သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပြည်သူ့အကျိုးပြုကွန်ကရစ်တံတားဖွင့်ပွဲအား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက ရေကြည်မြို့နယ်၊ ရေလဲကြီးကျေးရွာ၌ ကျေးလက်လမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၁၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရေလဲကြီးတံတား( အရှည်၆၀ပေ ၊ အကျယ် ၁၄ ပေရှိသည့် သံကူကွန်ကရစ်)တံတားဖွင့်အား တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့သည်။ တံတားဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရေး တံတားသစ်အားဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ တံတား ဆောက်လုပ်ပြီးစီးပြီဖြစ်၍ ဒေသခံပြည်သူများ နွေ၊မိုး၊ဆောင်း သွားလာနိုင်ပြီး စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာသွားလာဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ တံတားရေရှည်တည်တံ့ရန်အတွက် ဒေသခံပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းထိန်းသိမ်းပေးစေလိုကြောင်း၊ တာဝန်ယူဆောက်လုပ်သည့် ဆောက်လုပ်ရေးအဖွဲ့ကလည်း မြေထိန်းနံရံများ ရေရှည်တံ့စေရေးအတွက် မြက်စိုက်ခြင်းများကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း”ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ တံတားပေါ်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
02-Jun-2022
ဧရာဝတီတိုင်းအတွင်းရှိ‌ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးပြီး ကျောင်းသုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများပေးအပ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းသုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများပေးအပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ သပြေကွင်းကျေးရွာ ကင်ပွန်းချဉ်ကုန်းကျေးရွာ၊ ရေလဲကြီး(ကြပ်ကွင်း)ကျေးရွာ၊ ကြပ်ကွင်းကျေးရွာ ရှိအခြေခံပညာမူလတန်းကျောင်းများ၊ ကျုံတာကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၊ ငါးသိုင်းချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ရေတံခွန်အခြေခံပညာမူလတန်းကျောင်းနှင့် မြို့မအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများ၊အသက် ၅ နှစ်မှ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့် ကျောင်းဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ တင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ကျောင်းသားကျောင်းသူများရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ် ၁၉ ရာဂါကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေး မှာကြားခဲ့ပြီး စာသင်ကျောင်းများအတွက် ကျောင်းသုံးပစ္စည်းများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးပစ္စည်းများနှင့်ထောက်ပံ့ငွေများအား သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများအားပေးအပ်ခဲ့သည်။ အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းနှင့် ပန်းတနော်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများ၊ အသက် ၅ နှစ်မှ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့် ကျောင်းဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ တင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ကျောင်းသားကျောင်းသူများရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ် ၁၉ ရာဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေး မှာကြားခဲ့ပြီးကျောင်းသုံးပစ္စည်းများ၊ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများနှင့် ထောက်ပံ့ငွေများအား ကျောင်းအုပ်ကြီးများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
02-Jun-2022
မြောင်းမြမြို့၊ ရတနာသိင်္ဂီသီလရှင်စာသင်တိုက်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ကျောင်းသုံးပစ္စည်းများ ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင်  မြောင်းမြမြို့၊ ကံ့ကော်မြိုင်ရပ်ကွက်၊ ကံ့ကော်မြိုင်အတွင်ပတ်လမ်း ရတနာသိင်္ဂီသီလရှင်စာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့သွားရောက်၍ ကျောင်းအပ်နှံမှုအခြေအနေများ၊ ကျောင်းဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောက်ရွက်ထားရှိမှုများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ကျောင်းသူများ ပျော်ရွင်အေးချမ်းစွာကျောင်းတက်ရောက်နိုင်ရန် ပြင်ဆင်ထားရှိစေရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ်-၁၉ ရာဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေး မှာကြားခဲ့ကာ ရတနာသိင်္ဂီသီလရှင်စာသင်တိုက် သီလရှင်ဆရာကြီး  ဒေါ်ဣန္ဒဝတီ(သဒ္ဓမ္မဇောတိကဓဇ) ထံ စာသင်ကျောင်းများဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေမှုများအား လျှောက်ထားတင်ပြ၍  ဆန်၊ဆီ၊ဆား၊ ပဲ စသည့် စားသောက်ဖွယ်ရာများလှူဒါန်းခဲ့ပြီး ရတနာသိင်္ဂီသီလရှင်စာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ကျောင်းသုံးပစ္စည်းများ၊ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်နှင့် အလှူငွေများ ပေးအပ်ခဲ့ပါသည်။


Read More...
31-May-2022
မိုးစပါးစိုက်ပျိုးရန်အတွက် သစ်စိမ်း​မြေသြဇာ (ပိုက်ဆံ​လျှော်) ထည့်သွင်းထွန်ယက်ခြင်းကို ကြည်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ မေလ ၃၁ ရက်နေ့ ည​နေပိုင်းတွင် အိမ််မဲမြို့နယ်၊ သဖန်းပင်ဆိပ်​ကျေးရွာ​ တောင်သူဦးလှ​ကျော်၏ ကွင်းအမှတ် ၉၄/၁၆၂၁ ဦးပိုင်အမှတ် ၁၀/၂ လယ်​မြေ ၅ဧကတွင် ၂၀၂၂မိုးစပါးစိုက်ပျိုးရန်အတွက် သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်)ထည့်သွင်းထွန်ယက်ခြင်းကိုကြည်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီမြေသြဇာများပြန်လည်ကောင်းမွန်လာမှာဖြစ်ပါကြောင်း၊ စပါးအတွက်လိုအပ်သော အာဟာဓာတ်များများစွာပါဝင်ပါကြောင်း၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များထည့်သွင်းစိုက်ပျိုးခြင်းဖြင့်မြေဆီလွှာများပြန်လည်ကောင်းမွန်လာပြီး ဓာတ်မြေသြဇာသုံးစွဲမှုများကိုလျှော့ချပေးနိုင်မှာဖြစ်ပါကြောင်းနှင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များစိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။


Read More...
31-May-2022
ပုသိမ်မြို့ပေါ်ရှိ ကျောင်းများသို့ ကျောင်းသုံးပစ္စည်းများ ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ မေလ ၃၁ ရက်နေ့ နံနက်ပိုင်းက  ပုသိမ်မြို့ပေါ်ရှိ ညောင်ပင်သာဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းနှင့် (P.E.C)ကိုယ်ပိုင်အထက်ကျောင်းသို့ သွားရောက်၍ ကျောင်းအပ်နှံမှုအခြေအနေများ၊ ကျောင်းဖွင့်လှစ်နိုင်ရေးပြင်ဆင်ဆောက်ရွက်ထားရှိမှုများလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  ညောင်ပင်သာဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်လက်ခံမှုအခြေအနေများ၊ စာသင်ဆောင်များပြင်ဆင်ထားရှိမှုအခြေအနေများနှင့် ကျောင်းဝန်းကျင်သန့်ရှင်းသာယာလှပရေးတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ညောင်ပင်သာကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဝိဿုတ(အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)အား ဖူးမြော်ကြည် ညို၍ ကျောင်း များဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများအား လျှောက်ထားတင်ပြခဲ့ပြီး လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ပြီး ဆရာမများထံသို့ ကျောင်းသုံးပစ္စည်းများ၊နှာခေါင်းစည်း၊လက်သန့်ဆေးရည်နှင့် အလှူငွေများ ပေးအပ်ခဲ့သည်။ အဆိုပါ ညောင်ပင်သာဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပုသိမ်မြို့နယ်နှင့် အခြားမြို့များမှ ကိုရင်အပါး(၄၀) တက်ရောက်ပညာသင်ကြားလျက်ရှိသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ကျောင်းအပ်ရန်လာရောက်သည့် ကျောင်းသား ကျောင်းသူများအားတွေ့ ဆုံအားပေးခဲ့ ပြီးကျောင်းအုပ်ဆရာမကြီးထံသို့ နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များ ထောက်ပံ့ပေးအပ်ခဲ့ကာ  ကိုသာဖြူ ဘုရားရှိခိုးကျောင်းဝန်းရှိ ဘော်ဒါဆောင်များသို့ သွားရောက်၍ အဆောင်ဖွင့်လှစ်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး အဆောင်တာဝန်ခံများထံစားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါဘော်ဒါဆောင်တွင် အိမ်မဲ၊မြောင်းမြ၊ ကန်ကြီးထောင့်၊ ငပုတော၊လပွတ္တာ၊ သာပေါင်း၊ ပုသိမ်မြို့နယ်များရှိကျေးရွာများမှ ကျောင်းသား၊ကျောင်းသူ (၄၂)ဦးမှ လာရောက်နေထိုင်၍ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင်တက်ရောက် ပညာသင်ကြားမှာဖြစ်ပါသည်။ အလားတူ ဝန်ကြီးချုပ်သည် Precious Educare Center(P.E.C)ကိုယ်ပိုင်အထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်လက်ခံမှုအခြေအနေများ၊ စာသင်ဆောင်များပြင်ဆင်ထားရှိမှုအခြေအနေများနှင့် ကျောင်းဝန်းကျင်သန့်ရှင်းသာယာလှပရေးတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး အဆိုပါကျောင်းမှ တာဝန်ရှိသူများထံသို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။  အဆိုပါကျောင်းဆောင်များလှည့်လည်ကြည့်ရှုစစ်ဆေးရာတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား ၊ ကျောင်းသူများ ပျော်ရွင်အေးချမ်းစွာ ကျောင်းတက်ရောက်နိုင်ရန် ပြင်ဆင်ထားရှိစေရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ်-၁၉ ရာဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေး လမ်းညွှန်မှာကြားခဲ့သည်။


Read More...
31-May-2022