သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မအူပင်မြို့၊ တိုးရွှေဝါခန်းမ၌ ကျင်းပြုလုပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၀.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မအူပင်မြို့၊ တိုးရွှေဝါခန်းမ၌ ကျင်းပြုလုပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးအတွက် မရှိမဖြစ်လိုအပ်သော ကတ်ပြားဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့လို့လည်း ပြည်သူများ၏ သွားလာစရိတ်၊ စားစရိတ်ငွေများ သက်သာကြောင်း၊ လွှတ်တော်၊ အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပြည်သူများ တွဲလက်ညီညီဖြင့် နိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ တက်ရောက်လာသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီးပေးအပ်ကာ ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။


Read More...
20-Jun-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မိုးရာသီသစ်ပင်စိုက်ပွဲတော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၉.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့၊ ကွန်ပျူတာတက္ကသိုလ်ဝန်းအတွင်း ကျင်းပပြုလုပ်သည့် ၂၀၁၈ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်ကာ တိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးခြင်းအတွက် ခရိုင်/မြို့နယ်များရှိ ပျိုးဥယျာဉ်များတွင် သစ်မျိုးစုံ ပျိုးပင်ပေါင်း (၁၆၉၅၈၀၀)ပင် ပျိုးထောင်ခဲ့ပြီး လူထုလှုပ်ရှားမှုအနေဖြင့် အထိမ်းအမှတ် သစ်ပင်စိုက်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ ဌာနဆိုင်ရာရုံးဝန်း၊


Read More...
19-Jun-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒေသခံမြိုတိုင်းရင်းသားများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လုပ်သားပြည်သူများမှ ဆောက်လုပ်လှူဒါန်းသည့် လူနေအိမ်နှင့်ကျေးရွာပတ်လမ်း လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၆.၆.၂၀၁၈) ရက်နေ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးတို့လိုက်ပါလျက် ရခိုင်ပြည်နယ်၊ မောင်းတောဒေသ (မြောက်ပိုင်း)၊ သစ်တုံးနားခွဆုံကျေးရွာတွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒေသခံမြိုတိုင်းရင်းသားများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လုပ်သားပြည်သူများမှ ဆောက်လုပ်လှူဒါန်းသည့် နေအိမ် (၄၄)လုံး၊ လက်နှိပ်ရေတုံကင် (၄၄)လုံး၊ ရွာတွင်းပတ်လမ်း (၅၀)ပေအကျယ်၊ အရှည် (၂၈၈၀)ပေအား ဆောက်လုပ်လွှဲပြောင်းလှူဒါန်းသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


Read More...
18-Jun-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ တိုင်းဒေသကြီး အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကျင်းပပြုလုပ်သော SME Agency Action Plan ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၈.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဧရာဝတီတိုင်းဒေသကြီး အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း အေဂျင်စီအဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော အသိပညာရှင် အတတ်ပညာရှင်များနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ တိုင်းဒေသကြီး အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကျင်းပပြုလုပ်သော SME Agency Action Plan ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။


Read More...
18-Jun-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၁၈ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၃.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၁၈ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ကာ အမျိုးသား (၃)ယောက်တွဲပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိခဲ့သော ဖျာပုံမြို့နယ်အသင်းအား ဝန်ကြီးချုပ်မှ ဆုဖလားနှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသား (၂)ယောက်ပွဲ ပြိုင်ပွဲ၊ အမျိုးသမီး (၃)ယောက်တွဲပြိုင်ပွဲ၊ အမျိုးသားနှင့်အမျိုးသမီးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သော မြို့နယ်များနှင့် အကောင်းဆုံး အားကစားသမားဆု ရရှိခဲ့သူများအား ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ဆုများပေးအပ်ခဲ့ပါသည်။


Read More...
18-Jun-2018