သတင်းများ


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုယာဉ်နှင့်တွဲဖက်၍ ယိမ်းကပြရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ပုသိမ်တက္ကသိုလ် အစည်းအဝေးခန်းမ၌ ပြုလုပ်သည့်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုယာဉ်နှင့်တွဲဖက်၍ ယိမ်းကပြရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကာ “(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုယာဉ်နှင့်အတူ ယိမ်းအဖွဲ့များမှ ပါဝင်ဖျော်ဖြေ ရမှာဖြစ်ပါကြောင်း၊ ယိမ်းအဖွဲ့များ ကပြရန်အတွက် တိုင်းဒေသကြီးသီချင်းအား ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သီချင်း၊ စာသားနှင့် အကမှာလည်းမြိုင်မြိုင်ဆိုင်ဆိုင် မြူးမြူးကြွကြွ ဖြစ်စေရန်ဖြစ်ပါကြောင်း”ပြောကြားသည်။ ထို့နောက် ယိမ်းကပြရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းရင်းသားရေးရာဝန်ကြီးက ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက အထွေထွေဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သို့ သွားရောက်၍ အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများအတွက် သင်ထောက်ကူပစ္စည်းများအသုံးပြု၍ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့်သင်တန်း (ဇီဝဗေဒဘာသာရပ်) အား ပုသိမ်တက္ကသိုလ်မှ နည်းပြ ဆရာ၊ ဆရာမများက သင်ကြားပို့ချနေမှုအား ကြည့်ရှုအားပေးပြီး ဆရာ၊ဆရာများအနေဖြင့် သင်ကြားပို့ချမှုအား ကြိုးစား လေ့လာသင်ယူမှတ်သားကြရန်နှင့် မိမိ၏တပည့်များအား လက်တွေ့ကျကျ အကောင်းဆုံး ပြန်လည်သင်ကြားပေးနိုင်ရေးတို့အား မှာကြားပြီး ထောက်ပံ့ငွေများပေးအပ်ကြောင်းသိရသည်။


Read More...
27-Nov-2022
ပုသိမ်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ အလုပ်ရုံဆွေးနွေးပွဲအား ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ အလုပ်ရုံဆွေးနွေးပွဲများအား တိုင်းဒေသကြီးအတွင်း ဇုန်(၃)ဇုန်ခွဲ၍ ပုသိမ်၊ ဟင်္သာတ၊ မအူပင် တက္ကသိုလ်များတွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် ရာခိုင်နှုန်း ၅၂.၁၆%ဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ဒုတိယအောင်ချက်အ‌ကောင်းဆုံး ရရှိခဲ့ပါကြောင်း၊ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း ပိုမိုတိုးတက်လာအောင် နှစ်စမှစပြီး ကြပ်မတ် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊  တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆို ကြမည့် ကျောင်းတွင်းနှင့် ပြင်ပဖြေ ကျောင်းသား၊ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် အလေးထားဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဖြေဆိုမည့် သူများသည် စာသင်ကြားပေးသည့် နေရာ တစ်ခုခုတွင် တက်ရောက် သင်ယူနေမှသာ အောင်မြင်စွာ ဖြေဆိုနိုင်မည်ဖြစ်ပြီးကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေး အဖွဲ့များနှင့် ကျောင်းသားမိဘများက ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် အလေးထား ပံ့ပိုးပေးလျှက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်မှသာ အဆင့်မြင့်ပညာ သင်ယူနိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါ‌ကြောင်း၊ ဆွေးနွေးပွဲရလဒ်များအား ဆရာ၊ဆရာများ အနေဖြင့် သေချာမှတ်သား၍ မိမိ၏ တပည့်များအား နားလည်အောင် ဆင့်ပွားပို့ချပေးရန်ဖြစ်ပါကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲမှ အကျိုးရှိသော ရလဒ်ကောင်းများရရှိမည်ဟု ယုံကြည်ပါကြောင်း၊ တက်ရောက်လာ သော ဆရာ၊ ဆရာမများနှင့် သင်ကြားဆွေးနွေးပေးမည့် ဆရာကြီး၊ ဆရာမကြီးတို့အနေဖြင့် အပြန်အလှန် ဆွေးနွေးပေးရန်”ပြောကြားသည်။ ဆက်လက်၍ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မာ့ရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ဆရာ၊ဆရာမများအတွက် ဂုဏ်ပြုထောက်ပံ့ငွေများအား ပေးအပ်ရာ  ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်က လက်ခံရယူခဲ့ပြီး ဆရာ၊ဆရာများနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


Read More...
27-Nov-2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ဧရာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်များမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြောင်းမြခရိုင်အတွင်းသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ တိုင်းဒေသကြီး  ဝန်ကြီးချုပ်သည် ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးရွာရှိ တောင်သူဦးမျိုးသန့်၏ လယ်‌မြေ၌ပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ဆောင်းသီးနှံ(နေကြာ)စိုက်နည်းစနစ် ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝါးခယ်မမြို့နယ်၊ ကျေးလက်လမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော အူကျွန်း-ရေလိန်လမ်း (၁မိုင်၀.၄ဖာလုံ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ် အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းလုပ်ငန်းများ ပြီးစီးစေရေးနှင့် လမ်းပုခုံးများ စနစ်ကျကောင်းမွန်ရေးတို့အား တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။ ထို့နောက် မြောင်းမြမြို့နယ်၊ကျုံဝါးကျေးရွာ၊တောင်သူ တောင်သူဦးဇော်ဝင်း၏ လယ်ဧက(၁၆)ဧက၌ ရက် ၉၀ အမျိုးအစားနှင့် GW-11 အမျိုးအစား နွေစပါး စိုက်ပျိုးရန်အတွက် စုပေါင်းထွန်ယက်နေမှုအား ကြည့်ရှုအားပေးကာ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မိုးစပါးတစ်ဧကအထွက်နှုန်း၊ ဈေးကွက်အတွင်းရောင်းချရမှုများနှင့် ဓာတ်မြေဩဇာ သုံးစွဲမှုတို့အား မေးမြန်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ‌ရေးနှစ်၊ တိုင်းဒေသကြီး ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်ခဲ့သည့် မြကန်သာရပ်ကွက်၊ဒိုဘီကုန်းဈေး ကွန်ကရစ်လမ်းသစ် (၁၁၀၀'×၁၂'×၆") အား တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုလုပ်ငန်းစဉ်များဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ “မိမိတို့တိုင်းဒေသကြီး၌ နွေစပါးဧက ခြောက်သောင်း‌ကျော်နှင့်ပဲတီစိမ်းဧက ၆သောင်းကျော်စိုက်ပျိုးပြီးစီး‌နေပြီဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးတွင် သွင်းအားစုများ ရရှိစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ စပါးနှင့်ပဲတီစိမ်း အထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊မိမိတို့တိုင်းဒေသကြီးတွင်ရိုးပြတ်ကျန် ဧက လျော့နည်းစေရေးအတွက် ယခုနှစ်တွင် ဧက၂သိန်းခန့်တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ရရှိမည့် ရန်ပုံငွေများဖြင့် ကြိုးစားဆောင်ရွက်ရန်လိုပါကြောင်း၊လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုပါကြောင်း”ပြောကြားသည်။ ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက တောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်မည့် အခြေအနေများ၊ဆွေး‌နွေးတင်ပြချက်များနှင့် လုပ်ငန်းလိုအပ်ချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းမှာကြားပြီး သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။


Read More...
26-Nov-2022
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့၊မြို့တော်ခန်းမ၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအခမ်းအနားအား ယနေ့ညနေပိုင်းကပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြသည်။ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“၁၉၉၁ ခုနှစ်ကစပြီး နှစ်စဉ်နိုဝင်ဘာလ (၂၅)ရက်ကို အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုရပ်တန့်ရေးနေ့ (Elimination of Violenceagainst Women Day ) (ဖဲကြိုးဖြူ နေ့)ကို ကျင်းပခဲ့ကြပါကြောင်း၊ ဖဲကြိုးဖြူကိုတပ်ဆင်ရခြင်း အဓိပ္ပာယ်သည်  အမျိုးသမီးတွေအပေါ်ကိုယ်တိုင်လည်း အကြမ်းမဖက်ဘူး၊ အကြမ်းဖက်မှုတွေကိုလည်းတတ်နိုင်သမျှ ကာကွယ်တားဆီးပေးမယ်လို့ ဆိုလိုခြင်းဖြစ်ပါကြောင်း၊အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုသည် လူ့အဖွဲ့အစည်းတိုင်းတွင် ရှိနေသကဲ့သို့ မတူညီသောအခြေအနေများ၌ မတူညီသောပုံစံများဖြင့်ရှိနေပါကြောင်း၊အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး လှုံ့ဆော်မှုများသည် အိမ်တွင်းအကြမ်းဖက်ခံရမှုအပေါ် အာရုံစိုက်လာပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုအား လျော့နည်း ပပျောက်သွားစေမှာဖြစ်ပါကြောင်း၊ပြဿနာဆိုသည်မှာ မဖြစ်ခင်ကြိုတင်တားဆီးနိုင်မှ ဆုံးရှုံးနစ်နာမှုမရှိမှာဖြစ်ကြောင်း၊ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြုဆိုပြီး နည်းလမ်းနှစ်သွယ်ဖြင့် ဆောင်ရွက်ပေးရာတွင် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချမှုရှိရန် အရေးကြီးပါကြောင်း၊ သင်တန်းကျောင်း၌ စောင့်ရှောက်သူများထက် ရပ်ရွာထဲ၌ စောင့်ရှောက်ထားသည့်သူများအတွက် လုံခြုစိတ်ချမှုရှိစေရန် ရပ်ရွာ၌ရှိသည့် အုပ်ချုပ်သူများ၊ရပ်မိ၊ရပ်ဖများက အလေးထားပြီး ဝိုင်းဝန်းစောင့်ရှောက်ရမှာ ဖြစ်ပါကြောင်း၊ထို့အပြင် အကြမ်းဖက်ခံရသူအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးမှု၊နှစ်သိမ့်ဆွေးနွေးပေးမှု၊ကျန်းမာရေးဝန်ဆောင်မှု၊ ဥပဒေရေးရာဝန်ဆောင်မှု၊ လူမှုရေးဝန်ဆောင်မှုနှင့် နားခိုရန်နေရာတို့ကိုလည်း စီစဉ်ဆောင်ရွက်ပေးနိုင်ရန် ဌာနဆိုင်ရာအချင်းချင်းချိတ်ဆက် ဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ အကြမ်းဖက်ခံရသောအမျိုးသမီးများ နားခိုရန် center ကိုတည်ဆောက်နိုင်ဖို့ မြေနေရာချထားပေးပြီးဖြစ်ကြောင်း၊ယနေ့ကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုသည် နိုဝင်ဘာလ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက် နေ့အထိသာလှုပ်ရှားမှု မဟုတ်ဘဲ အသက်ရှင်နေသည့်ကာလ တစ်‌ေလျှာက်လုံး အကြမ်းဖက်မှုကင်းဝေးပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများ၌ ပါဝင်ဆောင်ရွက်ခွင့် ရရှိရေး ပံ့ပိုးကူညီဆောင်ရွက်သွားရမှာဖြစ်ပါကြာင်း၊ ယခုနှစ်၏ဆောင်ပုဒ်ဖြစ်သော " အမျိုးသမီးများအပေါ်အကြမ်းဖက်မှု အဆုံးသတ်ရေး အားလုံးပေါင်းစုလှုပ်ရှားပေး" ဆိုသကဲ့သို့ အားလုံးပူးပေါင်း ဆောင်ရွက်မှသာလျင် ကျား၊ မ တန်းတူညီမျှမှု မြင့်တက်လာပြီး ခွဲခြားဆက်ဆံမှု ပပျောက်ကာ အကြမ်းဖက်မှုများ လျော့နည်းပပျောက်မည်ဖြစ်ပါကြောင်း”ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု ဆောင်းပါးပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူတစ်ဦးအား ဆုချီးမြှင့်ခဲ့ပြီး အမျိုးသမီးများ ဘဝတစ်လျောက် အကြမ်းဖက်ခံရမှုနှင့်ပတ်သက်သည့် အသိပညာပေး Video Clip ပြသမှုအားကြည့်ရှု၍  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်းသိရသည်။


Read More...
25-Nov-2022
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများ အတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲသင်တန်း ဆင်းပွဲအခမ်းအနားများတက်ရောက်
တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူဆွေးနွေးပွဲ သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ပုသိမ်ပညာရေးဒီဂရီကောလိပ်၊မြောင်းမြပညာရေးဒီဂရီကောလိပ်နှင့်ဘိုကလေးပညာရေးဒီဂရီကောလိပ်၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးဒီဂရီကောလိပ်အသီးသီးမှ ဆရာ၊ဆရာများနှင့် တိုင်းရင်းသားဘာသာစကား သင် ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားများတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က "ယခုသင်တန်းအား နိုင်ငံတစ်ဝှမ်း လုံးရှိ ပညာရေးဒီကရီကောလိပ်များတွင် ဖွင့်လှစ်ဆွေးနွးခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်လျက်ရှိပါကြောင်း၊တိုင်းရင်းသားဘာသာ စကားသင် ဆရာ/ဆရာမများ အနေဖြင့်မိမိတတ်ကျွမ်းသည့် ဘာသာရပ် များအပြင် အခြားလိုအပ်သော ဘာသာရပ်များကိုလည်း တစ်ဖက်တစ်လမ်းမှ အားဖြည့်သင်ကြားပေးလျက်ရှိသည်ကို သိရှိရသည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊သင်တန်းသား ဆရာ၊ဆရာမများအနေဖြင့် မိမိ၏ တပည့်သားသမီးများအား မတတ်သည်များကို တတ်အောင်၊  မသိတာသည်များကို သိအောင်၊ နားမလည် သည်များကို နားလည်အောင်၊ မကျွမ်းကျင်သည်များကို ကျွမ်းကျင်အောင်၊ မလိမ္မာသည်များကို လိမ္မာအောင်၊ လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်စေရန်အတွက် သွန်သင်ဆုံးမပေးရမှာ ဖြစ်ပါကြောင်း၊  ဆရာ/ဆရာမများသည် လက်ဦးဆရာ ပုံသွင်းသူများဖြစ်သဖြင့် တပည့်များကိုလမ်းမှန်​ရောက်​အောင် လမ်းပြရမည်ဖြစ်​ကြောင်း၊ သင်တန်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကိုလည်း မိမိတာဝန်ကျရာဒေသများတွင် ဆင့်ပွားမျှဝေခြင်း ထပ်ဆင့်ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊  ရရှိလာသည့် ရလဒ်များကိုလည်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုပါကြောင်း၊ "ဆရာ၊ ဆရာမများသည် အမြဲမပြတ်သင်ယူ လေ့လာနေသည့် ထာဝရကျောင်းသားကြီးများဖြစ်သည်"ဆိုသည့်အတိုင်း စာ​ပေပညာရပ်များကို အစဥ်အမြဲ​လေ့လာ​နေဖို့လိုအပ်​ကြောင်း၊ တပည့်​တွေရဲ့ စွမ်းရည်သတ္တိ ကိုယ်ရည်ကိုယ်​သွေးများကို မြှင့်တင်​ပေးရမှာဖြစ်​ကြောင်း၊ လက်ဦးဆရာ​ကောင်းမှ တပည့်​တွေရဲ့ ဘဝ ​ကောင်းမွန်မှာဖြစ်​ကြောင်း၊ ​​​ခေတ်မီဖွံ့ဖြိုးတိုးတက်​သောနိုင်ငံ​တော်တည်​ဆောက်ရာတွင် ပညာ​ရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်​ကြောင်း၊ဆရာ၊ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများ၏ စံနမူနာပြ ဖြစ်ဖို့ လိုပါကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် အရင်းတည်ပြီး နိုင်ငံတော်ရဲ့ အနာဂတ်ခေါင်းဆောင်များ ဖြစ်လာမည့် တပည့်များအား အရည်အချင်းပြည့်ဝသည့် လူတော်လူကောင်းများဖြစ်အောင် လမ်းပြသွန်သင်‌ေပးကြရန်နှင့်တက္ကသိုလ်ဝင်တန်း​အောင်ချက်မြင့်မား​ရေးအတွက် ဝိုင်းဝန်း​ဆောင်ရွက်ရန် တိုက်တွန်း‌ပါ‌ကြောင်း၊" ပြောကြားခဲ့သည်။ ထို့နောက် တိုင်းရင်းသားဘာသာစကားသင်ဆရာ၊ဆရာမများအား သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြု ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများ၏တိုင်းရင်းသားရိုးရာအကများဖြင့် ဧည့်ခံဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြပညာရေးဒီဂရီကောလိပ်၌ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများနှင့် နေ့လည်စာ အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းများတွင် ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ ပုသိမ်၊ ကန်ကြီးထောင့်နှင့် သာပေါင်းမြို့နယ်များအပါအဝင် မြို့နယ်(၇)မြို့နယ်မှ  တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမ (၃၇၂)ဦး၊ ဘိုကလေးပညာရေးဒီကရီကောလိပ်၌ ဖျာပုံ၊ဘိုကလေး၊ကျိုက်လတ်မြို့နယ်အပါအဝင် မြို့နယ်(၁၀)မြို့နယ်မှ တိုင်းရင်းသား ဘာသာစကားသင် ဆရာ/ဆရာမ (၁၃၇)ဦးနှင့် မြောင်းမြပညာရေးဒီဂရီကောလိပ်၌ မြောင်းမြ၊အိမ်မဲ၊ဝါးခယ်မြို့နယ်များ အပါအဝင် မြို့နယ်(၁၂)မြို့နယ်မှ တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ဆရာမ (၄၀၀)ဦးတို့ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။


Read More...
25-Nov-2022