သတင်းများ


(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့် ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကျင်းပ
(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ဗဟိုအဆင့်ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လည်က  ပုသိမ်မြို့၊မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်၎င်းတို့၏ဇနီး များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊တိုင်းဒေသ ကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များနှင့် ဖိတ်ကြားထားသူများ  တက်ရောက်အားပေးခဲ့ကြသည်။  ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က“ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်‌ကျေးမှု အဆို၊အက၊အရေး၊အတီးဗဟိုအဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများပြုလုပ်၍ အရည်အချင်းပြည့်မီသူများအား စနစ်တကျရွေးချယ်စခန်းသွင်းလေ့ကျင့်ပေးခဲ့ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် ပညာရှင်များ၊ အကဲဖြတ်ဒိုင်များ၏ အကြံပြုသုံးသပ်ချက်များကို ကောင်းစွာနာယူမှတ်သားလိုက်နာပြီး ပြိုင်ပွဲဝင်သွားရမှာဖြစ်ပါကြောင်း၊ တစ်ဦးချင်းပြိုင်ပွဲများတွင် မိမိတို့၏ ပြိုင်ပွဲဝင်ဘာသာရပ်အားကျွမ်းကျင်ပိုင်နိုင်စွာ ယှဉ်ပြိုင်နိုင်ရေး၊ အဖွဲ့လိုက်ပြိုင်ပွဲများတွင် စည်းလုံးညီညွတ်မှု၊ အပေးအယူမျှတမှုရှိစေရေး၊ ပံ့ပိုးသူများအနေဖြင့်လည်းမိမိတို့ပြိုင်ပွဲဝင်အတွက်အကောင်းဆုံးဖြစ်စေရေး ကြိုးစားဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ (၂၂) ကြိမ်မြောက် ဗဟိုအဆင့်ပြိုင်ပွဲတွင် တိုင်းဒေသကြီးအနေဖြင့် ပြိုင်ပွဲဝင် ၁၂၅ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ် ဆုရရှိမှုတန်းစီဇယား စတုတ္ထနေရာရရှိခဲ့ပါကြောင်း၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ဗဟိုအဆင့်ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၁၉၃ဦးဖြင့် ပြိုင်ပွဲဘာသာရပ် များအားပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ယခင်နှစ်ထက် အောင်မြင်မှုများပိုမိုရရှိစေရေးကြိုးစားဆောင်ရွက် နေသည်ကိုတွေ့ရှိရပါကြောင်း၊ ပြိုင်ပွဲဝင်ကာလတစ်လျှောက်လုံးကျန်းမာရေးအထူးဂရုပြုကြရန်နှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုတံဆိပ်များစွာရရှိ၍ အောင်ပွဲနှင့်အတူ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်ရေး ပြိုင်ပွဲဝင်များ၊ နည်းပြအုပ်ချုပ်အဖွဲ့များ ဝိုင်းဝန်းကြိုးပမ်းကြရန်”ပြောကြားသည်။ ဆက်လက်၍ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ဗဟိုအဆင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များ၏ ဝါသနာရှင်(ဒုတိယတန်း) ခေတ်ဟောင်းကာလပေါ်၊ ဝါသနာရှင် (ဒုတိယတန်း)အမျိုးဂုဏ်၊ဇာတိဂုဏ်၊ အဆင့်မြင့်ပညာ ခေတ်ဟောင်းကာလပေါ်၊ အခြေခံပညာ(၁၅-၂၀) ခေတ်ဟောင်းကာလပေါ်တေးများဖြင့်လည်းကောင်း၊ အခြေခံပညာ(၁၀-၁၅)တစ်ဦးချင်းအကများကိုလည်းကောင်း၊ ဝါသနာရှင်ဒုတိယတန်းဆိုင်းတစ်ဦးချင်း၊ ဝါသနာရှင်ဒုတိယတန်း စောင်း၊ အဆင့်မြင့်ပညာ ဂီတာ၊ အခြေခံပညာ(၁၅-၂၀) မယ်ဒလင်၊  အခြေခံပညာ(၁၀-၁၅)စန္ဒရား၊ အခြေခံပညာ (၁၅-၂၀)ဆိုင်းအဖွဲ့လိုက်တို့၏ အနုပညာစွမ်းရည်များပြသမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ဗဟိုအဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက် တေးရေးဆရာဦးသန်းရှိန်ရေးစပ်သီကုံးသည့် လက်တွဲညီညီရှေ့သို့ချီ သီချင်းသီဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ၊ နည်းပြအုပ်ချုပ်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကြောင်းသိရသည်။


Read More...
06-Oct-2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်
၂၀၂၂ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းကဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကန်တော့ခံဆရာကြီး၊ဆရာမကြီးများနှင့် ဆရာ၊ဆရာမများတက်ရောက်ခဲ့ကြသည်။ ဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဆရာ၊ဆရာမများက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆရာ့ဂုဏ်ပြုတေး မြတ်ဆရာ သီချင်းသီဆိုဖျော်ဖြေဂုဏ်ပြုပြီး ဆရာများ၏ ဂုဏ်ရည်ကိုဖော်ညွှန်းသည့်ပိုက်စုံရတုဖြင့် ဆရာတစ်ဦးမှ သီဆိုဂုဏ်ပြုခဲ့ကြပါသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖတ်ကြားခဲ့ပြီး  ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးမှ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့လက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး အသက် (၇၀)နှစ်နှင့်အထက် အငြိမ်းစားဆရာကြီး၊ ဆရာကြီးများအား ဂါရဝပြုလက်ဆောင်များဖြင့်ပူဇော်ကန်တော့ခဲ့ကြပြီး ဆရာကြီးတစ်ဦးမှကျေးဇူးတင်ဝမ်းမြောက်စကားပြန်လည်ပြောကြားခဲ့ပါသည်။  ထို့နောက်၂၀၂၂ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်တိုင်းဒေသကြီးအဆင့် အခြေခံပညာအထက်တန်းနှင့်အလယ်တန်းစာစီစာကုံးနှင့်က ဗျာပြိုင်ပွဲတွင် ဆုရရှိကြသည့်ကျောင်းသားကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပြခန်းများကိုလှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယုဇနဆောင်ခန်းမတွင် ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲအောင်ချက်မြင့်မားစေရေး ဆရာ၊ဆရာမများ၊ ပညာရေးမှူးများ၊ အုပ်ချုပ်ရေးအဖွဲ့များဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ယခုနှစ်သည် စနစ်ဟောင်းနောက်ဆုံးနှစ်ဖြစ်၍   စာမေးပွဲဖြေဆို အောင်မြင်နိုင်စေရေး မိဘများကသားသမီးများ၏ရှေ့ရေးအတွက်အခွင့်အရေးပေးစေလိုပါကြောင်း၊ ပြင်ပဖြေဆိုသူများကိုလည်း အောင်မြင်စွာဖြေဆိုနိုင်ရေး လိုအပ်သည်များတင်ပြပေးရန်ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးနှင့် ခရိုင်၊ မြို့နယ်ပညာရေးမှူးများမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားမှု၊ ပြင်ပကျောင်းသားကျောင်းသူများအတွက် စာသင်ကြားပို့ချနိုင်ရေးစီစဉ်ဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြချက်များအပေါ်  တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
05-Oct-2022
ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အကူသူနာပြု(ပြင်ပ)(၉)လသင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်
ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အကူသူနာပြု(ပြင်ပ)(၉)လသင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးအုပ်ကြီးနှင့်တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများတက်ရောက်ကြပါတယ်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျန်းမာရေးစနစ်ရဲ့အရေးအကြီးဆုံးဒေါက်တိုင်ကြီးတစ်ခုဖြစ်တဲ့ အရည်အချင်းပြည့်ဝသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကူသူနာပြုများဟာ ပင်ကိုယ်စိတ်ရောကိုယ်ပါဖြူစင်သူများ၊ ယဉ်ကျေးပျူငှာသူများဖြစ်ကြပြီး ပြည်သူကိုအလုပ်အကျွေးပြုရန်ရည်ရွယ်၍ အကူသူနာပြုကျင့်ဝတ်များကိုလိုက်နာစောင့်ထိန်းပြီး မိမိတို့၏တာဝန်များကိုကျေပွန်စွာထမ်းဆောင်သွားရန်လိုပါကြောင်း၊ အကူသူနာပြုများအနေဖြင့် သင်တန်းမှပို့ချသင်ကြားပေးသော ဆေးပညာဆိုင်ရာပညာရပ်များ၊ လက်တွေ့ကုသမှုများကို ကောင်းစွာမှတ်သားနာယူပြီး လူနာများပေါ် ဝါသနာ၊ စေတနာ၊ အကြင်နာ၊ ဂရုဏာ၊ အနစ်နာ၊ စာနာမှုစသည့် နာ (၆) နဲ့အတူ ပြုစုစောင့်ရှောက်ပေးကြရမှာဖြစ်ပါကြောင်း၊ ပြည်သူကိုဗဟိုပြုသောကျန်းမာရေးစနစ်ကို အောင်မြင်အောင် ဖော်ဆောင်နိုင်ရေးပါဝင်ဆောင်ရွက်ကြရမည့်အပြင် ကိုယ်တိုင်ကလည်း အရည်အသွေးပြည့်မီစေရေး၊ ပြည်သူများပါဝင်လာစေရေး၊ လူမှုဆက်ဆံရေးကောင်းမွန်စေရေးစသည်တို့ကိုလည်း ဆက်လက်သင်ယူလေ့ကျင့်ကြရမှာဖြစ်ပါကြောင်းနှင့် နိုင်ငံတော်၏ လိုအပ်ချက်အတွက် တစ်ထောင့်တစ်နေရာမှာ ဖြည့်တင်းလုပ်ကိုင်ရင်း ပြည်သူတစ်ရပ်လုံးအတွက် အလုပ်အကျွေးပြုသည့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ဦးဆောင်ကြိုးပမ်းဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့ကာ ထူးချွန်သင်တန်းသားသင်တန်းသူများကို ဆုများနှင့် သင်တန်းဆင်းအောင်လက်မှတ်များချီးမြှင့်ပေးခဲ့ပါသည်။ ထို့နောက်သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ပါတယ်။ အဆိုပါသင်တန်းကို ( ၁၃.၁.၂၀၂၂)ရက်နေ့ မှယနေ့အထိ (၉)လတာဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသားသင်တန်းသူစုစုပေါင်း (၅၃)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရသည်။


Read More...
03-Oct-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် အသင်းလိုက်တံခွန်စိုက်ဆုရရှိခဲ့သော တိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့်စနူကာအသင်း ဂုဏ်ပြုပွဲသို့ တက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည့် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် အသင်းလိုက်တံခွန်စိုက်ဆုရရှိခဲ့သော တိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့်စနူကာအသင်းအား ဂုဏ်ပြုပွဲတက်ရောက်အားပေးခဲ့ပါသည်။ ဦးစွာ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင်ရရှိခဲ့သည့် အသင်းလိုက်တံခွန်စိုက်ဆုဖလားအား တာဝန် ရှိသူများမှ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံအပ်နှံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှဂုဏ်ပြုအမှာစကားပြောကြားရာ  ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင်အသင်းလိုက်တံခွန်စိုက်ဆုဖလားရရှိအောင်ကြိုးစားခဲ့ကြသည့် အားကစားသမားများ၊ နည်းပြအုပ်ချုပ်သူများကို  ယခုကဲ့သို့တိုင်းဒေသကြီး၏ ဂုဏ်ဆောင်နိုင်ခဲ့သည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ထိုက်သင့်သည့်ဂုဏ်ပြုချီးမြှင့်ခြင်းများကိုဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးအားကစားကဏ္ဍ တိုးတက်လာစေရေးအတွက်အားကစားသိပ္ပံကျောင်းရရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊  တိုင်းဒေသကြီးသည် လူးစွမ်းအားအရင်းအမြစ်များများစွာရှိပြီး မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းလာစေရေး မြို့နယ်၊ ခရိုင်၊ အခြေခံပညာ၊ အဆင့်မြင့်ပညာအလိုက် စနစ်တကျလေ့ကျင့်ပျိုးထောင်ပေးကြရမှာဖြစ်ပါကြောင်း၊ဆက်လက်ယှဉ်ပြိုင်ရမည့် အားကစားပြိုင်ပွဲများတွင်လည်း ယခုကဲ့သို့ တံခွန်စိုက်ဆုဖလားများရရှိစေရေးဆက်လက်ကြိုးပမ်းဆောင်ရွက်ရန်လိုပါကြောင်း၊ အားကစားသမားများအနေဖြင့်လည်း တိုင်းဒေသကြီးကိုယ်စားပြုမှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဖြစ်လာစေရေး ကြိုးစားကြရန်ပြောကြားခဲ့ပြီးနောက်  ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် အသင်းလိုက်တံခွန်စိုက်ဆုဖလားရရှိခဲ့သည့် တိုင်းဒေသကြီးဘိလိယက်နှင့်စနူကာအသင်းအား ဂုဏ်ပြုငွေများချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ထို့နောက် တိုင်းဒေသကြီးဘိလိယက်နှင့်စနူကာအသင်းနည်းပြနှင့် အားကစားသမားများက ပြိုင်ပွဲအတွေ့အကြုံများ၊ ယှဉ်ပြိုင်အနိုင်ရရှိမှုများနှင့် လိုအပ်သည်များအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါဝည်။


Read More...
01-Oct-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားတက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိအရာရှိများမှ မြန်မာ့ရဲသီချင်းဖြင့် ဂုဏ်ပြသီဆိုဖွင့်လှစ်ခဲ့ပါသည်။  ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ၁၈၈၇ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ကာ အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၁၉၉၅ အောက်တိုဘာလ၁ရက်နေ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့၍ ပြည်သူ့အကျိုးစီးပွားကို တရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ဆောင်ကြဉ်းနိုင်စေရေး အသွင်သဏ္ဍာန်ရောအနှစ်သာရပါပြောင်းလဲလာအောင်အစီအမံများချမှတ်ဆောင်ရွက်ခဲ့ရာ ယနေ့ဆိုရင် (၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်တဲ့ ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေးတို့ကိုအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ခေတ်နှင့်အညီ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလျက်ရှိရာ (Interpol) အဖွဲ့ဝင်ဖြစ်ပြီး အဖွဲ့ချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများတွင် နိုင်ငံတကာရဲလုပ်ငန်းဆိုင်ရာများပူးပေါင်းဆောင်ရွက်မှု၊မှုခင်းသတင်းအ ချက်အလက် များဖလှယ်မှုအပြင် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းစဉ်များကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါကြောင်းနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင်အဓိကအကျဆုံးဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အားလုံးဟာ တာဝန်ခံမှုတာဝန်ယူမှုပြုနိုင်တဲ့ ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ်ကြပြီး ပြည်သူလူထုရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာတွင် ရဲလုပ်ငန်း၊ဥပဒေလုပ်ထုံးလုပ်နည်း၊ ကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုတို့နဲ့ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအစဉ်ကြိုးပမ်းလုပ်ဆောင်သွားရန်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၏သဝဏ်လွှာအားဖတ်ကြားပါသည်။ ဆက်လက်၍ ဆုရတပ်ဖွဲ့ဝင်များအားဆုချီးမြှင့်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စီမံထူးချွန်တံဆိပ်၊ ရဲသူရတံဆိပ်၊ ရဲဗလတံဆိပ်ရရှိသူများအားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့မှ ရဲဗလတံဆိပ်ရရှိသူများနှင့် ရဲချုပ်၏ အမှုထမ်းကောင်းလက်မှတ်ရရှိသူအားလည်းကောင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ အကြမ်းဖတ်မှုတားဆီးကာကွယ်ရေးနှင့်တိုက်ဖျက်ရေးအဖွဲ့၏ဆုချီးမြှင့်ခြင်းခံရသူ နှင့်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏အမှုထမ်းကောင်းလတ်မှတ်ရရှိသူများအားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။ အဲဒီနောက် ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ပြသမှုအားကြည့်ရှုအားပေးခဲ့ကာအခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပြခန်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။


Read More...
01-Oct-2022