သတင်းများ


ချောင်းသာကမ်းခြေ၌ပြုလုပ်သည့် အုန်းပင်စိုက်ပျိုးပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
ရာသီဥတုများပုံမှန်မဟုတ်ဘဲ ဖောက်ပြန်လာခြင်းများကြောင့် မုန်တိုင်းများ တိုက်ခတ်ခြင်း၊ ရေကြီးခြင်းအစရှိသည့် သဘာဝဘေးအန္တရာယ်များကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၏ အပန်းဖြေကမ်းခြေတစ်ခုဖြစ်သည့် ချောင်းသာကမ်းခြေ၌ အုန်းပင်စိုက်ပျိုးပွဲအား ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ ဒေသခံပြည်သူများနှင့်အတူ အုန်းပင်(၁၃၀)အား တက်ရောက်စိုက်ပျိုးပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ရွှေသောင်ယံမြို့၌ ပြုလုပ်သည့်  အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု စုပေါင်းဒီရေတော  သစ်ပင်စိုက်ပျိုးပွဲတော်အား တက်ရောက်၍ ဗြူးအုပ်ဆောင်း ၂၀၀၊ မဓမ ၁၀၀၊ ဗြူးခြေထောက်အဖို ၃၀၀၊ ဗြူးခြေထောက်အမ ၃၀၀ စုစုပေါင်း ဒီရေ တော အပင်၉၀၀နှင့် အုန်းပင်၅၀တို့အား ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ တပျော်တပါးစိုက်ပျိုးပေးသည်။  ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောင်းသာမြို့ရှိ ဦးအောင်ရွှေ၏ ဇီဝစိုးငှက်သိုက်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းတာဝန်ခံမှ ဇီဝစိုးငှက်ဝင် ရောက်မှု၊ ငှက်သိုက်ရရှိမှု အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ်ငန်းများပိုမိုတိုးတက်လုပ်ကိုင်နိုင်စေရေးမှာကြားခဲ့ကြောင်းသိရသည်။ အဆိုပါဇီဝစိုးငှက်သိုက်လုပ်ငန်းတွင် ဇီဝစိုးငှက်အကောင်ရေ ၅၀၀ကျော် ဝင်ရောက်နေကြောင်းသိရသည်။


Read More...
13-Jul-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၅) ဓါတ်မြေဩဇာစက်ရုံသို့ သွားရောက်၍ စက်ရုံဝန်ထမ်းများနှင့်တွေ့ဆုံအားပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များလိုက်ပါလျက် ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၅) ဓါတ်မြေဩဇာစက်ရုံသို့သွားရောက်၍ စက်ရုံ ဝန်ထမ်းများနှင့်တွေ့ဆုံအားပေးခဲ့သည်။ ဦးစွာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးမှ စက်ရုံလည်ပတ်မှု၊ ဓာတ်ဩဇာထုတ်လုပ်မှု၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စက်ရုံလည်ပတ် ဓါတ်မြေဩဇာထုတ်လုပ်ဖြန့်ဖြူးနိုင်မှု၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် တွင် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများနှင့် စက်ရုံဝန်းအတွင်းသန့်ရှင်းရေးလုပ်ငန်းများနှင့်စိမ်းလန်းစိုပြေရေးဆောင်ရွက်ထားရှိမှုအခြေအနေများရှင်းလင်းတင်ပြမှု အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်၍ ဓါတ်မြေဩဇာလိုအပ်ချက်များများပြားပါကြောင်း၊ Annual Shutdown ကာလအတွင်း စက်ပြင်ဆင်ခြင်းလုပ်ငန်းများကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ပြီး ယနေ့တွင် ဓါတ်မြေဩဇာစတင်ထုတ်လုပ်နိုင်ပြီဖြစ်၍ လာရောက် တွေ့ဆုံအားပေးခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးချိန်အမီ တောင်သူများ၏ ဓါတ်မြေဩဇာလိုအပ်ချက်များကို ဈေးနှုန်းသက်သာစွာဖြင့် ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါကြောင်းနှင့် ကြိုးစားဆောင်ရွက်ခဲ့ကြသည့် စက်ရုံမှူးနှင့်ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပြီး စက်ရုံဝန်ထမ်းများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံလည်ပတ်နေမှု၊ ဓါတ်မြေဩဇာ ထုတ်လုပ်မှုနှင့် Central Control Room မှ စက်ရုံလည်ပတ်နေမှုထိန်းချုပ်ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


Read More...
12-Jul-2023
ပုသိမ်ခရိုင်တွင်ပြုလုပ်သည့် ဒေသတွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း (MSMEs)ထုတ်ကုန်ပြပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်တွင် ဒေသတွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSMEs)ထုတ်ကုန်ပြပွဲဖွင့်ပွဲ အခမ်းအနားအား ယနေ့ နေ့လည်ပိုင်းက  ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲမုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးစီးပွား ရေးရာဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌတို့မှ  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ခန်းမအတွင်း ပြသထားသည့် စက်မှုလယ်ယာပြခန်း၊ ခရိုင်စိုက်ပျိုး ရေးဦးစီးဌာနပြခန်း၊ ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြခန်း၊ ခရိုင် ငါးလုပ်ငန်းဦးစီးဌာနပြခန်း၊ ခရိုင်သစ်တောဦးစီးဌာနပြခန်း၊ ခရိုင် မီးသတ်ဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနပြခန်း၊ ခရိုင်ပညာရေးဌာနနှင့် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြခန်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနပြခန်း၊ Nurture Group ပြခန်း၊ ငပုတောမြို့နယ်ဒေသထွက်ကုန်များပြခန်း၊ သာပေါင်းမြို့နယ်ဒေသထွက်ကုန်များပြခန်း၊ ကန်ကြီး ထောင့်မြို့နယ်ဒေသထွက်ကုန်များအရောင်းပြခန်း၊ ပုသိမ်မြို့နယ် ဒေသထွက်ကုန်များအရောင်းပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါပြပွဲအား အများပြည်သူများလေ့လာနိုင်အောင် ယနေ့မှ (၁၅)ရက်နေ့အထိ ပြသွားမည်ဖြစ်ပြီး ပြခန်းပေါင်း(၁၅)ခန်းပြသသွားမည်ဖြစ်ပါသည်။


Read More...
12-Jul-2023
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းများအား အောင်နိုင်ရေးအလံပေးအပ်
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစား သမားများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမား များက တစ်ဦးချင်းမိတ်ဆက်ပြီး အသင်းအုပ်ချုပ်သူများမှ  ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ဗိုဗီနမ်အားကစားအနေဖြင့် (၃၂)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများမှ နည်းပြအဖြစ်ပြုလုပ်ပေးနေ၍ ပြိုင်ပွဲတွင်အောင်မြင်မှုရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဖူဆယ်အားကစားအနေဖြင့်လည်း ၂၀၁၇-၂၀၁၈ခုနှစ်တွင် အမျိုးသမီးအသင်းသည် ငွေတံဆိပ်ဆုရရှိခဲ့၍ ယခုနှစ်တွင်ပိုမိုအောင်မြင်အောင်ကြိုးစားကြစေလိုကြောင်း၊ လေ့ကျင့်သား ပြည့်ဝစွာဖြင့် နည်းစနစ်တကျလေ့ကျင့်ကြရန်လိုပါကြောင်း၊  အားကစားသမားများသည် ပြိုင်ပွဲ ယှဉ်ပြိုင်ကြသည့်အခါ အသင်းအဖွဲ့စိတ်ဓာတ်အပြည့်နှင့် မလျှော့သောဇွဲ၊ လုံ့လ၊ ဝိရိယတို့ဖြင့် အားကစားသမားပီသစွာ အနိုင်မခံအရှုံးမပေး ကြိုးစားယှဉ်ပြိုင်ကစားကြရန်လိုပါကြောင်း၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ အနေဖြင့်လည်း လေ့ကျင့်မှုမပျက်စေရေး၊ နည်းစနစ်မှန်မှန် လေ့ကျင့်ကြစေရေးနှင့် စနစ်တကျစီမံဆောင်ရွက်ရန်လိုပါကြောင်း၊ ပြိုင်ပွဲများကိုသွားရောက် ယှဉ်ပြိုင်မည့် အားကစားသမားများ၊ နည်းပြများ၊ အုပ်ချုပ်သူများအနေဖြင့် မိမိတို့အသင်း အောင်မြင်မှုများရရှိစေရေး ဆထက်ထမ်းပိုးကြိုးစားဆောင်ရွက်သွားရန်နှင့် အောင်မြင်မှု သရဖူများ ရရှိပါစေကြောင်း”ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဗိုဗီနမ်နှင့် ဖူဆယ်အသင်းတို့မှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ဗိုဗီနမ်အသင်းတွင် နည်းပြ၊ အုပ်ချုပ်နှင့် အားကစားသမား (၂၄)ဦး၊ ဖူဆယ်အသင်းတွင် နည်းပြ၊ အုပ်ချုပ်နှင့် အားကစားသမား(၃၂) ဦးတို့ဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းသိရသည်။


Read More...
12-Jul-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လပွတ္တာခရိုင်၊ မြောင်းမြခရိုင်နှင့် ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လပွတ္တာခရိုင်၊ မြောင်းမြခရိုင်နှင့် ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။  ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ ရှမ်းစုကျေးရွာ၊ တောင်သူ ဦးထွန်းမင်း၏ လယ်မြေ(၁၀)ဧကတွင် စပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနှင့် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန် စပါးမျိုးစေ့ချစက်( Paddy Seeding Machine)ဖြင့် ပျိုးထောင်ခြင်းသရုပ်ပြမှုအားကြည့်ရှုအားပေးခဲ့ပြီး လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီး ဌာန တိုင်းဦးစီးမှူးက နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်တောင်သူများ၏ လယ်ဧကများ၊ မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက် ထွက်ရှိရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပီလောပီနံစိုက်ပျိုးပြီးစီးမှု အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူကြီးများအနေဖြင့် ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုး ခဲ့သဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာသည်ကိုမြင်တွေ့နေရပြီဖြစ်ပါကြောင်း၊ သဘာဝမြေသြဇာများအသုံးပြု၍ ဓါတ်မြေသြဇာသုံးစွဲမှုများလျော့ချကြရန်၊ အထွက်တိုး မျိုးကောင်း မျိုးသန့်များသုံးစွဲကြရန်၊ ပီလောပီနံစိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်နှင့် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းသည် စပါးအထွက်တိုးခြင်း၊ ကုန်ကျစရိတ်များသက်သာခြင်း တို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုစေရေးမှာကြားခဲ့ပြီး တောင်သူများအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် သွင်းအားစုများ ထောက်ပံ့ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြမြို့နယ်၊ ကုန်းထိပ်ပြောင် ကျေးရွာရှိ ဦးမျိုးနိုင်၏ အသားတိုးဝက်အကောင်(၂၀၀)နှင့် ဥစားကြက်အကောင်(၉၀၀၀) မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးပြီး မွေးမြူထုတ်လုပ်မှု စာရင်းဇယားများ စနစ်တကျမှတ်သားဆောင်ရွက်စေရေးနှင့် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရေး၊ ထုတ်လုပ်မှုကုန်ကျစရိတ် များလျော့ချနိုင်ရေးဆောင်ရွက်ရန်၊ စွန့်ပစ်ပစ္စည်းများမှ သဘာဝ မြေဩဇာအဖြစ်ပြန်လည်အသုံးပြုနိုင်စေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး မွေးမြူရေးလုပ်ငန်းသုံး ခြံဖြန်းပိုးသတ်ဆေးများ ပံ့ပိုးပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ တောင်သူဦးအောင်သောင်း၏လယ်မြေ (၂)ဧကတွင် နယူးဧရာ(၁)  အထွက်တိုးစပါး စိုက်ပျိုးနေမှု အားကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ စိုက်နည်းတကျစိုက်ပျိုးရန်နှင့် အောင်မြင်အောင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာရှိ တောင်သူဒေါ်သီတာအေး၏ လယ်မြေ(၁၀)ဧကတွင် တိုင်းဟိ အဏုဇီဝဖျော်ရည်ဖြန်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဟိ သဘာဝဇီဝမြေဩဇာ တာဝန်ခံမှ တိုင်းဟိ အဏုဇီဝဖျော်ရည်၏ မြေဆီလွှာပြုပြင်နိုင်မှု၊ အပင်ကြီးထွားဖွံ့ဖြိုးမှုအခြေအနေများ ရှင်းလင်းတင်ပြမှာအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သဘာဝဇီဝမြေဩဇာများပိုမိုထုတ်လုပ်နိုင်ရေးနှင့် တွင်ကျယ်စွာ အသုံးပြုနိုင်စေရေးမှာကြားခဲ့သည်။ ဆက်လက်၍ တောင်သူဦးစိုးအောင်၏လယ်မြေ(၃)ဧကတွင် ပျိုးဘောင်စနစ်ဖြင့် ပျိုးထောင်၍ မှော်ဘီ(၃) အထွက်တိုးမျိုးစပါး စိုက်ပျိုးနေမှုအားကြည့်ရှု အားပေးခဲ့ပြီး အောင်မြင်အောင်ဆောင်ရွက်စေရေး မှာကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး အနေဖြင့် မိုးစပါး စိုက်ဧက (၃၇) သိန်းကျော် စိုက်ပျိုးမည်ဖြစ်ရာ ယနေ့အထိ (၁၇)သိန်းကျော် စိုက်ပျိုးပြီးဖြစ်သဖြင့် (၄၇)ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်းသိရသည်။


Read More...
11-Jul-2023