သတင်းများ
မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲပုသိမ်မြို့တွင်ကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြန်မာ့ရိုးရာအစဉ်လာမပျက်စေရေးကိုရည်ရွယ်ကာ ဆယ့်နှစ်လရာသီပွဲတော်များတွင် တစ်ခုပါဝင်ပြီး မြန်မာတို့၏ ရိုးရာပွဲတော်တစ်ခုဖြစ်သည့် တပို့တွဲလတွင်သာ ကျင်းပလေ့ရှိသော ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ပြည်ထောင်စုကွင်း(ကန်သာယာ)၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊တိုင်း၊ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အသင်းများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် လူမှုရေးရာဝန်ကြီး၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့နှင့်အတူ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် မင်္ဂလာငွေမောင်းအား တီးခတ်၍ ပြိုင်ပွဲစတင်ကြောင်းကြေငြာပေးပြီး ပြိုင်ပွဲဝင်များ၏ အိုးစည်ဗုံမောင်းများနှင့် ထမနဲထိုးယှဉ်ပြိုင်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်ရာ ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် အသင်းများကို တာဝန်ရှိသူအသီးသီးကလည်းကောင်း၊ တတိယဆုရရှိသည့် တိုင်းဒေသကြီးအကျဉ်းဦးစီးဌာနအသင်းအား လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းအား စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးအသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဂုဏ်ပြုဆုငွေနှင့် ဆုဖလားများအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယခုကျင်းပခဲ့သည့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်အသင်း(၁)သင်း၊ ဌာနဆိုင်ရာ(၁၆)သင်း၊ရပ်ကွက်(၁၅)သင်း၊ စုစုပေါင်း (၃၂)သင်းတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပထမဆုရရှိသည့်အသင်းအားဆုငွေ(၅)သိန်းကျပ်၊ ဒုတိယဆုရရှိသည့်အသင်းအားဆုငွေ(၃)သိန်းကျပ်၊တတိယဆုရရှိသည့်အသင်းအားဆုငွေ(၂)သိန်းကျပ်နှင့်နှစ်သိမ့်ဆုအတွက်ဆုငွေ(၁)သိန်းကျပ်တို့အားချီးမြှင့်ခဲ့ကြောင်းသိရသည်။
Read More...
03-Feb-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကျုံပျော်ခရိုင်အတွင်းရှိမြို့နယ်များ၌ပြုလုပ်သည့်ဆောင်းသီးနှံနေကြာမျိုးစေ့ချပွဲအခမ်းအနားများ တက်ရောက်အားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တိုင်း၊ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျုံပျော်ခရိုင်အတွင်းရှိ ကျောင်းကုန်းမြို့နယ်နှင့် ရေကြည်မြို့နယ်များ၌ ပြုလုပ်သည့် ဆောင်းသီးနှံနေကြာမျိုးစေ့ချပွဲအခမ်းအနားများအားတက်ရောက်အားပေး၍ မျိုးစေ့များစိုက်ပျိုးပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျောင်းကုန်းမြို့နယ်၊သဲကုန်းကျေးရွာအုပ်စု၊တောင်သူ ဦးထွန်းသွင်၏လယ်မြေ (၁၀)ဧက၌ ပြုလုပ်သည့် (Super Sun 41)နေကြာ မျိုးစေ့ချပွဲ အခမ်းအနားသို့ တက်ရောက်၍ တာဝန် သူများနှင့်အတူ မျိုးစေ့ချစိုက်ပျိုးပေးခဲ့ပြီး ရေပေးခြင်း၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် ဖြစ်ထွန်းအောင်မြင်စေရန်အတွက် အထူးအလေးထား စိုက်ပျိုးကြရန်မှာကြားခဲ့ပြီး နေကြာစိုက်ခင်းသို့ ဆိုလာရေတင်စနစ်ဖြင့် ရေပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထို့အတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေကြည်မြို့နယ်၊ရုံးတုန်းကျေးရွာအုပ်စု၊ တောင်သူ ဦးဖိုးစွမ်း၏ လယ်မြေ(၅)ဧက၌ပြုလုပ်သည့် (Super Sun 66)မျိုးစေ့ချပွဲ အခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ မျိုးစေ့ချစိုက်ပျိုးပေးခဲ့ပြီး စိုက်ခင်းများသို့ ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် ရေပေးခြင်း၊မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးတို့အား မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ကန်ကြီးထောင့်)၌ ဆောက်လုပ်လျက်ရှိသည့် စက်မှု၊စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်း (၉၆ပေ×၁၁၈ပေ) ၁ထပ် RCC လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် သတ်မှတ်ထားသော အရည်အသွေး စံချိန်စံညွှန်းများပြည့်မီရေး၊အချိန်မီပြီးစီးစေရေးနှင့် လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစွာဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။
Read More...
02-Feb-2023
တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)တို့မှ လပွတ္တာမြို့နယ်ရှိအတွင်းရှိဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် လပွတ္တာမြို့၊ အမှတ် ၄ ရပ်ကွက်၊ ဦးဟိုက်ပင့်ဆိပ်ကမ်း၌ မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့မှ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့တို့သည် လပွတ္တာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို သွားရောက် ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဆေးလာရောက်ကုသမှုခံယူသည့် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပြီး တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့အား ဆေးကုသရန်လိုအပ်သော ဆေးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ ဆေးရုံရေယာဉ်ပေါ်တွင် ဆေးကုသပေးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။
အဆိုပါ အထူးကုဆေးအဖွဲ့မှ ခွဲစိတ်အထူးကု၊ နား- နှာခေါင်း -လည်ချောင်း၊သားဖွား-မီးယပ်၊အရိုး-အကြောအထူးကု၊ကလေးအထူးကု၊မျက်စိအထူးကု၊သွားအထူးကု၊အထွေထွေရောဂါကု အစရှိသည့် ဆရာဝန်ကြီးများက ယခုလ ၃၀ရက်နေ့မှ ၃၁ရက်နေ့အထိ (၂)ရက်တိုင်တိုင် ကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ လပွတ္တလုပ်တောင်ကျေးရွာအုပ်စုရှိ ရှင်စောမြတ်စေတီတော်မြတ်ကြီးသို့ရောက်ရှိ၍ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာတေဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်နတ်စင်တစ်ရာကျောင်းဆရာတော် အား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ပြီး ရှင်စောမြတ်စေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညိုခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာ - မြောင်းမြ- အိမ်မဲ- ကျုံပျော် ကားလမ်း၂၁ မိုင် ၆ ဖာလုံတွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် (၂) မိုင် အား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးလမ်းဦးစီးမှူးမှ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးပြတ်အောင်ဆောင်ရွက်ရေး၊ လမ်းအရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရေး မှာကြားခဲ့ပါသည်။ ထို့နောက် လပွတ္တာမြို့နယ်၊ လေးအိမ်တန်းကျေးရွာ၊ တောင်သူ ဦးမြင့်ဦးနှင့် ဦးစိုးနိုင်တို့၏ လယ်မြေ (၁၀)ဧကတွင်ပြုလုပ်သည့် ဆောင်းသီးနှံ နေကြာမျိုးစေ့ချစိုက်ပျိုးပွဲ တက်ရောက်၍ တိုင်းဒသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ နေကြာမျိုးစေ့ချ စိုက်ပျိုးခဲ့ပါသည်။
ထို့နောက် လပွတ္တာမြို့နယ်၊ သုံးမိုင်မြို့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှစိုက်ပျိုးထားရှိသည့် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်း (၁၆) ဧက သို့ရောက်ရှိခဲ့ကာ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူးမှ ၃ မိုင်မြို့အတွင်း ပိုက်ဆံလျှော် (၁၀၆)ဧက စိုက်ပျိုးထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ ကညင်ကုန်းကျေးရွာအုပ်စု၊ ကျွဲခြံဝကျေးရွာသို့ရောက်ရှိ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်သည့် အရှည် (၇)ဖာလုံ၊အကျယ် (၁၂) ပေ ၊ ထု (၇) လက်မရှိ ကျေးရွာအဝင်လမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။
Read More...
30-Jan-2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား အားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
Read More...
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား အားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ညပိုင်းက ပုသိမ်မြို့၊မြို့တော်ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအနေဖြင့် အခြေခံပညာကျောင်းပေါင်းစုံ ပြိုင်ပွဲပြုလုပ်ရွေးချယ်၍ စခန်းသွင်းလေ့ကျင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ အားကစားသမားများ၊ နည်းပြအုပ်ချုပ်သူများ၏ ကြိုးစားအားထုတ်မှုကြောင့် အောင်မြင်မှုများရရှိခဲ့ခြင်းအတွက်ဂုဏ်ပြုအပ်ပါကြောင်း၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ငယ်စဉ်ကပင်စနစ်တကျပြုစုပျိုးထောင်လေ့ကျင့်သွားရမှာဖြစ်ပါကြောင်း၊ အခြေခံပညာမှစတင်ကာတိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားများပေါ်ထွန်းလာစေရေး၊ မျိုးဆက်သစ်အားကစားသမားများထွက်ပေါ်လာစေရေးကြိုးပမ်းဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်အောင်ကြိုးစားပေးကြသော တံခွန်စိုက်ပထမရွှေတံဆိပ်ဆုရအမျိုးသားဘောလုံးအသင်းနှင့် ပြိုင်ပွဲဝင်ခဲ့ကြသည့်အားကစားသမားများ၊ နည်းပြအုပ်ချုပ်သူများနှင့်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း”ပြောကြားသည်။
ထို့နောက် အခြေခံပညာကျောင်းသားအားကစားပွဲတော်သို့ တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့မှု မှတ်တမ်းဗီဒီယိုအား ပြသမှုအားကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် အောင်ပွဲရ တိုင်းဒေသကြီးအားကစားအဖွဲ့အား ဆုချီးမြှင့်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ တံခွန်စိုက်ပထမရွှေတံဆိပ်ဆုရအမျိုးသားဘောလုံးအသင်း၊ အသင်းအုပ်ချုပ်သူနည်းပြများအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီးမှ အလျားခုန်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရမကျော့ကေခိုင်နှင့် ငွေတံဆိပ်ဆုရ အမျိုးသမီးဘောလုံးအသင်းအားတို့အား လည်းကောင်းအနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ ငွေတံဆိပ်ဆုရ အမျိုးသားဘော်လီဘောအသင်းနှင့် လှံတံပစ်ပြိုင်ပွဲ ငွေတံဆိပ်ဆုရရှိသူများအား လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီးမှ ငွေတံဆိပ်ဆုရ အမျိုးသမီးဘော်လီဘောအသင်းနှင့် သံလုံးပစ်ငွေတံဆိပ်ဆုရရှိသူများအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ မီတာ(၄၀၀)အပြေးပြိုင်ပွဲ ငွေတံဆိပ်ဆုရှင်အားလည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံး၊တိုင်းဒေသကြီးပညာရေးမှူးမှ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ ကြေးတံဆိပ်ဆုရပြိုင်ပွဲဝင်အားကစားသမားများကိုယ်စား အားကစားသမား(၁)ဦးအားလည်းကောင်း ဆု များအသီးသီးချီးမြှင့်ခဲ့ပြီးကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အခြေခံပညာကျောင်းသားအားကစားအဖွဲ့အား တေးသီများဖြင့်သီဆိုကပြဖျော်ဖြေမှုများ၊ ဂုဏ်ပြုညစာတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီးအခမ်းအနားတက်ရောက်လာကြသူများနှင့်အတူညစာသုံးဆောင်ခဲ့ကြောင်းသိရသည်။
Read More...
29-Jan-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ် နေကြာမျိုးစေ့ချပွဲတက် ရောက်အားပေး၊ ငပုတောမြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူဇန်နဝါရီလ ၂၉ရက်နေ့ နံနက်ပိုင်းက သာပေါင်းမြို့နယ်၊ အောင်တပ်ကျေးရွာတောင်သူ ဦးဝင်းထိုက်၏ လယ်မြေ (၁၀) ဧက၌ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီမှဆောင်ရွက်သည့် နေကြာမျိုးစေ့ချ စိုက်ပျိုးပွဲတက် ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်အတူ (Super Sun 41) နေကြာမျိုးစေ့များအား စုပေါင်းစိုက်ပျိုးပေးခဲ့ပြီး ရေပေးခြင်း၊ အစာကျွေးခြင်းလုပ်ငန်းများစနစ်တကျ ဆောင်ရွက်ရန်နှင့် ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးကြရန်မှာကြားခဲ့သည်။ ထို့နောက် တောင်သူ ဦးမြင့်ဆန်း၏ လယ်မြေ(၈)ဧက၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါးမြေဩဇာကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သီးနှံများတွင်ပိုးမွှားများကျရောက်မှု မရှိစေရေး၊ သွင်းအားစုများအား စိုက်ခင်းများအတွင်းအပြည့်အဝထည့်သွင်းအသုံးပြုစေရေးနှင့် အထွက်တိုးစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပုတောမြို့နယ်၊ သက္ကယ်ချောင်း၊ အုန်းပင်စုကားလမ်းဘေးမြောင်းအား မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ နွေစပါးအောင်ရေရရှိစေရေးအတွက် စိုက်ဧက ၃၀၀ခန့်အားအကျိုးပြုနိုင်သည့်
အလျား ၇၅၀၀ပေရှိ မြောင်းတူးခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်တောင်သူများမှ စိုက်ပျိုးရေသုံးစွဲနေမှုနှင့်တောင်သူ ဦးဝင်းကိုကို၏ လယ်မြေ(၁၀)တွင် မြေသြဇာကြဲပတ်နေမှုများကိုကြည့်ရှုအားပေးခဲ့ကာ စိုက်ပျိုးရေလုံလောက်စွာရရှိပြီဖြစ်၍ ပိုမိုတိုးချဲ့စိုက်ပျိုးစေရေး၊ အထွက်တိုးစေရေးကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
ထို့နောက် ဝက်ဆူကျေးရွာရှိ တောင်သူဦးရဲတိုး၏ လယ်မြေ (၁၁.၈)ဧကတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါး မြေဩဇာကြဲပတ်ပွဲအား တက်ရောက်အားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ မြေပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်စေရေး၊ သာဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာများအချိုးကျသုံးစွဲစေရေး၊ အထွက်တိုးမျိုးစပါးများအသုံးပြုစေရေး၊ သွင်းအားစုများအား စိုက်ခင်းများအတွင်းအပြည့်အဝထည့်သွင်းအသုံးပြုစေရေး၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးစေရေးမှာကြားခဲ့ပြီးတောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ လိပ်ချောင်းကျေးရွာရှိ တောင်သူ ဦးအောင်သူ၏ လယ်မြေ (၁၀)တွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီမှဆောင်ရွက်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်အတူ (Super Sun 41) နေကြာမျိုးစေ့များအား စုပေါင်းစိုက်ပျိုးပွဲတက်ရောက်ခဲ့ပြီး ငပုတောမြို့နယ်အတွင်းရှိ ၂၀၂၂- ၂၀၂၃ခုနှစ် မိုးစပါးရိတ်သိမ်းပြီးစီးမှုအပေါ် နွေစပါးစိုက်ပျိိုးမှုနှင့် ဆောင်းသီးနှံ သီးထပ်စိုက်ပျိုးမှုအခြေအနေများနှင့် ရိုးပြက်ကျန်ဧကများအပေါ် ၂၀၂၂- ၂၀၂၃ခုနှစ် သီးနှံအလိုက်ဖော်ထုတ်စိုက်ပျိုးပြီးစီးမှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အထွက်နှုန်းတိုးစေရေး၊ သဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာအချိုးကျသုံးစွဲခြင်းအားတောင်သူများကျယ်ကျယ်ပြန့်ပြန့်သုံးစွဲစေရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန် မှာကြားခဲ့ပြီး (Super Sun 41) နေကြာမျိုးစေ့များအား စုပေါင်းစိုက်ပျိုးမှုကိုကြည့်ရှုအားပေးခဲ့ပြီး ရေပေးခြင်း၊ အစာကျွေးခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးကြရန်မှာကြားခဲ့သည်။
ဆက်လက်၍ ပုသိမ်စက်မှုစီမံကိန်းသို့သွားရောက်ခဲ့ပြီး စပါးခွံလောင်စာအသုံးပြု၍ Gasifierဖြင့် လျှပ်စစ်ထုတ်လုပ်သုံးစွဲနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုအထိုက်အလျောက်ဖြည့်ဆည်းနိုင်မည့် ဆိုလာစွမ်းအင်နှင့် စပါးခွံလောင်သုံး Gasifier တို့ဖြင့်ကုန်ထုတ်လုပ်ငန်းများပိုမိုတိုးတက်အောင်ဆောင်ရွက်စေရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစည်းကမ်းများနှင့်အညီဖြစ်စေရေးမှာကြားခဲ့သည်။
ထို့နောက် ပုသိမ်မြို့၊ မြို့အဝင်မှ ရုပ်ထုအဝိုင်းအထိ လမ်းကျော် Service Wire နေရာများအား ရှင်းလင်းရန်အတွက် (၁၁)ကေဗွီ ဓာတ်အားလိုင်း ၄၀၀ ပေ၊ (၁၁/၀.၄ )ကေဗွီ၊ ၂၀၀ ကေဗွီအေ ခွဲရုံ (၂) ရုံနှင့်၄၀၀ ဗို့ ဓာတ်အားလိုင်း (၂) မိုင် အသစ်တည်ဆောက်ခြင်းလုပ်ငန်းသို့သွားရောက်ခဲ့ပြီး တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးဌာန၊ တိုင်းဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး လျှပ်စစ်တိုင်ထူခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Read More...
29-Jan-2023