၁၆ ရက်နေ့တွင်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
Read More...
20-Jun-2026