သတင်းများ


ဧရာဝတိုင်းဒေသကြီးဝန်ကြီးချုပ် လေးမျက်နှာမြို့နယ်၊ ယင်းဆယ်ကျေးရွာ၊ အသေးစား ဓာတ်အားပေးစနစ် ကျေးလက်မီးလင်းရေးဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်၊ ရေကြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်း ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ယင်းဆယ်ကျေးရွာတွင် အသေးစားဓာတ်အားပေးစနစ် ကျေးလက်မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ အသေးစားဓာတ်အားပေးစနစ် ကျေးလက်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက ဖွင့်ပွဲအမှတ်တရလက်ဆောက်ပစ္စည်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး power house အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ အကအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ အဆိုပါ ယင်းဆယ်ကျေးရွာ အသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းအား ဦးစီးဌာနမှထောက်ပံ့ငွေကျပ်(၁၆၆၈.၆၇၁၄)သန်း၊ ကုမ္ပဏီရင်းနှီးမြုပ်နှံငွေကျပ်(၆၁၇.၀၉၇၆) သန်း၊ ကျေးရွာထည့်ဝင်ငွေကျပ်(၄၉၅.၃၅)သန်း၊ စုစုပေါင်းစီမံကိန်းကုန်ကျငွေ(၂၇၈၁.၁၁၉)သန်း ဖြင့် ဆောင်ရွက်ခဲ့ပြီး (၂၂၄.၄ kWp)(၁၀၀ kW DG backup)ထုတ်လုပ်နိုင်ကာ အိမ်ခြေ (၂၀၇)အိမ်၊ အများပိုင်အဆောက်အဦ (၃)ခု၊ စက်မှုလုပ်ငန်း (၂၀)ခု၊ လမ်းမီးတိုင် (၁၅၄)တိုင်အား အကျိုးပြုပြီး   မဟာဓါတ်အားလိုင်းစနစ်တွင်အသုံးပြုသည့်အတိုင်း ၂၄ နာရီပတ်လုံးအသုံးပြုနိုင်ကြောင်းသိရှိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းလာရောက်အပ်နှံမှု အခြေအနေများအားမေးမြန်းခဲ့ပြီး ကျောင်းသားကျောင်းသူများ အတန်းစဉ်ကူးပြောင်းမှုများပျက်ကွက်မှုမရှိစေရေး၊ ကျောင်းထွက်မှုမရှိစေရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး ဆရာ၊ ဆရာမများ၊ မိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။


Read More...
28-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားအားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊ ဧရာရွှေဝါခန်းမတွင် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို  ယနေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုသင်တန်း ဖွင့်လှစ်ခြင်းဖြင့် ယခင်က မသိရှိခဲ့သော ဥပဒေဘာသာရပ်များကို လေ့လာသင်ယူရသည့်အတွက် ဥပဒေဘာသာရပ်များနှင့်စပ်လျဉ်း၍ အထိုက်အလျောက် သိရှိခဲ့ရပြီး ဖြစ်ကြောင်း၊ ယခုသင်တန်းတွင်ပို့ချခဲ့သည့် ဥပဒေဘာသာရပ်များအား မိမိတို့ တာဝန်ထမ်းဆောင်ရာ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား ပြန်လည်၍အသိပညာပေး မျှဝေပေးရန် ဖြစ်ပါကြောင်း၊ ယခုသင်တန်းတက်ရောက်ခဲ့သည့် ဆရာ/ဆရာမများအနေဖြင့် မိမိတို့အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများနှင့်ဆရာ/ဆရာမများအားဥပဒေ အသိပညာများကို လက်ဆင့်ကမ်းမျှဝေခြင်းဖြင့် ကျောင်းသား လူငယ်များ၏ လူမှုဘဝမြှင့်တင်မှုများတွင် အကျိုးရှိစွာဆောင်ရွက်နိုင်မည် ဖြစ်၍ ဥပဒေအသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း” အမှာစကားများပြောကြားပြီး အထူးဂုဏ်ပြုဆုနှင့် သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့သည်။ အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄) ကို (၁၈.၅.၂၀၂၄)ရက်နေ့မှ (၁၉.၅.၂၀၂၄) ရက်နေ့ထိ သင်တန်းချိန်(၈)ချိန်၊ (၂၅.၅.၂၀၂၄)ရက်နေ့မှ (၂၆.၅.၂၀၂၄) ရက်နေ့ထိ သင်တန်းချိန်(၈)ချိန် စုစုပေါင်းသင်တန်းချိန်(၁၆)ချိန်၊ သင်တန်းသား ဆရာ၊ ဆရာမ (၅၀) ဦးအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ရာဇသတ်ကြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ၊ အများနှင့်သက်ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ နိုင်ငံဝန်ထမ်းဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေ၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ စီးပွားရေးစာချုပ် စာတမ်းအကြောင်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ ဥပဒေအရာရှိ (၉)ဦးက သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။


Read More...
26-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင်ပြုလုပ်သည့် တိုင်းရင်းသားဘာသာစာ‌ပေသင် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်၊ ဗိုလ်ကလေးတင့်အောင် စာကြည့်တိုက်အတွက် အလှူငွေများနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည်  ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမတွင်ပြုလုပ်သည့် တိုင်းရင်းသားဘာသာစာ‌ပေသင် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းရင်းသားဘာသာစာပေသင်  ဆရာ၊ ဆရာမများက  ဘိုကလေးပညာရေးဒီဂရီကောလိပ် ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား မြို့နယ်အလိုက် တက်ရောက်လာသည့် သင်တန်းသား၊ သက်တန်းသူများက မိတ်ဆက်ခဲ့ပြီးနောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်က“  မိမိတို့တိုင်း​ဒေသကြီးအတွက် အားထားရသည့် တိုင်းရင်းသားဘာသာစာပေသင်  ဆရာ၊ ဆရာမများအား လာ​ရောက်​တွေ့ဆုံအား​ပေးခြင်းဖြစ်ပါ​ကြောင်း၊ ကျောင်း​နေအရွယ်က​လေးအားလုံး ပညာသင်ယူရာတွင်အခက်အခဲမရှိ​စေ​ရေးနှင့် ကျောင်း​နေနိုင်​ရေးအတွက် နိုင်ငံ​တော်က အခမဲ့ပညာသင်ကြား​ရေးစနစ်ဖြင့် ပံ့ပိုးဖြည့်ဆည်း​ပေး​လျက်ရှိပါ​ကြောင်း၊ ဆရာ၊ဆရာမများသည် ပြောင်းလဲတိုးတက်နေသော ပညာရေးစနစ်အား မျက်ချည်ပြတ်မခံဘဲ အစဉ်လေ့လာသင်ယူ​နေရမည်ဖြစ်​ကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး၊ အတန်းစဉ်ကူးပြောင်းမှု မြင့်မားစေရေးကိုလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကလေးငယ်များအား ကျောင်းနေပျော်၍ စာတော် အောင်သင်ကြား ပေးကြရမည်ဖြစ်ပြီး အနာဂတ်နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း ထမ်းဆောင်မည့် လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာအောင် ပြုစုပျိုးထောင် ပေးရမည်ဖြစ်ပါကြောင်း၊ ယခု​ဆွေး​နွေးပွဲမှ ရရှိသည့် သင်ခန်းစာများ၊ ရလဒ်များအား ကြိုးစား​လေ့လာမှတ်သား၍ ပြန်လည်အသုံးချရမည်ဖြစ်​ကြောင်း၊ တိုင်း​ဒေသကြီး၏ ပညာ​ရေးကဏ္ဍ တိုးတက်မြင့်မား​ရေး၊ တိုင်းရင်းသားများ၏ ပညာသင်ယူခွင့်အခွင့်အလမိးများပိုမိုတိုးတက်မြင့်မား​ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းကြ​စေလို​ကြောင်း ” အမှာစကားများပြောကြားပြီး  သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။ ထို့​​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တိုင်းရင်းသားဘာသာစာပေသင်  ဆရာ၊ ဆရာမများနှင့်အတူ ရင်းနှီး​နွေး​ထွေးစွာ ​နေ့လယ်စာအတူတကွ သုံး​ဆောင်ခဲ့ကြသည်။ ဘိုက​လေးပညာရေးဒီဂရီကောလိပ်တွင် တိုင်းရင်းသားဘာသာစာပေသင် ဆရာအတတ်ပညာ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ(၃/၂၀၂၄)အား ယခုလ(၂၀)ရက်နေ့မှ (၂၉)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များမှ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမ (၃၀၄)ဦး တက်ရောက်လျက်ရှိသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘိုကလေးမြို့၊ ဗိုလ်ကလေးတင့်အောင် စာကြည့်တိုက်သို့ သွားရောက်၍ စာကြည့်တိုက်တွင် စာပေလာရောက်ဖတ်ရှု​နေသည့် ကလေးငယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးပြီးစာကြည့်တိုက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စာကြည်တိုက်များတွင် သုတ၊ ရသစာအုပ်စာပေများပိုမိုပြည့်စုံစွာ ထားရှိရေး၊ စိုက်ပျိုးရေး၊ ​မွေးမြူ​ရေးနှင့်ပတ်သက်သည့် စာအုပ်စာပေများ၊ နေ့စဉ်ထုတ်သတင်းစာများထားရှိရေး၊ စာအုပ်စာစောင်များတိုးပွားရေးအတွက် စည်းရုံးဆောင်ရွက်ရေးနှင့်   ရှင်သန်ခိုင်မာသည့် စာကြည့်အဖြစ် ဆက်လက်ရပ်တည်နိုင်ရေးအတွက်  ကြိုးပမ်း​ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး စာကြည့်တိုက်အတွက် အလှူငွေများနှင့် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းခဲ့သည်။


Read More...
26-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ငပုတောမြို့နယ်တရားရုံးအဆောက်အဦသစ်အား တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တရားရုံး (၁၂၈ ​ပေ× ၃၈ ​ပေ) RCC ၃ ထပ် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ငပု​တောမြို့၊ မဂ္ဂင်လမ်းရှိ အဆိုပါအဆောက်အဦသစ်ရှေ့တွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊  တိုင်းဒေသကြီးတရားလွှတ်‌တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။ ဦးစွာ ငပုတောမြို့နယ်တရားရုံးအဆောက်အဦသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊  တိုင်းဒေသကြီးတရားလွှတ်‌တော် တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်တရားရုံးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ  ဧည့်သည်တော်များနှင့်အတူ  ဆိုင်းဘုတ်နှင့် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို ပြုလုပ်ရာ အဆောက်အဦအား တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာက ရုံးအဆောက်အဦသစ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးနောက် ရုံးအဆောက်အဦသစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို တိုင်းဒေသကြီးတရားရေးဦးစီးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးတရားလွှတ်‌တော်တရားသူကြီးချုပ်က တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ ငပုတောမြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ်အမှတ်တရလက်ဆောင်ပစ္စည်းအား ပေးအပ်ပြီးနောက် အဆောက်အဦအား တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးတရားလွှတ်‌တော်တရားသူကြီးချုပ်ထံသို့ အဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ်အမှတ်တရလက်ဆောင်ပစ္စည်းအား ဆက်လက်ပေးအပ်ခဲ့ပြီး ငပုတောမြို့နယ်တရားသူကြီးက ကျေးဇူးတင်စကားများပြောကြားခဲ့သည်။ ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  တရားရုံး​အ​ဆောက်အဦအား လှည့်လည်ကြည့်ရှုစစ်​ဆေးခဲ့ပါသည်။


Read More...
26-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာနှင့် အုန်း​​ချောင်း​ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ​ဆရာ၊ ဆရာမများ၊ ​ကျောင်းသားမိဘများ၊ ကျောင်းသား၊ ​ကျောင်းသူများနှင့်​တွေ့ဆုံ၊ ချောင်းသာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ School Cum Shelter ကြည့်ရှုစစ်​ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယ​​နေ့မွန်းလွဲပိုင်းက ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ​ဆရာ၊ ဆရာမများ၊ ​ကျောင်းသားမိဘများ၊ ကျောင်းသား၊ ​ကျောင်းသူများနှင့်​တွေ့ဆုံခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်က “ တိုင်း​ဒေသကြီးအစိုးရအဖွဲ့အ​နေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး၊ အတန်းစဉ်ကူးပြောင်းမှုများ ပျက်ကွက်မှုမရှိစေရေး  တွန်းအား​ပေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ အုပ်ချုပ်​ရေးအဖွဲ့များကလည်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်း​ဒေသကြီးတွင် အ​ခြေခံစာတတ်​မြောက်​ရေးလုပ်ငန်းအဖြစ် မူလတန်းပညာဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရသူများနှင့် မူလတန်းပညာ မသင်ကြားခဲ့ရသူများကို  ရက်ပေါင်း (၄၀)ကြာ တစ်နေ့လျှင် ပျမ်းမျှ (၃)နာရီနှုန်းဖြင့် နာရီပေါင်း (၁၂၀)ကြာ သင်ကြားပို့ချပေးနိုင်ခဲ့ပါကြောင်း၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​ရေးနှင့် စာဖတ်ရှိန်မြှင့်တင်​ရေးအတွက် ​ကျောင်းစာကြည့်တိုက်များ ရှင်သန်ခိုင်မာ​စေ​ရေး ​ဆောင်ရွက်ရမည်ဖြစ်​ကြောင်း၊ မိုးဦးကာလကိုရောက်ရှိလာပြီဖြစ်၍ ကျောင်းအဆောက်အဦများ ခိုင်ခံ့မှုရှိစေရေး ကြိုတင်ဆောင်ရွက်ရမည်ဖြစ်​ကြောင်း၊ ပင်လယ်ကမ်း​ခြေ​ဒေသဖြစ်သဖြင့် မုန်တိုင်းအန္တရာယ်ဖြစ်ပေါ်လာပါက ဆိုင်ကလုန်းရှယ်တာများ၊ ကုန်းမြင့်များသို့ ကြိုတင်ရွှေ့ပြောင်း​နေထိုင်ကြရန်လိုပါကြောင်း၊ မိုး​လေဝသသတင်းများ၊ မုန်တိုင်းသတိ​ပေးချက်များကိုလည်း အစဥ်အမြဲ​လေ့လာ​နေကြရန်လို​ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့ကျောင်း၏ လိုအပ်ချက်အခက်အခဲများရှိပါက တင်ပြပေးစေလိုကြောင်း” အမှာစကားများပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ကြီးက ကျောင်း၏လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ရာတိုင်းဒေသကြီးပညာရေးမှူးက ကျောင်းအဆောက်အဦ၊ ပရိဘောဂ၊ ဆရာ၊ ဆရာမများ ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့​နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ​ဘောပင်၊ ခဲတံများနှင့်  ကျောင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပါသည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေသောင်ယံမြို့၊ အုန်းချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ခဲ့ပြီး ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်ချက်တင်ပြမှုများအ​ပေါ်ပေါင်းစပ် ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့ကာ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ​ချောင်းသာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အမျိုးသား သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု​ကော်မတီ၏ ခွင့်ပြုရန်ပုံ​ငွေ (၂၆၂.၇၁)ကျပ်သန်းဖြင့်​​ဆောင်ရွက်သည့် (၁၃၀'×၃၀') RCC နှစ်ထပ် School Cum Shelter တည်​ဆောက်ပြီးစီးမှု၊ သဘာဝဘေးအန္တရာယ်ဖြစ်​ပေါ်လာပါက ပြည်သူများ လာ​ရောက်ခိုလှုံ​နေထိုင်နိုင်​ရေး ပြင်ဆင်ထားရှိမှု၊ သောက်သုံး​ရေရရှိ​အောင် ​ဆောင်ရွက်ထားရှိမှု၊ ရှာ​ဖွေကယ်ဆယ်​ရေးအဖွဲ့များ စုဖွဲ့ထားရှိမှုနှင့် ရှာ​ဖွေကယ်ဆယ်​ရေးပစ္စည်းများအား ကြည့်ရှုစစ်​ဆေးခဲ့ပြီး တိုင်း​ဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့ပါသည်။


Read More...
25-May-2024