သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ဘိုကလေးပညာရေးကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၉/၂၀၂၃) သင်တန်းသား၊သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘိုကလေးပညာရေးကောလိပ်၊ ပညာဂုဏ်ရည်ခန်းမ၌ပြုလုပ်သည့်  လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းPPTT(၉/၂၀၂၃)သင်တန်းသား၊သင်တန်းသူများအားကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ရာ သင်တန်းသား/သင်တန်းသူများက ဘိုကလေးပညာရေး ဒီဂရီကောလိပ်သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဘွဲရများအားလုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်းများဖွင့်လှစ်​ပေးခြင်းဖြစ်ပါ​ကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေဖြင့် သင်တန်းဆင်းသည့်အခါ ဧရာဝတီတိုင်းဒေသကြီး၏ ဆရာ၊ ဆရာမလိုအပ်ချက် ကွက်လပ်များကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးအတွက်လည်း ယခင်နှစ်ပညာသင်နှစ်မှစ၍ တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာဒေသ ကျောင်းများသို့ ရောက်ရှိတာဝန်ထမ်းဆောင်သည့်အခါ ကျောင်းသား၊ကျောင်းသူများ၏ စစ်တမ်းများအား စနစ်တကျ ကောက်ယူ၍ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး ဝိုင်းဝန်းအသိပညာပေးဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ဆရာ၊ဆရာမများသည် ကျောင်းသား၊ကျောင်းသူများ၏ စံနမူနာပြဖြစ်သဖြင့် ဝတ်စားဆင်ယင်မှုကိုလည်း ဂရုပြုဝတ်စားဆင်ယင်ရန်လိုပါကြောင်း၊ တပည့်များ၏ စွမ်းရည်သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေးများအား မြင့်သထက်မြင့်အောင်မြှင့်တင်ပေးသူများမှာ ဆရာ၊ဆရာမများပင်ဖြစ်ပါကြောင်း၊အတန်းပညာရှိမှ အတတ်ပညာရရှိမှာဖြစ်ပါကြောင်း၊အတန်းစဉ်ကူးပြောင်းရေးကို ဆရာ၊ဆရာမများအနေဖြင့် ဂရုစိုက်ဆောင်ရွက်ပေးကြစေလိုကြောင်း”ပြောကြားပြီး သင်တန်းသား၊သင်တန်းသူများအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား သင်တန်းသား၊သင်တန်းသူများက မြို့နယ်အလိုက် သင်တန်း တက်ရောက်သူများနှင့် မိတ်ဆက်ပေးခဲ့သည်။ ဘိုကလေးပညာရေးကောလိပ်၊ပညာဂုဏ်ရည်ခန်းမ၌ပြုလုပ်သည့်  လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းPPTT(၉/၂၀၂၃)တွင် သင်တန်းသားသင်တန်းသူ ၇၄၇ဦးတက်ရောက်လျက်ရှိကြောင်းသိရသည်။


Read More...
05-Jun-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားအား တက်ရောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ဧရာရွှေဝါခန်းမ၌ ပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားသို့တက်ရောက်၍“၂၀၂၃ခုနှစ်၊ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့”ဖြစ်ပါကြောင်း၊ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်သည် သိသာထင်ရှားသည့် သာမက ပလတ်စတစ်ကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေး၊ စီးပွားရေးနှင့်ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေကို လျစ်လျူရှု၍ မရသလိုပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ရာတွင်လည်း အကောင်းဆုံးသော နည်းလမ်းများဖြင့် ဝိုင်းဝန်းအဖြေရှာကြရန်နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ ရည်ရွယ်ပြီး ယခုလို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပရခြင်းပဲ ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် ပလတ်စတစ်တန်ချိန် သန်း ၄၀၀ ကျော်ထုတ်လုပ်လျက်ရှိပြီး ရေကန်များ၊ မြစ်ချောင်းများနှင့် ပင်လယ်သမုဒ္ဒရာများအတွင်းသို့ ပလတ်စတစ်တန်ချိန်ပေါင်း ၁၉ သန်းခန့်မှ ၂၃ သန်းခန့်အထိ ရောက်ရှိလျက်ရှိကာ အချင်း ၅ မီလီမီတာအထိရှိသည့်ပလတ်စတစ် အမှုန်အမွှားများကို အစားအစာ၊ ရေနှင့် လေထဲတွင် တွေ့ရှိရပါကြောင်း၊ တစ်ခါသုံးပလတ်စတစ်များကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုသည်လည်း တစ်နေ့ထက်တစ်နေ့တိုးပွားလာသည်မှာ အကြောင်းအရင်းတစ်ခုဖြစ်ပါကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုကို ဖြေရှင်းမည်ဆိုပါက မိမိကစပြီးငြင်းဆိုရန်၊ အစားထိုးရန်၊ပြုပြင်ပြီးပြန်သုံးရန် အလေ့အကျင့်ကောင်းများဖြင့် ယနေ့မချိန်မှစ၍ လိုက်နာဆောင်ရွက်သင့်ပါကြောင်း၊ ယနေ့ကျင်းပတဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက သတ်မှတ်ထားတဲ့စည်းကမ်းချက်များအပေါ် လိုက်နာဆောင်ရွက်ကြသည့် လုပ်ငန်းစီမံကိန်းများကို ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော လုပ်ငန်းဆု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောနေရာဒေသဆုနှင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းဆုများ ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါကြောင်း၊ သန့်ရှင်းသော ကမ္ဘာမြေကြီးကို ဖန်တီးတည်ဆောက်နိုင်ရန်အတွက် ပလတ်စတစ်ပစ္စည်းများကို လျှော့ချသုံးစွဲခြင်းဟာ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုကို ကာကွယ်ထိန်းသိမ်းနိုင်သည့်အပြင် သက်ရှိတို့၏ ဂေဟစနစ်များနှင့် လူသားတို့၏ ကျန်းမာရေးကိုပါ ကာကွယ်စောင့်ရှောက်နိုင်‌သောကြောင့် ကမ္ဘာပေါ်ရှိ လူသားအားလုံးတို့က ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာရသည့် သက်ရောက်မှုများကို လျစ်လျူရှုမထားဘဲ မှန်ကန်ခိုင်မာပြီး ထိရောက်စေသည့် အဖြေများကို ဝိုင်းဝန်း ပူးပေါင်းရှာဖွေကြရန် လိုအပ်သည်ဖြစ်ရာ “ ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ဖို့ပူးပေါင်း ဖြေရှင်းဆောင်ရွက်ကြပါစို့” ဟု တိုက်တွန်း ပြောကြားလိုပါကြောင်း”အမှာစကားများပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဧည့်ပရိသတ်များသည် ၂၀၂၃ခုနှစ်၊ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းမ်းအမှတ် သဝဏ်လွှာဗီဒီယိုနှင့် အသိပညာပေးဗီဒီယိုပြသမှုများကိုကြည့်ရှုအားပေးသည်။ ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော စက်ရုံ၊အလုပ်ရုံ၊လုပ်ငန်းဆုရရှိသည့် Global Earth Agro & Aqua Industry Public ကုမ္ပဏီလိမိတက်၏ ဗီဒီယိုအားလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသဆုရရှိခဲ့သည့် မရဲ့အုန်းပင်စုကျေးရွာ၏ ဗီဒီယိုအားကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော စက်ရုံ၊အလုပ်ရုံ၊လုပ်ငန်းဆုပထမဆု နှင့် နှစ်သိမ့်ဆုနှင့် တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသဆု ပထမဆုနှင့် နှစ်သိမ့်ဆုများအားလည်ကောင်း၊ အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း ပထမဆုရရှိသည့် အခြေခံပညာအထက်တန်းကျောင်း(ဒေါင့်ကွေး)၏ ဗီဒီယိုများအား ပြသပြီးနောက် တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု(Regional Clean and Green School Award) နှင့် အလွတ်တန်းဆောင်းပါးဂုဏ်ပြုဆုများကို တိုင်းမှူးနှင့် ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ သယံဇာတရေးရာဝန်ကြီးတို့က  အသီးသီးဆုများချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ်ပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။


Read More...
05-Jun-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၉/၂၀၂၃) သင်တန်းသား၊သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနား တက်ရောက်
ပုသိမ်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၉/၂၀၂၃) သင်တန်းသား၊သင်တန်းသူများအားကြိုဆိုပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါကောလိပ် ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ပညာရေးကောလိပ်မှ ဆရာ၊ဆရာမများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားအား ပုသိမ်ပညာရေးဒီဂရီကောလိပ် လေးနှစ်သင်၊ဒုတိယနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများက လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၉/၂၀၂၃) သင်တန်းသား၊ သင်တန်းသူများအားကြိုဆိုပွဲကို “ကြိုဆိုလက်ကမ်းကံ့ကော်တန်း”သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးပညာရေးကဏ္ဍ ဆရာ၊ ဆရာမ လိုအပ်နေမှုများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဘွဲ့ရများအား လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်းများဖွင့်လှစ်​ပေးခြင်းဖြစ်ပါ​ကြောင်း၊ သင်တန်းမှ သင်ကြားပေးသည့် ဘာသာရပ်များအားအခြေခံ၍ မိမိ၏တပည့်များအားပြန်လည်ပို့ချသင်ကြားပေးရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ယခုပညာသင်နှစ်၌ အခြေခံပညာကျောင်း၊ကိုယ်ပိုင်ပညာသင်ကျောင်း၊ဘုန်းတော်ကြီးသင်ကျောင်းများအပါအဝင် (၇၂၉၃)ကျောင်းအားဖွင့်လှစ်ထားရှိပြီး ယနေ့အထိ ဆယ်သိန်းရှစ်သောင်းကျော် ကျောင်းအပ်နှံတက်ရောက်လျက်ရှိပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးအတွင်း၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း ၂ကျောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း ၂ကျောင်းအား ယခုပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်ပြီးဆရာ၊ဆရာမများ၏ အရည်အသွေများတိုးတက်မြင့်မားနေရန်လိုပါကြောင်း၊ ဆရာ၊ဆရာမများသည် တပည့်များ၏ စံနမူပြများဖြစ်သည့်အတွက် စည်းကမ်းတကျ ဝတ်စားဆင်ယင်နေထိုင်သွားလာကြရမှာ ဖြစ်ပါကြောင်း၊သင်တန်းသားသင်တန်းသူများအနေဖြင့် အရည်အသွေးပြည့်ဝသည့် ဆရာ၊ဆရာမများဖြစ်လာကြရန်အတွက် သင်တန်းများပို့ချပေးခြင်းများ စနစ်တကျလေ့လာမှတ်သားနာယူပြီး လက်တွေ့နယ်ပယ်တွင်ဆက်လက်လေ့လာသင်ယူကြကာ မိမိတို့၏ တပည်များကိုပြန်လည်သင်ကြားပေးချပေးရန်လိုပါကြောင်း၊နိုင်ငံတော်နှင့်တိုင်းဒေသကြီးအတွက် အားကိုးအားထားပြုနိုင်သည့် ဆရာ၊ဆရာမများ​ဖြစ်စေရေးကြိုးစားကြရန် နှင့် သင်တန်းမှ သင်ကြားပို့ချမှုများကို စနစ်တကျလေ့လာသင်ယူဆည်းပူးကြရန်လိုပါကြောင်း”လမ်းညွှန်အမှာစကားပြောကြားပြီး သင်တန်းသား၊သင်တန်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းနှင့်ပတ်သက်သော အကြောင်းအရာများကို ကျောင်းအုပ်ကြီးက ရှင်းလင်းတင်ပြသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပုသိမ်ပညာရေးဒီဂရီကောလိပ် လေးနှစ်သင်၊ဒုတိယနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများနှင့် လေးနှစ်သင်၊ပထမနှစ်(ဒုတိယနှစ်ဝက်)ကျောင်းသား၊ကျောင်းသူများ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။ ပုသိမ်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်းPPTT(၉/၂၀၂၃) အား ၂လကြာသင်ကြားပို့ချသွားမှာဖြစ်ပြီး သင်တန်းသားသင်တန်းသူ ၈၅၅ ဦးတက်ခွင့်ရရှိကြောင်းသိရသည်။


Read More...
05-Jun-2023
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများအား ကျုံပျော်ခရိုင်ပတွင်းရှိ မြို့နယ်(၃)မြို့နယ်သို့ လွှဲပြောင်းပေးအပ်ပွဲ၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့် တောင်သူများသို့ မျိုးစပါးနှင့် သွင်းအားစုများပေးအပ်ပွဲအခမ်းအနားကျင်းပ
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများအား ကျုံပျော်ခရိုင်အတွင်းရှိ မြို့နယ်(၃)မြို့နယ်သို့ လွှဲပြောင်းပေးအပ်ပွဲ၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့် တောင်သူများသို့ မျိုးစပါးနှင့် သွင်းအားစုများပေးအပ်ပွဲအခမ်းအနားအား ယနေ့မွန်းလွဲပိုင်းက ကျုံပျော်မြို့နယ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “စိုက်ပျိုးရေးနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်း​ရောက်ရှိ​ရေးအတွက် ကြိုးစား​ဆောင်ရွက်လျှက်ရှိပြီး ယခုနှစ်တွင် မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ဆန်စပါးဖူလုံပိုလျှံမှုရှိသော်လည်း ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် လိုအပ်နေပါသေးကြောင်း၊ တစ်ဧကအထွက်နှုန်းပိုမိုထွက်ရှိရေးအတွက်  မျိုးကောင်းမျိုးသန့်စပါးများဖြင့် အစားထိုးစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး သို့မှသာ ပန်းတိုင်အထွက်နှုန်းသို့ ရောက်ရှိမှာဖြစ်ပါကြောင်း၊ ​မြေဆီလွှာဖွံ့ဖြိုးတိုးတက်​ရေးအတွက် ပိုက်ဆံ​လျှော် (သစ်စိမ်း​​မြေသြဇာ)ထည့်သွင်းစိုက်ပျိုးခြင်း၊ ထုံးထည့်သွင်းစိုက်ပျိုးခြင်း၊ သဘာ​မြေသြဇာနှင့်ဓါတ်​မြေသြဇာများ အချိုးကျ သုံးစွဲကြရန်လို​ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအား စိုက်ပျိုးရေးစံပြတိုင်းဖြစ်ရန်အတွက် စိုက်ပျိုးရေးပညာရှင်များ၊ တောင်သူများကလည်း ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ တောင်သူများအနေဖြင့် တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီးအထိ ပိုမိုစိုက်ပျိုးပြီး စိုက်ပျိုးရေးစံပြတိုင်းဖြစ်​​‌အောင်  ဝိုင်း၀န်းကြိုးပမ်း​ ပေးကြစေလိုကြောင်း”အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်များမှ တောင်သူများအား ဓာတ်မြေဩဇာနှင့် မျိုးစပါးများအားထောက်ပံ့ပေးအပ်ခဲ့ပြီး ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကျုံပျော်၊ရေကြည်၊ကျောင်းကုန်းမြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများထံသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများနှင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းနောက် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကွင်းအတွင်းမှ သဘာဝမြေဩဇာသုံး၍ ဓာတုကင်းလွတ်စပါးများ သုတေသနပြု စိုက်ပျိုးထုတ်လုပ်မှုများနှင့်ပတ်သက်၍ သုတေသသနအရာရှိ ဒေါ်ဖြူပြာလွင်ကလည်းကောင်း၊ဆာဖိုးသာမျိုးစေ့ ထုတ်လုပ်နေမှုအား မုန်းသီတာကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမင်းဇော်ကလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။ ဆက်လက်၍ ကျုံပျော်မြို့နယ်အတွင်းရှိ ပျဉ်ချဆိပ်ကျေးရွာ၊သောင်ရွာကျေးရွာ၊ ရေကြည်မြို့နယ်အတွင်းရှိ နွားရေတိုက်ကျေးရွာ၊ဆီဆုံကုန်းကျေးရွာ၊ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကောက်ကြီးကုန်းကျေးရွာ၊မကျည်းပင်ကွင်းကျေးရွာတို့မှ တောင်သူများက တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီးနောက် ရေကြည်မြို့နယ်၊ကွင်းသုံးဆင့်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်က​ ​ဒေသခံ​တောင်သူများ၏ ဆွေး​နွေးတင်ပြချက်များအ​ပေါ် ​ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့​ပြီး ခင်းကျင်းပြသထားသည့် မျိုးစပါးများနှင့် ဆန်အရည်အ​သွေးများကို ကြည့်ရှုခဲ့ပါသည်။ ဆက်လက်၍ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံ​​ပျော်ခရိုင်၊ စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူးရုံးသို့ သွားရောက်၍ ရိတ်သိမ်း​ခြွေ​လှေ့စက်​မောင်းနှင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုအ​ခြေခံသင်တန်းဖွင့်လှစ်ပို့ချရန်ပြင်ဆင်​ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့​နောက် တိုင်း​ဒေသကြီးစက်မှုလယ်ယာဦးစီးမှူးမှ သင်တန်းဖွင့်လှစ်​ဆောင်ရွက်မည့်အ​ခြေအ​နေများအား လိုက်လံရှင်းလင်းတင်ပြခဲ့ရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ​ကျေးလက်​နေ​တောင်သူလယ်သမားများအား လယ်ယာသုံးစက်ကရိယာများ၊ ရိတ်သိမ်း​ခြွေ​လှေ့စက်များ စနစ်တကျကိုင်တွယ်​မောင်းနှင်ရိတ်သိမ်းနိုင်​ရေး သင်ကြားပြ​​သ​ပေးရန်၊ သင်တန်းကာလအတွင်း သင်တန်းသားများ ​တည်းခို​နေထိုင်စား​သောက်မှု​များ အဆင်​ပြေ​အောင်​ ဆောင်ရွက်​ထားရှိရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး သင်တန်းခန်းမ​ဆောင်ပြင်ဆင်ထားရှိမှုနှင့် သင်​ထောက်ကူ စက်ပစ္စည်းများအား လိုက်လံကြည့်ရှုစစ်​ဆေးခဲ့ပါသည်။ အဆိုပါ ရိတ်သိမ်း​ခြွေ​လှေ့စက်​မောင်းနှင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုအ​ခြေခံသင်တန်းအား ၁၉.၆.၂၀၂၃ ရက်​နေ့မှ ၁၄.၇.၂၀၂၃ ရက်​နေ့ထိ သင်တန်းကာလ ၄ ပတ်ကြာ သင်တန်းသား​တောင်သူ ၅၀ ဦးအား သင်ကြားပို့ချ​ပေးသွားမည်ဖြစ်ပါသည်။


Read More...
03-Jun-2023
ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ဘောလုံးအသင်း အား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အသင်းအုပ်ချုပ်သူ၊ နည်းပြများ နှင့် အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ပြီး အသင်းအုပ်ချုပ်သူမှ  ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။  ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ တိုင်းဒေသကြီးအနေဖြင့် ဘောလုံးအားကစားနည်းတွင် ယခုနှစ်ပိုင်းများ၌  အောင်မြင်မှုများ ရရှိလာပြီဖြစ်ကြောင်း၊ ခရိုင်အလိုက်ပြိုင်ပွဲများကျင်းပ၍ ရွေးချယ်ထားသူများ ဖြစ်ပြီး တိုင်းဒေသကြီးကိုယ်စားပြုအနေဖြင့်  အောင်မြင်မှုများရရှိမည်ဟု ယုံကြည်ပါကြောင်း၊ အသင်းအုပ်ချုပ်သူ၊ နည်းပြများ၏ သွန်သင်ဆုံးမမှုများကို လေးစားလိုက်နာပြီး ကြိုးစား ဆောင်ရွက်ရန်လိုပါကြောင်း၊ ဘောလုံးအားကစားသည် အမျိုးသားရေးစိတ်ဓာတ် တက်ကြွ စေသည့် အားကစားနည်းဖြစ်ပါကြောင်း၊ အားကစားသမားပီသစွာ အနိုင်မခံအရှုံးမပေး စိတ်ဓာတ်ဖြင့် ကြိုးစားယှဉ်ပြိုင်ကစားကြရန်လိုပါကြောင်း၊ ကျန်းမာရေးအား ဂရုစိုက်နေထိုင် ကြရန်လည်းလိုပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်း အား မိမိအနေဖြင့်လွန်စွာ အားထားပါကြောင်းနှင့် အောင်မြင်မှုသရဖူများ ရရှိပါစေကြောင်း”ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံး အသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။


Read More...
02-Jun-2023