သတင်းများ
တိုင်းဒေသကြီးအစိုးရသစ်၏ တာဝန်ထမ်းဆောင်မှု (၂)လပြည့်နေ့တွင် Helio Power Energy Co., Ltd ၏ နေရောင်ခြည် စွမ်းအင်သုံး (၃၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် မိတ်ဖက်ကုမ္ပဏီများအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပပြုလုပ်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်စက်မှုစီမံကိန်းရုံးတွင် Helio Power Energy Co ., Ltd ၏ နေရောင်ခြည်စွမ်းအင်သုံး (၃၀)မဂ္ဂါဝပ်လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် မိတ်ဖက်ကုမ္ပဏီများအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မိတ်ဖက်ကုမ္ပဏီများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
Read More...
10-Jun-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ တက္ကသိုလ်များ(ပုသိမ်ဇုန်) အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Read More...
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်များ(ပုသိမ်ဇုန်) အမျိုးသား၊ အမျိုးသမီး ဘောလုံး ပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်တက္ကသိုလ် အားကစားကွင်းတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသိန်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပုသိမ်တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
Read More...
08-Jun-2026
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းများအား ဆန် ၊ ဆီ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားပြုလုပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော ဆန် ၊ ဆီ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားအား ယမန်နေ့ နေ့လည်ပိုင်းက တိုင်းဒေသကြီးလွှတ်တော်ရုံး၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဆန် ၊ ဆီ လှူဒါန်းမှုအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အား ကျေးဇူးအထူးတင်ရှိပါကြောင်း အဖွင့်အမှာစကားပြောကြားပြီး ဝန်ထမ်းများအား ဆန် ၊ ဆီ ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။
Read More...
08-Jun-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် PTTEPI ကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ဆောင်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် စီစဉ်ထားရှိသော လုပ်ဆောင်ချက်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် PTTEPI ကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ဆောင်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် စီစဉ်ထားရှိသော လုပ်ဆောင်ချက်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
Read More...
07-Jun-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ကျောင်းအားကစားကွင်းများဖော်ဆောင်နိုင်ရေးကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့ပေါ်ရှိအခြေခံပညာကျောင်းများတွင် ကျောင်းအားကစားကွင်းများ ဖော်ဆောင်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့်အတူသွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ.လ.က (၄)သို့ ရောက်ရှိ၍ ကျောင်းကစားကွင်းဖော်ဆောင်မည့် မြေနေရာအားကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။
Read More...
07-Jun-2026