သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည်ပုသိမ်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT-၈/၂၀၂၂) ကျောင်းသားကျောင်းသူများကြိုဆိုပွဲနှင့် ၂၀၂၂ခုနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းအချိန်တွင်  ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင်ကျင်းပပြုလုပ်သည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT-၈/၂၀၂၂) ကျောင်းသားကျောင်းသူများကြိုဆိုပွဲတက်ရောက်ခဲ့ပါသည်။ ဦးစွာ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT-၈/၂၀၂၂) ကျောင်းသားကျောင်းသူများမှ ပုသိမ်ပညာရေးဒီဂရီကောလိပ် ကျောင်းသီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကြိုဆိုအမှာစကားပြောကြားရာ" ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးနှင့်ရင်းနှီးမြှုပ်နှံရမှဖြစ်ပါကြောင်း၊ သင်တန်းသားသင်တန်းသူများအနေဖြင့် အရည်အသွေးပြည့်ဝသည့် ဆရာ၊ဆရာမများဖြစ်လာကြရန်အတွက် သင်တန်းများပို့ချပေးခြင်းဖြစ်ပြီး လက်တွေ့နယ်ပယ်တွင်ဆက်လက်လေ့လာသင်ယူကြရမှာဖြစ်ပါကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် ပညာလည်းသင်လူကိုလည်းပြုပြင်ပေးကြရန်၊ လောကကို ပညာဖြင့်အလှဆင်သူများ ဖြစ်ကြရန်၊ လောကကိုဂရုဏာဖြင့်ဖြေဖျောက်သူများဖြစ်ကြရန်၊ အများအကြိုးကိုယ်ကျိုးစွန့်၍ ဆောင်ရွက်တက်သူများဖြစ်ကြရန်၊စေတနာ၊ ဝါသနာ၊ အနစ်နာ စသည့်နာသုံးနာအပြင် ဆရာ၊ဆရာမ များ၏စွမ်းဆောင်ရည်နှင့် အရည်အသွေး မြင့်မားရေးအတွက်အစဉ်လေ့လာသင်ယူနေကြသည့် ထာဝရကျောင်းသားကြီးများဖြစ်ကြရန် ၊ကျောင်းသူ၊ သားများ၏ အတုယူစရာ စံနမူနာပြများ ဖြစ်စေရေး ဆရာကျင့်ဝတ်နှင့်အညီ ပြုမှုနေထိုင်ကြရန်၊ နိုင်ငံတော်နှင့်တိုင်းဒေသကြီးအတွက် အားကိုးအားထားပြုနိုင်သည့် ဆရာ၊ဆရာမများ​ဖြစ်စေရေးကြိုးစားကြရန် နှင့် သင်တန်းမှ သင်ကြားပို့ချမှုများကို စနစ်တကျလေ့လာသင်ယူဆည်းပူးကြရန် မှာကြားခဲ့ပြီး သင်တန်းသားသင်တန်းသူများအတွက်ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။ ယနေ့တွင် တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ ဘိုကလေး ပညာရေးဒီဂရီကောလိပ်များတွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT-၈/၂၀၂၂) ကျောင်းသားကျောင်းသူများကြိုဆိုပွဲများဖွင့်လှစ်ခဲ့ကြပြီး ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသားကျောင်းသူ ၁၀၄၉ဦး၊  မြောင်းမြပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသားကျောင်းသူ ၃၉၂ဦးနှင့် ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသားကျောင်းသူ ၅၆၂ဦး တက်ရောက်လျက်ရှိကြကာ ယခုလ (၁)ရက်နေ့မှအောက်တိုဘာလ (၃၁)ရက်နေ့အထိသင်ကြားပို့ချသွားမှာဖြစ်ကြောင်းသိရှိရသည်။  ဆက်လက်၍ ၂၀၂၂ခုနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကို ယနေ့ညနေပိုင်းတွင် ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာများ၊ (၆)ခရိုင် အမျိုးသားဘောလုံးအသင်း အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ အားကစား သမားများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့်ယှဉ်ပြိုင်ကစားနိုင်ရေး၊ တိုင်းဒေသကြီးကိုယ်စားပြု  ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများကလည်း အားကစားသမားကောင်းပီသစွာ ဇွဲ၊ စိတ်ဓာတ်ကိုအရင်းခံ၍ အနိုင်မခံအရှုံးမပေးယှဉ်ပြိုင်ကစားကြရန်လိုပါကြောင်း၊ အားကစားအဆင့်အတန်းပိုမိုမြင့်မားလာစေရေး ရာသီအလိုက်၊ သက်တမ်းအလိုက်၊ အခြေခံပညာအလိုက်၊ အဆင့်မြင့်ပညာအလိုက်စသည် အားကစားပွဲများကျင်းပပြုလုပ်ပေးလျက်ရှိပါကြောင်း၊ ဘောလုံးအားကစားသည် ခွန်အားနဲ့ဉာဏ်ရည်ကို စနစ်တကျ မှန်ကန်စွာလှုပ်ရှားရမှု၊ ဇွဲရှိမှု၊ ယှဉ်ပြိုင်မှု၊ သည်းခံမှု၊ ကျွမ်းကျင်မှု၊စိတ်ဓာတ်ကြံ့ခိုင်မှု စည်းလုံးညီညွတ်မှု၊ စည်းကမ်းလိုက်နာမှုတို့ဖြင့် ယှဉ်ပြိုင်ကစားရခြင်းဖြစ်တာကြောင့် မိမိဒေသရဲ့ဂုဏ်သတင်းကိုအားကစားဖြင့် မြှင်တင်နိုင်အောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်းနှင့် မိမိတို့၏ တိုင်းဒေသကြီး၏ ဂုဏ်ကို ဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်” တိုက်တွန်းမှာကြား၍ ၂၀၂၂ခုနှစ်ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက် (၁၆) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ ထို့နောက် စစ်ကြောင်းမှူးဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်း၊ အားကစားသစ္စာအဓိဌာန် (၄)ချက်ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ပထမပွဲစဉ်ယှဉ်ပြိုင်ကစားကြသည့် ဘောလုံးအကယ်ဒမီ(ပုသိမ်)အသင်းနှင့် ဖျာပုံခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု အားပေးခဲ့ပါသည်။ ၂၀၂၂ခုနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို (ပုသိမ်၊ ဟင်္သာတ၊မြောင်းမြ၊မအူပင်၊ဖျာပုံ၊ လပွတ္တာ)ခရိုင်(၆)ခရိုင်နှင့် ဘောလုံးအကယ်ဒမီ(ပုသိမ်)၊စုစုပေါင်းအသင်း(၇) သင်းဖြင့် ၁၅.၉ ၂၀၂၂ရက်နေ့မှ၂၄ .၉.၂၀၂၂ ရက်နေ့အထိကျင်းပပြုလုပ် သွားမှာ ဖြစ်ကြောင်းသိရှိရပါသည်။


Read More...
15-Sep-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လု ပွဲနှင့် ဆုပေးပွဲအခမ်းအနားတက်ရောက်ခဲ့ပြီး ဗိုလ်လုပွဲစဉ်ယှဉ်ပြိုင်ကစားကြသည့် ကျုံပျော်ခရိုင်အသင်းနှင့် မအူပင်ခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျုံပျော်ခရိုင်အသင်းမှ ၂ဂိုးဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။  ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် လပွတ္တာခရိုင်အသင်းမှအားကစားသမားတစ်ဦးချင်းအား တိုင်းဒေသကြီးဥပဒေချုပ်မှလည်းကောင်း၊ ဒု တိယဆုရရှိသည့် မအူပင်ခရိုင်အသင်းမှ အားကစားသမားတစ်ဦးချင်းအား တိုင်းရင်းသားရေးရာဝန်ကြီးမှလည်းကောင်း၊ ပထမဆုရရှိသည့် ကျုံပျော်ခရိုင်အသင်းမှ အားကစားသမားတစ်ဦးချင်းအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှလည်းကောင်း၊ နေရာအလိုက်အကောင်းဆုံးအားကစားသမား(၅)ဦးအား သယံဇာတရေးရာဝန်ကြီးမှလည်းကောင်းတစ်ဦးချင်းဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး တတိယဆုရရှိသည့် လပွတ္တာခရိုင်အသင်းအား တတိယဆုဖလားကို စီးပွားရေးရာဝန်ကြီးမှလည်းကောင်း၊ ဒုတိယဆုရှိသည့် မအူပင်ခရိုင်အသင်းအား ဒုတိယဆုဖလားကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့ မှဆုဖလားချီးမြှင့်ခဲ့ကြကာ  တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပထမဆုရရှိသည့် ကျုံပျော်ခရိုင်အသင်းအား ပထမဆုဖလားနှင့် ချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
12-Sep-2022
ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု စားပွဲတင်တင်းနစ်အသင်းအား အောင်နိုင်ရေးအလံပေးအပ်
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု စားပွဲတင်တင်းနစ် အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့လည်ပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ အားကစား အောင်နိုင်ရေးအတွက်အကောင်းဆုံးအားကစားသမားများရွေးချယ်ပြီး နည်းစနစ်မှန်မှန်ဖြင့် စခန်းသွင်းလေ့ကျင့်ခဲ့ပါကြောင်း၊ တစ်ဦးချင်းကျွမ်းကျင်မှု၊ အသင်းလိုက်စည်းလုံးမှုဖြင့် အောင်မြင်မှုရရှိစေရေးကြိုးစားကြမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့်  စားပွဲတင်တင်းနစ်အားကစားပြိုင်ပွဲများတွင်အားနည်း/အားသာချက်များ သင်ခန်းစာယူပြီး အောင်မြင်မှုများရရှိနိုင်ရေးပိုမိုကြိုးစားကြရန်လိုပါကြောင်း၊ အားကစားသမားအနေဖြင့် ကျန်းမာကြံ့ခိုင်စေရေး ဂရုစိုက်နေထိုင်ကြရန်၊ လေ့ကျင့်မှုမပြက်ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီးအတွက် အောင်မြင်မှုများရရှိစေရေး အစွမ်းကုန်ကြိုးစာကြရန်”‌ပြော ကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု စားပွဲတင်တင်းနစ် အသင်းမှတာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ တိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်အားကစားပြိုင်ပွဲသို့ နည်းပြ၊ အုပ်ချုပ်၊ အားကစားသမားများ စုစုပေါင်း ၁၄ ဦးဖြင့်ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းသိရှိရသည်။


Read More...
12-Sep-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အမှတ် (၁၈၁) ပုသိမ်-ဟင်္သာတ-ကြံခင်း (အဆန်)အမြန်ရထားခရီးစဉ်ပြန်လည်ပြေးဆွဲခြင်းအခမ်းအနားတက်ရောက်ဖွင့်လှစ်
အမှတ် (၁၈၁) ပုသိမ်-ဟင်္သာတ-ကြံခင်း (အဆန်) အမြန်ရထားခရီးစဉ် ပြန်လည်ပြေးဆွဲခြင်းအခမ်းအနားကို ယနေ့နံနက်က ပုသိမ်မြို့၊ ပုသိမ်ဘူတာတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ခရီးသွားပြည်သူများတက်ရောက်ကြပါသည်။  ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံသာရည်များဖြန်းပတ်ပေးခဲ့ကာ ရထားစီး ခရီးသွားပြည်သူများကိုရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပါသည်။ ထို့နောက်  နံနက်(၆)နာရီတွင် ရထားစတင်ထွက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ပုသိမ်ဘူတာမှ ဂုံမင်းဘူတာအထိလိုက်ပါစစ်ဆေးခဲ့ကြပါသည်။ အလားတူအမှတ် (၁၈၂)ကြံခင်း-ဟင်္သာတ- ပုသိမ်(အစုန်)အမြန်ရထားခရီစဉ်ကိုလည်းကြံခင်းဘူတာမှ နံနက်(၆)နာရီတွင်စတင်ထွက်ခဲ့ကြကာ ခရီးသွားပြည်သူများစိတ်အေးချမ်းသာစွာလိုက်ပါစီးနင်းခဲ့ကြောင်းသိရှိရပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကျောင်းကုန်းမြို့နယ်၊ ဆိပ်သာကြီးကျေးရွာနှင့် ကန်ကြီးထောင့်မြို့နယ်၊ ဆိပ်သာလေးကျေးရွာသို့ဆက်သွယ်ထားသည့် ကျုံလမုချောင်းကူးတံတား (၁၂ဝပေ×၁၄ပေ)တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်၍ စတီးလက်ရန်းများတပ်ဆင်နိုင်ရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျဆောင်ရွက်စေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့ကြောင်းသိရသည်။


Read More...
11-Sep-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားအခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းသားကျောင်းသူများတက်ရောက်ခဲ့သည်။ ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းသားအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ယှဉ်ပြိုင်ကစားနိုင်ရေး၊ တိုင်းဒေသကြီးကိုယ်စားပြု  ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများကလည်း အားကစားသမားကောင်းပီသစွာ ယှဉ်ပြိုင်ကစားကြရန်လိုပါကြောင်း၊ ခွန်အားနဲ့ဉာဏ်ရည်ကိုစနစ်တကျမှန်ကန်စွာလှုပ်ရှားရမှု၊ ဇွဲရှိမှု၊ ယှဉ်ပြိုင်မှု၊ သည်းခံမှု၊ ကျွမ်းကျင်မှု၊စိတ်ဓာတ်ကြံ့ခိုင်မှု စည်းလုံးညီညွတ်မှု၊ စည်းကမ်းလိုက်နာမှုတို့ဖြင့်ယှဉ်ပြိုင်ကစားရခြင်းဖြစ် တာကြောင့် မိမိဒေသရဲ့ဂုဏ်သတင်းကိုအားကစားဖြင့် မြှင်တင်နိုင်အောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်းနှင့် မိမိတို့၏ တိုင်းဒေသကြီး၏ ဂုဏ်ကို ဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်” တိုက်တွန်းမှာကြား၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားအခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်း၊ အားကစားသစ္စာအဓိဌာန် ၄ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ ပြိုင်ပွဲ ပထမပွဲစဉ်ယှဉ်ပြိုင်ကစားကြသည့် မအူပင်ခရိုင်အသင်းနှင့် ကျုံပျော်ခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား  အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ၁၀.၉ ၂၀၂၂ရက်နေ့မှ ၁၂.၉.၂၀၂၂ ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရှိရပါသည်။


Read More...
10-Sep-2022