သတင်းများ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ဘိုကလေး-မော်လမြိုင်ကျွန်း မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ သြဂုတ်လ၊ ၂၇ ရက်၊ (၀၈၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လမ်းအမှတ်(၁၀) ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး-ဝါးခယ်မ-မြောင်းမြ လမ်းပေါ်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောက်ရေးအဖွဲ့(၂)မှ တာဝန်ယူတည်ဆောက်သည့် ကျွန်းကုန်း တံတား(၂၄၀ မီတာ) (၇၈၇.၄ ပေ) တည်ဆောက်ရေးလုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ရောက်ရှိပြီး တည်ဆောက်ရေးအဖွဲ့(၂)၊ လက်ထောက်ညွှန်ကြားရေးမှူးမှ တံတားလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဘဏ္ဍာနှစ်အလိုက်ရရှိရန်ပုံငွေနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လုပ်ငန်း ဆက်လက်ဆောင်ရွက်မည့်အခြေအနေနှင့် ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့ပြီး တံတားလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံခရိုင်၊ ဘိုကလေးမြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိ၍ Oxygen Concentractor(၂)လုံး၊ ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများနှင့် ဆေးရုံဝန်ထမ်းများ အတွက် ထောက်ပံ့ငွေကျပ်(၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့ရာ ဆေးရုံအုပ် ဒေါက်တာထွန်းမြင့်နှင့် တာဝန်ရှိသူများမှ လက်ခံခဲ့ပါသည်။ ထို့နောက် ဝန်ကြီချုပ်နှင့်အဖွဲ့သည် ဘိုကလေးမြို့နယ် ဆန်စက် လုပ်ငန်းရှင်များအသင်းနှင့် စေတနာရှင် မြို့သူမြို့သားများ စုပေါင်းလှူဒါန်းမှုဖြင့် အောက်စီဂျင် စက်ရုံတည်ဆောက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနပိုင်အဆောက် အဦ၊ မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ခုတင်(၅၀)ဆံ့ ယာယီဆေးရုံ ကိုဗစ်-၁၉ကူးဆက်ရောဂါကုသရေးဌာနတွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးဆောင်ရွက် ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရောဂါကူးစက်မှုနှုန်း အမှန်တကယ် လျော့နည်းကျဆင်း စေရေး သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးမှုများပြုလုပ်ရန်မှာကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့သို့ ပြန်လည်ထွက်ခွာ လာခဲ့ရာ (၁၀၄၅)နာရီအချိန်တွင် နီလာဖိုင်ဘာဂလပ်(စ်) ထုတ်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိ၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် စပါးခွံလောင်စာတောင့် စက်ရုံသို့ရောက်ရှိ၍ လောင်စာတောင့်ထုတ်လုပ်နေမှုအခြေအနေများအားကြည့်ရှုခဲ့ကာ စက်ရုံ တာဝန်ခံမှ လောင်စာတောင့် ထုတ်လုပ်နေမှုအခြေအနေများအား လိုက်လံ ရှင်းလင်းပြသခဲ့ပါသည်။ ဆက်လက်၍ မော်လမြိုင်ကျွန်းမြို့နယ် မြို့မိမြို့ဖများ၊ စေတနာရှင် မြို့သူမြို့သားများ ပါဝင်လှူဒါန်း သော အောက်စီဂျင်စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းသို့ရောက်ရှိ၍ စက်ရုံတည်ဆောက်ပြီးစီးမှု အခြေအနေများအား ကြည်ရှု့အားပေးခဲ့ပြီး မော်လမြိုင်ကျွန်းမြို့ ပြည်သူ့ဆေးရုံတွင် Oxygen Concentractor(၂)လုံး၊ ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေ (၅)သိန်းကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ဆေးရုံအုပ် ဒေါက်တာစန်းဝင်းမှ လက်ခံခဲ့ပါသည်။
Read More...
27-Aug-2021
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၂၅) ရက်နေ့ ၊ နံနက်(၉)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပ ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားသို့ ဧရာဝတီတို်ငးဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားတွင် တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်သန့်လွင်က အခွန်ကောက်ခံခြင်း၏ ရည်ရွယ်ချက်များ၊ အခွန်အသီးသီး၏ဘဏ္ဍာနှစ်များအလိုက် နှိုင်းယှဉ်တင်ပြခြင်းအားလည်းကောင်း၊ တိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တိုင်းဒေသကြီးမန်နေဂျာဦးသိန်းထိုက်က ဌာန၏ရည်ရွယ်ချက်၊ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ကြီးကြပ်စစ်ဆေးနိုင်မှုအခြေအနေ၊ သာမန်ရငွေ/သုံးငွေနှင့်ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသက်ပိုင်၊ တိုင်းဒေသကြီး ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းလှိုင်အေး၊ တိုင်းဒေသကြီးဗဟိုစာရင်းအင်းအဖွဲ့မှ တိုင်းဒသကြီးဦးစီးမှူး ဒေါ်ချယ်ရီဆွေတို့မှ မိမိတို့၏သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြပါတယ်။
အဆိုပါရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်စွာလှိုင်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လိုအပ်သည်များကိုလမ်းညွှန်မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
Read More...
25-Aug-2021
တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ ရဲမေ၊ မှီခိုသူမိသားစုဝင်များနှင့် အရပ်သားဝန်ထမ်းများအား“ပန်းခင်းစီမံချက်”အရ ဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ပွဲကျင်းပ
Read More...
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုသိမ်မြို့နယ် ဦးစီးမှူး ရုံးမှ“ပန်းခင်းစီမံချက်အရ ဆောင်ရွက်ခဲ့သော တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ စစ်သည် ရဲမေ၊ မှီခိုသူမိသားစုဝင်များနှင့် အရပ်သားဝန်ထမ်းများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့၊နေ့လည်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ဧရာဝတီခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ ရဲမေ၊ မှီခိုသူမိသားစုဝင်များနှင့် အရပ်သားဝန်ထမ်းများ တက်ရောက်ကြပါတယ်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားတစ်ယောက်အနေဖြင့် ရသင့်ရထိုက်သော အခွင့်အရေးများရရှိစေရေးတို့အတွက် စိစစ်ရေးကတ်ပြားသည် မဖြစ်မနေ လိုအပ်ကြောင်း၊ သို့ဖြစ်၍တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ၊ စစ်သည်၊ ရဲမေ၊ မှီခိုသူမိသားစုဝင်များ၊ အရပ်သားဝန်ထမ်းများစိစစ်ရေးကတ်ပြားရရှိရန် သက်ဆိုင်ရာ ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပါသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းတို့က သက်ဆိုင်ရာ တပ်ကိုယ်စားလှယ်များထံသို့ နိုင်ငံသားစိစစ်ရေး ကတ်ပြား (၁၀၉)ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း(၃၀)ခု တို့အား ပေးအပ်ခဲ့ပြီးအနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်က မှတ်ပုံတင်လာရောက်ပြုလုပ်ပေးသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ပါသည်။ ၎င်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မှတ်ပုံတင်ပြုလုပ်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။
Read More...
25-Aug-2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ပုသိမ်မြို့၊ ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ခြင်း
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးသယံဇာတ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းနိုင်ရေး၊ ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရေးအတွက် သဘာဝမြစ်ချောင်း၊ အင်းအိုင်များတွင် နှစ်စဉ်ငါးသားပေါက်မျိုးများ စိုက်ထည့်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်၊ နံနက်(၀၈၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့၊ ငဝန်မြစ်အတွင်းသို့ (၂)လက်မအရွယ် ငါးမြစ်ချင်းကောင်ရေ (၂.၅)သိန်းနှင့် ငါးခုံးမကြီးကောင်ရေ(၂.၅)သိန်း၊ စုစုပေါင်းငါးသားပေါက်ကောင်ရေ (၅)သိန်းအား ငါးမျိုးစိုက်ထည့်ပေးခဲ့ပါသည်။
Read More...
25-Aug-2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားကြီး အရှေကျေးရွာရှိ စီးပွားဖြစ်မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းတွင် မြေသြဇာကြဲပတ်နေမှုအား ကြည့်ရှု စစ်ဆေးခြင်းနှင့် တကုန်းကြီးကျေးရွာ၊ ပါရမီရိပ်သာကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် Quarantine Center သို့ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်၊ (၁၆၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယား ကြီးအရှေ့ကျေးရွာတွင် Saemaul Undong (S.M.U) ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းဖြင့် ဆောင်ရွက်သည့် ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း (၃၆)ဧကသို့ ရောက်ရှိ၍ မျိုးစေ့ထုတ်စိုက်ခင်းအား ဓါတ်မြေသြဇာကြဲပက်နေမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်မှ ဓါတ်မြေသြဇာလိုအပ်မှုအခြေအနေများ၊ မြေဆီလွှာဓါတ်ခွဲစစ်ဆေးမှုအဖြေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာရှိ ပါရမီ ရိပ်သာကျောင်းတိုက်တွင် ဖွင့်လှစ်ထားရှိသည့် Quarantine Center သို့ရောက်ရှိ၍ PPE ဝတ်စုံ (၄၀)၊ FACE MASK (၂၀၀၀)ခုနှင့် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၅၀၀၀၀ဝိ/-)အား ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူ များမှ လက်ခံရယူခဲ့ပါသည်။
Read More...
24-Aug-2021