သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ဟိုင်းကြီးကျွန်းမြို့၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်တွင် ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၄)သို့တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများအား သွားရောက်တွေ့ဆုံ၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသားပြည်သူများအား စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေး
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်သို့ သွားရောက်၍ ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၄)သို့တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ မောင်တို့မယ်တို့ လူငယ်များသည် ပြည့်ခွန်အားများ ဖြစ်သကဲ့သို့ နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးကြီးသည့် လူ့စွမ်းအားအရင်းအမြစ်များလည်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် ပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်မောင်မယ်များ၏ စွမ်းဆောင်ရည်ပေါ်တွင် များစွာမူတည်နေကြောင်း၊ ထို့ကြောင့် လူငယ်မောင်မယ်များအနေဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် စွမ်းဆောင်ရည်ပြည့်ဝပြီးပညာရယူနိုင်သည့် နည်းလမ်အသွယ်သွယ်မှ မိမိတို့ကိုယ်တိုင်အပတ်တကုတ်ကြိုးပမ်းအားထုတ်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ​တော်အစိုးရအ​နေဖြင့် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးလျှက်ရှိရာ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အင်္ဂလိပ်စာနှင့်ကွန်ပျူတာသင်တန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများ၊ အခြေခံလေကြောင်းလူငယ်သင်တန်း၊ ရေကြောင်းလူငယ်သင်တန်း၊ အဆင့်မြင့် အားကစားသင်တန်းများ၊ ကင်းထောက်လူငယ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊ ဘက်​ပေါင်းစုံမှထူးချွန်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်မောင်မယ်များဖြစ်စေရေး ​လေ့ကျင့်ပြုစုပျိုးထောင်​ပေးခြင်းဖြစ်ပါ​ကြောင်း၊ မောင်တို့မယ်တို့အ​နေဖြင့် မိမိတို့မျှော်မှန်းထားသည့် အသက်မွေးဝမ်းကြောင်း ပညာရပ်အသီးသီးတွင် အောင်မြင်သည့်လူငယ်များဖြစ်ကြ၍ နိုင်ငံ​တော်နှင့် တိုင်း​ဒေသကြီးအတွက် အားထားရသည့် ​လူငယ်များဖြစ်ကြပါစေကြောင်း” အမှာစကားများပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့အမှတ်(၃)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းစာသင်ဝိုင်း သို့သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသား ပြည်သူများအား စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအား လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေပိုင်းတွင် ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၄)သို့တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းနည်းပြများမှ အခြေခံရေကူးသင်ခန်းစာ၊ လှေလှော်သင်ခန်းစာ (Fixed Test Training) နှင့် ရွက်လွှင့်သင်ခန်းစာများအား လေ့ကျင့်သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။


Read More...
04-May-2024
မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း​ဆောင်ရွက်ပြီးစီးမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထား ကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း​ဆောင်ရွက်ပြီးစီးမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် (၃.၅.၂၀၂၄)နံနက်ပိုင်းက အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်​မော်တင်စွန်း စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော် ဖူးမြော်ကြည်ညိုခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အရုဏ်ခံတန်ဆောင်းဆောက်လုပ်ရန်လုပ်ငန်းခွင်ရှင်းလင်းပြင်ဆင်နေမှုနှင့်ပစ္စည်းစုဆောင်းနေမှု၊ အပြီးသတ်လုပ်ငန်းများဆောင်ရွက်နေမှု၊ စေတီတော်မြတ်ကြီး အနေကဇာဆောင် ပြုပြင်မွမ်းမံပြီးစီးမှုနှင့် ​မြောက်ဘက်မုခ် ​ရေကန်လုပ်ငန်း​ဆောင်ရွက်ပြီးစီးမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့သို့ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြုပြင်တည်ဆောက်ထားသည့် ​စေတီ​တော်မြတ်ကြီး၏ သာသနိကအဆောက်အဦများ ​ရေရှည်ခိုင်ခံ့စေရေး သပ်ရပ်သန့်ရှင်းစွာအသုံးပြုရန် ဂေါပကအဖွဲ့မှထိန်းသိမ်းကြပ်မတ်ရန်၊ အနှုတ် ၁၂ ပေတွင် လေဒဏ်မိုးဒဏ်ခံနိုင်ရန်ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊ ရင်ပြင်တော်ရေစီးရေလာကောင်းမွန်စေရေး၊ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရေး၊ တည်ဆောက်ရေး လုပ်ငန်းများအရည်အသွေးပြည့်မီ​​အောင်​ဆောင်ရွက်ရေး၊ အပတ်စဥ်စနေနေ့တိုင်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရေး၊ မိုးရာသီတွင်အရိပ်ရလေကာပင်ပန်းအလှပင်များစိုက်ပျိုးရေး၊ စေတီတော်ကြီးပရ၀ုဏ်အတွင်းအပြင်သန့်ရှင်းသပ်ရပ်မှုရှိစေရေးဆောင်ရွက်ရန်၊ ကျန်ရှိသည့် လုပ်ငန်းများအား သတ်မှတ်ကာလအတွင်းပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။


Read More...
04-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးတက်ရောက်
တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးကို (၂.၅.၂၀၂၄)ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


Read More...
03-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)နှင့် ဒွါဒသမတန်းလူရည်ချွန်စခန်း(ချောင်းသာ)စခန်းတို့မှ မိမိတို့ဒေသအသီးသီးသို့ ပြန်လည်ထွက်ခွာကြမည့် လူရည်ချွန်မောင်မယ်များအား ပို့ဆောင်နှုတ်ဆက်
ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)နှင့် ဒွါဒသမတန်းလူရည်ချွန်စခန်း(ချောင်းသာ)တို့မှ မိမိတို့ဒေသအသီးသီးသို့ ပြန်လည်ထွက်ခွာကြမည့် လူရည်ချွန်မောင်မယ်များအား (၁.၅.၂၀၂၄) ရက်နေ့ နေ့လယ်ပိုင်းက ပုသိမ်မြို့၊ ပညာ​ရေးဒီဂရီ​ကောလိပ်​ရှေ့တွင် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ပြည်သူများက သွား​ရောက်နှုတ်ဆက်ခဲ့ကြသည်။ ထို့​နောက် လူရည်ချွန်​မောင်မယ်များသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့ ​သွား​ရောက်​လေ့လာရာ လူရည်ချွန်မောင်မယ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး ​နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။ ဆက်လက်၍ လူရည်ချွန်​မောင်မယ်များသည် စက်ရုံအတွင်း လှည့်လည်​ကြည့်ရှုလေ့လာခဲ့ကြရာ ခေတ်မှီငါးသားဖောက်စခန်း၊ အသားတိုးငါးမွေးမြူရေးစခန်း၊ Circular Tank စနစ်ဖြင့် ငါးစမ်းသပ်မွေးမြူနေခြင်းနှင့် စပါးခွံလောင်စာသုံး gasifier နှင့် gas engine စနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်နေခြင်း တို့အား စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှု​လေ့လာခဲ့ကြပြီး သိရှိလိုသည်များအား ​မေးမြန်းခဲ့ကြသည်။ ထိုသို့ လှည့်လည်​လေ့လာပြီး​နောက် လူရည်ချွန်မောင်မယ်များအတွက် ​ရေးစပ်သီကုံးထားသည့် တေးသီများအား ​လူရည်ချွန်​မောင်မယ်များက ပျော်ရွှင်စွာ သီဆိုနှုတ်ဆက်ခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် Global Earth Agro & Aqua Industry Public Co., Ltd ကုမ္ပဏီဥက္ကဋ္ဌက ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့​နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကုမ္ပဏီမှတာဝန်ရှိသူများ၊ လူရည်ချွန်မောင်မယ်များသည် အမှတ်တရစုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ထို့နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်သည် ဧရာဝတီတိုင်း​​ဒေသကြီး ဧကာဒသမတန်းနှင့် ဒွါဒသမတန်းလူရည်ချွန်မောင်မယ်များ၊ ကြီးကြပ်ဆရာ၊ ဆရာမများ၊ ကုမ္ပဏီမှတာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်ထွက်ခွာသွားသည့် လူရည်ချွန်​​မောင်မယ်များအားနှုတ်ဆက်ခဲ့ကြကြောင်းသိရသည်။


Read More...
02-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (MSMEs)လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စားသောက်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ဒုတိယနေ့ ပြသရောင်းချနေမှုများ ကြည့်ရှု
အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် (MSMEs)လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စားသောက်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော် ဒုတိယနေ့ ပြသရောင်းချနေမှုများကို ဌာနဆိုင်ရာများနှင့်ပြည်သူများက လာရောက်လေ့လာဝယ်ယူနေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ ဌာနဆိုင်ရာများနှင့်ပြည်သူများသည် တိုင်းဒေသကြီးအတွင်းရှိခရိုင်ရှစ်ခရိုင်မှပြသထားသည့် (MSMEs)လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စက်မှုထုတ်ကုန်များ၊ မွေးမြူရေးလုပ်ငန်းများ၊ Gasifier ၊ ဆားလုပ်ငန်းများ၊ စားသောက်ကုန်များအရောင်း ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးဝယ်ယူခဲ့ကြပြီး ခင်းကျင်းပြသထားသည်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကာ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး၏ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် (MSMEs)လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စားသောက်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ကို အများပြည်သူများ လေ့လာနိုင်ရေးအတွက် ဧပြီလ ၃၀ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ပြသရောင်းချခဲ့ကြောင်းသိရသည်။


Read More...
01-May-2024