သတင်းများ
ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၇/၂၀၂၂)အား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၇/၂၀၂၂)အား ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များနှင့် ခရိုင်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌများက video confrencing စနစ်ဖြင့်တက်ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက “ကိုဗစ်-၁၉ရောဂါ ပြန်လည်တွေ့ရှိလာသည့်အတွက် ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးဆိုင်ရာစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသက်တမ်းမကုန်မီ အချိန်မီထိုးနှံပြီးစီးစေရေး အလေးထားဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံခြင်းများဆောင်ရွက်ပေးသည့်အပြင် Booster dose ထပ်ဆောင်းကာကွယ်ဆေး၊ Additional booster dose အပိုထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းများကိုလည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ကိုဗစ်-၁၉ရောဂါပိုးသည် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူများနှင့် ထပ်ဆောင်းအပိုကာကွယ်ဆေးထိုးနှံပြီးသူများတွင်ကူးစက်မှုနည်းပါးသည်ကိုတွေ့ရှိရ၍ ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မပြက်ဆက်လက်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု၊ကုသမှုနှင့်ကာကွယ်ဆေးထိုးနှံမှုအခြေအနေများအား ကော်မတီဝင်များကသုံးသပ်ဆွေးနွေးပေးလိုကြောင်း” ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များအလိုက် ရောဂါပိုးတွေ့ရှိမှုအခြေအနေများ၊ဆေးရုံများ၌ ကုသပေးနေမှုအခြေအနေများနှင့်ကာကွယ်ဆေးများထိုးနှံပြီးစီးမှုအခြေအနေများအားဆွေးနွေးတင်ပြသည်။ယင်းနောက် ခရိုင်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌများနှင့် ကော်မတီအဖွဲ့များဝင်များ၏အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ပြီး တင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Read More...
20-Sep-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC) အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲတက်ရောက်
Read More...
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှဆောင်ရွက်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ် ဌာနချုပ်ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့် သင်တန်းသူသင်တန်းသားများတက်ရောက်ခဲ့ကြပါသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိတို့ပါဝင်ဆောင်ရွက်ရမည့် ကဏ္ဍအလိုက် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများမှာ ရာသီဥတုပြောင်းလဲမှုနှင့်အတူ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းများကိုထည့်သွင်းဆောင်ရွက်သွားနိုင်ရန်၊ ပြည်သူလူထုအတွင်း သဘာဝဘေးအန္တရာယ် အသိပညာဗဟုသုတများ၊ သဘာဝဘေးအန္တရာယ် မကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီးနောက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆင့်ပွားအသိပညာပေးနိုင်စေဖို့ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်၍ မိုးရာသီကာလများတွင် လေပြင်းတိုက်ခတ်ခြင်း၊ မြစ်ရေကြီးခြင်း၊ ကမ်းပါးပြိုကျခြင်းစသည့် ဘေးအန္တရာယ်များ အနည်းနှင့်အများ ကြုံတွေ့ရလေ့ရှိပါကြောင်း၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ဇာတ်တိုက်လေ့ကျင့်ခြင်းများ၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များ၊ အသိပညာပေးလုပ်ငန်းများအပါအဝင် သဘာဝဘေးအန္တရာယ်ထိခိုက်မှုလျေ့နည်းသက်သာစေရေး စီမံချက်များရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့သဘာဝဘေးဖြစ်စဉ်များကိုလေ့လာကြည့်ပါက ကမ္ဘာတစ်ဝန်းလုံးတွင်သဘာဝဘေးအန္တရာယ်ကျရောက်မှုအကြိမ်အရေအတွက် စိတ်လာပြီး ဖျက်စီးမှုစွမ်းအားများလည်းပိုမိုမြင့်မားလာတာကိုတွေ့ရမှာဖြစ်ပါကြောင်း၊ သဘာဝဘေးဖြစ်ပွားသည့်အကြောင်းအရင်းတွေကတော့ ရာသီဥတုပြောင်းလဲလာမှု၊ လူဦးရေတိုးပွားလာမှုနှင့် နေထိုင်မှုပုံစံပြောင်းလဲလာမှုတို့ကြောင့်ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့်မွေးမြူရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်နှင့်သဘာဝသယံဇာတများကဏ္ဍ၊ စွမ်းအင်၊သယ်ယူပို့ဆောင်ရေးနှင့်စက်မှုကဏ္ဍ၊ မြို့ကြီးများ၊မြို့နယ်များနှင့်လူသားတို့အခြေချနေထိုင်မှုများကဏ္ဍ၊ ရာသီဥတုအန္တရာယ်နှင့် ကျန်းမာရေးကဏ္ဍ၊ ပညားရေး၊ သိပ္ပံနှင့်နည်းပညာကဏ္ဍများတွင် ထိခိုက်သက်ရောက်မှုများစွာရှိသည်ကို လေ့လာချက်များအရ သိရှိရပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပျက်စီးဆုံးရှုံးမှုများလျော့နည်းနိုင်သမျှ လျော့နည်းစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးအပါအဝင် အရးပေါ်တုံ့ပြန်မှုလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် သဘာဝဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ပတ်ဝန်းကျင်ကိုထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများတိုးပွားစေရေး၊ စွမ်းဆောင်ရည်မြင့်မားစေရေးတို့အတွက် ဌာနဆိုင်ရာများ၊ သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များ၏ လုပ်ငန်းစွမ်းဆောင်ရည်များမြှင့်တင်ဆောင်ရွက်ကြရန်နှင့် သင်တန်းသူသင်တန်းများအနေဖြင့် သင်တန်းမှပို့ချမှုများအားစနစ်တကျလေ့လာမှတ်သားကြပြီး မိမိတို့ဒေသ၊ဌာနဆိုင်ရာများတွင် အကျိုးရှိစွာ ပြန်လည်မျှဝေဆောင်ရွက်ပေးကြကာ သဘာဝဘေး အန္တရာယ်များအား ကူညီကာကွယ်ဆောင်ရွက်နိုင်ပါစေကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းဖွင့်လှစ်မှုအခြေအနေများအားရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများ၊ သင်တန်းသားသင်တန်းသူများနှင့်မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) အမှတ်စဉ်(၁/၂၀၂၂)ကို ယခုလ ၂၀ ရက်နေ့မှ ၂၄ရက်နေ့အထိ ၅ ရက်ကြာဖွင့်လှစ်သင်ကြားသွား မှာဖြစ်ပြီး သင်တန်းသားသင်တန်းသူ ၅၀ ဦးတက်ရောက်လျက်ရှိပါသည်။
Read More...
20-Sep-2022
၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့်စနူကာအသင်းအားအောင်နိုင်ရေးအလံပေးအပ်တက်ရောက်
Read More...
၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့်စနူကာအသင်းအားအောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့လည်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ အားကစား အောင်နိုင်ရေးအတွက်အကောင်းဆုံးအားကစားသမားများရွေးချယ်ပြီး လေ့ကျင့်သားပြည့်ဝစေရန်နှင့်ပြိုင်ပွဲစည်းကမ်းများနှင့်အညီ ကြိုတင်ပြင်ဆင်၍ နည်းစနစ်မှန်မှန်ဖြင့် စခန်းသွင်းလေ့ကျင့်ခဲ့ပါကြောင်း၊ တစ်ဦးချင်းကျွမ်းကျင်မှု၊ အသင်းလိုက်စည်းလုံးမှုဖြင့် အောင်မြင်မှုရရှိစေရေးကြိုးစားကြမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး စားဘိလိယက်နှင့်စနူကာအသင်းအနေဖြင့် အောင်မြင်မှုများရရှိရေးကြိုးစားကြရန်လိုပါကြောင်း၊ အားကစားသမားအနေဖြင့် ကျန်းမာကြံ့ခိုင်စေရေး ဂရုစိုက်နေထိုင်ကြရန်၊ လေ့ကျင့်မှုမပြက်ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီးအတွက် အောင်မြင်မှုများရရှိစေရေး အစွမ်းကုန်ကြိုးစာကြရန်”ပြော ကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့်စနူကာ အသင်းမှတာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ တိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာအားကစားပြိုင်ပွဲသို့ နည်းပြ၊ အုပ်ချုပ်၊ အားကစားသမားများ စုစုပေါင်း ၁၅ ဦးဖြင့်ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းသိရှိရသည်။
Read More...
19-Sep-2022
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအစည်းအဝေးတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအဖွဲ့ဝင်များ၊ ကော်မတီ၊ ဆပ်ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုက်ရာဌာနဆိုင်ရာများနှင့် ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများက video confrencing စနစ်ဖြင့်တက်ရာက်ကြပါသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာကော်မတီများအလိုက် အစည်းအဝေးညွှန်ကြားချက်များအပေါ် ဆောင်ရွက်နေမှုအခြေအနေများနှင့် သြဂုတ်လမှစ၍ ယာဉ်မတော်ဆမှုဖြစ်စဉ်များအပေါ် သုံးသပ်တင်ပြပေးစေလိုကြောင်း၊ ယာဉ်မတော်တဆမှုများလျော့နည်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ မောင်းနှင်အသုံးပြုစေရေး၊ ထိခိုက်မှုများမှ အကာအကွယ်ပေးနိုင်သည့်အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုတ်များ ဝတ်ဆင်မောင်းနှင်စေရေးတို့အတွက် ခရိုင်၊မြို့နယ်၊ မြို့၊ ရပ်ကွက်ကျေးရွာများမထိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပးဆိုင်းဘုတ်များစိုက်ထူခြင်းများ ဆောင်ရွက်ခြင်းနှင့် စစ်ဆေးအရေးယူခြင်းများပါ ထိထိရောက်ရောက်ဆောင်ရွက်ရန်လိုပါကြောင်း၊ ပြည်သူများ၊ ဝန်ထမ်းများအားလုံးလိုက်ပါဆောက်ရွက်စေရေး ဌာနဆိုင်ရာများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ လမ်းဆုံလမ်းခွများ၊ ယာဉ်မတော်တဆမှုဖြစ်ပွားလေ့ရှိသည့်နေရာများ၊ လူစည်ကားရာနေများတွင် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ ထော်လာဂျီများ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်အညီစနစ်တကျသွားလာမောင်းနှင်ဆောင်ရွက်စေရေးစစ်ဆေး ကြပ်မတ်ဆောင်ရွက်ရန်လိုပါကြောင်း၊ လိုင်စင်မဲ့ယာဉ်များ၊ စည်းကမ်းပျက်ယာဉ်များ အသုံးပြုမှုမရှိစေရေးစစ်ဆေးကြပ်မက်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ယာဉ်မတော်တဆမှုများလျော့နည်းပပျောက်စေရေး ဆောင်ရွက်ရမည့်နည်းလမ်းများဆွေးနွေးကြပြီး တိတိကျကျလိုက်နာဆောက်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်မှာကြားပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှလည်းကောင်း၊ တိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှလည်းကောင်း၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးမှလည်းကောင်း၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ တွဲဘက်အတွင်းရေးမှူး၊ ဒုတပ်ဖွဲ့ခွဲမှူးမှလည်းကောင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများတင်ပြဆွေးနွေးကြပြီး ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများမှ အထွေထွေတင်ပြဆွေးနွေးကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ(NRSC)၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်ကိုဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့်ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူအရေအတွက်ကို ၅၀% လျှော့ချနိုင်ရေးရည်မှန်းချက်ထားဆောင်ရွက်ရန်ပြောကြားခဲ့ပြီးလိုအပ်သည်များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Read More...
19-Sep-2022
၂၀၂၂ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ၂၀၂၂ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ကျင်းပပြုလုပ်သော အခမ်းအနားသည် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းစဉ်များကို ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်သွားပြီး လူသားများနှင့်ကမ္ဘာပေါ် ရှိသက်ရှိများကို ကောင်းမွန်သောအိုဇုန်းလွှာဖြင့်ဆက်လက်၍ အကာအကွယ်ပေးသွားနိုင်ရန်၊ အိုဇုန်းလွှာပျက်စီးမှုမရှိသောကမ္ဘာ့ပူနွေးမှုညွှန်းကိန်းနိမ့်ဒြပ်ပစ္စည်းများအစားထိုးအသုံးပြုခြင်းဖြင့် ပိုမိုအေးမြသည့်ကမ္ဘာကြီးဖြစ်လာစေရန်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကိုချမှတ်နိုင်ခဲ့ပြီး အိုဇုန်းလွှာပျက်စီးစေသည့်ဒြပ်ပစ္စည်းများဆိုင်ရာမွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ကိုထပ်မံ ချုပ်ဆိုနိုင်ခဲ့ကာ စာချုပ်ပါအချက်များအားပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်ခဲ့ကြ၍ မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၈နိုင်ငံ လက်မှတ်ရေးထိုးကာ စာချုပ်ပါကတိကဝတ်များအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင်အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားကို ၂၀၀၈ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၁၈ခုနှစ်တွင်ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အဖြစ်သတ်မှတ်ကျင်းပခဲ့ကာ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးများအနေဖြင့်နှစ်စဉ် စက်တင်ဘာလ၁၆ရက်နေ့ကို ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုများဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ၂၀၂၂ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ဆောင်ပုဒ်မှာ "Montreal Protocol @35: global cooperation protecting life on earth" ၃၅နှစ်တာမွန်ထရီရယ်အောင်မြင်မှုခရီး သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်းပူးပေါင်းဆောင်ရွက်စို့ ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုပေါ်တွင် ပိုမိုကျယ်ပြန့်သော အကျိုးသက်ရောက်မှုရှိပုံနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ယင်းသဘောတူစာချုပ်ပေါ်တွင်ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်၊ ကမ္ဘာပေါ်ရှိနိုင်ငံများလက်ရှိကြုံတွေ့နေရသည့် ရာသီဥတုဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် ကမ္ဘာမြေပေါ်ရှိသက်ရှိများကိုကာကွယ်နိုင်ရန်ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ဖွံ့ဖြိုးစေရန်လိုအပ်ကြောင်း အသိအမှတ်ပြုစေလိုခြင်းဖြစ်ပါကြောင်းနှင့် လူသားများနှင့် ကမ္ဘာပေါ်ရှိ သက်ရှိများကိုကောင်းမွန်သောအိုဇုန်းလွှာဖြင့် ဆက်လက်၍ အကာအကွယ်ပေးသွားနိုင်ရန်၊ ကမ္ဘာ့လေထုလွှာအတွင်းအိုဇုန်းလွှာပျက်စီးစေသည့်ဒြပ်ပစ္စည်းများမရောက်ရှိစေရန်နှင့် ကောင်းမွန်သာယာလှပပြီး သန့်ရှင်းသည့်ကမ္ဘာကြီးကိုပစ္စုပ္ပန်နှင့်အနာဂတ်မျိုးဆက်သစ်များအားလက်ဆင့်ကမ်းပေးနိုင်စေရန်အတွက် တက်ရောက်လာသူများအနေဖြင့်တစ်ဦးတစ်ယောက်ခြင်းအနေဖြင့်သော်လည်းကောင်း၊ အဖွဲ့အစည်းများဖြင့်သော်လည်းကောင်း သက်ရှိများအတွက်သာမက နောင်အနာဂတ်မျိုးဆက်များအတွက်ပါ အရေးပါသည့်အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းစဉ်များကို အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ”ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံမှ ၂၀၂၂ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။ ထို့နောက် ၂၀၂၂ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အသိပညာပေး Video Clip ပြသမှုကို ကြည့်ရှုအားပေးခဲ့ပြီး အထိမ်းအမှတ်မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ်ပြသထားသောပြခန်းများကိုလှည့်လှည်ကြည့်ရှုခဲ့ကြပါသည်။
Read More...
19-Sep-2022