သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မေလ ၂၄ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၊ နည်းပညာပြန့်ပွားရေးစင်တာတွင် ပိုက်ဆံလျှော်စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ကာ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် မျိုး၊ရေ၊ မြေ ၊ နည်း မှန်ကန်စွာစိုက်ပျိုးနိုင်ရေး၊ သာဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာများ အချိုးကျသုံးစွဲစေရေးမှာကြားခဲ့ပါသည်။ ထို့နောက် လူကောင်းကျွန်းကျေးရွာတွင် ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ကျေးလက်လမ်းဦးစီးဌာနမှဆောင်ရွက်သည့် လူကောင်းကျွန်း၊ ဇရပ်ချောင်းတံတား (၂၄၀ပေ×၂၀ပေ) ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးကျေးလက်လမ်းဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရေရှည်တည့်တံ့မှုရှိစေရေး၊ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးလမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ လူကောင်းကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး  လာမည့်ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများ ရာနှုန်းပြည့်ကျောင်းတက်နိုင်ရေး၊  သွေးလွန်တုပ်ကွေးရောဂါစသည့် ရောဂါများ ကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ် ၁၉ ရာဂါကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင်လျာထားဧကများပြည့်မီစေရေးနှင့် ဆီထွက်သီးနှံ(နေကြာ) တိုးချဲ့စိုက်ပျိုးနိုင်ရေးမှာကြားခဲ့ပြီး ဒေသခံများကိုယ်စားတောင်သူတစ်ဦးမှ လိုအပ်သည်များတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ဆက်လက်ပြီး အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမတွင် မြို့နယ်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်းမြို့နယ်အချို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အနည်းငယ်တွေ့ရှိရသဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးစီမံချက်များနှင့်အညီ အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများက ပူးပေါင်းဆောင််ရွက်ပေးကြရန်ပြောကြားခဲ့ပါတယ်။ အဲဒီနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများအားရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံပြည်သူတစ်ဦးမှ ဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စာသင်ဆောင်များအတွင်းခြင်ဆေးမှုတ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိပါတယ်။


Read More...
24-May-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ကျောင်းကုန်းမြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မေလ ၂၄ ရက်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း၊ (၁၃၀ပေ×၃၀ပေ) RC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာအခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆောက်အဦသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လာမည့်ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများ ရာနှုန်းပြည့် ကျောင်းတက်နိုင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ရောဂါများကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေးနှင့် ကျောင်းသားကျောင်းသူများအား အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေး စိတ်ရင်းစေတနာဖြင့် သင်ကြားပြသပေးရန် ပြောကြားခဲ့ပြီးတိုင်းဒေသကြီးပညာရေးမှူးမှ စာသင်ကျောင်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအားရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စာရေးကိရိယာများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ကျောင်းဆောင်သစ်ဆောက်လုပ်ရေးကုမ္ပဏီတာဝန်ခံမှ ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့်အချက်အလက်များအားပေးအပ်ခဲ့ကာ ကျောင်းအုပ်ကြီးမှ ကျောင်းဆောင်သစ်ဖွင့်ပွဲအမှတ်တရ အလံများပေးအပ်ခဲ့ရာ  ကျောင်းအကျိုးတော်ဆောင်တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စာသင်ဆောင်များအတွင်း ကျန်းမာရေးဌာနမှ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ရောက်ရှိပြီး ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ကာ လိုအပ်သည်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။


Read More...
24-May-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း Daedong လယ်ယာသုံးပစ္စည်းပေးအပ်ပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မေလ ၂၃ ရက်နေ့ ညနေပိုင်းတွင် သမဝါယမသင်တန်းကျောင်း(ပုသိမ်)၌  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအ ဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မည့် သမဝါယမအသင်း (၁၆)သင်းနှင့် စံပြကျေးရွာ (၃)ရွာသို့ Deadong လယ်ယာသုံးစက်ကရိယာ (၁၉) စီး ပေးအပ်ပွဲအခမ်းအနားတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီးဘတ်ဂျက်ခွင့်ပြုရန်ပုံငွေဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်မည့် သမဝါယမအသင်းများအား ထောက်ပံ့ပေးမည့် Deadong ထွန်စက်များနှင့်  အသင်းသားများပိုင်ဆိုင်သည့် လယ်ယာမြေများအား စနစ်တကျအဆင့်မြှင့်တင်ကာ စက်မှုလယ်ယာမြေအဖြစ် လယ်ဧကများကို အပြည့်အဝအကောင်အထည်ဖော် ဆောက်ရွက်ကြရန်လိုကြောင်း၊  သမဝါယမအသင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြှင့်တင်ရန် အတွက် ပံ့ပိုးမှုများ ဆက်လက်ဆောက်ရွက်ပေးနိုင်ရေးဆောက်ရွက်လျက်ရှိပါကြောင်းနှင့် ထောက်ပံ့ပေးထားသည့် လယ်ယာသုံးစက်ကိရိယာများအား စနစ်တကျထိန်းသိမ်းအသုံးပြုကြပြီးတိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အောင်မြင်စေရန်အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း” ပြောကြားခဲ့ပါသည်။ ဆက်လက်၍  တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မည့်သမဝါယမ အသင်းများသို့ Deadong လယ်ယာသုံး စက်ကရိယာ ပစ္စည်းများ ပေးအပ်ခဲ့ကာ အသင်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ Deadong လယ်ယာသုံး စက်များအားစမ်းသပ်မောင်းနှင်မှုကိုကြည့်ရှုအားပေးခဲ့ပါသည်။


Read More...
23-May-2022
ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ရန်ကြိုတင်ပြင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ ဖြစ်သည့် အမှတ်(၁)၊(၃)၊(၅) ကျောင်းများဖွင့်လှစ်ရန်ကြိုတင်ပြင်ထားရှိမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မေလ ၂၃ ရက်နေ့နံနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ဆရာမများနှင့် တွေ့ဆုံကာ  ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ ၊ ကျောင်းသား ၊ ကျောင်းသူများ ကျောင်းအပ်လက်ခံနိုင်ရန် ဆောင်ရွက်ရှိမှုအခြေအနေများ ၊ ကျောင်းဆောင်သစ်ဆောာက်လုပ်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းသား ၊ ကျောင်းသူများအေး ချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးဆောင်ရွက်ထားရှိကြရန်လိုအပ်ကြောင်းတို့ကို  လမ်းညွှန်မှာကြားခဲ့ပြီး သိလိုသည်များကို မေးမြန်းရာ တိုင်းဒေသကြီးပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများက ပြန်လည်ဖြေကြားခဲ့သည်။ အလားတူ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့လည်း‌ကောင်း၊အမှတ်(၅)အခြေခံအခြေခံပညာအထက်တန်း ကျောင်းသို့လည်းကောင်း သွားရောက်၍ ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ထားရှိမှု ၊ ကျောင်းသူများ ကျောင်းအပ်လက်ခံနိုင်ရန် ဆောင်ရွက်ရှိမှုအခြေအနေများအား ဆက်လက်စစ်ဆေးခဲ့ပြီး စာသင်စောင်များနှင့် ကျောင်းဝန်းကျင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


Read More...
23-May-2022
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရဆရာတော်အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်ပွဲ (ဂုဏဝိသိဋ္ဌပူဇာသဘင်) အခမ်းအနားကျင်းပ
၂၀၂၂ခုနှစ် ဇန်နဝါရီလ(၄)ရက်(လွတ်လပ်ရေးနေ့)တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၂)ဖြင့် "အဂ္ဂမဟာသဒ္ဓမ္မတဇောတိကဓဇ"" သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်အလှူခံရရှိတော်မူသော အောင်ဆန်းတောရတပ်ဦးကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရ ( မဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဝိဇ္ဇာကာသီသိရိကမ္မဋ္ဌာနာစရိယ (သီရိလင်္ကာနိုင်ငံ) နိုင်ငံတော်သမ္မတကြီး၏နိုင်ငံ့စွမ်းဆောင်ရည်ဆုရ ပြည်တွင်းပြည်ပကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော်အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်ပွဲ(ဂုဏဝိသိဋ္ဌပူဇာသဘင်) အခမ်းအနား ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၊ပြည်ငြိမ်းအေး ကျောင်းတိုက်၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဉီးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်ရဟန်းရှင်လူပရိတ်များ တက်​ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာအခမ်းအနားကို န​မောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်​တော့၍ ဖွင့်လှစ်ခဲ့၍ လေးမျက်နှာမြို့နယ်၊မြို့နယ်သံဃနာယက ဥက္ကဋ္ဌ၊ ယွန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစက္ကိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဓမ္မာစရိယ(ကမ္မဋ္ဌာနာစရိယ)၊ မိုးကုတ်ဓမ္မကထိက အရှင်ဉာဏုတ္တရဆရာတော်ဘုရားမှ ဆရာတော်ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရမဟာထေရ်မြတ်၏ ထေရုပ္ပတ္တိအကျဉ်းချုပ်ကို ဖတ်ကြားပူဇော်ခဲ့ကာ  တေးသံရှင်များမှ မင်္ဂလာရတုပိုဒ်စုံ၊ ရှစ်ဆယ်ပေါ်တေးထပ်တို့ ဖြင့်သီကျူးပူဇော်ခဲ့ပါတယ်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများလျှောက်ထား၍  အဆရာတော်ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရမဟာထေရ်မြတ်အား အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ထပ်ဆင့်ဆပ်ကပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အလှူရှင်များမှ ဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရမဟာထေရ်မြတ်နှင့် ပင့်သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများနှင့်အလှူငွေများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် လေးမျက်နှာမြို့နယ်၊ နယ်လှည့် ဓမ္မကထိကပရဟိတဆရာတော် အရှင် အရိယာနန္ဒမှ ဂုဏ်ပြုကျေးဇူးတင်စကားလျှောက်ထားတော်မူခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားနာယူခဲ့ကြကာ  ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကာ ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။


Read More...
22-May-2022