သတင်းများ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ပန်းတနော်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင်ပြုလုပ်သည့် “ဦးသန့်”စာကြည့်တိုက်နှင့်ပြတိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားအား တက်ရောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များသည် ပန်းတနော်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင် ပြုလုပ်သည့် “ဦးသန့်” စာကြည့်တိုက်နှင့်ပြတိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ခဲ့ကြသည်။


Read More...
10-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် (၉.၅.၂၀၂၄)ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ်အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်ပြီး ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသားလေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ မအူပင်မြို့နယ်အသင်းနှင့် ညောင်တုန်းမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။


Read More...
10-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့်အဖွဲ့အားတွေ့ဆုံ
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် (၉.၅.၂၀၂၄)ရက်နေ့ ညနေပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူ များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ ဆောင်ရွက်လျက်ရှိသည့် နွေစပါး၊ မိုးစပါးစီမံကိန်း၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်းနှင့် မွေးမြူရေးစီမံကိန်းများ၊ စီမံကိန်းရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ရမည့်နည်းလမ်းနှင့်တာဝန်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အရင်းမပျောက်မတည်ငွေဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ စီမံကိန်းနှင့် ရည်ရွယ်ချက်များအားလည်းကောင်း၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လယ်ယာမြေအခြားနည်း အသုံးပြုခြင်း ကိစ္စရပ်များအားလည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နို့စားနွားမွေးမြူရေး၊ အသားတိုးကြက်၊ ဥစားကြက်နှင့် ငါးမွေးမြူရေးလုပ်ငန်းများအတွက် ထောက်ပံ့ ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ဆောင်ရွက်ထားရှိမှုများ၊ ဆီထွက်သီးနှံများစိုက်ပျိုးမှုအပေါ် နည်းပညာများ ပံ့ပိုးပေးနိုင်မည့် အခြေများအား ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။


Read More...
10-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနား တက်ရောက်ဖွင့်လှစ်
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို (၉.၅.၂၀၂၄)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပညာရေးမှူး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။


Read More...
10-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်းအဝေးတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်း အဝေးကို (၇.၅.၂၀၂၄)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးနှင့် သက်ဆိုင်ရာဌာနများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။


Read More...
08-May-2024