သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ(၁)တွင် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေလ ၅ ရက်နေ့တွင်ထုတ်ပြန်သည့် မိုးလေဝသခန့်မှန်းချက်များနှင့်ပတ်သတ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌  ၂၀၂၂  မေလ ၅  ရက်နေ့ ညနေပိုင်းအချိန်တွင် တိုင်းဒေသကြီးသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနားကျင်းပရာ  အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါတယ်။ ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချူပ်မှ အမှာစကားပြောကြားရာ ယခင်နှစ်များတွင်ဖြစ်ပေါ်ခဲ့သည့် လေပြင်းတိုက်ခတ်မှုနှင့် မုန်တိုင်းဖြစ်ပေါ်ခဲ့မှုအပေါ် ပြင်ဆင်ဆောင်ရွက်ခဲ့မှု အကျိုးသက်ရောက်မှုများအားသုံးသပ်ရန်လိုအပ်ပါကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှနှင့် အခြားသောမိုးလေဝသ Website များမှ ထုတ်ပြန်သည့် မိုးလေဝသတင်းများအား ပြည်သူများစောစီးစွာသိရှိ၍ ကြိုတင်ပြင်ဆင်နိုင်ရေးဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ အဓိကအားဖြင့် ပင်လယ်ကမ်းစပ်ဒေသနေထိုင်သူများအတွက်  ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်လိုပါကြောင်း၊ ကြိုတင်ပြင်ဆင်မှုမှာ အလွန်အရေးကြီးပြီး မိုးလေဝသသတိပေးချက်များနှင့်ပတ်သက်၍အချိန်နှင့်တစ်ပြေးညီသိရှိစေရေး၊ပြည်သူများလိုက်နာဆောင်ရွက်စေရေး အသိပေးရန်လိုအပ်ကြောင်း၊မုန်တိုင်းသတိပေးချက် လက်ကမ်းစာစောင်များဖြန့်ဝေပေးပြီး အသိပညာပေးခြင်းလုပ်ငန်းများအားကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အသက်ကယ်ကုန်းများ၊ သဘာဝဘေးဒဏ်ခံအဆောက်အဦးများ၊ ဆိုင်ကလုန်းရှယ်တာများကြိုတင်ပြင်ဆင်ထားရှိရန်၊ အစားအစာများ၊ သောက်သုံးရေများစုဆောင်းထားရှိရန်၊ ဆက်သွယ်ရေးစနစ်များပြက်တောက်မှုမရှိစေရေးနှင့် အရံစနစ်များထားရှိဆောင်ရွက်ရန်လိုပါကြောင်း၊အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များမှ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများအားအသေးအဖွဲမှအစ အလေးအနက်ထားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ပြည်သူများလိုက်ပါဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အောင်နမြင်စွာဆောင်ရွက်နိုင်စေရေး တက်ရောက်လာကြသူများမှ အကြံပြုတးဆွေးနွေးပေးရန် ပြောကြားခဲ့သည်။ ထို့နောက် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိတပ်ရင်းတပ်ဖွဲ့များမှ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်ထားရှိများရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ မိုးလေဝသနှင့်ဇလဗေဒ ခန့်မှန်းချက်များကို မိုးလေဝသနှင့်ဇလဗေဒလက်ထောက်ညွှန်ကြားရေးမှုးမှတင်ပြရာ မိုးကြိုကာလတွင် မုန်တိုင်းဖြစ်ပေါ်ခဲ့မှု များနှင့် မေလ ၅ ရက်နေ့ တိုင်းထွာချက်များအရ မေလ ၇ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုမှမုန်တိုင်းငယ် ဖြစ်ပေါ်လာနိုင် ပြီး ၈ ရက်နေ့ တွင်မုန်တိုင်းငယ်အ ဖြစ်သို့ရောက်ရှိနိုင်ကာ ၁၀ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်မှုနှင့် လမ်းကြောင်းရွေ့လျားမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ သက်ဆိုင်ရာခရိုင်အလိုက် သဘာဝဘေးကာကွယ်ရေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ထားရှိမှုအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကလိုအပ်သည်များကိုညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီးနိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။


Read More...
05-May-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်ပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့စာ‌ပေးစာယူ ဒုတိယနှစ်နှင့် ပထမနှစ်သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့(B.E.D) စာပေးစာယူ ဒုတိယနှစ်(၁/၂၀၂၂)နှင့် ပထမနှစ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့ရာ သင်တန်းသား၊သင်တန်းသူများက  “ကြိုဆိုလက်ကမ်း ကံ့ကော်တန်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က " ပညာရေးဘွဲ့(B.E.D) သင်တန်းအား သင်တန်းတက်ရောက်လာကြသည့် ဆရာကြီး၊ ဆရာမကြီးအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ဆရာကြီး၊ဆရာမကြီးများသည် ပညာရေးကဏ္ဍအား ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ခဲ့သည့်သူများဖြစ်ပြီးအများအတွက်ကိုယ်ကြိုးမဖတ်ထမ်းရွက်ကြသူများဖြစ်ပါကြောင်း၊ သင်တန်းသား၊သင်တန်းသူ  ဆရာကြီး၊ဆရာမကြီးများအနေဖြင့် မိမိ၏ တပည့်သားသမီးများအား မတတ်သည်များကို တတ်အောင်၊  မသိသည်များကို သိအောင်၊ နားမလည် သည်များကို နားလည်အောင်၊ မကျွမ်းကျင်သည်များကို ကျွမ်းကျင်အောင်၊ မလိမ္မာသည်များ ကို လိမ္မာအောင်၊ လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်စေရန်အတွက် သွန်သင်ဆုံးမ ကြသူများ ဖြစ်ပါကြောင်း၊  စာကိုလည်းသင် စိတ်ကိုလည်းပြင်ရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် လူသားအရင်းအမြစ်သည် အဓိကဖြစ်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးကဏ္ဍ ကိုတိုးတက်အောင်မြှင့်တင်ကြရမှာဖြစ်သလို ပညာတတ်များဖြင့်သာ နိုင်ငံတော်ကိုတည်ဆောက်နိုင်မည် ဖြစ်ကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်ပြောင်းလဲလာသည့် ခေတ်အခြေအနေအရ နည်းပညာနှင့် လူစွမ်းအား အရင်းအမြစ် လိုအပ်ချက်ကြောင့်ကျောင်းနေအရွယ်ကလေးတိုင်းKG+9ပြီးသည်အထိ ပညာသင်ကြားနိုင်ရေး ပညာရေးကဏ္ဍကို မြှင့်တင်ပေးနေကြောင်း၊ ပညာသင်ယူရမည့် အရွယ်အားလုံး ပညာသင်ယူခွင့် ရရှိစေရေး နှင့် အနိမ့်ဆုံးအခြေခံပညာအလယ်တန်းအဆင့်KG+9 အောင်မြင်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့မှသာ အသက်မွေးဝမ်းကျောင်း ပညာကျောင်းများကို ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်း ၊သင်တန်းသား၊သင်တန်းသူ ဆရာကြီး၊ဆရာမကြီးများအနေဖြင့်  ဆရာ့ တာဝန် နှင့် အညီ စာတော် ၊ စာတတ်ရုံသာမက ယဉ်ကျေးလိမ္မာပြီး အကျင့်စာရိတ္တကောင်းသည့် တပည့်များဖြစ်အောင် သွန်သင်ဆုံးမ ပေးကြရန်လည်း မှာကြားလိုပါကြောင်း၊ တိုင်းဒေသကြီးနှင့်နိုင်ငံတော်အတွက် ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရေးဝိုင်းဝန်းကြိုးစားပေးကြရန်”တိုက်တွန်းအမှာစကားပြောကြား၍ သင်တန်းသား၊သင်တန်းသူ ဆရာကြီး၊ဆရာမကြီးများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သင်တန်းသားသင်တန်းသူဆရာ/ဆရာများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။ အဆိုပါ ပညာရေးဘွဲ့(B.E.D) စာပေးစာယူ ဒုတိယနှစ်(၁/၂၀၂၂)သင်တန်းတွင် ဘာသာရပ်အလိုက် သင်တန်းသားသင်တန်းသူဆရာ/ ဆရာမ ၃၇၀ဦးနှင့် ပထမနှစ် (၃/၂၀၂၃) သင်တန်းတွင် ဘာသာရပ်အလိုက် သင်တန်းသားသင်တန်းသူဆရာ/ ဆရာမ ၃၇၉ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။


Read More...
05-May-2023
(‌၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများ၊ တိုင်း၊ခရိုင်၊မြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အား ဂုဏ်ပြုစစ်ရေးပြတပ်ခွဲက အလေးပြုပြီးနောက် နိုင်ငံတော်အလံအားအလေးပြုခြင်း၊ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲ့ဝင်များအား အလေးပြုခြင်းနှင့် မီးသတ်တပ်ဖွဲ့ သစ္စာဓိဌာန်(၄)ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ မီးသတ်တပ်ဖွဲ့ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ လိုအပ်ချက်အရ ပေါ်ပေါက်လာခဲ့သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊ နိုင်ငံတော်အနေနှင့် မီးသတ်တပ်ဖွဲ့ကို ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရေးနှင့် ရေဘေး၊လေးဘေး၊ ငလျင်ဘေးစသည့် သဘာဝဘေးအန္တရာယ် အပါအဝင်အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်း တည်ဆောက်ခဲ့တာဖြစ်ပြီး မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီလုပ်ငန်းများကို ဆောင်ရွက်နိုင်ဖို့အတွက် အစီအမံများ စနစ်တကျချမှတ်လုပ်ဆောင်ခဲ့သည့်အပြင် တိုးတက်လာသည့် ခေတ်စနစ်နှင့်အညီစိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ရေး ကြိုးပမ်းအားထုတ် လုပ်ကိုင်နေကြတာ တွေ့ရမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာသည့် အခြေအနေများနှင့်အညီ အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကိုလက်ရှိအခြေအနေများနှင့် နောင်ဖြစ်တည်လာမည့် အနာဂတ်ကာလမျှော်မှန်းပြီးအသွင်သဏ္ဍာန်ရော အနှစ်သာရပိုင်းပါ ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် မီးသတ်တပ်ဖွဲ့ကို Men Power ၊ Equipment Power နှင့်Technology Power တွေကို ဟန်ချက်ညီအောင် တည်ဆောက်သွားရမှာဖြစ်ပါ‌ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ကို တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး(၁)ရုံး၊ ခရိုင်မီးသတ်စခန်း(၅)စခန်း၊ မြို့နယ်မီးသတ်စခန်း(၂၆)စခန်း၊ နယ်မြေမီးသတ်စခန်း (၄၀)စခန်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် အင်အားမှာလည်း (၁၁၂၁)ဦးထိ ရှိလာခဲ့ပြီးဖြစ်ပါကြောင်း၊ ခေတ်မီလုပ်ငန်းသုံး ယာဉ်/စက်ပစ္စည်း ကိရိယာများကို နှစ်အလိုက်ဖြည့်တင်းဆောင်ရွက်လျက်ရှိရာမှာ မီးသတ်ယာဉ်/စက်အင်အား (၂၇၆)စီးအထိ ဖြည့်တင်းနိုင်ခဲ့ သလို ပိုလန်နိုင်ငံ၏ Official Development Assistance - ODA အစီအစဉ်နှင့် ခေတ်မီမီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပိုလန်မီးသတ်ယာဉ်(၂)စီးကိုလည်း ဖြည့်တင်းပြီးအသုံးပြုလျက် ရှိပါကြောင်း၊အထူးသဖြင့် မီးသတ်သမားတပ်ဖွဲ့ဝင်များသည် ဘေးဒုက္ခအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသူတိုင်းကို မိမိအသက်နှင့် ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင်ရသောကြောင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိသူ၊ အသက်ပေးသွားသူ တပ်ဖွဲ့ဝင်များ၏ ခမ်းနားသည့် ဂုဏ်ဒြပ်ကို ယနေ့ကျရောက်သည့် မီးသတ်တပ်ဖွဲ့နေ့မှာ အလေးပြုဦးညွှတ်ကာ အနာဂတ်မှာ ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် မီးဘေးနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုများကို အနိုင်ယူကြပါစို့ဟု” ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ဂုဏ်ပြု စစ်ရေးပြတပ်ခွဲမှ အလေးပြုပြီး တန်းဖြုတ်ထွက်ခွာခဲ့ကြသည်။  ဆက်လက်၍  အခမ်းအနားဒုတိယပိုင်းအားပြုလုပ်ရာ မီးသတ်တပ်ဖွဲ့ဝင်များ၏  ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ကြိုးဆင်း/ကူးနည်းသရုပ်ပြခြင်း၊ Valley Rescue သရုပ်ပြခြင်း၊မုန်တိုင်းဘေးအန္တရာယ် သရုပ်ပြသခြင်းနှင့် ဆီသိုလှောင်ကန် မီးလောင်မှုအား သရုပ်ပြငြိမ်းသတ်ခြင်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များမှ ကြည့်ရှုအားပေးခဲ့ ကြသည်။ ထို့ နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ခင်းကျင်းပြသထားသော မီးသတ်ပစ္စည်းကိရိယာများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းများအားကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
05-May-2023
ကျောင်းကုန်းမြို့နယ်၊ ရေခလုတ်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် သိရီဝဏ္ဏထူပါရုံစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ရေခလုတ်ကျေးရွာ ထူပါရုံကျောင်းဝန်းအတွင်း တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းသမိုင်းဝင် သိရီဝဏ္ဏထူပါရုံစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များသည် “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့သည်။ ယင်းနောက် မိုးကုတ်မြို့၊သစ္စာအောင်မြေ မင်္ဂလာတိုက်ဆရာတော် ဘဒ္ဒန္တဝိမလထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မိုးကုတ်မြို့၊သစ္စာအောင်မြေ မင်္ဂလာတိုက်ဆရာတော်ဘုရားကြီးထံ စိန်ဖူးတော်၊ငှက်မြတ်နားတော်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆင်ကပ်လှူဒါန်းခဲ့ကြသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်မိသားစုများမှ ရတနာစိန်ဖူးတော်အားလည်း၊  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အလှူရှင်မိသားစုများမှ ငှတ်မြတ်နားတော်အားလည်းပင့်ဆောင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်များမှ ဒေဝါဝင်း၊ ရာဇာဝင်းများလိုက်ပါလျက်စေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ် လှည့်လည်ပူဇော်ခဲ့ကြသည်။ ဆက်လက်၍ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်နိုင်ရန် အလှူရှင်မိသားစုက ပန်းရထားစင်မြင့်ပေါ်သို့ ပင့်ဆောင်၍ ပန်းရထားဖြင့် စေတီတော်မြတ်ကြီးသို့ ဆက်လက်ပင့်ဆောင်လှူပူဇော်ခဲ့ပြီး မင်္ဂလာအချိန်တွင် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စေတီတော်မြတ်ကြီး၏အထွဋ်သို့ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား တပ်ဆင်ပူဇော်ခဲကြပြီးနောက် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး ရတနာရွှေမိုး၊ငွေမိုးများ ရွာသွန်းဖြိုးခဲ့သည်။


Read More...
04-May-2023
ပုသိမ်မြို့၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆောင် ဆောက်လုပ်ခြင်းအလှူငွေ ပေးအပ်ပွဲနှင့် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊နိဂြောဓာရုံညောင်ပင်သာ စာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆောင် ဆောက်လုပ်ခြင်းအလှူငွေ ပေးအပ်ပွဲနှင့် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ပရဝုဏ်အတွင်း ကျင်းပခဲ့ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် စေတနာရှင်အလှူရှင်များတက်ရောက်ခဲ့ကြသည်။ ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)  ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို ဆက်လက် နာယူကြည်ညိုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်အရှင်သူမြတ်များအား ပန္နက်တော်၊လှူဖွယ်ဝတ္ထုပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးမိသားစု၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များမှ အလှူငွေများအား ပေးအပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)  ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ  ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ဆက်လက်၍ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန္နက်တော်တင်မည့် သတ်မှတ်နေရာများတွင် နေရာယူပြီး မင်္ဂလာအချိန်ရောက်ရှိသည်နှင့် တပြိုက်နက် ပန္နက်တော်အား (၉)ချက်စီရိုက်၍ အသီးသီး ပန္နက်တော်တင်ခဲ့ကြပြီး ပန္နက်တော်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။


Read More...
04-May-2023