သတင်းများ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာမီးလင်းရေးဖွင့်ပွဲများတက်ရောက်အားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်မြစ်အနောက်ဘက်ကမ်း၊ ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကျေးရွာမီးလင်းရေးဖွင့်ပွဲကို ၂၈ ရက်နေ့ နေ့လည်တွင်ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကွင်းလျားကျေးရွာအုပ်စု၊ ကွင်းပေါက် ကျေးရွာတွင် ကျေးရွာ(၅)အတွက် N.E.P Phase II ဖြင့် (၁၁/၀.၄ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ တည်ဆောက်ပေးပြီး ကျေးရွာမှကိုယ်ထူကိုယ်ဖြင့် ၄၀၀ ဗို့ဓာတ်အားလိုင်းဆောင်ရွက်သည့် ကျေးရွာမီးလင်းရေးဖွင့်ပွဲတက်ရောက်ခဲ့ပြီး အခမ်းအနားအားဖဲကြိးဖြတ်ဖွင့်လှစ်ပေးခဲ့၍ စက်ခလုပ်နှိပ်လျှပ်စစ်မီးပို့လွှတ်ပေးခဲ့ပြီး လျှပ်စစ်မီးဖွင့်ပွဲဆိုင်းဘုတ်အား အမွှေးနံသာရည်များဖြန်းပတ်ပေးခဲ့ကာကျေးရွာတွင်းရှိနေအိမ်များတွင်လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကွင်းလျားကျေးရွာနှင့်ကညင်ငူကျေးရွာများတွင်ဆောင်ရွက်မည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရေရှည်တည်တံ့မှုရှိစေရေးအလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ကွင်းလျားအခြေခံပညာအထက်တန်းကျောင်းခွဲသို့ သွားရောက်ခဲ့ပြီး ဆရာ၊ဆရာမများ၊ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိ၊ရပ်ဖများ၊ကျောင်းသားမိဘများနှင့်တွေ့ဆုံခဲ့ပါသည်။
ထို့နောက် ဆားတော်ကျေးရွာတွင် N .E.P Phase II ဖြင့် (၁၁/၀.၄ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ တည်ဆောက်ပေးပြီး ကျေးရွာမှကိုယ်ထူကိုယ်ဖြင့် ၄၀၀ ဗို့ဓာတ်အားလိုင်းဆောင်ရွက်သည့် ကျေးရွာမီးလင်းရေးဖွင့်ပွဲတက်ရောက်ခဲ့ပြီး အခမ်းအနားအား
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့၍ စက်ခလုပ်နှိပ်လျှပ်စစ်မီးပို့လွှတ်ပေးခဲ့ပြီး လျှပ်စစ်မီးဖွင့်ပွဲဆိုင်းဘုတ်အား အမွှေးနံသာရည်များဖြန်းပတ်ပေးခဲ့ကာကျေးရွာတွင်းရှိနေအိမ်များတွင်လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။
အလားတူ အိုင်ဇောက်ကျေးရွာတွင် ကျင်းပပြုလုပ်သည့် အိုင်ဇောက်ကျေးရွာနှင့် အုန်းပင်စုကျေးရွာများအတွက် N.E.P Phase II ဖြင့် (၁၁/၀.၄ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ တည်ဆောက်ပေးပြီး ကျေးရွာမှကိုယ်ထူကိုယ်ဖြင့် ၄၀၀ ဗို့ဓာတ်အားလိုင်းဆောင်ရွက်သည့် ကျေးရွာမီးလင်းရေးဖွင့်ပွဲတက်ရောက်ခဲ့ပြီး အခမ်းအနားအားဖဲကြိးဖြတ်ဖွင့်လှစ်ပေးခဲ့၍ စက်ခလုပ်နှိပ်လျှပ်စစ်မီးပို့လွှတ်ပေးခဲ့ပြီး လျှပ်စစ်မီးဖွင့်ပွဲဆိုင်းဘုတ်အား အမွှေးနံသာရည်များဖြန်းပတ်ပေးခဲ့ကာကျေးရွာတွင်းရှိနေအိမ်များတွင်လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။ထို့နောက်အိုင်ဇောက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ဆရာမများနှင့်တွေ့ဆုံခဲ့ပြီး ကျောင်းသုံးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။
ထို့နောက် ကမ်းနီကျေးရွာ၊ ကျုံတုန်းကျေးရွာနှင့် အလယ်စုကျေးရွာများအတွက် N.E.P Phase II ဖြင့် (၁၁/၀.၄ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ တည်ဆောက်ပေးပြီး ကျေးရွာမှကိုယ်ထူကိုယ်ဖြင့် ၄၀၀ ဗို့ဓာတ်အားလိုင်းဆောင်ရွက်သည့် ကျေးရွာမီးလင်းရေးဖွင့်ပွဲတက်ရောက်ခဲ့ပြီး အခမ်းအနားအားဖဲကြိးဖြတ်ဖွင့်လှစ်ပေးခဲ့၍ စက်ခလုပ်နှိပ်လျှပ်စစ်မီးပို့လွှတ်ပေးခဲ့ပြီး လျှပ်စစ်မီးဖွင့်ပွဲဆိုင်လျှပ်စစ်မီးဖွင့်ပွဲဆိုင်းဘုတ်အား အမွှေးနံသာရည်များဖြန်းပတ်ပေးခဲ့ကာကျေးရွာတွင်းရှိနေအိမ်များတွင်လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။
ထို့နောက် ကမ်းနီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ဆရာမများ၊ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိ၊ရပ်ဖများ၊ကျောင်းသားမိဘများနှင့်တွေ့ဆုံခဲ့ပြီး ကျောင်းသားကျောင်းသူများရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ် ၁၉ ရာဂါကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေး မှာကြားခဲ့ပြီး လိုအပ်သည်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသုံးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။
ထို့နောက် ကမ်းနီတိုက်နယ်ဆေးရုံသို့သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး ဒေသခံပြည်သူများကိုကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအားမေးမြန်းခဲ့ပြီး ဆေးရုံဝန်ထမ်းများနှင့် ဆေးကုသမှုခံယူနေသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါတယ်။ ဆက်လက်၍ ကညင်ငူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ရောက်ရှိ၍ ဆရာ၊ ဆရာမများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာဆိုင်ရာများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါတယ်။
ထို့နောက် နွားရေတိုက်ကျေးရွာ၊ တောင်သူ ဦးမြင့်ဆွေ လယ်မြေတွင် ပြုလုပ်သည့် ၂၀၂၂- ၂၀၂၃ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပတ်စိုက်ပျိုးပွဲ တက်ရောက်၍ ဒေသခံတောင်သူများအား သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လယ်မြေအတွင်း ပိုက်ဆံလျှော် မျိုးစေ့များကြဲပတ်ပေးခဲ့ကာ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် မျိုး၊ရေ၊ မြေ ၊ နည်း မှန်ကန်စွာစိုက်ပျိုးနိုင်ရေး၊ သာဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများအချိုးကျသုံးစွဲစေရေးမှာကြားခဲ့ပါသည်။
Read More...
28-May-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကျုံပျော် မြို့နယ်များသို့ စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲများတက်ရောက်အားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မေလ ၂၈ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက်
ပုသိမ်ခရိုင်၊ ကန်ကြီးထောင််မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ (၆၀×၃၀)ပေ၊ Steel Structure တစ်ထပ်၊ KG စာသင်ကျောင်းဆောင်
ဖွင့်ပွဲတက်ရောက်၍ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စာသင်ဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၊ (၁၀၀ပေ×၃၀ပေ) RC နှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရောက်၍ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆောက်အဦသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အလားတူ ကျုံပျော်မြို့နယ်၊ ရှမ်းစုကျေးရွာ အခြေခံပညာမူလတန်းကျောင်း (၁၂၀×၃၀) Steel Structure တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ကျုံပျော်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊(၁၀၀ပေ×၃၀ပေ) RC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရောက်ခဲ့ပြီး အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ အဆောက်အဦသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါကျောင်းဆောင်သစ်ဖွင့်ပွဲများတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ကျောင်းသား ကျောင်းသူများ ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ် ၁၉ ရာဂါကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေး မှာကြားခဲ့ပြီး လိုအပ်သည်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
Read More...
28-May-2022
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့သည် အင်္ဂပူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Read More...
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့သည် မေလ ၂၇ ရက်နေ့ ညနေပိုင်းတွင် အင်္ဂပူမြို့နယ်၊ ရွာသာယာကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲနှင့် Daedong လယ်ယာသုံးစက်ကိရိယာထွန်ယက်သရုပ်ပြပွဲတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ နေကြာစိုက်ပျိုးထုတ်လုပ်မည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် Daedong လယ်ယာသုံးစက်ကိရိယာထွန်ယက်သရုပ်ပြ မှုအား ကြည့်ရှုအားပေးခဲ့ကာ တောင်သူများနှင့်တွေ့ဆုံ၍ နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက်မှုများ၊ နေကြာသီးနှံ စိုက်ပျိုးအောင်မြင်စေရေးနှင့်လျာထားချက်ပြည့်မီစေရေး ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ တောင်သူများအားလုံးက ကြိုးပမ်းဆောင်ရွက်ပေးကြစေရေးမှာကြားခဲ့ပါပြီး နေကြာမျိုးစေ့ထုတ်တောင်သူ ၂၈ ဦး၊ စိုက်ဧက (၄၃ )ဧကအတွက် မျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကျီးကုန်းကျေးရွာအုပ်စု၊ ရွှေတောင်စုကျေးရွာ စိုက်ပျိုးမွေးမြူရေးခေတ်မီစံပြကျေးရွာဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေး ခေတ်မီစံပြကျေးရွာအဖြစ်ရွှေတောင်စုကျေးရွာအပါအဝင် ကျေးရွာ(၃)ထူထောင်ထားရှိပါကြောင်း၊ စံပြကျေးရွာဖြစ်တာနဲ့အညီ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ပြီးတောင်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးလာစေရန်ကြိုးစားကြရမှာဖြစ်ပါကြောင်း၊ ထို့အပြင် ကျေးရွာသန့်ရှင်းသာယာလှပရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ ပတ်ဝန်းကျင်ကျေးရွာများ၏ စံနမူနာကျေးရွာဖြစ်စေရေး ကြိုးစားရမှာဖြစ်ပါကြောင်းပြောကြားခဲ့ပါတယ်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးမှ စံပြကျေးရွာစီမံကိန်းအကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စံပြကျေးရွာအတွက် Daedong လယ်ယာသုံးထွန်စက်အားပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများမှ ကျေးရွာမီးသတ်တပ်ဖွဲ့ဝင်များအတွက် မီးသတ်ဝတ်စုံများပေးအပ်ခဲ့ကြကာ ဒေသခံပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။
Read More...
27-May-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် မြန်အောင်မြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မေလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ကန်ဇွန်းကုန်ကျေးရွာအုပ်စု၊ ကုန်းတစ်လုံးကျေးရွာ ၊ တောင်ပေါ်ကျောင်းတိုက်ဓမ္မာရုံတွင် ပြုလုပ်သည့် နေကြာမျိုးစေ့ထုတ်တောင်သူများသို့ မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကာ စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မြင့်မားစေရေး ဆွေးနွေးမှုများအပေါ် တောင်သူများ၏ မေးမြန်းမှုများအား သက်ဆိုင်ရာဌာနများမှရှင်းလင်းပြောကြားခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက်ပြောကြားခဲ့ပြီး နေကြာစိုက်ပျိုးမျိုးစေ့ထုတ်နိုင်ရေးအတွက်မျိုးကောင်းမျိုးသန့်မျိုးစေ့များလုံလောက်စွာ စုဆောင်းထားရှိပြီးဖြစ်ပါကြောင်း၊ မျိုးစေ့ထုတ်မည့် တောင်သူများအတွက် သွင်းအားစုများ၊ စိုက်ပျိုးစရိတ်များနှင့် စက်ကိရိယာများထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မျိုး၊မြေ၊ရေ၊နည်း စသည့် စိုက်ပျိုးရေးနည်းစနစ်များမှန်ကန်စေရေး သက်ဆိုင်ရာဌာနဆိုင်များမှ သင်တန်းပို့ချဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နေကြာသီးနှံ စိုက်ပျိုးအောင်မြင်စေရေးနှင့်လျာထားချက်ပြည့်မီစေရေး ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ တောင်သူများအားလုံးက ကြိုပမ်းဆောင်ရွက်ပေးကြစေရေးမှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့မှ နေကြာမျိုးစေ့ထုတ်တောင်သူများအတွက် နေကြာမျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့ပြီးတောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါတယ်။ ထို့နောက် ကန်ဇွန်းကုန်ကျေးရွာ၊ ကံပေါ်ကုန်းကွင်း၊ကွင်းအမှတ် (၂၃၅)တွင် ဟင်္သာတခရိုင် စိုက်ပျိုးရေးဦစီးဌာန၊နေကြာမျိုးစေ့ထုတ်စံပြ(၅) ဧက စိုက်ခင်း၊သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန Daedong လယ်ယာသုံးစက်ကိရိယာထွန်ယက်သရုပ်ပြပွဲတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ နေကြာစိုက်ပျိုးထုတ်လုပ်မည့်အခြေအနေများအားရှင်းလင်းတင်ပြခဲ့ပြီးနောက် ထွန်စက်များနှင့်ထွန်ယက်သရုပ်ပြမှုအားကြည့်ရှုအားပေးခဲ့ကာ တောင်သူများနှင့်တွေ့ဆုံ၍ နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက်မှုများအားဆွေးနွေးပြောကြားခဲ့သည်။ဆက်လက်၍ မြန်အောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း သွားရောက်ခဲ့ကာ ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
Read More...
27-May-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ကြံခင်းမြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မေလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ကြံခင်းမြို့နယ်၊ ဘတ်ရဲမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် ကြံခင်းမြို့အခြေခံပညာအထက်တန်းကျောင်းများတွင် KG တန်းမှ GRADE-11 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးနေမှု၊ ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များကို (အခမဲ့) ထုတ်ပေးမှု ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းအပ်နှံမှုလုပ်ငန်းစဉ်များအား မြန်ဆန်အဆင်ပြေစွာဆောင်ရွက်စေရေးနှင့် ကိုဗစ်၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်စေရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ၊ ဥပဓိရုပ်ကောင်းမွန်ရေးဆောင်ရွက်ထားရှိရန်မှာကြားခဲ့သည်။
ထို့နောက် ကြံခင်းမြို့ ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်စက်ရုံလည်ပတ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဆေးရုံအုပ်ကြီးမှ လိုအပ်သည်များ တင်ပြမှုပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
Read More...
27-May-2022