သတင်းများ


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း လပွတ္တာမြို့နယ်အတွင်း ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်း၊ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများနှင့်အတူမတ်လ ၂၆ရက်နေ့ နေ့လည်ပိုင်း တွင် လပွတ္တာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ လေးအိမ်တန်းကျေးရွာရှိ နေကြာ(စူပါဆန်း-၄၁) ၁၀ ဧက စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုနှင့် ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေတင်၍ Sprinkler (rain gun)ဖြင့် နေကြာခင်းအား ရေဖြန်းခြင်းလုပ်ငန်းဆောင်ရွက်နေ မှုများကိုကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှူးနှင့် လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးတို့မှ နေကြာစိုက်ပျိုးထားရှိမှု၊ ရေဖြန်းခြင်းနှင့်ပေါင်းသင် ခြင်းဆောင်ရွက်နေမှုများနှင့် ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  စိုက်ပျိုးရေးနည်းစနစ်များမှန်ကန်စေရန်၊နေရောင်ခြည်သုံစွမ်းအင်စနစ်များပိုမိုတွင်ကျယ်စွာအသုံးပြုသွားရန်၊ နေကြာစိုက်ခင်းများရေလိုအပ်လာလျှင်ထိရောက်အကျိုးရှိစွာပေးဝေနိုင်သည့် ရေဖြန်းစနစ်များတွင်ကျယ်စွာအသုံးပြုနိုင်ရန်၊ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်စေရေး တောင်သူများအားအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်မှာကြားခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရဲရင့်ထွန်းစပါးခွံလောင်စာတောင့် ထုတ်လုပ်ရေးသို့သွားရောက်၍ စပါးခွံလောင်စာတောင့်ထုတ်လုပ်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး စပါးခွံလောင်စာတောင့်ထုတ်လုပ်ခြင်းအားစနစ်တကျဆောက်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီဆောင်ရွက်စေရေးမှာကြားခဲ့သည်။ အဆိုပါစက်ရုံမှ တစ်နေ့လျှင် စပါးခွံလောင်စာတောင့် (၂၂၅၀)ပိဿာထုတ်လုပ်လျှက်ရှိပြီး ဒေသတွင်းနှင့်နီးစပ်ရာမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရသည်။ ထို့နောက် လပွတ္တာ- သင်္ဃန်းကြီး- ပြင်စလူလမ်း၊ ဆည်မြောင်းတာနှင့်ထပ်နေသည့်လမ်းပိုင်း၌ အတည်ပြုပြီး ရှောင်ကွင်းလမ်းအူကြောင်းအမှတ်(၁)၊  (၃မိုင်၄ဖာလုံ)မိုင်မှ၊(၀/၀-၀/၃ +၃၀၀ပေအထိ) (၃.၅)ဖာလုံအား မြေသားတာဘောင်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးလမ်းဦးစီးဌာနမှူးမှ ရှောင်ကွင်းလမ်းအူကြောင်းအမှတ်(၁)၊ (၃မိုင်၄ဖာလုံ) ဖောက်လုပ်နေမှုအခြေအနေများနှင့် ထပ်မံလျာထားသော ရှောင်ကွင်းလမ်းကြောင်းအမှတ်(၂)၏ လျာထားအူကြောင်းများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လမ်းအူကြောင်း များအားရေရှည် တည်တံ့စေရေး၊ အများပြည်သူများသွားလာရေးအဆင် ပြေစေရေးနှင့် ဒေသအကျိုးပြုနိုင်သည့် လမ်းအူကြောင်းများဖြစ်စေရေးမှာကြားခဲ့သည်။ ဆက်လက်၍ လပွတ္တာမြို့နယ်၊ လပွတ္တာ - သင်္ဃန်းကြီးကားလမ်း၊ ကမ်းပြိုကာကွယ် ရေးလုပ်ငန်း ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း အလျား (၁၀၃ပေ)နှင့် ရေထဲပိုင်း နိုင်လွန်ပိုက်ထုပ်ကျောက်ကြီးချခြင်း အလျား (၁၅ဝ ပေ)လုပ်ငန်းရှင်းလင်းဆောင်သို့သွားရောက်ခဲ့ရာ လုပ်ငန်းတာဝန်ခံမှ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးမှုအခြေအနေများအားရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရေရှည်ခိုင်ခံ့စေရေးထိန်းသိမ်းဆောင်ရွက်ရန်မှာကြားခဲ့ပြီး ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ထားရှိမှုများအားကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တလုပ်​တောင်​ ကျေးရွာအုပ်စုရှိ ရှင်​စောမြတ်​စေတီ​တော်မြတ်ကြီးသို့​ရောက်ရှိ၍ ဆရာ​တော် ​ဒေါက်တာ ဘဒ္ဒန္တပညာ​တေဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်နတ်စင်တစ်ရာ​ကျောင်းဆရာ​တော် အား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့်ဝတ္ထု​ငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလျှောက်ထား တင်ပြခဲ့သည်။ ထို့နောက် ကျောက်မှော်ကျေးရွာအုပ်စု အောက်ချောင်းကျေးရွာရှိ နွေစပါးဧက ၁၀၀၊ တင်း၁၂၀စံပြကွက်သို့သွားရောက်၍ နွေစပါး (နယူးဧရာ -၁) စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုနှင့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး တစ်ဧက ကွက်များဖော်ထုတ်ဆောင်ရွက်စေရေး၊ တစ်ဧက စပါးအထွက်တိုးစေရေးနှင့် စိုက်ပျိုးရေများစနစ်တကျသုံးစွဲစေရေးမှာကြားခဲ့ကြောင်းသိရသည်။


Read More...
27-Mar-2023
(၇၈)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ပြုလုပ်သည့် ပုသိမ်တက္ကသိုလ်ရှေ့ လမ်းဖွင့်ပွဲ၊ စာကြည့်တိုက်ဖွင့်ပွဲနှင့် ဘောလုံးအားကစားကွင်းပွဲကြည့်စင်ဖွင့်ပွဲအခမ်းအနားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
(၇၈)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ပြုလုပ်သည့် ပုသိမ်တက္ကသိုလ်ရှေ့ လမ်းဖွင့်ပွဲ၊ စာကြည့်တိုက်ဖွင့်ပွဲနှင့် ဘောလုံးအားကစားကွင်းပွဲကြည့်စင်ဖွင့်ပွဲအခမ်းအနားများအား  မတ်လ ၂၅ရက်နေ့ နေ့လည်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်တက္ကသိုလ်ရှေ့၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်သည့် ပုသိမ်တက္ကသိုလ်ရှေ့ အလှအုတ်ပန်းကွက်စီခင်းလမ်း (အရှည် ၆၁၀ပေ၊ အကျယ် ၈ ပေ)ရှိ လမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ရေရှည်တည်တံ့စေရေး၊ ပန်းအလှပင်များ၊ မြက်ခင်းများဖြင့် စိမ်းလန်းသာယာလှပစေရေး ထိန်းသိမ်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။ ဆက်လက်၍ ပုသိမ်တက္ကသိုလ်စာကြည့်တိုက် (၁၂၈ပေ × ၆၀ပေ) နှစ်ထပ် အဆောက်အဦဖွင့်ပွဲ တက်ရောက်ခဲ့ပြီး အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ စာကြည့်တိုက်ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရသစ်ပင်များစိုက်ပျိုးပေးခဲ့ကာ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာ ပုသိမ်တက္ကသိုလ်စာကြည့်တိုက်သစ်အား ယနေ့တွင် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်၍ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့်နေ့ဟုပြောရမှာဖြစ်ပါကြောင်း၊ ပုသိမ်တက္ကသိုလ်စာကြည့်တိုက်ကို ပုသိမ်ဥပစာကောလိပ်ကာလ ၁၉၅၈ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး ယခုတွင် စာအုပ်ပေါင်း ၆၀၀၀၀ကျော်ဖြင့် စာအုပ်စာပေများဖြည့်ဆည်းထားရှိပေးထားပြီး စာအုပ်စာပေနဲ့ သတင်းအချက်အလက်များကို တစ်နေရာတည်းမှာ ရှာဖွေလေ့လာဖတ်ရှုနိုင်မှာဖြစ်ပါကြောင်း၊ ပုသိမ်တက္ကသိုလ်စာကြည့်တိုက်အားတက္ကသိုလ်များဗဟိုစာကြည့်တိုက်၊ နိုင်ငံတကာစာကြည့်တိုက်များနှင့် ချိတ်ဆက်၍ ကမ္ဘာ့အဆင့်မီ စာကြည့်တိုက်တစ်ခုဖြစ်လာစေရေး ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စာကြည့်တိုက်သို့ လာရောက်၍ စာပေလေ့လာဖတ်ရှုသူများ စိတ်အေးချမ်းသာစွာ လေ့လာမှတ်သားနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများ၊ ဆရာမများအနေဖြင့်လည်း မိမိတို့သိရှိလိုသည့်ဘာသာရပ်ဆိုင်ရာများ၊ စာပေဗဟုသုတများကို ကောင်းမွန်စွာ ရှာဖွေလေ့လာနိုင်မှာဖြစ်ပါကြောင်းနှင့် စာကြည့်တိုက်ကြီး၏ အားသာချက်များကို အကျိုးရှိအောင် အသုံးချ၍ မိမိတို့တိုင်းဒေသကြီးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။ ထို့နောက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စာကြည့်တိုက်ဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းများအား တာဝန်ရှိသူများမှပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ စာကြည့်တိုက်အတွင်း စာဖတ်ခန်း၊ စာအုပ်စင်များ ပြင်ဆင်ထားရှိမှုများလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျ မှတ်တမ်းမှတ်ရာများထားရှိစေရေး၊ စာအုပ်စာတမ်းများရိုသေစွာကိုင်တွယ်အသုံးပြုစေရေးမှာကြားခဲ့သည်။ ထို့နောက် ပုသိမ်တက္ကသိုလ် ဘောလုံးကွင်း ပွဲကြည့်စင် ( ၁၅၀ပေ×၃၄ပေ)နှစ်ထပ် အဆောက်အဦသစ်ဖွင့်ပွဲတက်ရောက်၍ အခမ်းအနားအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲ့ကြကာ ပွဲကြည့်စင်သစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ရေရှည်ခိုင်ခံ့စေရေးနှင့် စနစ်တကျအသုံးပြုစေရေးမှာကြားခဲ့ကြောင်းသိရသည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ပုသိမ်မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ ဆင်းရွှေကြာ(၂)စပ်မျိုး နေကြာဆီ ကြိတ်ခွဲနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နေကြာဆီကြိတ်ခွဲထုတ်လုပ်မှု၊ ကုန်ကြမ်းဝယ်ယူရရှိမှုနှင့် နေကြာဆီ၊နေကြာဖတ်များရောင်းဝယ်ဖြန့်ဖြူးမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရှိစေရေးအတွက် နေကြာသီးနှံအားတိုးချဲ့စိုက်ပျိုးထားရှိကြောင်း၊ နေကြာရိတ်သိမ်းနေချိန်ဖြစ်၍ ကုန်ကြမ်းများပိုမိုထွက်ရှိလာမှာဖြစ်ကြောင်း၊ အဆင့်မီဆီကြိတ်စက်များနှင့် သန့်ရှင်းလတ်ဆက်ပြီးကျန်းမာရေးနှင့်ညီညွတ်သည့် နေကြာဆီများပိုမိုထုတ်လုပ်နိုင်ရေးမှာကြားခဲ့သည်။


Read More...
26-Mar-2023
(၇၈)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ပြုလုပ်သည့် မူကြိုကျောင်းဆောင်ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။  ထို့နောက် ကျောင်းဆောင်သစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပတ်ဖြန်းပေးခဲ့ကာ ကျောင်းဆောင်သစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ မူကြိုကျောင်းဆောင်သစ်ကြီးအားဆောက်လုပ်ပြီးစီးပြီး ယနေ့တွင် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်၍ ကလေးငယ်များအတွက် များစွာအကျိုးရှိစေမှာဖြစ်ပါကြောင်း၊ မူကြိုကလေးငယ်များသည်သိချင်တတ်ချင်စိတ်၊ စူးစမ်းလေ့လာချင်စိတ်များတဲ့အရွယ်ဖြစ်၍ ရုပ်ပိုင်းဆိုင်ရာများ၊ သင်ကြားပြသရေးဆိုင်ရာပတ်ဝန်းကျင်ကောင်းများဖန်တီးပေးရန်လိုပါကြောင်းနှင့် ကျောင်းဆောင်သစ်ရေရှည်တည်တံ့စေရေးထိန်းသိမ်းစောင့်ရှောက်ပေးကြရန် မှာကြားခဲ့ပြီးနောက် ဆောက်လုပ်ရေးကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာမှ လူမှုဝန်ထမ်းဦးစီးဌာနသို့ ကျောင်းဆောက်သစ်နှင့်ပက်သတ်သည့်စာရွက်သာတမ်းများအား ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မူကြိုကလေးငယ်များပျော်ရွှင်စွာဆော့ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကလေးငယ်များနှင့်ဆရာမများအတွက် အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ အဆိုပါ မူကြိုကျောင်းအား ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး (၉၀×၃၀×၁၂)ပေ၊ (၆၀×၃၀×၂၄)ပေ L ပုံစံ RC နှစ်ထပ် အဆောက်အဦဖြစ်ကြောင်းသိရသည်။


Read More...
26-Mar-2023
(၇၈)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ပြုလုပ်သည့် လပွတ္တာမြို့နယ်အတွင်းရှိ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲများအား တိုင်း​ဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
(၇၈)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ပြုလုပ်သည့် လပွတ္တာမြို့နယ်အတွင်းရှိ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား ယနေ့နေ့လည်ပိုင်းက ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။  ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ ပိန္နဲတောင်ကျေးရွာ၊ လပွတ္တာ-မြောင်းမြ ကားလမ်းမကြီးမှ ပိန္နဲတောင်ကျေးရွာသို့ဆက်သွယ်သည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတက်ရောက်၍ အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် လမ်းဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရပစ္စည်းများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ကွန်ကရစ်လမ်းသစ်အားဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂- ၂၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် လမ်းအရှည် (၁/၂.၅)မိုင်အား ကွန်ကရစ်လမ်းသစ်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျေးရွာ ရွာရှိ အိမ်ခြေ ၅၅၃ အိမ်၊ လူဦးရေး ၂၁၈၇ဦးတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးများစွာ အထောက်အကူပြုမှာဖြစ်ကြောင်းသိရသည်။ အလားတူ လပွတ္တာ-မြောင်းမြ ကားလမ်းမကြီးမှ ကျောက်ဖြူကျေးရွာသို့ဆက်သွယ်သည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတက်ရောက်၍ အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် လမ်းဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရပစ္စည်းများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ကွန်ကရစ်လမ်းသစ်အားဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂- ၂၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် လမ်းအရှည် (၀/၃.၈၄)မိုင်အား ကွန်ကရစ်လမ်းသစ်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အဆိုပါကျေးရွာ  ရွာရှိ အိမ်ခြေ ၄၂၅အိမ်၊  လူဦးရေး ၁၇၄၂ဦးတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးများစွာ အထောက်အကူပြုမှာဖြစ်ကြောင်းသိရသည်။


Read More...
26-Mar-2023
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ပန်းခြံလမ်း ကွန်ကရစ်လမ်းသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့်  ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေဖြင့် ပန်းခြံလမ်း (အရှည် ၁၀၀၀ပေ၊အကျယ်၂၀ ပေနှင့် ထု ၈လက်မ)ရှိ ကွန်ကရစ်လမ်းသစ်  ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့စေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်မှာကြားခဲ့သည်။


Read More...
25-Mar-2023