သတင်းများ


ဓနုဖြူမြို့၊အမှတ်(၁၅)ရပ်ကွက်အတွင်းထင်ရှားသောသမိုင်းဝင်နေရာများ
ထင်ရှားသည့်သမိုင်းဝင်အမည် - စစ်သူကြီးမဟာဗန္ဓုလ( သတိုးသုဓမ္မမဟာဗန္ဓုလ) တည်ရှိသည့်နေရာ - အမှတ်(၁၅)ရပ်ကွက်၊ဓနုဖြူမြို့


Read More...
11-Dec-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ချောင်းသာကမ်းခြေဒေသ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၉.၁၁.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေ ဟိုတယ်ဇုန်တွင် ပြည်တွင်းပြည်ပ ခရီးသွားများ ပိုမိုဝင်ရောက်လာစေရေး၊ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းမှ ဝင်ငွေတိုးတက်ရရှိစေရေး၊ သန့်ရှင်းသာယာလှပသည့် ချောင်းသာကမ်းခြေဟိုတယ်ဇုန်အား ပြည်ပခရီးသွားများ ပိုမိုသိရှိစေရေးကို ရည်ရွယ်ကျင်းပသည့် ချောင်းသာကမ်းခြေဒေသ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ခဲ့ပါသည်။


Read More...
11-Dec-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျိုက်လတ်မြို့နယ်အတွင်း တည်ဆောက်ထားသော ၂၃၀ KV လှိုင်သာယာ - ကျိုက်လတ် ပင်မဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၇.၁၁.၂၀၁၈)ရက်နေ့တွင် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း တည်ဆောက်ထားသော ၂၃၀ KV လှိုင်သာယာ - ကျိုက်လတ် ပင်မဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့နှင့်အတူ တက်ရောက်ခဲ့ပါသည်။


Read More...
19-Nov-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ထုံးထည့်စမ်းသပ်စိုက်ပျိုးထားသော စပါးအထွက်နှုန်းအား ကြည့်ရှုအားပေးခြင်းနှင့် တောင်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၇.၁၁.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌတို့နှင့်အတူ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မြင်းကကုန်းကျေးရွာ၊ ကွင်းအမှတ် (၂၂၆ - ခ)၊ တောင်သူဦးမြင့်ကို၏ စိုက်ကွင်းအတွင်း ထုံးထည့်စမ်းသပ်စိုက်ပျိုးထားသော စပါးအထွက်နှုန်းအား ကြည့်ရှုအားပေးခြင်းနှင့် တောင်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။ တောင်သူများနှင့်တွေ့ဆုံရာတွင် ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းက မြေဆီလွှာစမ်းသပ်ခြင်း၊ မြေဆီလွှာပြုပြင်ခြင်းနှင့် ဓာတ်မြေသြဇာ လွန်ကဲစွာ သုံးစွဲခြင်း အကြောင်းကို ဆွေးနွေးပါသည်။


Read More...
19-Nov-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်သည် စည်ပင်သာယာရေးဝန်ကြီးဌာနနှင့် အာရှဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခွန်ထမ်းစာရင်းများ ပြုစုကောက်ခံခြင်းနှင့် စွန့်ပစ်အမှိုက်သိမ်းဆည်းခြင်းဆိုင်ရာ အချက်အလက်များ ကောက်ခံခြင်း၊ နည်းပညာလက်တွေ့အသုံးချသင်တန်း အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်သည် (၁၆.၁၁.၂၀၁၈)ရက်နေ့တွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ စည်ပင်သာယာရေးဝန်ကြီးဌာနနှင့် အာရှဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခွန်ထမ်းစာရင်းများ ပြုစုကောက်ခံခြင်းနှင့် စွန့်ပစ်အမှိုက်သိမ်းဆည်းခြင်းဆိုင်ရာ အချက်အလက်များ ကောက်ခံခြင်း၊ နည်းပညာလက်တွေ့အသုံးချသင်တန်း အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးစည်ပင်သာယာရေး ခေတ္တညွှန်ကြားရေးမှူး ဦးနိုင်လင်းမောင်နှင့် စည်ပင်သာယာရေးအဖွဲ့ အမှုထမ်း၊ အရာထမ်းများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်ကွက်သန့်ရှင်းသာယာလှပရေး အထောက်အကူပြု ကော်မတီဝင်များနှင့်အတူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အာရှဖောင်ဒေးရှင်းတာဝန်ခံမှ အမှာစကား ဆက်လက်ပြောကြားပြီး သင်တန်းအား ဆက်လက်ပို့ချခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။


Read More...
19-Nov-2018