သတင်းများ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ကဆုန်လပြည့်( ဗုဒ္ဓနေ့) ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲအခမ်းအနား၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ကဆုန်ညောင်ရေသွန်းပွဲအခမ်းအနားများကျင်းပ
Read More...
၁၃၈၆ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်းအတွင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ ဩဝါဒစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားအား ကြွရောက်တော်မူလာကြသော ဩဝါဒစရိယ ဆရာတော်ကြီးများက ဗုဒ္ဓဘိသေက အနေကဇာတင်တော်မူကြ ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ် မှူးနှင့်ဇနီးတို့က ဩဝါဒစရိယဆရာတော်ကြီးများအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ရေစက်ချမင်္ဂလာအခမ်းအနားကိုကျင်းပရာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆရာတော် သံဃာတော်အရှင်သူမြတ်များထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ္မ ဇောတိက) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင်ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)တွင် မြတ်စွာဘုရားအမှူးပြုသော သံဃာတော်(၂၂၂၀)ပါး၊ သီလရှင်(၁၂၄ )ပါး၊ စုစုပေါင်း(၂၃၄၄)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကို ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြသည်။
ဆက်လက်၍ ညနေပိုင်းတွင် ပုသိမ်မြို့၊ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ အရှေ့တောင်ဘက် အင်္ဂါထောင့်ရှိ မဟာဗောဓိပင်တော် အမှတ်(၁)နှင့် မဟာဗောဓိပင်တော် အမှတ်(၂)တို့တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲမဟာမင်္ဂလာအခမ်းအနားအား ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက "နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ဗုဒ္ဓရောင်ခြည်တော်ဖွဲ့ပူဇော်ပြီး မင်္ဂလာငွေခရုဖြင့် ပူဇော်ခဲ့ပြီးနောက် အခမ်းအနားမှူးက “မဟာဗောဓိ ရုက္ခောဒကပူဇာ” ဂါထာတော်ကိုရွတ်ဖတ်ပူဇော်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက သတ်မှတ်နေရာများတွင် နေရာယူကြပြီး အခမ်းအနားမှူးမှ “ဇယောဟိဗုဒ္ဓဿ”ဂါထာတော်များ ရွတ်ဖတ်ပူဇော်ပြီးသောအခါ မဟာဗောဓိပင် ညောင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားသို့တက်ရောက်လာကြသည့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများက အလှည့်ကျနေရာယူ၍ မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ထို့နောက် အခမ်းအနားမှူးက အောင်ဆုမင်္ဂလာအမျှဝေစာတမ်းဖတ်ကြား၍ အမျှဝေခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
Read More...
22-May-2024

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နွေရာသီအဆင့်မြင့်အားကစားသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့်အားကစား သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “နွေရာသီအားကစားသင်တန်းများအား ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ကျန်းမာသန်စွမ်း၍ ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးသည့် လူငယ်များဖြစ်ပေါ်လာစေရေးရည်ရွယ်၍ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်ခြင်း၊ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ မြန်မာ့အားကစားကို နိုင်ငံတကာအဆင့်မီတက်လှမ်းနိုင်ရန်ရည်ရွယ်၍ ရေတို၊ ရေရှည်စီမံကိန်းများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာတွင် မျိုးဆက်သစ်လူငယ်များ စုဆောင်းရရှိရေးသည် အဓိကအရေးကြီးဆုံးဖြစ်ပါကြောင်း၊ လူငယ်သွေးသစ်အားကစားသမားများကို အခြားနိုင်ငံများနည်းတူ ခေတ်မီအားကစားပစ္စည်းများနှင့် လေ့ကျင့်နိုင်ရန် အားကစားကွင်း/အားကစားရုံများ ပြည့်စုံစေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အလေးထား စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့်ပညာရည်မြင့်မားရေး” ဆိုသည့်ရည်ရွယ်ချက်ကို အောင်မြင်စေရန် လူတစ်စုအားကစားမှ လူထုလူတန်းစား တစ်ရပ်လုံးပါဝင်သည့် အားကစားဖြစ်လာအောင် အဖက်ဖက်မှ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏ အနာဂတ်မျှော်မှန်းချက်များ ဖြစ်မြောက်လာအောင် ယခုသင်တန်းသို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသား/သင်တန်းသူများ အနေဖြင့် ဆက်လက်ကြိုးစားဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် နွေရာသီအဆင့်မြင့်အားကစား သင်တန်းများကို ပြီးမြောက်အောင်တက်ရောက်ခဲ့ကြပြီး ယခုသင်တန်းမှ အားကစားနည်းအလိုက် သင်ကြားပေးသည့် အားကစားအဆင့်မြင့်ပညာများကို မမေ့မလျော့အောင် ပြန်လည်အသုံးချကြရန်လိုပါကြောင်း၊ ထို့အပြင် မိမိတို့တိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကို အတုယူ၍ မြို့နယ်/ခရိုင်/တိုင်းဒေသကြီးမှသည် နိုင်ငံ့လက်ရွေးစင်အဆင့်အထိ တက်လှမ်းနိုင်သည့် အားကစားသမားများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း” တိုက်တွန်း အမှာစကားများ ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြု ထောက်ပံ့ငွေများနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း ပေးအပ်ခဲ့ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ဂျူဒိုအားကစားအဖွဲ့၊ ရိုးရာခြင်းလုံးအားကစားအဖွဲ့၊ တိုက်ကွမ်ဒိုအားကစားအဖွဲ့၊ မြန်မာ့သိုင်းအားကစားအဖွဲ့နှင့် Fitness Dance အဖွဲ့များ၏ သရုပ်ပြသခြင်းများကို ကြည့်ရှုအားပေးခဲ့ကာ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။ အဆိုပါ နွေရာသီအဆင့်မြင့်သင်တန်းကို ဧပြီလ(၂၂) ရက်နေ့မှ ယခုလ(၂၁)ရက်နေ့အထိ ဘောလုံး၊ တင်းနစ်၊ တိုက်ကွမ်ဒို၊ ရိုးရာခြင်းလုံး၊ စက်ဘီး၊ မြန်မာ့သိုင်း၊ ရေကူး၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ် အားကစားနည်း(၁၀)မျိုးအား ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၁၅)ဦး တက်ရောက်သင်ကြားခဲ့ကြောင်းသိရသည်။
Read More...
21-May-2024

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာတွင် နွေစပါးစံကွက်ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာရှိ တောင်သူ ဦးထွန်းသွင်၏ တစ်နှစ်သုံးသီးစိုက် စိုက်ဧက(၂၀)တွင် တတိယသီးနှံ GW-11 နွေစပါးစံကွက် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ကာ သုံးသီးစိုက်ဧကများ ပိုမိုတိုးချဲ့စိုက်ပျိုးရေး၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးရေး၊ စိုက်ပျိုးရေရရှိရေး၊ တောင်သူများ၏ လိုအပ်ချက်များနှင့် နည်းပညာများကူညီပံ့ပိုးဆောင်ရွက်ပေးရေး၊ သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး စနစ်ကျစံပြလယ်ယာစနစ် ဖော်ထုတ်နိုင်ရေး တောင်သူများ၊ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပြီး GW-11 စပါး နွေစပါးစံကွက်ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးခဲ့သည်။ တောင်သူ ဦးထွန်းသွင်၏ တစ်နှစ်သုံးသီးစိုက် စိုက်ဧက(၂၀)တွင် တတိယသီးနှံ GW-11 စပါး နွေစပါးစံကွက်ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်းမှာ စပါးအခြောက် (၁၀၈.၁)တင်း ထွက်ရှိခဲ့သည်။
Read More...
21-May-2024

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
Read More...
၂၀၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို (၂၀.၅.၂၀၂၄)ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ဘောလုံးအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ခရိုင်တစ်ခုနှင့်တစ်ခု အပြန်အလှန်ပူးပေါင်း ဆောင်ရွက်လာနိုင်စေရေးအစရှိသည့် ရည်ရွယ်ချက်များအပြင် ဧရာဝတီ တိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သည့် ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ အားကစားဆိုသည်မှာ “ခွန်အားနှင့်ဉာဏ်ရည်ကို အသုံးချပြီးလှုပ်ရှားယှဉ်ပြိုင်မှု”ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည့်အတွက် ယှဉ်ပြိုင်မှုပြင်းထန်လာသည့်အခါ ကစားသမားများအနေဖြင့် သတ်မှတ်ထားသည့် ဥပဒေများကို လိုက်နာရမည်ဖြစ်ပြီး စည်းကမ်းသေဝပ်မှု၊ တရားသောယှဉ်ပြိုင် အနိုင်ရရှိမှုကို ကျင့်သုံးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဖြူစင်မှုကိုပြသ၍ ကြံရည်ဖန်ရည်ကို အားကိုးပြုရမည်ဖြစ်ပြီး ဉာဏ်စွမ်းအားကောင်းမွန်မှု၊ မိမိအသင်းသားများနှင့် ညီညွတ်စွာဆက်ဆံပေါင်းသင်းမှုစသည့် ကာယ၊ ဉာဏ၊ စာရိတ္တ စွမ်းရည်များပါ ဘက်စုံထောင့်စုံ အတွဲညီစွာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်း၌လည်း ပြိုင်ဘက်အသင်းကို သည်းခံမှု၊ စိတ်ရှည်မှု၊ နားလည်မှုရှိပြီး ပြိုင်ပွဲပြီးစီးသည်အထိ ယှဉ်ပြိုင်ရဲသည့် ကြံ့ခိုင်သောစိတ်ဓာတ်ရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲကို ကြီးကြပ်ဆောင်ရွက်ကြမည့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းစွာဖြင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ ပြိုင်ပွဲဥပဒေများအတိုင်း တိတိကျကျ ဆုံးဖြတ်ကြီးကြပ်ပေးကြရန်ကိုလည်း မှာကြားလိုပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ခရိုင်၊ မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း” တိုက်တွန်းအမှာစကားပြောကြားပြီး ၂၀၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြ ပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့အား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဖွင့်ပွဲစဉ်အဖြစ် ပုသိမ်ခရိုင်အသင်းနှင့် ကျုံပျော်ခရိုင်အသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါပွဲစဉ်တွင် ပုသိမ်ခရိုင်အသင်းက ကျုံပျော်ခရိုင်အသင်းအား လေးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယခုလ(၂၀)ရက်နေ့မှ (၂၉)ရက်နေ့အထိ ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။
Read More...
21-May-2024

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်း အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမား များက တစ်ဦးချင်းမိတ်ဆက်ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အနိုင်ရရှိရေး ပိုမိုကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲအားကစားသမားများအား မြို့နယ်အလိုက်ပြိုင်ပွဲများ ကျင်းပပြုလုပ်၍ နေရာအလိုက်အကောင်းဆုံးအားကစားသမားများကို ရွေးချယ်ပြီး စခန်းသွင်းလေ့ကျင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ ကစားသမားအနေဖြင့် တစ်ဖက်အသင်း၏ အားသာချက်၊ အားနည်းချက်များကို ရှာဖွေဖော်ထုတ်၍ အနိုင်ရရှိအောင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မိမိတို့အသင်း၏ အားနည်းချက် များကိုလည်း ပြုပြင်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့အသင်း အောင်မြင်မှုရရှိစေရန်အတွက် နည်းပြ၊ အုပ်ချုပ်၊ အားကစားသမားများအားလုံးက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားအောင် ကြိုးစားယှဉ်ပြိုင်ကြရန်နှင့် တိုင်းဒေသကြီးနှင့်နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားများဖြစ်ကြပါစေကြောင်း”အမှာစကား ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
Read More...
19-May-2024