သတင်းများ


Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းဝေး ပုသိမ်တွင် ပြုလုပ်
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ ၂၈ရက် နံနက်၁၀နာရီတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း ဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင် မှ အဖွင့်အမှာ စကားပြေားကြားပြီး COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးတိုင်းဒေသကြီးအဆင့် လုပ်ငန်း ကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေး ဝန်ကြီးဒေါက်တာလှမြတ်သွေးမှ လုပ်ငန်း များဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပါတယ်။ ဆက်လက်ပြီး တိုင်းဒေသကြီးအဆင့်လုပ်ငန်းကော်မတီအတွင်းရေးမှူး(၁)၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူးဒေါက်တာသန်းထွန်း


Read More...
06-Apr-2020
ပြည်သူလူထုသို့ အသိပေး တင်ပြခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ၊ ဂေါ်ရန်ဂျီကမ်းခြေ( ၄ ) ခု အပါအဝင် အခြားကမ်းခြေဒေသများကို (၂၄-၃-၂၀၂၀)ရက်နေ့မှစ၍ ပိတ်သိမ်းခဲ့ရာမှ ယခုအခါတွင် Coronavirus disease 2019 (COVID-19)ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် အများပြည်သူအကျိုးငှာ ကမ်း‌ခြေဒေသများရှိ ဟိုတယ်/မိုတယ်/တည်းခိုခန်းများကို ယနေ့ (၂၆-၃-၂၀၂၀)ရက်နေ့မှ (၃၀-၄-၂၀၂၀)ရက်နေ့အထိ ယာယီပိတ်‌သိမ်းလို‌က်ပြီဖြစ်ပါသည်။


Read More...
06-Apr-2020
ပြည်သူများသို့ အသိပေးတင်ပြခြင်း
၁။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ Coronavirus Disease 2019 (COVID-19) ရောဂါပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် အစည်းအဝေး (၂)ကြိမ် ပြုလုပ်ခဲ့ပါကြောင်း၊ ကမ်းခြေဒေသများဖြစ်သည့် ချောင်းသာ/ငွေဆောင်ဒေသများသို့ လာရောက်လည်ပတ်သည့် မော်တော်ယာဉ်များ၊ ခရီးသွားများ၏ ကိုယ်ရေးအချက်အလက်များ၊ ကားနံပါတ်စာရင်းများကို ပုသိမ်မြို့၊ အမှတ် (၁)ကြိုးတံတားမှ သတ်မှတ်ဖောင်ပုံစံများဖြင့် ပေးဝေခဲ့ပြီး ချောင်းသာ/ငွေဆောင်မြို့အဝင်တွင် အဆိုပါ ဖောင်ပုံစံများအား သိမ်းဆည်း၍ စာရင်းပြုစုခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးကာလ (၂၁.၃.၂၀၂၀)ရက်နေ့မှ (၂၃.၃.၂၀၂၀)ရက်နေ့အထိ (၃)ရက်တာကာလအတွင်း ခရီးသွားလာသည့် ဦးရေမှာ တစ်ရက်ထက်တစ်ရက်ပိုမိုများပြားလာပါကြောင်း၊ သင်္ကြန်ကာလပိတ်ရက်များတွင် မြန်မာ့ရိုးရာ သင်္ကြန်အား ယခင်နှစ်များကဲ့သို့ ကျင်းပဆောင်ရွက်ခြင်း မပြုတော့သဖြင့် ကမ်းခြေဒေသများတွင် ပိုမို၍ ပြည့်ကြပ်စွာ လာရောက်လည်ပတ်နိုင်ပါကြောင်း စိစစ်တွေ့ရှိရပါသည်။


Read More...
06-Apr-2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် Coronavirus Disease 2019 (Covid – 19)လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကြိုတင်ကာကွယ်ရေးနှင့် စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Coronavirus Disease 2019 (Covid – 19)လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကြိုတင်ကာကွယ်ရေးနှင့် စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၆)ရက်နေ့၊ နံနက် (၁၁၀၀)နာရီအချိန်၌ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမျူး၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ပုသိမ်မြို့၊ ကုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံအုပ်ကြီးနှင့် အထူးကု ဆရာ၀န်ကြီးများ၊ ခရိုင်ဆေးရုံအုပ်ကြီးများ တက်ရောက်ခဲ့ပါသည်။


Read More...
17-Mar-2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနားကို အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ပုသိမ်)၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၃)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနသည် နယ်စပ်ဒေသ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်နှင့် အမျိုးသမီးငယ်များအား အိမ်တွင်းမှု အသက်မွေးလုပ်ငန်းပညာရပ်များ သင်ကြားလေ့ကျင့်ပေးပြီး ကိုယ်ပိုင်စီးပွားရေး


Read More...
13-Mar-2020