သတင်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း လောင်စာတောင့်စက်ရုံဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြို့နယ်၊ပိုးလောင်းအုပ်စု၊ညောင်ချောင်းလေးကျေးရွာရှိ SSBE(Myanmar) Group Company Limited ၏ လောင်စာတောင့်စက်ရုံဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါစက်ရုံ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင် အောင်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်,မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့သည်။
ဦးစွာ စက်ရုံအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနားအားပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “လောင်စာတောင့်စက်ရုံ ဖွင့်လှစ်နိုင်သည့်အတွက် ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် နှစ်စဉ် မိုးစပါး/နွေစပါး စိုက်ဧက ၅ သန်းကျော် စိုက်ပျိုးလျက်ရှိရာ စပါးခွံတန်ပေါင်း မြောက်မြားစွာ ထွက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ယခုဖွင့်လှစ်ပေးလိုက်သည့်စပါးခွံသုံးလောင်စာတောင့်စက်ရုံ အပါအ၀င် စက်ရုံအကြီး/အသေး ၁၁ ရုံရှိပြီဖြစ်ကြောင်း၊ ယခုစက်ရုံတွင် စပါးခွံသုံး ဘွိုင်လာတာဘိုင်(၂ မဂ္ဂါဝပ်)၂ လုံး တပ်ဆင်ထားပြီး အဆိုပါဘွိုင်လာတာဘိုင်ဖြင့် လျှပ်စစ်ဓာတ်ထုတ်လုပ်ပေးမည်ဖြစ်သဖြင့် စက်ရုံလည်ပတ်ရန်အပြင် ပိုလျံသည့် လျှပ်စစ်ဓါတ်အားဖြင့်ပတ်၀န်းကျင်ကျေးရွာများသို့မီးပေးနိုင်မည်ဖြစ်ကြောင်း၊ ထပ်မံ၍လည်း စပါးခွံသုံး ဘွိုင်လာတာဘိုင် ၁ လုံး တပ်ဆင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရပါကြောင်း၊ လောင်စာတောင့်စက်ရုံအနေဖြင့် လယ်ယာသုံးစွန့်ပစ်ပစ္စည်းများဖြစ်သည့် စပါးခွံနှင့်မြေပဲခွံတို့ကို အသုံးပြု၍ လောင်စာတောင့်ပြုလုပ်နေသည့်အတွက် နိုင်ငံ့၀င်ငွေတိုးစေသည့်အပြင် သဘာ၀ပတ်၀န်းကျင် ညစ်ညမ်းမှုကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ဒေသခံပြည်သူများ၏ ပညာရေး၊ကျန်းမာရေးလူမှုရေး အစရှိသည့် CSRလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးရန်နှင့် ဒေသခံပြည့်သူများအားအလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးရန်”ပြောကြားသည်။
ထို့နောက် SSBE Co.Ltd၏ မန်နေးဂျင်းဒါရိုက်တာ မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ကုမ္ပဏီရှင်းလင်းဆောင်၌ စက်ရုံလည်ပတ်မှုအခြေအနေများနှင့်ပတ်သက်၍ ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြပြီးနောက် စပါးခွံသုံးဘွိုင်လာတာဘိုင်အား စမ်းသပ်လည်ပတ်ရန် ဝန်ကြီးချုပ်မှ ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ဘွိုင်လာအတွင်းသို့ စပါးခွံ ထည့်၍ စွမ်းအင်ထုတ်ယူပုံနှင့် ယင်းမှ ထွက်ရှိသည့် အပူစွမ်းအင်အား တာဘိုင်သို့ပို့ဆောင်လျက် တာဘိုင်မှတစ်ဆင့် Generatorသို့ ပို့ဆောင်၍ လျှပ်စစ်ထုတ်ယူပုံ အဆင့်ဆင့်အားလည်းကောင်း၊ စက်ရုံအတွင်း လျှပ်စစ်ဖြန့်ဝေပေးပို့သည့် ထိန်းချုပ်ခန်းအားလည်းကောင်း၊ ရေငန်မှ ရေချိုသို့ ပြောင်းလဲ သန့်စင်စက်အားလည်းကောင်း၊ လောင်စာတောင့်ထုတ်လုပ်ရန် စပါးခွံနှင့် မြေပဲခွံများအား အမှုန့်ကြိတ်ခြင်း၊ ရောနှောခြင်းနှင့် လောင်စာတောင့် ထုတ်လုပ်ခြင်းတို့၌ အသုံးပြုသည့် စက်ကိရိယာများ၏ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်တို့အားလည်းကောင်း လှည့်လည်ကြည့်ရှုကာ သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီးနောက် စက်ရုံဝန်ထမ်းများနှင့်ရင်းနှီးစွာတွေ့ဆုံခဲ့ကြောင်း သိရသည်။
Read More...
27-Sep-2022

ဧရာဝတီတိုင်းဒေသကြီး၏ မြန့်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲဝင်များ၏ အရည်အချင်းစစ်ဆေးသည့်အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၏ မြန့်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ၏ အရည်အချင်းစစ်ဆေးသည့်အခမ်းအနားအား ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြိုင်ပွဲဝင်များနှင့် အကဲဖြတ်ဒိုင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“၂၃ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊အက၊အရေး၊အတီးဗဟိုအဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအား စခန်းသွင်းလေ့ကျင့်ပေးလျှက်ရှိရာ ပြိုင်ပွဲဝင်မည့်ပုံစံအတိုင်း အရည်အချင်း စစ်ဆေးခြင်းဖြစ်ပါကြောင်း၊ လေ့ကျင့်သား ပိုမိုပြည့်ဝလာသည်နှင့် ဆုတံဆိပ်များ ပိုမိုရရှိလာမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် စခန်းသွင်းလေ့ကျင့်နေစဉ် ကာလအတွင်း ကျန်းမာရေးကိုလည်း အထူးဂရုပြုနေထိုင်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီး ကိုယ်စားပြု အဆို၊အက၊အရေး၊အတီး၊ ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့၏အနုပညာစွမ်းရည်အား အစွမ်းကုန်ဖော်ထုတ်၍ ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုတံဆိပ်များ ရယူနိုင်ပါစေကြောင်း”ပြောကြားသည်။
ဆက်လက်၍ (ဝါသနာရှင် ဒုတိယတန်း (အဆို)မဟာဂီတ)၊ (ဝါသနာရှင် ပထမတန်း(တစ်ဦးချင်းအက))၊ (အဆင့်မြင့်ပညာရှင်(အတီး)ဂီတာ၊မယ်ဒလင်)၊(ဝါသနာရှင်ပထမတန်း(ဆိုင်းအဖွဲ့လိုက်)(ကျား)၊ (ဝါသနာရှင်ဒုတိယတန်း(ဆိုင်းအဖွဲ့လိုက်)(မ)နှင့် (ဝါသနာရှင် ဒုတိယတန်း(အတီး)မယ်ဒလင်)တို့၏ အရည်အချင်းစစ် အနုပညာစွမ်းရည်များပြသခဲ့ကြပြီး အကဲဖြတ်ဒိုင်များက တစ်ဦးချင်းပြည်လည်သုံးသပ်ဆွေးနွေးခဲ့တင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင်များနှင့် ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။
Read More...
26-Sep-2022

တိုင်းဒေသကြီးအတွင်း နေကြာသီးနှံသီးထပ်စိုက်ပျိုးနိုင်ရေးနှင့် ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ နေကြာသီးနှံသီးထပ်စိုက်ပျိုးနိုင်ရေးနှင့်ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအားယနေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၁)၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ဆောင်းနေကြာသီးထပ်စိုက်ပျိုးနိုင်ရန်အတွက် မိုးနေကြာ မျိုးစေ့ထုတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထပ်မံလိုအပ်မည့် နေကြာမျိုးများအား အချိန်မီ စုဆောင်းရန် လိုပါကြောင်း၊ Contract Farming စနစ်ဖြင့် အကျိုးတူဆောင်ရွက်မည့်သူများရှာဖွေရမည့်အပြင် ရေလိုအပ်သည့်အချိန်တွင် ရေပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ နေကြာဆီစက်များ အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကော်ဖီစိုက်ပျိုးနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးလျှက်ရှိသည့်တောင်သူများနှင့် တွေ့ဆုံဆောင်ရွက်ကြရန်လိုပါကြောင်း၊ ကော်ဖီစိုက်ပျိုးနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လုပ်ဆောင်မည့်အခြေအနေများအား တင်ပြဆွေးနွေးရန်လိုပါကြောင်း၊ ကော်ဖီစိုက်ပျိုးနိုင်ရန်အတွက် တောင်သူများအား အသိပညာပေးရန်လိုပါကြောင်း”ပြောကြားသည်။
ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊စီးပွားရေးရာဝန်ကြီး၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က နေကြာသီးထပ်စိုက်ပျိုးနိုင်ရေး မြေနေရာစုဖွဲ့မှု မျိုးလိုအပ်ချက်များနှင့် မျိုးစေ့စုဆောင်ရရှိမှုအခြေအနေများ၊ လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများနှင့် သက်ဆိုင်ရာဌာနများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားဆွေးနွေးခဲ့ကြောင်းသိရသည်။
Read More...
25-Sep-2022

၂၀၂၂ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်နှင့် ဂုဏ်ထူးဆောင်/ထူးချွန်ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဂုဏ်ပြုချီးမြှင့်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ၂၀၂၂ခုနှစ်“ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်နှင့်ဂုဏ်ထူးဆောင်/ထူးချွန်ဆုရရှိသူများအားဂုဏ်ပြုပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ နယ်မြေခံလေတပ်စခန်းဌာနချုပ်မှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ပြည်သူလူထုအကျိုးအား ဆောင်ရွက်ပေးနေကြသော မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ရှေးဦးပြုစုခြင်း ကဏ္ဍသည်အလွန်အရေးပါသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ရှေးဦးပြုစုပေးခြင်းဖြင့် လူနာ၏ထိခိုက်ဒဏ်ရာနှင့် နာကျင်ခံစားမှုများအား လျော့နည်းသက်သာစေပြီး အသက်ရှင်သန်စေရန် အခွင့်အလမ်းများ ပိုမိုရရှိစေမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ကြက်ခြေနီတပ်ဖွဲ့ဝင်များအနေဖြင့် အကူအညီလိုအပ်သူများ အတွက် အကူအညီများပေးခြင်း ၊ သဘာဝဘေးအန္တရာယ် အမျိုးမျိုး ကြုံတွေ့မှုများတွင် ကူညီပေးခြင်း၊ စေတနာသွေးလှူရှင်လုပ်ငန်းများနှင့် အရေးပေါ်လူနာတင်ယာဉ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက် ပေးလျက်ရှိခြင်းစသော လူမှုကရုဏာ အကူအညီများကို ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေးခဲ့ခြင်းများအတွက် ကျေးဇူးတင်ပါကြောင်းနှင့်ဆက်လက်၍ စွမ်းစွမ်းတမံ ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းလိုပါကြောင်း၊ ၂၀၂၂ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ ယခုနှစ်ဆောင်ပုဒ်ဖြစ်သော “ ရှေးဦးပြုစုအတတ်ပညာ ဘဝတစ်သက်တာသင်ယူပါ” "Lifelong First Aid Learning"အတိုင်း လူမှုအသိုင်းအဝိုင်းအတွင်း လူသားချင်းစာနာမှုကို အခြေခံသောရှေးဦးပြုစုခြင်း အလေ့အကျင့်ကောင်းများဖြင့် နိုင်ငံ့အကျိုးပြု၊ တိုင်းဒေသကြီး အကျိုးပြု၊ ပြည်သူ့ အကျိုးပြု လူမှုကရုဏာလုပ်ငန်းများကို ရှေးဦးပြုစုခြင်း အတတ်ပညာရပ်များ သင်ယူကြပြီး ယခုထက်ပိုမို စွမ်းစွမ်းတမံ ကြိုးစား ဆောင်ရွက် သွားကြရန်တိုက်တွန်းပါကြောင်း”ပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် မှတ်တမ်း Videoပြသသည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံကြက်ခြေနီအသင်းကချီးမြှင့်သည့် ရှေးဦးပြုစုခြင်းဆိုင်ရာ လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် တိုင်းဒေသကြီးဆု ရရှိခဲ့သည့် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီအား ထပ်ဆင့်ဂုဏ်ပြုဆုနှင့် အကြိမ် (၆၀) နှင့်အထက် စေတနာသွေးလှူရှင်များအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဂုဏ်ထူးဆောင် အမှုဆောင်နှင့် ဂုဏ်ထူးဆောင် တပ်ဖွဲ့ဝင် များအားဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား နယ်မြေခံလေတပ်စခန်းဌာနချုပ်မှူးကလည်းကောင်း၊ရှေးဦးပြုစုခြင်းဖြင့် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည့်တပ်ဖွဲ့ဝင်များအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအားလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့ကလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်ပြခန်းအားလှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
Read More...
25-Sep-2022

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၆ ခရိုင် အသက် ၁၆ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ချီးမြှင့်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၆ ခရိုင်အသက်၁၆နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားအား ယနေ့ ညနေပိုင်းတွင် ကိုးသိန်းဘောလုံးအားကစားကွင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ဘောလုံးဝါသနာရှင် ပြည်သူများတက်ရောက်ကြည့်ရှုအားပေးသည်။
ဗိုလ်လုပွဲတွင် ဘောလုံးအကယ်ဒမီအသင်းနှင့် ပုသိမ်ခရိုင်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပုသိမ်ခရိုင်အသင်းက ဘောလုံးအကယ်ဒမီအသင်းအား နှစ်ဂိုး-တစ်ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားအားပြုလုပ်ရာ ဆုရရှိသည့်ခရိုင်များမှ အားကစားသမားများက နေရာယူကြပြီး ဒုတိယဆုရရှိသည့် ဘောလုံးအကယ်ဒမီအသင်းမှ အားကစားသမားများအားတစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းမှအားကစားသမားများအားတစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊နေရာအလိုက်အကောင်းဆုံး အားကစားသမားဆုရရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်းအသီးသီးဆုများချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းအား ဂုဏ်ပြုဆုဖလားချီးမြှင့်ပေးခဲ့သည်။အဆိုပါဘောလုံးပွဲအားယခုလ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိကျင်းပခဲ့ကြောင်းသိရသည်။
Read More...
24-Sep-2022