သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံပစ္စည်းများပေးအပ်ပွဲ အခမ်းအနားတက်ရောက်
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ  ဌာနဆိုင်ရာဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ တွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်၍ ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံပစ္စည်းများအား  ကျောင်းသား၊ ကျောင်းသူ များထံ ပေးအပ်ခဲ့သည်။ ဦးစွာ ပုသိမ်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းသား၊ ကျောင်းသူများက “ မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ သတ်မှတ်ကျောင်းအပ်နှံဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်မှ ပညာသင်ယူရာတွင် အခက်အခဲမရှိစေရေးအတွက် အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် မူလတန်းကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးထား ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ဌာနဆိုင်ရာဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံပစ္စည်းများအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှု၊ အတန်းစဉ် ကူးပြောင်းမှုနှင့် အောင်ချက်မြင့်မားသော တိုင်းဒေသကြီးဖြစ်ပြီး ပညာတတ်လူ့စွမ်းအားအရင်း အမြစ်များစွာမွေးထုတ်ရာ တိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ အခြေခံပညာအလယ်တန်း အဆင့် Grade-6၊ Grade-7၊ Grade-8၊ Grade-9 တို့တွင်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအားလုံး စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်း ပညာသင်ကြားနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေး ဆရာ၊ မိဘ၊ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က တက္ကသိုလ်အဆင့်ကျောင်းသား၊ ကျောင်းသူများနှင့် အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်က အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာ ဝန်ကြီးနှင့်ဇနီးတို့က အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီးတို့က မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူ များအားလည်းကောင်း ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံပစ္စည်းများကို အသီးသီးပေးအပ်ခဲ့ပြီးနောက် ပုသိမ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်သီချင်း” ဖြင့်သီဆိုဖျော်ဖြေကာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။  ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံ ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ရာ အခြေခံပညာမူလတန်းအဆင့် (၁၂၂၉)ဦး၊ အလယ်တန်းအဆင့် (၆၇၉)ဦး၊ အထက်တန်းအဆင့်(၅၈၄)ဦး၊ တက္ကသိုလ်အဆင့်(၄၀၃)ဦး၊ စုစုပေါင်း (၂၈၉၅)ဦးအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Read More...
02-Jun-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲအား ကြည့်ရှုအားပေး၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံပြီးစီးမှုများ ကြည့်ရှုစစ်ဆေး
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အထိမ်းအမှတ်(၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း (မြို့မ) တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ကျောင်းသား၊ ကျောင်းသူများ၏ ပါဝင်ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများသည် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ကွန်ပျူတာပန်းချီပြိုင်ပွဲ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူလေးများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်ရာ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၊ ကျောင်းအုပ် ဆရာမကြီးက လက်ခံရယူခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အထိမ်းအမှတ်(၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) အ.လ.က(၃)သို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအား ရှေးဦးပြုစုခြင်း(အခြေခံ)အဆင့်သင်တန်းအား သင်တန်းနည်းပြဆရာ၊ ဆရာမများက သင်ကြားပေးနေမှုကို  ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းလာရောက်အပ်နှံမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်းသို့လည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ.လ.က(၅)သို့လည်းကောင်း၊  သွားရောက်ခဲ့ပြီး အတန်းအလိုက် ကျောင်းအပ်နှံမှုအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်း ပညာသင်ကြားနိုင်ရေးအတွက် မိဘ၊ ဆရာ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေးမှာကြားခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ငပုတောမြို့၊ အခြေခံပညာအထက်တန်း ကျောင်းသို့လည်းကောင်း၊ ငပုတောမြို့နယ်၊ ဖျန်ရေကျော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)သို့လည်းကောင်း သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး အထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများအတွက်  ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ မူလတန်းကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများအား မျှော်မှန်း ကျောင်းသားဦးရေပြည့်မီရေး၊ အခြေခံပညာအလယ်တန်းအဆင့် Grade-6၊ Grade-7၊ Grade-8၊ Grade-9 တို့ကို တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအားလုံး စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်း ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး  ဆောင်ရွက်ရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း (၇၁၁၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၄၇)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃၀)ကျောင်း၊ စုစုပေါင်း(၇၂၉၀)ကျောင်းတွင် ဇွန်လ(၁)ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၁၀)သိန်း(၄)သောင်းကျော် အပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။


Read More...
01-Jun-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့်တွေ့ဆုံ၊ အခြေခံပညာအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲသို့ တက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်ပညာရေးမှူးရုံး၊ မေတ္တာမြင်းမိုရ်ခန်းမတွင် ပုသိမ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့်တွေ့ဆုံ၍ “ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ယခုလ(၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိ သတ်မှတ်ထားရာ ဧရာဝတီတိုင်းဒေသကြီးတွင် အခြေခံပညာကျောင်း (၇၁၁၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၄၇)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃၀)ကျောင်း၊ စုစုပေါင်း(၇၂၉၀)ကျောင်းတို့တွင် မေလ(၃၀)ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ ဆယ်သိန်းကျော် အပ်နှံပြီးဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေး၊ အခြေခံပညာအလယ်တန်းအဆင့် Grade-6၊ Grade-7 Grade 8 Grade-9 တို့ကို တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအားလုံး စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်း ပညာသင်ကြားနိုင်ရေးအတွက် မိဘ၊ ဆရာ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့်လည်း မိမိတို့ကျောင်းများ၏ လိုအပ်ချက်အခက်အခဲ များရှိပါက တင်ပြ ပေးကြစေလိုကြောင်း” အမှာစကားများ ပြောကြားကာ ဆရာ၊ ဆရာမများ၏ အခက်အခဲများတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် အခြေခံပညာအဆင့် ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“‌နွေရာသီကျောင်းပိတ်ရက် ကာလတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်၊ ဉာဏစွမ်းရည်မြှင့်တင်ရန်နှင့် စာပေဘာသာရပ်အပြင် အကြောင်းအရာစုံ၊ ကဏ္ဍစုံမှ အထွေထွေ ဗဟုသုတများကိုလည်း နှံ့နှံစပ်စပ်သိမြင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက်ရှိသည်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်ကြပါစေကြောင်း” ပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည်  ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့သည်။


Read More...
31-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လက်ဆွဲကောက်စိုက်စက် စမ်းသပ်သရုပ်ပြစိုက်ပျိုးခြင်းအားကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ တောင်သူဦးအောင်ကျော်ခိုင်၏ လယ်မြေတွင် စက်မှုလယ်ယာဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ပုသိမ်စက်မှုဇုန်မှထုတ်လုပ်သော လက်ဆွဲကောက်စိုက်စက်စမ်းသပ်သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ဆွဲကောက်စိုက်စက်စမ်းသပ်သရုပ်ပြ စိုက်ပျိုးခြင်းကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က " ကြဲခင်းစနစ်များ လျော့နည်းပပျောက်စေရေးအတွက် လက်ဆွဲကောက်စိုက်များ၊ Drum Seeder များအသုံးပြုစိုက်ပျိုးနိုင်ရန်အတွက် စက်မှုလယ်ယာဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် စက်မှုဇုန်တွင် တီထွင်ထုတ်လုပ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဒေသ၏ရေမြေနှင့်ကိုက်ညီ အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်ချက်များကိုလည်း ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးတွက် ယခုနှစ်မိုးစပါး ရာသီတွင် ရေတော်မိုးတော်စိုက်ဧက (၂၇)သိန်းကျော်အား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များ အပြည့်အဝထည့်သွင်း စိုက်ပျိုးသွား မည်ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့်လည်း အထွက်တိုးမျိုးကောင်းမျိုးသန့်များအသုံးပြုခြင်း၊ ဇီဝမြေဩဇာ၊ သဘာဝမြေဇာများ အချိုးကျ ထည့်သွင်းခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရောက်ရှိအောင် တောင်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း” ဆွေးနွေး မှာကြားခဲ့သည်။


Read More...
31-May-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၈)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
၂၀၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်အခမ်းအနားကို (၃၀.၅.၂၀၂၄) ရက်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အသင်းနည်းပြ၊ အုပ်ချုပ်သူများ၊ ဘောလုံးဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင် ပုသိမ်ခရိုင်ဘောလုံးအသင်းနှင့် ဖျာပုံခရိုင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ဖျာပုံခရိုင်ဘောလုံးအသင်းက ပုသိမ်ခရိုင်ဘောလုံးအသင်းကို ပင်နယ်တီအဆုံး အဖြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ဆက်လက်၍ဆုချီးမြှင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ ဆုရရှိသည့် ခရိုင်အသင်းများမှ အားကစားသမားများက နေရာယူကြပြီးနောက် ရှေ့တန်းအကောင်းဆုံး ကစားသမားဆု ရရှိသူအား တစ်ဦးချင်းဆုဖလားနှင့် ငွေသားဆုကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အလယ်တန်းအကောင်းဆုံး ကစားသမားဆုရှိသူအား တစ်ဦးချင်းဆုဖလားနှင့် ငွေသားဆုကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ နောက်တန်းအကောင်းဆုံး ကစားသမားဆုရှိသူအား တစ်ဦးချင်းဆုဖလားနှင့် ငွေသားဆုကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ ဂိုး အကောင်းဆုံး ကစားသမားဆုရရှိသူအား တစ်ဦးချင်းဆုဖလားနှင့် ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ကစားသမားဆုရရှိသူအား တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ပုသိမ်ခရိုင်ဘောလုံး အသင်းအား အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပထမဆုရရှိသည့် ဖျာပုံခရိုင်ဘောလုံးအသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်က တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။


Read More...
31-May-2024