သတင်းများ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်နှင့် မြန်အောင်မြို့နယ်တို့တွင် လူမှု ဝန်ထမ်းကယ်ပြန်ဝန်ကြီးဌာနမှ သဘာဝဘေး(လေပြင်းဘေး) ကြိုတင်ကာကွယ်နိုင်ရေး လေဘေးဒဏ်ခံနိုင်သည့်နေအိမ်များ ဆောက်လုပ်နိုင်ရေးအတွက် ဆောက်လုပ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်
Read More...
၂၀၂၀ပြည့်နှစ်၊ ဧပြီလ(၄)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးဦးဌေးဝင်း၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးသန်းဆွေဝင်းတို့နှင့်အတူ ဟင်္သာတခရိုင်၊ ကြံခင်းမြို့ နယ်၊ ကြာအင်းအုပ်စုရှိ သဘာဝဘေးဒဏ်အများဆုံးဖြစ်ပွား လေ့ရှိသည့် ကံဆယ်ကျေးရွာနှင့် မြန်အောင်မြို့နယ်၊ ရွှေကျင်ကျေးရွာအုပ်စုရှိ သဘာဝဘေးဒဏ်အများဆုံးဖြစ်ပွားလေ့ရှိသည့် ဘုရားလှကျေးရွာနှင့်ဘုရားကြီးကုန်းကျေးရွာတို့သို့သွားရောက်ခဲ့ပြီး သဘာဝဘေးကြိုတင် ကာကွယ်နိုင်ရေး လေဘေးဒဏ်ခံနိုင်မည့် နေအိမ်များဆောက်လုပ်နိုင်ရေးအတွက် လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့သည့် ဆောက်လုပ် ရေးပစ္စည်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခြင်းနှင့် ခိုင်ခန့်မှုအားနည်းသည့် နေအိမ်များ ပြင်ဆင်ထားရှိမှု အခြေအနေ များအား ကြည့်ရှု့စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Read More...
06-Apr-2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် Coronavirus Disease 2019 (Covid - 19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းအတွက် (၁၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် (Covid - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရန်အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်
Read More...
Coronavirus Disease 2019 (Covid - 19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းအတွက် (၁၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် (Covid - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရန်အတွက် အလှူငွေပေးအပ်ပွဲကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဧပြီလ (၂)ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ကျင်းပရာ ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများက (Covid - 19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အပြန်အလှန် ဝိုင်းဝန်းဆွေးနွေးကြပါသည်။
Read More...
06-Apr-2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၃၁.၃.၂၀၂၀ ရက်နေ့၊ ကြေညာချက်အမှတ် (၂/၂၀၂၀) ပြည်သူသို့ပန်ကြားချက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (Covid – 19)ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းအနေဖြင့် မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု/ကျေးရွာများတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အဖျော်ယမကာဆိုင်များ၊ လမ်းဘေးဆိုင်များအားလုံးသည် ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်လှစ်ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး ပူးပေါင်းကူညီဆောင်ရွက်ပါရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
(ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၃၁.၃.၂၀၂၀ ရက်နေ့၊ ကြေညာချက်အမှတ် (၂/၂၀၂၀) ပြည်သူသို့ပန်ကြားချက်)
Read More...
06-Apr-2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၄/၂၀၂၀ ကြိမ်မြောက် ARIC အစည်းအဝေးသို့တက်ရောက်
Read More...
၄/၂၀၂၀ ကြိမ်မြောက် ARIC အစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃၁)ရက်နေ့၊ ညနေ (၁၄၃၀)နာရီအချိန်တွင် ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ARIC အစည်းအဝေးအား ကော်မတီစတင်ချိန်မှ ယနေ့အထိ လုပ်ငန်း (၄၆)ခု ခွင့်ပြုနိုင်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၁)ခုကို ခွင့်ပြုပေးနိုင်ပြီး အစည်းအဝေးကို တစ်လလျှင် တစ်ကြိမ် အနည်းဆုံးကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်နိုင်ရန်လည်း မျှော်မှန်းလျက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့ရေးကို
Read More...
06-Apr-2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းအတွက် အလှူငွေ လှူဒါန်းပွဲ အခမ်းအနားတက်ရောက်
Read More...
Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းအတွက် အလှူငွေ လှူဒါန်းပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၉)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်က ကျင်းပရာ ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဘဏ္ဍာငွေ ရှာဖွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာသန်းထွန်းအောင်တို့မှ Coronavirus Disease 2019 (COVID-19)နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြကြပါသည်။
Read More...
06-Apr-2020