သတင်းများ


တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ လပွတ္တာမြို့နယ်များရှိ Solar Mini-Grid မီးလင်းရေးအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေး
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မဟာဓါတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းများ  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မြောင်းမြမြို့နယ်နှင့်လပွတ္တာမြို့နယ်များရှိ ကျေးရွာများတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ၆၀%၊ ကုမ္ပဏီမှ ၂၀%၊ ကျေးရွာမှ ၂၀% ထည့်ဝင်ငွေများဖြင့် ဆိုလာအသေးစားလျှပ်စစ် ဓါတ်အားလိုင်းစနစ်( Solar Mini-Grid)မီးလင်းရေးဖွင့်ပွဲအခမ်းအနားများအား ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  မြောင်းမြမြို့နယ်၊ ကွမ်းခြံကြီးကျေးရွာရှိ ဆိုလာအသေးစားလျှပ်စစ် ဓါတ်အားလိုင်းစနစ် (Solar Mini-Grid) မီးလင်းရေးအခမ်းအနားအားတက်ရောက်ခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ခြေအနေများအားရင်းရင်းနှီးနှီးမေးမြန်းခဲ့သည်။ ဆက်လက်၍ ဆိုလာအသေးစားလျှပ်စစ် ဓါတ်အားလိုင်းစနစ်( Solar Mini-Grid)မီးလင်းရေးဖွင့်ပွဲတက်ရောက်၍ အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်၍ဖွင့်လှစ်ပေးသည်။ ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ဆက်လက်ပက်ဖျန်းပေးပြီး Mini-Gridမီး လင်းရေးဆောက်ရွက်ထားရှိမှု၊ လျှပ်စစ်မီးသုံးစွနိုင်မှုအခြေအနေများနှင့် ကွမ်းခြံကြီးကျေးရွာအတွင်းလျှပ်စစ်ဓာတ်အားများစတင်အသုံးပြုနေသည့် ပိုင်ရှင်ဦးကျော်စွာလှိုင်၏ ရေခဲစက်လုပ်ငန်း၊ ကျေးလက်ကျန်းမာရေးဌာနများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ မြောင်းမြမြို့နယ်၊ ကွမ်းခြံကြီးကျေးရွာ၌ ကျေးလက်ဒေသသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကုမ္ပဏီနှင့် ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၎င်းကျေးရွာရှိ အိမ်သုံးနှင့်အသေးစားစက်မှုလက်မှုလုပ်ငန်းသုံး(၂၈၅)အိမ်ခြေသည်(180kw)ဆိုလာအသေးစား ဓာတ်အားလိုင်းစနစ်ဖြင့် လျှပ်စစ်ဓာတ်အားများစတင် အသုံးပြုလျက်ရှိကြောင်းသိရသည်။  ထို့အတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ လပွတ္တာမြို့နယ်၊ ရွှေပြည်သာကျေးရွာရှိ ဆိုလာအသေးစားလျှပ်စစ် ဓါတ်အားလိုင်းစနစ်(Solar Mini-Grid) မီးလင်းရေးအခမ်းအနားအားတက်ရောက်ခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ခြေအနေများအားရင်းရင်းနှီးနှီးမေးမြန်းခဲ့သည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးသည့် လမ်းအရှည်၆၅၀ပေ၊ အကျယ်၅ပေနှင့် ထု၆လက်မရှိ ကွန်ကရစ်လမ်းအားဖွင့်လှစ်ပေးသည်။ ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  ရွှေပြည်သာကျေးရွာ၊ ဆိုလာအသေးစားလျှပ်စစ် ဓါတ်အားလိုင်းစနစ်(Solar Mini-Grid) မီးလင်းရေးအခမ်းအနားအား တာဝန်ရှိသူများနှင့်အတူ ဆက်လက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်၍ဖွင့်လှစ်ပေးသည်။ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ဆက်လက်ပက်ဖျန်းပေးပြီး Mini-Gridမီး လင်းရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ လပွတ္တာမြို့နယ်၊ ရွှေပြည်သာကျေးရွာတွင်ကျေးလက်ဒေသသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကုမ္ပဏီနှင့် ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၎င်းကျေးရွာရှိ အိမ်သုံးနှင့်အသေးစားစက်မှုလက်မှုလုပ်ငန်းသုံး(၈၀)အိမ်ခြေသည်(100kw)ဆိုလာအသေးစား ဓာတ်အားလိုင်းစနစ်ဖြင့် လျှစ်စစ်ဓာတ်အားများစတင် အသုံးပြုလျက်ရှိကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ရွှေပြည်သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့သွားရောက်၍ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ပြီး လိုအပ်သည်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ လပွတ္တာမြို့နယ်၊ ကြာကန်ကျေးရွာရှိ ရတနာထွန်းဆန်စက်သို့ သွားရောက်၍ စပါးခွံလောင်စာသုံး Gasifier ဖြင့်စက်ရုံလည်ပတ်မှုအခြေအနေများ၊ Gasifier စနစ်မှထွက်ရှိသည့်ရေဆိုးများအား ရေစစ်ကန် စနစ်ဖြင့်ဆောင်ရွက်ထားရှိမှုအခြေအနေများအား  လိုက်လံရှင်းလင်း ပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က Gasifier စနစ်မှထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်အား ထိခိုက်ညစ်ညမ်းမှုမရှိစေရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တို့မှကွင်းဆင်းစစ်ဆေးခဲ့ပြီး အကြံပြုချက်များအပေါ်  စနစ်တကျလိုက်နာဆောင်ရွက်စေရန်နှင့် လေထုညစ်ညမ်းမှုမရှိစေရေး၊ စွန့်ပစ်ပစ္စည်းများမှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စနစ်တကျဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ဆန်စက်လည်ပတ်မှုအားကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


Read More...
04-Aug-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧကုနဝီသတိမ (၁၉)ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူပွဲ တက်ရောက်
ဧကုနဝီသတိမ(၁၉)ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်း လောင်းလှူပွဲကို ယနေ့နံနက် ၄ နာရီခွဲအချိန်က ပုသိမ်မြို့ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ အရှေ့ဖက်မုခ်အနီးရှိ ဝိသာခါ(ဒေါ်လှယဉ်ဓမ္မာရုံ)၌ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များတက်ရောက်၍ အရုဏ်ဆွမ်း လောင်းလှူ ခဲ့ကြသည်။ ဦးစွာ ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်(၁၆၀)တွင် ဝါဆိုဝါကပ်တော်မူပြီး အရုဏ်ဆွမ်းခံ ကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်သူမြတ်(၂၁၉၂)ပါးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်အမှူးပြုသော စေတနာရှင်အလှူရှင်များက အရုဏ်ဆွမ်းများ လောင်းလှူပူဇော်ခဲ့ကြပါသည်။ထို့နောက် ဝါတွင်းကာလ ဧကုနဝီသတိမ(၁၉)ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ ပူဇော်ပွဲ ရေစက်ချမင်္ဂလာအခမ်းအနားအား ဆက်လက်ပြုလုပ်ရာ ဆရာတော်အရှင်သူမြတ် များနှင့် ဧည့်ပရိသတ်တို့မှ “နမောတဿ”(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက်၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တဝိဿုတ(အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) မဟာထေရ် အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့် တော်မူသော ပရိတ်တရားတော်များအား နာယူကြည်ညိုကြပြီး ဆရာတော်သံဃာတော်  အရှင်သူမြတ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော် ဆောင်အဖွဲ့ ဥက္ကဋ္ဌက ဆွမ်းအာဟာရအလှူရှင် အနုမောဒနာဂုဏ်ပြုလွှာပေးအပ်ချီးမြှင့်ပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ)မဟာထေရ် အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်  ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်း အနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲဝင်ဝန်ကြီးများက ဆရာတော် သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီး၌ ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော် အရှင်သူမြတ်များအား ဝါတွင်းကာလတစ်လျှောက် နေ့စဉ် အရုဏ်ဆွမ်း လောင်းလှူပူဇော်ခြင်းကို တိုင်း/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်၊ အလှူရှင်များမှ လှူဒါန်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


Read More...
03-Aug-2023
ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန်(အုန်းသီး) တန်ဖိုးကွင်းဆက် တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း ဒုတိယအကြိမ် အုန်းသီးထွက်ကုန် ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်းဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန်(အုန်းသီး)တန်ဖိုးကွင်းဆက် တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း ဒုတိယအကြိမ် အုန်းသီးထွက်ကုန် ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်းအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ယခုဖွင့်လှစ်သည့်သင်တန်းသည် တိုင်းဒေသကြီးအတွင်း ဒုတိယအကြိမ်ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပထမအကြိမ်ဖွင့်လှစ်ခဲ့သည့်သင်တန်းတွင်လည်း သင်တန်းသား သင်တန်းသူများအား သွားရောက်တွေ့ဆုံအားပေးခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း အုန်းစိုက်ဧက (၆)သောင်းကျော် စိုက်ပျိုးထားရှိပါကြောင်း၊ ပြည်တွင်း၌ အုန်းနှင့်ပတ်သက်သည့် လုပ်ငန်းများစွာ ရှိပါကြောင်းနှင့် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် နိုင်ငံတကာအရည်အသွေးမီသည့် တန်ဖိုးမြှင့်ထုတ်ကုန် များ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များရှိနေပါကြောင်း၊ အုန်းသီး နှင့်ဆက်စပ်၍ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ လက်မှုပစ္စည်းများ ထုတ်လုပ်လျက်ရှိပါကြောင်း၊ အုန်းစိုက်ပျိုးခြင်းအား တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်း၊ စီးပွားဖြစ်စိုက်ပျိုးခြင်း နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်ရန် ကမ်းခြေဒေသများတွင် အတန်းလိုက် တစ်အုပ်တစ်မ စိုက်ပျိုးလျှက်ရှိပါကြောင်း၊ ယခုသင်တန်း တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူ များကလည်း သင်ကြားပို့ချမှုများကို စနစ်တကျ လိုက်နာမှတ်သား၍ အုန်းစိုက်ပျိုးခြင်းအား မိရိုးဖလာစိုက်ပျိုးနည်းများအပြင် ခေတ်မီစိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုး၍ ဖြစ်ထွန်း အောင်မြင်အောင် စိုက်ပျိုးကြရန်လည်း လိုအပ်ပါကြောင်း၊ မြန့်မာ့အုန်းသီး တန်ဖိုးမြှင့်ထုတ်ကုန်များကို ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချနိုင်အောင် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း”အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က  သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကား ဆက်လက်ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများ၊ သင်တန်း သား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများနှင့်အတူ အုန်းသီးဖြင့် ပြုလုပ် ထားသည့် လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ လက်မှုပစ္စည်းများအား လှည့်လည် ကြည့်ရှု အားပေးခဲ့ပါသည်။  အလားအလာရှိသောထုတ်ကုန်(အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင် ထုတ်လုပ်ခြင်းစီမံကိန်းဖြင့် ဒုတိယအကြိမ် အုန်းသီးထွက်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်းအား (၃.၈.၂၀၂၃)ရက်နေ့မှ (၅.၈.၂၀၂၃)ရက်နေ့အထိ ပုသိမ်မြို့တွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၉)ဦးအား စာတွေ့၊ လက်တွေ့သရုပ်ပြ သင်တန်းပို့ချသွားမည်ဖြစ်ပါသည်။


Read More...
03-Aug-2023
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ဗီဒီယိုနှင့် စာစီစာကုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ဗီဒီယိုနှင့် စာစီစာကုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း


Read More...
03-Aug-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် လပွတ္တာမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများအားကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လပွတ္တာမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လပွတ္တာမြို့နယ်၊ ဇင်ရွဲလေးကျေးရွာအနီးရှိ ပိုင်ရှင်ဦးလှစိုး၏ ဂဏန်းမွေးမြူရေးကန်သို့ သွားရောက်ခဲ့ပြီး ဂဏန်းမွေးမြူထားရှိမှု၊ နေ့စဉ်ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချမှု အခြေအနေများကိုမေးမြန်းခဲ့ပြီး ဂဏန်းမွေးမြူထားရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လပွတ္တာ-သင်္ကန်းကြီး‌ကားလမ်းဘေးဝဲယာရှိ လယ်ကွင်းများတွင် မိုးစပါးစိုက်ပျိုး​ဆောင်ရွက်​ထားရှိများအား ကြည့်ရှုစစ်​ဆေးခဲ့ပြီး တိုင်း​ဒေသကြီးစိုက်ပျိုး​ရေးဦးစီးမှူး၊ တိုင်း​ဒေသကြီး​လယ်ယာ​မြေစီမံခန့်ခွဲ​ရေးနှင့်စာရင်းအင်းဦးစီးမှုး၊ တိုင်း​ဒေသကြီးဆည်​မြောင်းနှင့်​ရေအသုံးချမှုစီမံခန့်ခွဲ​ရေးဦးစီးမှူးများက လပွတ္တာမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုး​ဆောင်ရွက်ထားရှိမှုများ၊ စိုက်ပျိုးဧရိယာများ ​ရေချိုရရှိမှုအ​ခြေအ​နေများ၊ ​​စိုက်ပျိုးဧရိယာများအတွင်းသို့ ရေငံဝင်​ရောက်မှုမရှိ​အောင် ရေငံတားတာများဖြင့် ကာကွယ်ထားရှိမှုများ၊ ​ရေငံတားတာ အပြင်ဘက်ရှိ လယ်​မြေများအား ​ရေငံဒဏ်ခံနိုင်သည့် စပါးမျိုးများ စိုက်ပျိုးထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာ​ရေးနှစ် တိုင်း​ဒေသကြီးရန်ပုံ​ေ​ငွဖြင့်​ဆောင်ရွက်သည့် လပွတ္တာ-သင်္ကန်းကြီး‌ကားလမ်း (၂/၃)မိုင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ ဘိုးပိုင်အ​​​ခြေပြု​ကျောက်စီ​မြေထိန်းနံရံတည်​ဆောက်ခြင်းနှင့် ​ရေထဲပိုင်းနိုင်လွန်ပိုက်ထုပ်​ကျောက်ကြီးချခြင်း အလျား(၁၇၀)​ပေ လုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လပွတ္တာမြို့နယ် တက်စ်ကမ်မရိန်းကုမ္အဏီလိမိတက်သို့ သွားရောက်ခဲ့ပြီး ဂဏန်း၊ ပုစွန်မွေးမြူရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ရာ အဆိုပါကုမ္ပဏိလိမိတက်မှမန်​နေဂျာက စက်ရုံစတင်တည်ထောင်မှု၊ ရေထွက်ကုန်ပစ္စည်း ဂဏန်းပျော့ မွေးမြူ ထုတ်လုပ် တင်ပို့ရောင်းချမှုများ၊ ကကတစ်သားပေါက်မွေးမြူခြင်းလုပ်ငန်းများအားလည်းကောင်း၊ ဂဏန်း၊ ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များက ပုစွန်သားပေါက် ဝယ်ယူရရှိမှု၊ ဈေးကွက်အတွင်း တင်ပို့ရောင်းချမှုအခြေအနေများနှင့် လုပ်ငန်းအခက်အခဲများကို တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်စ်ကမ်မရိန်းကုမ္ပဏီလိမိတက်မှ သား​ပေါက်ကန်များတွင် ကကတစ်သားပေါက်​ကောင်​ရေ နှစ်သိန်းခွဲမွေးမြူထားရှိမှု၊ မြေသားကန်များအတွင်း ကကတစ်ငါးအ​ကောင်​ရေ နှစ်သိန်းခုနှစ်​သောင်း မွေးမြူထားမှုရှိမှုများနှင့် ဂဏန်းကန်များတွင် ဂဏန်းများ မွေးမြူထားရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ ဦးကျော်ထွန်းမြင့်၏ ရေချိုပုစွန်ကန်များတွင် ပုစွန်သားပေါက်အ​ကောင်​ရေ လေးသိန်းနှစ်သောင်းမွေးမြူထားရှိမှထားမှုအားလည်းကောင်း၊ မြောင်းမြ-လပွတ္တာကားလမ်းဘေး ရေဆိုင်ကျေးရွာအုပ်စုရှိ ပိုင်ရှင်ဦးဝင်းဇော်ထွန်း၏ ငါးမြစ်ချင်းကောင်ရေ နှစ်သိန်းမွေးမြူထားရှိမှုများအား ကြည့်ရှုအားပေးပြီး ဈေးကွက်အတွင်း ​စျေးနှုန်းသက်သာစွာ တင်ပို့ရောင်းချနိုင်ရေးနှင့် တိုးချဲ့မွေးမြူနိုင်ရေးလမ်းညွှန်မှာကြားခဲ့သည်။


Read More...
31-Jul-2023