သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရေဘေးသင့် ပြည်သူများကို ဆန်ရိက္ခာများထောက်ပံ့ပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့၊ အမှတ်(၃) ရပ်ကွက် အင်းဝကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
Read More...
22-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာမြို့၊ ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်းပိတ်ဆို့နိုင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့် အတူ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်း ပိတ်ဆို့နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာများထောက်ပံ့ပေးအပ်ခဲ့သည်။
Read More...
22-Aug-2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပုသိမ်တက္ကသိုလ်သန့်ရှင်းသာယာလှပရေးဆောင်ရွက်မှုများကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်တက္ကသိုလ်၌ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်အတွင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်
Read More...
22-Aug-2026
လေးမျက်နှာမြို့နယ်အတွင်း ရေဘေးကူညီရေးအတွက် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ၊ ကူညီကယ်ဆယ်ရေးအဖွဲ့ များ ကုန်းလမ်း၊ ရေလမ်းခရီးစဉ်များတွင် အခက်အခဲမရှိစေရန် Information Centre များထားရှိ
Read More...
လေးမျက်နှာမြို့နယ်အတွင်း ရေဘေးကူညီရေးအတွက် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များနေ့စဉ် လာရောက်လျက်ရှိရာ စေတနာရှင် အလှူရှင်များအနေဖြင့် သွားလာရေး အခက်အခဲမရှိ လိုအပ်သည့်နေရာများသို့ အဆင်ပြေစွာ ရောက်ရှိနိုင်ရန် နယ်မြေကွပ်ကဲရေးအဖွဲ့များမှ (၆)ဘီးယာဉ်များ၊ စက်လှေများဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
Read More...
22-Aug-2026
လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် စားရေရိက္ခာများ၊ လူသုံးကုန်ပစ္စည်းများကို နေ့စဥ် ကွပ်ကွဲရေးရုံးများမှ ဖြန့်ဝေပေးပို့လျက်ရှိ
Read More...
လေးမျက်နှာမြို့နယ် ရေဘေးသင့် ပြည်သူများအတွက် စားရေရိက္ခာများ၊လူသုံးကုန်ပစ္စည်းများကို နေ့စဥ် ကွပ်ကွဲရေးရုံးများမှ ဖြန့်ဝေပေးပို့လျက်ရှိပြီး အလှူရှင်များ၊ကူညီကယ်ဆယ်ရေးအဖွဲ့များ ကုန်းလမ်း၊ ရေလမ်းခရီးစဉ်များတွင်အခက်အခဲမရှိစေရန် Information Centreများ၊ ကွပ်ကဲရေးရုံးများ ထပ်မံဖွင့်လှစ်ထားရှိကြောင်း ဟင်္သာတခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ မှသိရသည်။
Read More...
22-Aug-2026