သတင်းများ


ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၂၈)ရက်နေ့ ၊ (၁၀၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်(၂) ဦးတင်အေး၊ ကောင်စီအတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများလိုက်ပါလျက် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်ရှိ ဧရာဝတီတိုင်းဒေသကြီးသို့ ဝင်ပေါက်တစ်ခု ဖြစ်သည့် ရေနံ့သာစစ်ဆေးရေးဂိတ်တွင် Covid-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် တိုင်းအတွင်းသို့ဝင်ရောက်လာသည့်မော်တော်ယာဉ်များနှင့် လိုက်ပါလာသူများကို စစ်ဆေးနေမှုအခြေအနေ များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လိုအပ် ချက်များတင်ပြရာ ကောင်စီဥက္ကဋ္ဌမှ ဌာနဆိုင်ရာများနှင့်ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။ ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၁၀၅)အချိန်တွင် ဟင်္သာတခရိုင်၊ မြန်အောင် မြို့နယ်၊ ဘန့်ဘေးကုန်းကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိသည့် Solar Mini-Grid မီးလင်းရေးဆောင်ရွက်မှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ အဆိုပါ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်မှ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေ များအား ရှင်းလင်းတင်ပြရာတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်မီးလင်းရေး Mini-Grid လုပ်ငန်း(၁၉)ခုရှိကြောင်း၊ ဆောင်ရွက်ပြီး Mini-Grid လုပ်ငန်း(၁၀)ခုဖြစ်ကြောင်း၊ ကျေးရွာ အုပ်စု(၉)အုပ်စု၊ ရွာပေါင်း(၁၄)ရွာ၊ အိမ်ခြေ(၂၅၃၁)ခုအား အကျိုးပြုနေပြီဖြစ်ကြောင်း၊ မြန်အောင် မြို့နယ်၊ ဘန့်ဘွေးကုန်း Mini-Grid လုပ်ငန်းမှာ ဘန်ဘွေးကုန်းကျေးရွာနှင့် ရေတာကျေးရွာ (၂)ရွာအား အကျိုးပြုမည်ဖြစ်ကြောင်း၊ အကျိုးပြုအိမ်ခြေ(၂၉၈)အိမ်နှင့် အကျိုးပြုဦးရေ(၁၄၉၄) ယောက်ရှိကြောင်း၊ စီမံကိန်းတန်ဖိုးမှာ ၇၂၃၂၀၀ (USD) ဖြစ်ပြီး ပြည်သူ့ထည့်ဝင်ငွေမှာ ၁၄၃၅၇၁.၄၃ (USD) ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၂၀၀)အချိန်တွင် ဟင်္သာတခရိုင်၊ ကြံခင်း မြို့နယ်၊ အုတ်ပုံစစ်ဆေးရေးဂိတ်တွင် ဧရာဝတီတိုင်းဒေသကြီးသို့ ဝင်ရောက်လာမည့် မော်တော်ယာဉ်များနှင့် လိုက်ပါလာသူများကို Covid-19 ရောဂါ စစ်ဆေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး ပူးပေါင်းစစ်ဆေးရေးဂိတ်တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြရာ ကောင်စီဥက္ကဋ္ဌမှ လိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၅၀၅)အချိန်၌ ဟင်္သာတခရိုင်၊ မြန်အောင် မြို့တွင် လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မြန်အောင်(မြို့ပတ်လမ်း) မိုင်၀/၀-၁/၇+၄၄၉' အတွင်းကတ္တရာကွန်ကရစ်လမ်းခင်းခြင်း စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။ ဆက်လက်၍ မြန်အောင်မြို့နယ်၊ မကျီးစုကျေးရွာ၊ ပန်းခြံအနီးကမ်းပြိုကမ်းစားမှု ကာကွယ်ခြင်းကမ်းထိန်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဟင်္သာတခရိုင်ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံမင်းနှင့် ရေအရင်းအမြစ် နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိန်လွင်မှ လုပ်ငန်းတန်ဖိုးငွေကျပ် (၁၉၃.၂)သန်းဖြင့် အလျား(၃၂၀)ပေ၊ Geotextile ကပ်နံရံနှင့်ရေထဲပိုင်း Geo-Bag ချခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေများ၊ ရေကြောင်းစီးဆင်းမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ကောင်စီ ဥက္ကဋ္ဌမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၅၄၀)အချိန်၌ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ မြန်အောင်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသို့ သွားရောက်ခဲ့ပြီး ဓာတ်အားပေးဝေမှုအခြေ အနေများ၊ စက်ရုံဆိုင်ရာအသေးစိတ်အချက်အလက်များကို စက်ရုံမှူး ဦးဝင်းထိန်မှ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး စက်ရုံအတွင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၆၂၅)အချိန်တွင် မြန်အောင်မြို့နယ် ၊ ကန်ဇွန်းခုံ ကျေးရွာအုပ်စု၊ တောင်သူဦးသက်ဆွေဝင်း၏ မိုးမြေပဲစိုက်ကွင်းသို့ သွားရောက်ခဲ့ပါသည်။ ထို့နောက် စိုက်ကွင်းရှင်းလင်းဆောင်တွင် တောင်သူများနှင့်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်မှ မိုးမြေပဲစံပြ(၅၀.၀၀)ဧကစိုက်ပျိုးထားရှိမှု၊ မိုးမြေပဲစိုက်ပျိုး ဖြစ်ထွန်းမှု၊ တစ်ဧကကုန်ကျစရိတ်၊ တစ်ဧကအကျိုးအမြတ်များအား ရှင်းလင်းတင်ပြခဲ့ပြီး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ တောင်သူများအား Gypsum ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၆၅၀)အချိန်တွင် မြန်အောင်မြို့နယ် ၊ ကန်ဇွန်းခုံ ကျေးရွာအနီး လျှပ်စစ်မြစ်ရေတင်လုပ်ငန်းသို့ သွားရောက်ခဲ့ပြီး တိုင်းဒေသကြီးရေအရင်းအမြစ် အသုံးချရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးမြင့်သိန်းမှ ကန်ဇွန်းခုံလျှပ်စစ်မြစ်ရေတင် လုပ်ငန်းအချက်အလက်များ၊ လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာတွင် မြစ်ရေတင်စီမံကိန်းအား ခန့်မှန်း ကုန်ကျငွေ ကျပ်သန်း (၈၅၁.၅၉၈၁) ဖြင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပင်မမြောင်းအရှည်(၂.၂၃)မိုင်၊ လက်တံမြောင်းအရှည်(၉.၅၄)မိုင်၊ တူးမြောင်းအဆောက်အဦ(၂၆၀)ခန့်ရှိကြောင်း၊ 30 Cusec Pump+250KW,Motor(4)Set ဖြင့်ရေတင်ဖြန့်ဝေလျက်ရှိကြောင်း၊ လယ်မြေဧက(၅၀၀၀)ခန့်အား ရေပေးဝေနိုင်ကြောင်း၊ လျှပ်စစ်မီတာအခက်အခဲရှိကြောင်း တင်ပြခဲ့ရာ ကောင်စီဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
28-Jun-2021
သာပေါင်းစက္ကူစက်ရုံပြန်လည်လည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၂၅)ရက်နေ့ ၊ (၁၅၅၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ သာပေါင်းစက္ကူစက်ရုံအား ပြန်လည် လည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)မှ တာဝန်ရှိသူများနှင့် ညောင်တုန်းရေနံမြေနှင့် သဘာဝဓါတ်ငွေ့မြေမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။ အစည်းအဝေးတွင် စက်ရုံပြန်လည်ပြင်ဆင်ဆောင်ရွက်မည့်ကိစ္စများ၊ စက်ရုံပြန်လည် လည်ပတ်ရန်အတွက် Gas ရရှိအောင်ဆောင်ရွက်ရမည့်ကိစ္စများ၊ ကုန်ကြမ်းရရှိအောင် ဆောင်ရွက်မည့် အစီအစဉ်များအား တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြရာ ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
25-Jun-2021
ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၃/၂၀၂၁) ကျင်းပ ပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၂၅)ရက်နေ့ ၊ (၁၃၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုကော်မတီအစည်း အဝေး(၃/၂၀၂၁)ကျင်းပပြုလုပ်ခဲ့ရာ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူးမှ တောင်သူမျာအားနစ်နာကြေးနှင့်လျော်ကြေး ပေးလျော်နိုင်ရေးအတွက် တွက်ချက်မှုပုံစံ(၁၂)ဖြင့်တွက်ချက်ပြီး ဗဟိုလယ်စီသို့ထောက်ခံတင်ပြရမည့် အမှုတွဲများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျောက်ဆုံးသွားသော ပုံစံ(၇)လက်မှတ်အသစ် ပြန်လည်ထုတ်ပေးနိုင်ရေးနှင့် မြေယာအယူခံမှုများအား ဆွေနွေးတင်ပြခဲ့ရာ ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
25-Aug-2021
Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၆/၂၀၂၁) ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၂၅)ရက်နေ့ ၊ (၁၀၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၆/၂၀၂၁) ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် (COVID-19) ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ကော်မတီ၏ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ထားရှိမှု များအား ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသ ရေးဦးစီးဌာနမှ ဒေါက်တာသီဟအောင်က ကျန်းမာရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေ အနေများအား ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
25-Jun-2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် တိုင်းဒေသကြီး အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၂၁)ရက်နေ့ ၊ (၁၄၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီးအမျိုးသမီးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ကောင်စီအဖွဲ့ဝင်(၃) ဦးအုန်းမြင့်မှ အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နော်သဝါးမှ တိုင်းဒေသကြီးအတွင်း ဆောင်ရွက် ထားရှိသည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်းနှင့် ကော်မတီဝင်များမှ ဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်မှ လိုအပ်သည် များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
21-Jun-2021