သတင်းများ


ပုသိမ်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ဇန်နဝါရီလ၊ (၄) ရက်နေ့ညပိုင်းကပြုလုပ်ခဲ့ရာ ညစာစားပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆုရရှိသူများ တက်ရောက်ခဲ့ကြသည်။ ဂုဏ်ပြုညစာစားပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိခဲ့သည်မှာ (၇၆)နှစ်မြောက်သို့ တိုင်ခဲ့ပြီဖြစ်ပါကြောင်းနှင့် မိမိတို့အနေဖြင့် လွတ်လပ်ရေးအား လက်ဆင့်ကမ်းထိန်းသိမ်းသွားရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်မိုးစပါးတွင် သတ်မှတ်ထားသည့် ရည်မှန်းချက်များကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သကဲ့သို့ နွေစပါးကိုလည်း ရည်မှန်းထားသည့်အတိုင်း အောင်မြင်စွာဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ Clean City ၊ Green City ဆုများကိုလည်း ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ချမှတ်ထားသည့် ရည်မှန်းချက်များကို အကောင်အထည်ဖော်သည့်အခါ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ဒေသထွက်ကုန်ကြမ်းများဖြင့် MSMEsလုပ်ငန်းများပိုမိုတိုးတက်အောင် ဆောင်ရွက် ခဲ့ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပါအဝင် ဘက်စုံကဏ္ဍစုံ တိုးတက်စေရန်နှင့် လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့စေရန်အတွက် အားလုံးက ပူးပေါင်းပါဝင်ပြီး တက်ညီလက်ညီဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက် သွားကြရမည်ဖြစ်ကြောင်း”အမှာစကားပြောကြားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ စည်ပင်ဖွဲ့စည်းပုံ (ကအဆင့်မြို့) အထူးဆုရရှိသည့် ဖျာပုံမြို့၊ စည်ပင်ဖွဲ့စည်းပုံ( က အဆင့်အောက်မြို့) အထူးဆုရရှိသည့် ကြံခင်းမြို့တို့မှ တာဝန်ရှိသူများနှင့်အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ တတိယဆု၊ အခြေခံပညာမူလတန်းအဆင့်စာစီစာကုံးပြိုင်ပွဲတတိယဆု၊ အခြေခံပညာ အထက်တန်းအဆင့်ကဗျာပြိုင်ပွဲ တတိယဆု၊ အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲ တတိယဆုရရှိသူများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ဌာနဆိုင်ရာပြခန်း တတိယဆုရရှိသည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြခန်း၊ MSMEs ပြခန်း တတိယဆုရရှိသည့် မြောင်းမြခရိုင်ပြခန်း၊ သစ်သီးဝလံပြခန်း တတိယဆုရရှိသည့် မြန်အောင်ခရိုင်ပြခန်းတို့မှ တာဝန်ရှိသူများ၊ တက္ကသိုလ်ကျောင်းပေါင်းစုံစာစီစာကုံးပြိုင်ပွဲ တတိယဆု၊ တက္ကသိုလ်ကျောင်းပေါင်းစုံကဗျာပြိုင်ပွဲ တတိယဆု၊ အခြေခံပညာအထက်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲ တတိယဆုရရှိများကို ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးက လည်းကောင်း၊ တက္ကသိုလ်ကျောင်းပေါင်းစုံကဗျာပြိုင်ပွဲ ဒုတိယဆု၊ အခြေခံပညာအထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲ ဒုတိယဆု၊ အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဒုတိယဆု၊ အခြေခံပညာမူလတန်းအဆင့်စာစီစာကုံးပြိုင်ပွဲ ဒုတိယဆု၊ အခြေခံပညာ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲ ဒုတိယဆုရရှိသူများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီးကလည်းကောင်း၊ ဌာနဆိုင်ရာပြခန်း ဒုတိယဆုရရှိသည့် ကျန်းမာရေးဝန်ကြီးဌာန ၊ MSMEs ပြခန်းဒုတိယဆုရရှိသည့် ပုသိမ်ခရိုင်၊ သစ်သီးဝလံပြခန်းတွင် ဒုတိယဆုရရှိသည့် ကျုံပျော်ခရိုင်တို့မှ တာဝန်ရှိသူများနှင့် တက္ကသိုလ်ကျောင်းပေါင်းစုံစာစီစာကုံးပြိုင်ပွဲတွင် ဒုတိယဆု၊ အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဒုတိယဆုရရှိသူများ ကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလည်းကောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ် ပေါင်းစုံ စာစီစာကုံးပြိုင်ပွဲ ပထမဆု၊ အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ပထမဆု၊ အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ပထမဆု၊ အခြေခံပညာမူလတန်း အဆင့် စာစီစာကုံးပြိုင်ပွဲ ပထမဆု၊ အခြေခံပညာအထက်တန်းအဆင့် ကဗျာပြိုင်ပွဲ ပထမဆုရရှိ သူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ တက္ကသိုလ်ဒီဂရီကောလိပ် ပေါင်းစုံ ကဗျာပြိုင်ပွဲ ပထမဆု၊ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး ပထမဆုရှိရ သူများနှင့် စည်ပင်ဖွဲ့စည်းပုံ (အထူး+ ကအဆင့်)(Green City)ဆုရရှိသည့် မြန်အောင်မြို့၊ စည်ပင်ဖွဲ့စည်းပုံ (အထူး+ ကအဆင့်)(Clean City)ဆုရရှိသည့် ဟင်္သာတမြို့၊ စည်ပင်ဖွဲ့စည်းပုံ (အထူး+ ကအဆင့်အောက်)(Green City)ဆုရရှိသည့် ဓနုဖြူမြို့၊ စည်ပင်ဖွဲ့စည်းပုံ (အထူး+ ကအဆင့်အောက်)(Clean City)ဆုရရှိသည့် ကျောင်းကုန်းမြို့၊ ဌာနဆိုင်ရာပြခန်းဆုရရှိသည့် နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ ကွန်ပျူတာတက္ကသိုလ်ပြခန်း၊ သစ်သီးဝလံပြပွဲဆု ပထမရရှိသည့် မြောင်းမြခရိုင်နှင့် MSMEs ပြခန်း ပထမဆုရရှိသည့် ကျုံပျော်ခရိုင်တို့မှ တာဝန်ရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်းဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ပညာအလင်္ကာတေးဂီတအဖွဲ့မှလွတ်လပ်ရေးနေ့ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှု အားပေးခဲ့ပြီး ဂုဏ်ပြုညစာများ သုံးဆောင်ခဲ့ကြကြာ အဆိုရှင်များနှင့် ပညာအလင်္ကာ တေးဂီတ အဖွဲ့တို့အား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
05-Jan-2024
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော ( Myanmar National League-2 Promotion Amateur Culb Tournament) ပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သော RANGER Football Club အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော ( Myanmar National League-2 Promotion Amateur Culb Tournament) ပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အခြေစိုက် RANGER Football Club အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ဇန်နဝါရီလ(၃)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သော RANGER Football Club အသင်းမှ အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား RANGER Football Club အသင်းနည်းပြချုပ်က ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ( Myanmar National League-2 Promotion Amateur Culb Tournament) ပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့အောင်ကြိုးစားခဲ့ကြသည့်အတွက် များစွာဂုဏ်ယူပါကြောင်း၊ တိုင်းဒေသကြီးအတွင်း၌ ဘောလုံးအားကစားနည်းနှင့် အခြားသောအားကစားနည်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် မကြာမီကာလတွင် အားကစားသိပ္ပံတစ်ခု ပေါ်ထွက်လာစေရေး ဆောင်ရွက်လျက်ရှိပြီး ကိုးသိန်းအားကစားကွင်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘောလုံးအားကစားနည်းအား အပျော်တမ်းမှ ပရော်ဖက်ရှင်နယ် စနစ်ကို သွားမည်ဆိုပါက ယခုကဲ့သို့ပြိုင်ပွဲများပြုလုပ်ပေးခြင်းသည် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများအတွက် လမ်းဖွင့်ပေးရာနေရာတစ်ခုဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည့်ပံ့ပိုးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သော RANGER Football Club အသင်းအား များစွာဂုဏ်ယူပါကြောင်းနှင့် လိုအပ်သည့်ကိစ္စရပ်များကို ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ဂုဏ်ပြုအမှာစကားများပြောကြားခဲ့ပြီး အောင်ပွဲရRANGER Football Club အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
04-Jan-2024
ပုသိမ်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (၂၆) မြို့နယ်အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (၂၆) မြို့နယ်အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲ တာလွှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့၌ ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် (၂၆)မြို့နယ်မှ စက်ဘီးပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (၂၆) မြို့နယ်အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲ၊ တာလွှတ်အခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ (၂၆) မြို့နယ်အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲဝင် အားကစားသမား (၇၀)ဦးက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့မှ စတင်၍ ပုသိမ်တံတားအမှတ်(၂)၊ သံပတ်ခွ၊ ပုသိမ်အမှတ်(၁)ကြိုးတံတား၊ တဲကြီးကုန်းလမ်း ထိုမှတဆင့်ကိုးသိန်းအားကစားကွင်းသို့ ပန်းဝင်ရောက်ခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုးသိန်းအားကစားခန်းမ၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ်ပြုလုပ်သည့် ဌာနပေါင်းစုံ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ထုပ်ဆီးတိုး၊ လွန်ဆွဲ၊ လျှော်တိုင်တက်၊ ခေါင်းအုံးရိုက်ပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ ဖူဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တိုင်းဒေသကြီးပညာရေးမှူးရုံးအသင်းအား တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ ပထမဆုရရှိသည့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးအသင်းက တိုင်းရင်းသားရေးရာဝန်ကြီးက ငွေသားဆုများနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ အသင်းအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန အသင်းအား လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားဘောလီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တိုင်းဒေသကြီးပညာရေးမှူးရုံးအသင်းအား သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့် တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးအသင်းအား စီးပွားရေးရာဝန်ကြီးက ငွေသားဆုများနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ပုသိမ်ပညာရေးဒီဂရီကောလိပ်အသင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး၏ ဇနီးကလည်းကောင်း၊ ပထမဆုရရှိသည့် ပုသိမ်ပြည်သူ့ဆေးရုံအသင်းအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ ဇနီးကလည်းကောင်း၊ အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တိုင်းဒေသကြီးပညာရေးမှူးရုံးအသင်းနှင့် ပထမဆုရရှိသည့် ပုသိမ်ပညာရေးဒီဂရီကောလိပ်အသင်းအား စီးပွားရေးရာဝန်ကြီး၏ ဇနီးကလည်းကောင်း၊ (၂၆) မြို့နယ်အမျိုးသား/အမျိုးသမီး စက်ဘီးပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးနှင့် ဇနီးတို့ကလည်းကောင်း၊ အမျိုးသမီး စက်ဘီးပြိုင်တွင် ပဉ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယနှင့် ပထမဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အမျိုးသားစက်ဘီးပြိုင်ပွဲတွင် စက်ဘီးပြိုငွဲတွင် ပဉ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယနှင့် ပထမဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်းသိရသည်။


Read More...
04-Jan-2024
ပုသိမ်မြို့၌(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့်သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ (၇၆)နှစ်မြောက်လွတ်လပ်‌ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက်၄နာရီ မိနစ်၂၀ အချိန်က ကျောက်တိုင်အားကစားကွင်း၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊တိုင်းအဆင့်ဌာနဆိုင်ရာများက နေရာယူပြီးနောက် အလံတင်တပ်စုမှတပ်ကြပ်ကြီးဦးဆောင်၍ နိုင်ငံတော်အလံတင်ခြင်းနှင့် အလေးပြုခြင်းများဆောင်ရွက်ခဲ့ပြီးနောက် အလံတင်တပ်စုသည် စစ်ရေးပြကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ထို့နောက် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို နံနက်(၇)နာရီအချိန်တွင် အဆိုပါကွင်း၌ ဆက်လက်ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ စည်သူ ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက်လာသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအားအလေးပြုခဲ့ကာ ဂုဏ်ပြုတပ်ဖွဲ့မှသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂ဝ၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ််က ဖတ်ကြားခဲ့ကြောင်းသိရသည်။


Read More...
04-Jan-2024
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ နှင့် ပြခန်းတာဝန်ခံများတက်ရောက်ခဲ့ကြသည်။ ဦးစွာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ခရိုင်ရှစ်ခရိုင်မှ ခင်းကျင်းပြသထားသည့် သစ်သီးဝလံ၊ ပန်းမန်နှင့် MSME ဒေသထွက်ကုန်ပြခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်အလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ဒေသထွက်ကုန်များပိုမိုထုတ်လုပ်စေရေး၊ စားသောက်ကုန်များကိုလည်း ပြည်တွင်းဈေးကွက်သာမက ပြည်ပစျေးကွက်များအထိ တင်ပို့ရောင်းချနိုင်စေရေး၊ ထုတ်ပိုးမှုပိုမိုသေသပ်ကောင်းမွန် စေရေးနှင့် ထုတ်လုပ်မှုစနစ်များအဆင့်မြှင့်တင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ဌာနဆိုင်ရာပြခန်း များအား လှည့်လည်ကြည့်ရှု၍ သက်ဆိုင်ရာဌာနအလိုက် ခင်းကျင်းပြသထားရှိမှုများအား စိတ်ဝင်တစား မေးမြန်းဆွေးနွေးခဲ့ပြီး ပြခန်းတာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများအား ယခုလ(၃)ရက်နေ့မှ(၅) ရက်နေ့အထိ ပြသသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာများနှင့် ခရိုင်ရှစ်ခရိုင်မှ သစ်သီးဝလံ၊ ပန်းမန်နှင့် MSME ဒေသထွက်ကုန်ပြခန်းနှင့် သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာစသည့် စိုက်ပျိုးရေးသွင်းအားစု ပြခန်းများအပါအဝင် ပြခန်းစုစုပေါင်း ( ၈၁ )ခန်းပါဝင်ပြသွားမည်ဖြစ်ကာ အများပြည်သူများ ဗဟုသုတရှာမှီးလေ့လာနိုင်စေရေး ဆောင်ရွက်ထားရှိကြောင်းသိရသည်။


Read More...
03-Jan-2024