သတင်းများ


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းဒေသကြီးအဆင့် အခြေခံပညာအလယ်တန်း Grade-9 သင်ရိုးသစ်ဆင့်ပွားသင်တန်း တက်ရောက်နေသည့် ဆရာကြီး၊ ဆရာမကြီးများအား တွေ့ဆုံအားပေးခြင်း အခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟင်္သာတမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဟင်္သာခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတတက္ကသိုလ်နယ်မြေ တိုင်းဒေသကြီးအဆင့် အခြေခံပညာအလယ်တန်း Grade-9သင်ရိုးသစ်ဆင့်ပွားသင်တန်း တက်ရောက်နေသည့် ဆရာကြီး၊ဆရာမကြီးများတွေ့ဆုံ၍“ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းဖွင့်ချိန်အမီ စာသင်ကျောင်းများဥပဓိရုပ်များ ကောင်းမွန်စေရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ပါကြောင်းကျောင်း​နေအရွယ်က​လေးတိုင်း ​ကျောင်းတက်​ရောက်နိုင်​ရေးနှင့် အနိမ့်ဆုံးအ​ခြေခံပညာအလယ်တန်းအဆင့် KG+9 ပြီး​မြောက်​စေ​ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ တိုင်း၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်၊  ပညာရေးဌာန၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်း၍ အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ရန်လိုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးမြင့်မားရမည်ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက် နိုင်ရေးနှင့် အတန်းစဉ်ကူးပြောင်းရေး၊ အနိမ့်ဆုံး အလယ်တန်းအဆင့် KG+9 ပြီးမြောက်စေရန်အတွက် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ဆင့်ပွားသင်တန်းမှပို့ချပေးလိုက်သည့်သင်ခန်းစာများအား လေ့လာမှတ်သား၍ စနစ်တကျပြန်လည်သင်ကြားပေးစေလိုကြောင်းနှင့် လိုအပ်ချက်များရှိပါကလည်း အဆင့်ဆင့်သို့တင်ပြပေးစေလိုကြောင်းနှင့်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း” လမ်းညွှန်အမှာစကားပြောကြားပြီးGrade-12 နှင့် Grade-9 သင်တန်းသား၊ သင်တန်းသူ ဆရာ၊ဆရာမများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။


Read More...
20-May-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နည်းပညာတက္ကသိုလ်(ပုသိမ်)၏ (၁၈)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားအား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် နည်းပညာတက္ကသိုလ်(ပုသိမ်)၏(၁၈)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်၍ နည်းပညာတက္ကသိုလ်(ပုသိမ်)တွင် သင်တန်းကာလ(၆)နှစ်ဖြင့် မြိူ့ပြအင်ဂျင်နီယာသင်တန်း၊ အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်း၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာသင်တန်း၊ စက်မှုအင်ဂျင်နီယာသင်တန်းနှင့် သုတနည်းပညာအင်ဂျင်နီယာသင်တန်းတို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ အင်ဂျင်နီယာအတတ်ပညာများသည်  လက်တွေ့ကျပြီး လူ့လောကပတ်ဝန်းကျင်အတွက် များစွာအကျိုးပြုလျက်ရှိပါကြောင်း၊ ကောင်းမွန်သည့် အသက်မွေးမှုအတတ်ပညာများကို မောင်မယ်တို့သည် မလျော့သောဇွဲ၊ တည်ငြိမ်တည့်မတ်သောစိတ်တို့နှင့်  အပတ်တကုတ်ကြိုးစားအားထုတ်ခဲ့ကြ၍လည်း ယခုလို တက္ကသိုလ်ကပေးအပ်သည့်ဘွဲ့များကို ဆွတ်ခူးနိုင်ကြခြင်း ဖြစ်ပါကြောင်း၊ မောင်မယ်တို့အနေဖြင့်  ယနေ့ ချီးမြှင့်လိုက်သည့် ဘွဲ့ဒီဂရီအသီးသီးကို ဆွတ်ခူးရုံမျှဖြင့် မောင်မယ်တို့ရဲ့ ဘဝပန်းတိုင်ပြီးဆုံးပြီလို့ မမှတ်ယူကြဘဲ အင်ဂျင်နီယာ နည်းပညာဆိုင်ရာ အခြေခံကောင်းများကို အတိုင်းအတာတစ်ခုအထိ လေ့လာ ဆည်းပူးပြီးစီးခြင်းရဲ့ အထိမ်းအမှတ်တစ်ခုသာ ဖြစ်တယ်လို့မှတ်ယူကြစေလိုကြောင်း၊ မောင်မယ်တို့အနေဖြင့် သက်ဆိုင်ရာအထူးပြုဘာသာရပ်များအလိုက် နည်းပညာတက္ကသိုလ်(ပုသိမ်)မှ အင်ဂျင်နီယာဘွဲ့အသီးသီးကို ထူးချွန်စွာ ကြိုးပမ်းအားထုတ်ခဲ့မှုများကို ရပ်တန့်မနေဘဲနည်းပညာရပ်များကို တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက်မြင့်အောင်ဆက်လက်လေ့လာ သင်ယူနေကြရန်၊တီထွင်ဆန်းသစ်မှုတွေရှိဖို့သုတေသနလုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင် ကြိုးစားကြရန် နှင့် အင်ဂျင်နီယာပညာရှင်များရဲ့ ကျင့်ဝတ်များကို စောင့်ထိန်းကြရမှာဖြစ်ပါကြောင်းနှင့် အနာဂတ်မြန်မာနိုင်ငံအတွက် စံထားလေးစားအပ်သော နည်းပညာတက္ကသိုလ်(ပုသိမ်)ဂုဏ်ဆောင် အင်ဂျင်နီယာပညာရှင်များဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်းဂုဏ်ပြုအမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က  နည်းပညာတက္ကသိုလ်(ပုသိမ်)အတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ ဒုတိယပါမောက္ခချုပ်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားများပြောကြားခဲ့သည်။ယနေ့ကျင်းပသည့် နည်းပညာတက္ကသိုလ်(ပုသိမ်)၏(၁၈)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ဘွဲ့ယူသူ (၇၄)ဦး၊အဝေးရောက်ဘွဲ့ယူသူ(၄၂)ဦး၊စုစုပေါင်းဘွဲ့ရ မောင်၊မယ်(၁၁၆)ဦးရှိကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကျုံပျော်ခရိုင်၊အထောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထွဋ်မိသားစုနှင့် ထွဋ်ဖောင်ဒေးရှင်းတို့က မတည်၍ စေတနာရှင်၊အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်၊ခွဲစိတ်ကုသပေးနေမှုများအား ကြည့်ရှုအားပေးပြီး မျက်စိကျွမ်းကျင်ပညာရှင်များအတွက် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီးရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။


Read More...
20-May-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အခြေခံပညာကျောင်းများဖွင့်လှစ်ရန်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများအား ကျောင်းဖွင့်ချိန်အမီအသင့်ဖြစ်စေရေး သန့်ရှင်းရေးလုပ်ငန်းများ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့်စာသင်ဆောင်များ ပြင်ဆင်ဆောင်ရွက်ခြင်းများနှင့်အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများအား တစ်တိုင်းလုံးအနေဖြင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့်ပြည်သူများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံက်ပိုင်းက ပုသိမ်မြို့ပေါ်ရှိ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၇) အခြေခံပညာအထက်တန်းများသို့ သွားရောက်၍ သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား နယ်မြေခံတပ်ရင်း ၊ တပ်ဖွဲ့ဝင်များက သန့်ရှင်းရေးလုပ်ငန်းများ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့်စာသင်ဆောင်များ ပြင်ဆင်ဆောင်ရွက်ခြင်းများနှင့်အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက် နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်းရေးလုပ်ငန်းများအချိန်မီပြီးစီးစေရေးဆောင်ရွက်ရန်၊ သစ်ပင်ကိုင်းများခုတ်ထွင်ရှင်းလင်း၍ အလင်းရောင်ကောင်းစွာရရှိစေရေးဆောင်ရွက်ရန်နှင့် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။


Read More...
20-May-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ငရုတ်ကောင်းမြို့ သဲဖြူကျေးရွာအုပ်စုရှိဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကရိယာပစ္စည်းများထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်း၊ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့်  သစ်ရောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့၌  ဒေသခံပြည်သူများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာပစ္စည်းများနှင့် ဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သဲဖြူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊အမှတ်(၄) စစ်မြေပြင်ဆေးတပ်ရင်း တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှအိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကဒ်များပြုလုပ်ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများအား ရင်းရင်းနှီးနှုတ်ဆက်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ အမှာစကားပြောကြားရာတွင်  “စစ်ကြောင်းကြီး(၅)ကြောင်းအသွင်ဖြင့် ကွင်းဆင်းလာရောက်ခြင်းဖြစ်ပြီး ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊မိမိတို့တိုင်းဒေသကြီးအတွင်း၌ မုန်းတိုင်း၏ အရှိန်ကြောင့် စာသင်ကျောင်းများ အနည်းငယ် ပျက်စီးမှုများရှိခဲ့ပါကြောင်းနှင့် ပျက်စီးမှုများအား မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တို့က ကျောင်းဖွင့်ချိန်အမီ ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ကျောင်းအနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး အုပ်ချုပ်ရေးအဖွဲ့များ၊ မိဘ၊ဆရာပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ အနိမ့်ဆုံးKG+9 အလယ်တန်းအဆင့် ပြီးမြောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းအမှာစကားများ ပြောကြားခဲ့သည်။ ဆက်လက်၍  ငပုတောမြို့နယ်ပညာရေးမှူးက မြို့နယ်အတွင်းအတွင်းရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံတက်ရောက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီးနောက် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြည်သူများအတွက် ပညာရေး၊ကျန်းမာရေး၊ဒေသဖွံ့ဖြိုးရေး၊စိုက်ပျိုးမွေးမြူရေးနှင့် နယ်မြေအေးချမ်းတည်ငြိမ်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ကကျောင်းသား၊ကျောင်းသူများအတွက်   ကျောင်းဝတ်စုံ၊ထီး၊ မိုးကာ၊ စာရေးကိရိယာပစ္စည်းများအားလည်းကောင်း၊ဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာပစ္စည်းများအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ တွေ့ဆုံပွဲသို့တက်ရောက်လာသူများက ပညာရေး၊ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကိုတင်ပြကြရာ ရပ်မိ ရပ်ဖများ၏တင်ပြချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအား ဖြည့်ဆည်းပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသားကျောင်းသူများအတွက် စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ငပုတောမြို့နယ်၊ငရုတ်ကောင်းမြို့၊ သစ်ရောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍  သစ်‌ရောင်းကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံပွဲတက်ရောက်၍  အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ခရိုင်၊ မြို့နယ်များနှင့်အတူ ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းတက်ရောက်နိုင်ရေး လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ အတန်းစဉ်ကူးပြောင်းတက်ရောက်စေရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ အတန်းပညာရှိမှ အတတ်ပညာရရှိမှာဖြစ်ပါကြောင်း၊ အနိမ့်ဆုံးKG+9 အလယ်တန်းအဆင့် ပြီးမြောက်ရန် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဒေသဖွံဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနအလိုက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပညာရေး၊ကျန်းမာရေး၊ဒေသဖွံ့ဖြိုးရေး၊စိုက်ပျိုးမွေးမြူရေးနှင့် နယ်မြေအေးချမ်းတည်ငြိမ်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကျောင်းသား၊ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ထီး၊စာရေးကိရိယာပစ္စည်းများအားလည်းကောင်း၊ ဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာပစ္စည်းများအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ တွေ့ဆုံပွဲသို့တက်ရောက်လာသူများက ပညာရေး၊ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကိုတင်ပြကြရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်သူများ၏ တင်ပြချက်များအား ဖြည့်ဆည်းပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသားကျောင်းသူများအတွက် စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ငပုတောမြို့နယ်သစ်တောဦးစီးဌာနက သဲဖြူကျေးရွာကမ်း‌ခြေ၌ပြုလုပ်သည့် မိုးရာသီအကြိုအုန်းပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရားများ၊ ဒေသခံပြည်သူများနှင့်အတူ အုန်းပင်ပေါက်များအား တပျော်တပါး စိုက်ပျိုးပေးခဲ့ကြကြောင်းသိရသည်။


Read More...
19-May-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းအခြေခံပညာအထက်တန်းအဆင့် (Grade-12) သင်ရိုးသစ် ဆင့်ပွားသင်တန်းသို့တက်ရောက်နေသည့် ဆရာ၊ ဆရာမများအား တွေ့ဆုံအားပေးခြင်း အခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပပြုလုပ်သည့် အခြေခံပညာအထက်တန်းအဆင့် (Grade-12) သင်ရိုးသစ် ဆင့်ပွားသင်တန်းသို့တက်ရောက်နေသည့် ဆရာ၊ ဆရာမများအား တွေ့ဆုံအားပေးခြင်း အခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က " ယခုနှစ်တွင် အခြေခံပညာအထက်တန်းအဆင့်၏ အဆင့်မြင့်ဆုံး Grade-12 သို့ တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများ ထူးချွန်စွာအောင်မြင်ရေးအတွက် သင်ကြားပေးမည့် ဆရာကြီး၊ ဆရာမကြီးများအား လာရောက်တွေ့ဆုံအားပေးစကား ပြောကြားခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ကျောင်းဖွင့်လှစ်မှုနှင့် ကျောင်းတက်ရောက်သည့် ကျောင်းသား ဦးရေ အများဆုံးတိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ် ကလေးတိုင်း အနိမ့်ဆုံး KG+9 ပြီးသည်အထိ ပညာသင်ကြားနိုင်ရေးနှင့် Grade-10, Grade-11 နှင့် Grade-12 တို့ကိုလည်း ဆက်လက်တက်ရောက်သင်ကြားနိုင်ရေး ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ ယခုသင်တန်း တက်ရောက်နေကြသည့် ဆရာကြီးဆရာမကြီးများသည် အခြေခံပညာ၏ နောက်ဆုံးအဆင့် ဖြစ်သည့် (Grade-12) ကို သင်ကြားမည့်သူများဖြစ်သည့်အတွက် အားကိုး၊ အားထားပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးတို့အနေဖြင့် ယခုသင်တန်းတွင်ပို့ချမည့် စနစ်သစ် ပညာရေးသင်ခန်းစာ များအား အပြန်အလှန်ဆွေးနွေးကြစေလိုကြောင်း၊ လေ့လာမှတ်သားပြီး မိမိတို့ဒေသသို့ပြန်လည် ရောက်ရှိသည့်အခါ လက်ဆင့်ကမ်း ပြန်လည်ပို့ချပေးရမှာဖြစ်ကြောင်း၊ ယခုနှစ်တွင် ကျောင်းနေ အရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေး၊ တပည့်များ၏ စွမ်းရည်သတ္တိနှင့် ကိုယ်ရေးကိုယ်သွေးတို့ကို မြင့်မားလာအောင် ဆောင်ရွက်ပေးနိုင်သူများသည် ဆရာ၊ ဆရာမများ ဖြစ်ကြောင်း၊ ဆရာများသည် အများအကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ ထမ်းရွက်တတ်သူများ ဖြစ်ကြောင်း၊ တပည့်များ၏ စံနမူနာပြ ဆရာကြီး၊ ဆရာမကြီးများဖြစ်အောင် ကြိုးစားပေးစေလိုကြောင်း" ပြောကြားခဲ့ပါသည်။ ထို့နောက် ပုသိမ်တက္ကသိုလ် ဒုတိယပါမေက္ခချုပ်မှ အခြေခံ ပညာအထက်တန်းအဆင့် Grade-12 သင်ရိုးသစ် ဆင့်ပွားသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား ဆရာ/ဆရာမများအတွက် ဂုဏ်ပြု ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ် ဓာတုဗေဒဌာနတွင်  သင်တန်းသား ဆရာ/ဆရာမများ၏ လက်တွေ့သရုပ်ပြ  ဆွေးနွေးပို့ချနေမှုများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းအဆင့် Grade-12 သင်ရိုးသစ် ဆင့်ပွားသင်တန်းအား ပုသိမ်တက္ကသိုလ်တွင် အခြေခံပညာကျောင်း ဆရာ၊ ဆရာမ (၂၀၂၄)ဦး၊ ဟင်္သာတတက္ကသိုလ်တွင် (၁၁၀၈) ဦး၊ မအူပင်တက္ကသိုလ်တွင် (၁၂၂၄) ဦး၊ စုစုပေါင်း သင်တန်းသား/သင်တန်းသူ ဆရာ၊ ဆရာမ (၄၃၅၆) ဦး တက်ရောက်လျှက်ရှိပါသည်။


Read More...
18-May-2023