သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အား တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ၊ တိုင်းဒေသကြီးနှင့်ခရိုင် စိုက်ပျိုးရေးဌာနများ၏ လုပ်ငန်းဆိုင်ရာဆောင်ရွက်ထားရှိမှု များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၁၁) ရက်နေ့ ၊ မွန်းလွဲ(၁)နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ၊ တိုင်းဒေသကြီးနှင့် ခရိုင် စိုက်ပျိုးရေးဌာနများ၏ လုပ်ငန်းဆိုင်ရာဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများမှစက်ရုံမှူးများ၊ တိုင်းဒေသကြီးနှင့် ခရိုင်(၆)ခရိုင်တို့မှ စိုက်ပျိုးရေးဦးစီးမှူးများ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် အမှတ်(၃၂)အကြီးစားဘိလပ်မြေစက်ရုံ (ကြံခင်း)မှစက်ရုံမှူး ဦးဝင်းနိုင်၊ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)မှ စက်ရုံမှူးဦးသိန်းဇော်ဦး၊ အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်)မှ စက်ရုံမှူး ဦးသက်မင်းထွန်း၊ အမှတ်(၃၆) အကြီးစားမှန်စက်ရုံ(ပုသိမ်)မှ စက်ရုံမှူးဦးကိုကြည်တို့မှ လုပ်ငန်းဆောင်ရွက်ချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြ ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြာရေးမှူး ဦးစိန်မောင်မြင့်နှင့် ခရိုင်(၆)ခရိုင်မှခရိုင်ဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပါသည်။ အဆိုပါရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
11-Aug-2021
ဧရာဝတီတိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃၅/၂၀၂၁) ကျင်းပခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၁၁) ရက်နေ့ ၊ နံနက် (၀၉၀၀)နာရီအချိန်တွင် တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃၅/၂၀၂၁) ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်က ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ယခင်နေ့ အစည်းအဝေးမှတ်တမ်း အပေါ်လုပ်ဆောင်ထားရှိမှုနှင့် ကော်မတီ၏ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းက ကျန်းမာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများအား Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော ကော်မတီဝင်များမှဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌမှ သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
11-Aug-2021
ကျောင်းကုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးရုံသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်လှူဒါန်းခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား ကြည့်ရှုအားပေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၁၀) ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ လမ်းပန်းဆက်သွယ်​ရေးဝန်ကြီး ရဲမှူးကြီးတင်​ဇော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဝတ်စုံများ၊ အောက်စီဂျင် 40L (၂၀)အိုးနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့​နောက် ဆေးရုံဝန်းအတွင်း အောက်စီဂျင်စက်ရုံဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အောက်စီဂျင်အမြန်ထုတ်လုပ်နိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့ကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းကုန်းမြို့ပေါ်ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
10-Aug-2021
ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃၄/၂၀၂၁) ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၉) ရက်နေ့ ၊ နံနက် (၉)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃၄/၂၀၂၁)အား Video Conferrencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီးဗိုလ်မှူးကြီးအောင်ဆန်းလွင်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာစောမြခင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာ စကား ပြောကြားခဲ့ပြီးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ယခင်နေ့ အစည်းအဝေးမှတ်တမ်းအပေါ် လုပ်ဆောင်ထားရှိမှုနှင့် ကော်မတီ၏ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စောမြခင်က ကျန်းမာရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများအား Power Point ဖြင့်ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး Video Conferrencing စနစ်ဖြင့် ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌများနှင့် တက်ရောက်လာသော ကော်မတီဝင်များမှ အထွေထွေဆွေးနွေးတင်ပြခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီးဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။


Read More...
09-Aug-2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ မြောင်းမြမြို့နှင့် လပွတ္တာမြို့များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျှက် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၇)ရက်နေ့ ၊ နံနက်(၈)နာရီခွဲအချိန်တွင် မြောင်းမြမြို့၊ မြကန်သာရပ်ကွက်၊ စမ်းကျောက်လမ်းတွင် Oxygen စက်ရုံတည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အ​နေဖြင့် စက်ရုံအမြန်လည်ပတ်နိုင်ရေး လိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ မြကန်သာရပ်ကွက်၊ စမ်း​ချောင်းလမ်းရှိ ဦးမျိုးကိုကို၊ ကြက်ဥ/ ဘဲဥ ​ရောင်းဝယ်​ရေးလုပ်ငန်းသို့ သွား​ရောက်၍ ကြက်ဥ၊ ဘဲဥ​စျေးနှုန်းနှင့် ဝယ်ယူရောင်းချနေမှုများအား ကြည့်ရှုခဲ့ပြီး နေ့စဉ်ရောက်ရှိ ရောင်းဝယ်နေမှုအခြေအနေများအား မေးမြန်းခဲ့ကာ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊  စားသုံးသူများ သက်သက်သာသာ ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးရန် လမ်းညွှန်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ မုဆိုးကွင်းကျေးရွာအုပ်စု၊ ရှုခင်းသာကျေးရွာရှိ ဦးမြင့်အောင် + ဒေါ်ရီရီသန့် ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်၍ နေ့စဉ်ကြက်ဥထွက်ရှိမှုအခြေအနေများ၊ ကြက်ဥစျေးနှုန်းများနှင့် ရောင်းချမှု အခြေအနေများအား ကြည့်ရှုအား​ပေးခဲ့ပြီး ယခုကာလအတွင်း အများပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ​မွေးမြူ​ရေးလုပ်ငန်းအတွက် ​ဆေးဝါးများထောက်ပံ့​ ပေးအပ်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့မှ လပွတ္တာမြို့သို့ ဆက်လက်ထွက်ခွာလာခဲ့ပြီး လပွတ္တာမြို့နယ်၊ (၃)မိုင်မြို့၊ အမှတ်(၁၁၂၂)၊ မ​ဟော်ဂနီလမ်းတွင် လပွတ္တာမြို့နယ်အတွင်းရှိ ဆရာ​တော်/သံဃာ​တော်များကဦး​ဆောင်၍ ​စေတနာရှင် မြို့နယ်သူ၊ မြို့နယ်သားများ စုပေါင်းလှူဒါန်း​၍ Oxygen စက်ရုံတည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုအား​ပေးခဲ့ပါသည်။ ဆက်လက်ပြီး လပွတ္တာမြို့နယ်၊ ​ကျောက်​မှော်​ကျေးရွာအုပ်စု၊ ​အောက်​ချောင်းကျေးရွာတွင် သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် တစ်ကွင်းတစ်ဆက်တည်း ဧက(၁၀၀) စံပြစိုက်ကွင်းရှိ တောင်သူဦးထွန်းလင်း၏ စံပြကွက်စိုက်ခင်းတွင် ပေါ်ဆန်းမွှေးစပါး စိုက်ပျိုးဖြစ်ထွန်း​နေမှုအ​ခြေ အနေများအား ကြည့်ရှုအားပေးခဲ့ပါသည်။ ဆက်လက်၍ လပွတ္တာမြို့၊ ကုတင်(၁၀၀) ဆေးရုံသို့ သွားရောက်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး PPE ဝတ်စုံများ၊ ဆေးပစ္စည်းများ၊ Oxygen 40 Litter အိုး(၂၀)လုံးနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက် လပွတ္တာမြို့နယ်၊ လပွတ္တလုပ်တောင်ကျေးရွာရှိ ရှင်စောမြတ်စေတီတော်မြတ်တန်​ဆောင်းတွင် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာတေဇ အရှင်သူမြတ်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။           ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့သို့ပြန်လည် ထွက်ခွာ လာခဲ့ပြီး မြောင်းမြမြို့ရှိအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု အခြေအနေများအားကြည့်ရှုအားပေးခဲ့ကာ ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် Oxygen 40 Litter အိုး(၁၅)လုံးနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ဆေးရုံကြီးတွင် အောက်စီဂျင် ထုတ်လုပ်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ပုသိမ်မြို့သို့ပြန်လည်ထွက်ခွာလာခဲ့ပြီး ပုသိမ်မြို့နယ်၊ သစ်ပုတ်ကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်း ကျေးရွာတွင် We Love Pathein ပရဟိတအဖွဲ့မှ  အောက်စီဂျင်စက် တပ်ဆင်ဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
07-Aug-2021