သတင်းများ


မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း​ဆောင်ရွက်ပြီးစီးမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထား ကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း​ဆောင်ရွက်ပြီးစီးမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် (၃.၅.၂၀၂၄)နံနက်ပိုင်းက အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်​မော်တင်စွန်း စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော် ဖူးမြော်ကြည်ညိုခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အရုဏ်ခံတန်ဆောင်းဆောက်လုပ်ရန်လုပ်ငန်းခွင်ရှင်းလင်းပြင်ဆင်နေမှုနှင့်ပစ္စည်းစုဆောင်းနေမှု၊ အပြီးသတ်လုပ်ငန်းများဆောင်ရွက်နေမှု၊ စေတီတော်မြတ်ကြီး အနေကဇာဆောင် ပြုပြင်မွမ်းမံပြီးစီးမှုနှင့် ​မြောက်ဘက်မုခ် ​ရေကန်လုပ်ငန်း​ဆောင်ရွက်ပြီးစီးမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့သို့ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြုပြင်တည်ဆောက်ထားသည့် ​စေတီ​တော်မြတ်ကြီး၏ သာသနိကအဆောက်အဦများ ​ရေရှည်ခိုင်ခံ့စေရေး သပ်ရပ်သန့်ရှင်းစွာအသုံးပြုရန် ဂေါပကအဖွဲ့မှထိန်းသိမ်းကြပ်မတ်ရန်၊ အနှုတ် ၁၂ ပေတွင် လေဒဏ်မိုးဒဏ်ခံနိုင်ရန်ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊ ရင်ပြင်တော်ရေစီးရေလာကောင်းမွန်စေရေး၊ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရေး၊ တည်ဆောက်ရေး လုပ်ငန်းများအရည်အသွေးပြည့်မီ​​အောင်​ဆောင်ရွက်ရေး၊ အပတ်စဥ်စနေနေ့တိုင်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရေး၊ မိုးရာသီတွင်အရိပ်ရလေကာပင်ပန်းအလှပင်များစိုက်ပျိုးရေး၊ စေတီတော်ကြီးပရ၀ုဏ်အတွင်းအပြင်သန့်ရှင်းသပ်ရပ်မှုရှိစေရေးဆောင်ရွက်ရန်၊ ကျန်ရှိသည့် လုပ်ငန်းများအား သတ်မှတ်ကာလအတွင်းပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။


Read More...
04-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးတက်ရောက်
တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးကို (၂.၅.၂၀၂၄)ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


Read More...
03-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)နှင့် ဒွါဒသမတန်းလူရည်ချွန်စခန်း(ချောင်းသာ)စခန်းတို့မှ မိမိတို့ဒေသအသီးသီးသို့ ပြန်လည်ထွက်ခွာကြမည့် လူရည်ချွန်မောင်မယ်များအား ပို့ဆောင်နှုတ်ဆက်
ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်)နှင့် ဒွါဒသမတန်းလူရည်ချွန်စခန်း(ချောင်းသာ)တို့မှ မိမိတို့ဒေသအသီးသီးသို့ ပြန်လည်ထွက်ခွာကြမည့် လူရည်ချွန်မောင်မယ်များအား (၁.၅.၂၀၂၄) ရက်နေ့ နေ့လယ်ပိုင်းက ပုသိမ်မြို့၊ ပညာ​ရေးဒီဂရီ​ကောလိပ်​ရှေ့တွင် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ပြည်သူများက သွား​ရောက်နှုတ်ဆက်ခဲ့ကြသည်။ ထို့​နောက် လူရည်ချွန်​မောင်မယ်များသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့ ​သွား​ရောက်​လေ့လာရာ လူရည်ချွန်မောင်မယ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး ​နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။ ဆက်လက်၍ လူရည်ချွန်​မောင်မယ်များသည် စက်ရုံအတွင်း လှည့်လည်​ကြည့်ရှုလေ့လာခဲ့ကြရာ ခေတ်မှီငါးသားဖောက်စခန်း၊ အသားတိုးငါးမွေးမြူရေးစခန်း၊ Circular Tank စနစ်ဖြင့် ငါးစမ်းသပ်မွေးမြူနေခြင်းနှင့် စပါးခွံလောင်စာသုံး gasifier နှင့် gas engine စနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်နေခြင်း တို့အား စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှု​လေ့လာခဲ့ကြပြီး သိရှိလိုသည်များအား ​မေးမြန်းခဲ့ကြသည်။ ထိုသို့ လှည့်လည်​လေ့လာပြီး​နောက် လူရည်ချွန်မောင်မယ်များအတွက် ​ရေးစပ်သီကုံးထားသည့် တေးသီများအား ​လူရည်ချွန်​မောင်မယ်များက ပျော်ရွှင်စွာ သီဆိုနှုတ်ဆက်ခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် Global Earth Agro & Aqua Industry Public Co., Ltd ကုမ္ပဏီဥက္ကဋ္ဌက ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့​နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကုမ္ပဏီမှတာဝန်ရှိသူများ၊ လူရည်ချွန်မောင်မယ်များသည် အမှတ်တရစုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ထို့နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်သည် ဧရာဝတီတိုင်း​​ဒေသကြီး ဧကာဒသမတန်းနှင့် ဒွါဒသမတန်းလူရည်ချွန်မောင်မယ်များ၊ ကြီးကြပ်ဆရာ၊ ဆရာမများ၊ ကုမ္ပဏီမှတာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်ထွက်ခွာသွားသည့် လူရည်ချွန်​​မောင်မယ်များအားနှုတ်ဆက်ခဲ့ကြကြောင်းသိရသည်။


Read More...
02-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (MSMEs)လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စားသောက်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ဒုတိယနေ့ ပြသရောင်းချနေမှုများ ကြည့်ရှု
အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် (MSMEs)လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စားသောက်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော် ဒုတိယနေ့ ပြသရောင်းချနေမှုများကို ဌာနဆိုင်ရာများနှင့်ပြည်သူများက လာရောက်လေ့လာဝယ်ယူနေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ ဌာနဆိုင်ရာများနှင့်ပြည်သူများသည် တိုင်းဒေသကြီးအတွင်းရှိခရိုင်ရှစ်ခရိုင်မှပြသထားသည့် (MSMEs)လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စက်မှုထုတ်ကုန်များ၊ မွေးမြူရေးလုပ်ငန်းများ၊ Gasifier ၊ ဆားလုပ်ငန်းများ၊ စားသောက်ကုန်များအရောင်း ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးဝယ်ယူခဲ့ကြပြီး ခင်းကျင်းပြသထားသည်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကာ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး၏ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် (MSMEs)လုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ စားသောက်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ကို အများပြည်သူများ လေ့လာနိုင်ရေးအတွက် ဧပြီလ ၃၀ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ပြသရောင်းချခဲ့ကြောင်းသိရသည်။


Read More...
01-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားတက်ရောက်
အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလုပ်ရှင်များနှင့် အလုပ်သမားများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှအပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဖတ်ကြားခဲ့ပြီးနောက်“ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများပိုမိုဖန်တီးပေးနိုင် ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ခွင့်ရရှိပြီးဖြစ်သော်လည်း အကြောင်းကြောင်းကြောင့် မလည်ပတ်နိုင်သည့် အလုပ်ရုံ၊ စက်ရုံများလည်းရှိပါကြောင်း၊ အလုပ်ရှင်အလုပ်သမားများနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသည့် ကိစ္စများကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း​ပေါင်းစပ် ​ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စက်ရုံအလုပ်ရုံများသို့ နေ့စဉ်သွားရောက်လုပ်ကိုင်နေကြသည့် လုပ်သားများအတွက် ယာဉ်များကြံ့ခိုင်မှုရှိစေရေး၊ စီးနင်းလိုက်ပါမှုများ စနစ်တကျဖြစ်စေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်း​စေ​ရေးအတွက်လည်း တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးကြပ်မတ်​ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား အလုပ်အကိုင်အကိုင်အခွင့်အလမ်းများ ရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးနေသည့် စက်ရုံ၊ အလုပ်ရုံများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း" ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနား Video Clipsပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လာမည့်မိုးစပါးစိုက်ရာသီတွင် မျိုး၊မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအား စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကြဲခင်းများလျော့နည်းစေရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံ၊ အလုပ်ရုံများ များစွာရှိရန်လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးတွင် ထုတ်လုပ်အသုံးပြုခြင်းဖြင့်ထုတ်လုပ်မှု သယ်ဆောင်မှုစရိတ် သက်သာခြင်း၊ တောင်သူလိုအပ်ချက်ကိုပြင်ဆင်ပေးနိုင်ခြင်း၊ လိုအပ်သလောက်ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ စပါးမျိုးစေ့ချကိရိယာ (Drum Seeder)များ ထုတ်လုပ်ရာတွင် ဒေသ၏ရေမြေနှင့် ကိုက်ညီသည့် စက်ကိရိယာများ ဖြစ်ရန်လိုအပ်ပြီး တောင်သူများ ဈေးနှုန်းသက်သာစွာဖြင့် ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ်များ၊ စက်မှုဇုန်များ ပူးပေါင်း၍ ဒေသ၏ရေမြေနှင့် ကိုက်ညီသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာများ သုတေသနပြု ထုတ်လုပ်နိုင်ပါက များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” အမှာစကားများ ပြောကြားခဲ့ပါသည်။ ထို့​နောက် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်၍ စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုကြီးကြပ်​ရေးနှင့်စစ်​ဆေး​ရေးဦးစီးဌာန၊ စိုက်ပျိုး​ရေးဦးစီးဌာန၊ နည်းပညာတက္ကသိုလ်၊ စက်မှုဇုန်များမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း​ဆွေး​​နွေးခဲ့ကြပြီး တက်​ရောက်လာသူများမှ အ​ထွေ​ထွေ​​ဆွေး​နွေးခဲ့ကြပါသည်။


Read More...
01-May-2024