သတင်းများ


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျောင်းကုန်းမြို့နယ်၊ မိုးစပါးစံပြကွက် ရိတ်သိမ်းပွဲသို့ တက်ရောက်၊ ဇရပ်ကွင်းကျေးရွာအုပ်စု မျိုးစပါးသစ် စမ်းသပ်ကွက် ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျှက် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာ၊ ဦးစစ်ငြိမ်း၏ လယ်မြေ(၄) ဧကတွင် ဧရာဝတီတိုင်းဒေသကြီး ၂၀၂၂ခုနှစ်မိုးစပါးစံကွက်ရိတ်သိမ်းပွဲတက်ရောက်၍ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုနှင့် (၁)ဧက အခြောက်အထွက်နှုန်း ၉၃. ၄၇ တင်းထွက်ရှိမှုကိုကြည့်ရှုအားပေးပါသည်။ ဆက်လက်၍ ဇရပ်ကွင်းကျေးရွာအုပ်စု၊ စာဖြူစုရွာတွင် မုန်းသီတာကုမ္ပဏီနှင့် Contract Farming စနစ်ဖြင့် ဧက(၅၀၀)မျိုးစေ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး စပါးမျိုးသစ် စမ်းသပ်ကွက်ဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီးတောင်သူများနှင့်တွေ့ဆုံ၍ သဘာဝမြေသြဇာ၊ သစ်စိမ်းမြေသြဇာများတိုးချဲ့သုံးစွဲစေရေး၊ မျိုးကောင်းမျိုးသန့်များသုံးစွဲစေရေးမှာကြားခဲ့ပါသည်။


Read More...
10-Sep-2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မြို့ကွက်သစ်ရပ်ကွက်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ပန္နက်တင်မင်္ဂလာအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မြို့ကွက်သစ် ရပ်ကွက်၊ အကွက်အမှတ် (၁) ရန်ကုန်-ပုသိမ် ကားလမ်းဘေးတွင်၊ (၁၀၀ပေ×၆၀ပေ×၃၆ပေ) လူထုဗဟိုပြုဌာန (Community Centre) ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊တိုင်းဒေသကြီးဝန်ကြီးချုပ်ဉီးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ညတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မင်္ဂလာအချိန်ကျရောက်ချိန်တွင်သတ်မှတ်နေရာများ၌ မင်္ဂလာပန္နက်တိုင်များစိုက်ထူပေးခဲ့ပြီးအမွှေးနံ့သာရည်များဖြန်းပတ်ပေးခဲ့ကြပါသည်။ ထို့နောက် လူထုအခြေပြုဗဟိုဌာန(Community Centre) ဆောက်လုပ်ရေးကုမ္ပဏီတာဝန်ခံမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က တိုင်းဒေသကြီးအကျိုးပိုမိုသယ်ပိုးနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များပိုမိုမွေးထုတ်ပေးနိုင်မယ့် လူထုအခြေပြုဗဟိုဌာနကို တိုင်းဒေသကြီးတွင် တည်ဆောက်နိုင်ရေး  တည်ဆောက်ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ လူထုအခြေပြုဗဟိုဌာနဆိုသည်မှာ ပြည်သူလူထုကစိတ်ဝင်စားသော၊ အကူအညီတောင်းခံနိုင်သော၊ ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်ပေးနိုင်သော၊ အသိပညာဗဟုသုတများဆည်းပူးဖလှယ်နိုင်သော၊ ဒေသအတွက်အကျိုးရှိရာရှိကြောင်းဆွေးနွေးနိုင်ရန်သတင်းအချက်အလက်များရယူနိုင်သော၊ ပြည်သူများအပန်းဖြေရန်နှင့်အသိပညာဗဟုသုတများတည်ရှိရာနေရာဖြစ်ပါကြောင်း၊ လူထုအခြေပြုဗဟိုဌာနတွင် စာကြည့်တိုက်၊ အစည်းအဝေးခန်းမ၊သင်တန်းခန်းမ၊ ကလေးစာဖတ်ခန်း၊ အားကစားခန်းစသည့် ကဏ္ဍစုံပါဝင်ပါသဖြင့် ဒေသခံပြည်များအတွက် များစွာအကျိုးရှိပါကြောင်း၊ လူထုအခြေပြုဗဟိုဌာန သတ်မှတ်အရည်အသွေးများပြည့်မီစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့်ပိုမိုတိုးတက်ဖွံံ့ဖြိုးစေရေး အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့်  လူထုအခြေပြုဗဟိုဌာန(Community Centre)တည်ဆောက်နိုင်ရေးအဘက်ဘက်မှ ကူညီဆောင်ရွက်ပေးကြသူများအားကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိမိတို့တိုင်းဒေသကြီးသည် ကျေးလက်ဒေသကိုအခြေခံပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့်နိုင်ငံတော်တာဝန်များသယ်ပိုးဆောင်ရွက်ပေးနေသည့်တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ယနေ့ပြုလုပ်သည့် လူထုအခြေပြုဗဟိုဌာန(Community Centre) တည်ဆောက်ပြီးစီးပါက ဒေသအတွက် စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ကျန်းမာရေးစသည့် အသိပညာဗဟုသုတများကို ရှာဖွေလေ့လာနိုင်ပြီး အတွေ့အကြုံဗဟုသုများကိုဆွေးနွေးဖလှယ်နိုင်မှာဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းကောင်းများအဖြေရှာဆောင်ရွက်နိုင်ကြမှာဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေးနှင့် ဒေသအတွက်အမှန်တကယ်အကျိုးရှိသည်ဖြစ်၍ အရည်အသွးပြည့်မီကောင်းမွန်သည့် အဆောက်အဦဖြစ်စေရေး၊လုပ်ငန်းများမြန်ဆန်စွာအကောင်အထည်ဖော်လည်ပတ်နိုင်စေရေးနှင့် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၏ ကျက်သရေဆောင် လူထု အခြေပြုဗဟိုဌာန(Community Centre)ဖြစ်စေရေးအားလုံးကြိုးစားဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များ၏ ကပြမှုများကိုကြည့်ရှုအားပေးခဲ့ကြကာ ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ပါသည်။  ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊တိုင်းဒေသကြီးဝန်ကြီးချုပ်ဉီးတင်မောင်ဝင်းတို့သည် ဓနုဖြူမြို့နယ်၊နန်းတော်ကုန်းကျေးရွာ၊ ဘက်စုံအဆင်မြင့် နည်းပညာသုံးစံပြကျေးရွာ၊ ဧက၁၀၀စံပြကွက်သို့သွားရောက်၍ စိုက်ပျိိုးရေးဦးစီးဌာနမှ အဆင်မြင့် နည်းပညာသုံးစံပြကျေးရွာ၊ ဧက၁၀၀စံပြကွက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှူးနှင့် ဗဟိုဒေသသုတေသနဗဟို(မြောင်းမြ)တာဝန်ခံတို့မှ မျိုးသန့်မျိုးစပါးထုတ်လုပ်မှု၊ စိုက်ပျိုးရေးနည်းစနစ်များ အသုံးပြု၍ စမ်းသပ်ယှဉ်ပြိုင်ကွက်များဆောင်ရွက်ထားရှိမှုနှင့် သုတေသနပြုလုပ်ငန်းများဆောင်ရွက်ထားရှိမှုများရှင်းလင်းတင်ပြခဲ့ရာ မျိုး၊မြေ၊ရေ၊နည်း မှန်ကန်စွာအသုံးပြုစေရေး၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းအသုံးပြုမှုများ ပိုမိုဆောင်ရွက်စေရေး၊ တောင်သူအသိပညာပေးလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်စေရေးနှင့် သုတေသနပြုလုပ်ငန်းများပိုမိုကောင်းမွန်အောင်ဆောင်ရွက်၍ တောင်သူများထံချပြဆွေးနွေးစေရေးမှာကြားခဲ့ကာ တောင်သူများနှင့်ရင်းရင်းတွေ့ဆုံခဲ့ပါသည်။  ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊တိုင်းဒေသကြီးဝန်ကြီးချုပ်ဉီးတင်မောင်ဝင်းတို့သည် ပန်းတနော်မြို့နယ်ရှိ စူပရင်းဘိုင်အိုတတ်(Supreme BioTech) ဇီဝမြေသြဇာစက်ရုံအမှတ်(၁) ပသွယ်သို့သွားရောက်ခဲ့ပြီး ကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာစိန်မြင့်နှင့် Dy. CEO ဦးထူးထူးအောင် တို့မှ စူပရင်း ဘိုင်အိုတတ်(Supreme BioTech) ၏ ဦးတည်ချက် များ၊ ဘိုင်အိုစူပရင်းဇီဝမြေသြဇာ အကြောင်းအရာအချက်အလက်များ၊ ဇီဝမြေသြဇာထုတ်လုပ်မှုအဆင့်ဆင့်နှင့် ရှေ့ဆက်ဆောင်ရွက်မည််လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိုးစပါး၊နွေစပါးစိုက်ပျိုးမှု၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံစိုက်ပျိုးမှုအခြေအနေများနှင့်ဓါတ်​မြေသြဇာနှင့်ဇီ၀​မြေသြဇာ၊သဘာ၀​မြေသြဇာ၊ ရွက်စိမ်း​မြေသြဇာသုံးစွဲမှုအခြေအနေများကိုဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပြီးနောက် စက်ရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အဆိုပါ စူပရင်း ဘိုင်အိုတတ်(Supreme BioTech) ဇီဝမြေသြဇာစက်ရုံအမှတ်(၁) ပသွယ်သည် လစဉ်ဇီဝမြေသြဇာ ၅၀ ကီလိုဂရမ် (၂၀၀၀၀)အိတ်(မက်ထရစ်တန်၁၀၀၀) ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရသည်။


Read More...
10-Sep-2022
ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ  ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပုသိမ်မြို့ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များတက်ရောက်ခဲ့ကြသည်။ ဦးစွာ ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲအား ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက“ ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲအား ယခုလ ၃ရက်နေ့မှ ၇ ရက်နေ့အထိ ၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးပြိုင်ပွဲမကျင်းပမီကပင် ဗဟိုမှသတ်မှတ်ပေးထားသည့် ပြိုင်ပွဲဝင်ဘာသာရပ်အားလုံးကိုပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်တွန်းအားပေးဆောင်ရွက်ခဲ့ရာ ပြိုင်ပွဲအားလုံးဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပြီး အကဲဖြတ်း အဖွဲ့များအနေဖြင့်လည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ မှန်ကန်စွာသုံးသပ်ဆုံးဖြတ်၍ ရွေးချယ်ခဲ့ကြပါကြောင်း၊ ယခုပြိုင်ပွဲမှ ဆုရရှိသူများအနက်မှ  အရည်အသွေးပြည့်ဝသူများကို စိစစ်ရွေးချယ်ပြီး စနစ်တကျစခန်းသွင်းလေ့ကျင့်ပြီး အားနည်းချက်၊အားသားချက်များပြင်ဆင်ဖြည့်ဆည်းဆောင်ရွက်ရန်လိုပါကြောင်း၊ (၂၂) ကြိမ်မြောက် ပြိုင်ပွဲတွင် တိုင်းဒေသကြီး၊ ပြည်နယ်ဆုရရှိမှုတန်းစီဇယားတွင် တိုင်းဒေသကြီးအနေဖြင့် စတုတ္ထနေရာရရှိခဲ့ပြီး ယခု ၂၃ ကြိမ်မြောက်ပြိုင်ပွဲတွင် ပိုမိုအောင်မြင်မှုရရှိစေရေး ပြိုင်ပွဲဝင်များ၊ ပံ့ပိုးနည်းပြပညာရှင်များအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းလိုပါကြောင်း၊ ထို့ပြင် ရုပ်စုံသဘင်နှင့်ရာမာယဏဇာတ်တော်ကြီးထည့်သွင်းယှဉ်ပြိုင်သွားမှာဖြစ်၍ ယခင်ရရှိခဲ့သည့်အောင်မြင်မှုများထက် ပိုမိုသာလွန်အောင် ဘက်စုံထောင့်စုံက အားဖြည့်ဆောင်ရွက်ကြစေလိုကြောင်းနှင့် မျိုးဆက်ဟောင်းမျိုးဆက်သစ်အနုပညာရှင်များဟာ မိမိတို့ရဲ့ အနုပညာဖန်တီးနိုင်စွမ်းကိုအသုံးချပြီး ဗဟိုအဆင့် (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွက် ဆုတံဆိပ်များရယူနိုင်ကြပါစေကြောင်း”ပြောကြားခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲအား ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသူများနှင့် ကျေးလက်ရိုးရာအကအဖွဲ့၊ မဖွန်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ ရာမာယဏဇာတ်တော်ကြီးအဖွဲ့နှင့် ရုပ်စုံသဘင်အဖွဲ့တို့အား ပြိုင်ပွဲဝင်ဂုဏ်ပြုဆုများအားချီးမြှင့်ပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး မှ အဆိုပြိုင်ပွဲပထမဆုရရှိသူများနှင့် အကပြိုင်ပွဲ(အဖွဲ့လိုက်) ဆုရရှိသူများအားဆုတံဆိပ်များချီးမြှင့်ခဲ့ပါတယ်။ ဆက်လက်၍ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက တစ်ဦးချင်းအကပြိုင်ပွဲတွင် ပထမဆုရရှိသူများနှင့် အဆိုပြိုင်ပွဲတွင် ဒုတိယ၊တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအားလည်းကောင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးမှ တစ်ဦးချင်းအကပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အရေးပြိုင်ပွဲတွင်ဆုရရှိသူများအားလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးမှ အတီးပြိုင်ပွဲ(စန္ဒရား)တွင် ဆုရရှိသူများအားလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးမှ အတီးပြိုင်ပွဲ(စောင်း၊ ပတ္တလား)တွင် ဆုရရှိသူများအားလည်းကောင်း၊ လူမှုရေးရာဝန်ကြီးမှ အတီးပြိုင်ပွဲ(တယော၊မယ်ဒလင်)တွင် ဆုရရှိသူများအားလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ အတီးပြိုင်ပွဲ(ဂီတာ၊ ဒုံမင်း)တွင်ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးဥပဒေချုပ်မှ အတီးပြိုင်ပွဲ(ဆိုင်းတစ်ဦးချင်း)တွင်ဆုရရှိသူများအားလည်းကောင်း၊ အစိုးရအဖွဲ့အတွင်းရေးမှူးမှ အတီးပြိုင်ပွဲ(ဆိုင်းဝိုင်းကြီး၊ နှဲ)တွင်ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်၊ တရားသူကြီးချုပ်မှ အတီးပြိုင်ပွဲတွင်(ပုလွေ၊ အိုးစည်၊ ဒိုးပတ်)တွင်ဆုရှိသူများအားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် ပြိုင်ပွဲဘာသာရပ်အလိုက် ဆုရရှိသူများ၏ ပြန်လည်သီဆို၊ ကပြ၊တီးခတ်မှုများကိုကြည့်ရှုအားပေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲတွင် ပထမဆုရရှိသည့်ပုသိမ်ခရိုင်၊  ဒုတိယဆုရရှိသည့် မအူပင်ခရိုင်၊ တတိယဆုရရှိသည့်ဟင်္သာတ ခရိုင်များအား တံခွန်စိုက်ဆုဖလားနှင့်ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲတွင် ခရိုင်အသီးသီးမှ အဆိုပြိုင်ပွဲဝင် ၅၇ဦး၊ အကပြိုင်ပွဲဝင် ၁၉၁ဦး၊ အရေးပြိုင်ပွဲဝင် (၈)ဦး၊ အတီးပြိုင်ပွဲဝင် ၁၇၈ဦး၊ စုစုပေါင်းပြိုင်ပွဲဝင် ၄၃၄ဦးဖြင့် ပြိုင်ပွဲဝင်ခဲ့ကြရာ  ပြိုင်ပွဲအလိုက် ပထမဆု ၈၃ဆု၊ ဒုတိယ ၄၇ဆု၊ တတိယ ၂၉ဆု၊ နှစ်သိမ့်ဆု ၁၇ဆုဖြင့် ဆုတံဆိပ်စုစုပေါင်း ၁၇၆ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
08-Sep-2022
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၂ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာတန်ဆောင်ခန်းမ၌ ၂၀၂၂ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ဆရာ ၊ ဆရာမများ၊ ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြပါတယ်။ ဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ပုသိမ်)မှ ကျောင်းသား ၊ ကျောင်းသူများက“ဝ.ထ.က.သ.လ” သီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနားအား ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတကာတွင် စာတတ်မြောက်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း စာတတ်မြောက်ရေးလုပ်ငန်းများကို ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် စာမတတ်သူများပပျောက်ရေး၊ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းနေရေးလုပ်ငန်းစဉ်များကို ဦးတည်ဆောင်ရွက်လျက်ရှိပြီး ကျောင်းတွင်းပညာရေး၊ ကျောင်းပြင်ပပညာရေး၊ ကိုယ်တိုင်သင်ယူပညာရေးဟူ၍ ပညာရယူနည်း နည်းလမ်းသုံးသွယ်ဖြင့် လူတိုင်းပညာသင်ခွင့် ရရှိနိုင်ရေးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊  ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းနေမြဲမှ အရွယ်လွန်သက်ကြီးစာမတတ်သူများ ပပျောက်ရေး၊ စာမတတ်သူပပျောက်ရေးမှ စာမဖတ်သူပပျောက်ရေး အဆင့်ဆင့်ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာကျောင်းများမှ စတင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့်လည်း ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းဝင်းအတွင်းရောက်ရှိစေရေးနှင့် ကျောင်းနေမြဲရေး ကြိုးစားဆောင်ရွက်လျက်ရှိရာ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင် တစ်နိုင်ငံလုံးအောင်ချက်အကောင်းဆုံး ဒုတိယနှင့် ဂုဏ်ထူးရကျောင်းသားကျောင်းသူများများစွာထွက်ပေါ်ခဲ့ပြီး ယခုပညာသင်နှစ်တွင်လည်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုနှင့်ကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ခဲ့ပါကြောင်း၊ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာနှုန်းမြင့်မားစေရေးယခင်နှစ်ထက်ပိုမိုသာလွန်စေရေး ကျောင်းသား၊မိဘ၊ဆရာများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများကကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဝိုင်းဝန်းကြိုးစားပေးကြစေလိုကြောင်း၊ လူတိုင်းအတွက်ပညာရေး ရည်မှန်းချက်များနှင့်အညီ လူတိုင်းစာတတ်မြောက်နိုင်စေရန် အမျိုးသားရေးအသိ၊ အမျိုးသားရေးအမြင်၊ အမျိုးသားရေးဆန္ဒ၊ အမျိုးသားရေးအားမာန်တို့ဖြင့် စာတတ်မြောက်ရေးလုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးက ယူနက်စကိုအဖွဲ့ညွှန်ကြားရေးမှူးချုပ်၏ ၂၀၂၂ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့သဝဏ်လွှာကိုဖတ်ကြားခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၂ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးလုပ်ငန်းများဆောင်ရွက်မှု (Video Clip)ပြသမှုနှင့် အမှတ်(၂ ) အခြေခံပညာအထက်တန်းကျောင်း (ပုသိမ်)မှ ကျောင်းသား ၊ ကျောင်းသူများက စာတတ်မြောက်ရေးဝိုင်းကူပေး သီချင်းဖြင့် ဂုဏ်ပြုသီဆိုမှုတို့ကို အားပေးခဲ့ကြောင်းသိရသည်။


Read More...
08-Sep-2022
ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအစည်းအဝေးကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယနေ့နံနက်ပိုင်းကကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအဖွဲ့ဝင်များ၊ ကော်မတီ၊ ဆပ်ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုက်ရာဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများက video confrencing စနစ်ဖြင့်တက်ရာက်ကြပါသည်။ ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအစည်းအဝေး လမ်းညွှန်ချက်များကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေး ကောင်စီအဖွဲ့ဝင်များ၊ ကော်မတီ၊ ဆပ်ကော်မတီဝင်များအား ချက်ချင်းချပြဆွေးနွေးဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊  သက်ဆိုင်ရာကော်မတီများအလိုက် အစည်းအဝေးညွှန်ကြားချက်များအပေါ် ဆောင်ရွက်နေမှုအခြေအနေများကို တင်ပြပေးစေလိုကြောင်း၊ တိုင်းဒေသကြီးသည် ကျေးလက်ဒေသလူဦးရေ ၈၆% ရှိပြီး ယာဉ်အသုံးပြုမှုစုစုပေါင်း၏ ၉၆% သည် မော်တော်ဆိုင်ကယ်ဖြစ်သဖြင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားရာတွင်မော်တော်ဆိုင်ကယ် မတော်တဆမှုများပိုမို အဖြစ်များပါကြောင်း၊ ယာဉ်မတော်တဆမှုများလျော့နည်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ မောင်းနှင်အသုံးပြုစေရေး၊ ထိခိုက်မှုများမှ အကာအကွယ်ပေးနိုင်သည့်အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုတ်များ ဝတ်ဆင်မောင်းနှင်စေရေး တို့အတွက် ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခြင်းနှင့် စစ်ဆေးအရေးယူခြင်းများပါ ထိထိရောက်ရောက်ဆောင်ရွက်ရန်လိုပါကြောင်း၊ လိုင်စင်မဲ့ယာဉ်များ၊ စည်းကမ်းပျက်ယာဉ်များ အသုံးပြုမှုမရှိစေရေးစစ်ဆေးကြပ်မက်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ယာဉ်မတော်တဆမှုများနှင့်ပတ်သက်၍ ဖြစ်စဉ်ဖြစ်ပွားမှုများကို သေချာစွာစစ်ဆေးဖော်ထုတ်ပြီး အလားတူဖြစ်စဉ်များထပ်မံဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများဆောင်ရွက်ရန်လိုပါကြောင်း၊ ယာဉ်မတော်တဆမှုများဖြစ်ပွားပါက အသက်အန္တရာယ် ထိခိုက်နိုင်သည်အထိ ဆုံးရှုံးမှုကြီးမားသဖြင့် ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်လိုပါကြောင်း၊ ယာဉ်မတော်တဆမှုများလျော့နည်းပပျောက်စေရေး ဆောင်ရွက်ရမည့်နည်းလမ်းများဆွေးနွေးကြပြီး တိတိကျကျလိုက်နာဆောက်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်မှာကြားပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှလည်းကောင်း၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှလည်းကောင်း၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာန၊ တိုင်းဦးစီးမှူးမှလည်းကောင်း၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ တွဲဘက်အတွင်းရေးမှူး၊ ဒုတပ်ဖွဲ့ခွဲမှူးမှလည်းကောင်း လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများတင်ပြဆွေးနွေးကြပြီး ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများမှ အထွေထွေတင်ပြဆွေးနွေးကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ(NRSC)၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်ကိုဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့်ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူအရေအတွက်ကို ၅၀% လျှော့ချနိုင်ရေး လစဉ်ရည်မှန်းချက်ထားဆောင်ရွက်ရန်ပြောကြားခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
06-Sep-2022