သတင်းများ


(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းနေမှုးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင်ရှိ အမျိုးသားသွေးလှူဘဏ်ခွဲ၌ ပြုလုပ်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သွားေရာက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင်ရှိ အမျိုးသားသွေးလှူဘဏ်ခွဲတွင် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်းနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး အလှူရှင်များအား အာဟာရဖြည့်စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အဆိုပါ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားတွင် ရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင် ၁၀၀ဦး စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်းသိရသည်။


Read More...
23-Sep-2023
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့ ပါဝင်ယှဉ်ပြိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ၊ ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင်များ စခန်းသွင်းလေ့ကျင့်နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှု အားပေး
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့ ပါဝင်ယှဉ်ပြိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။ ဦးစွာ ဧရာဝတီတိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်နိုင်ရေးကော်မတီနာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်က“(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ယခင်နှစ်ထက် အောင်မြင်မှုများ ရရှိရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ယခုလအတွင်း တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ကျင်းပပြီးစီးခဲ့ပြီး ဆုရရှိသူများအား စုစည်း၍ ဗဟိုအဆင့်တွင် ဆက်လက်ယှဉ်ပြိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်ခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗဟိုအဆင့်တွင် အောင်မြင်မှုများရရှိရန် ဝါရင့်၊ သမ္ဘာရင့် အကဲခတ်ပညာရှင်ကြီးများ၏ အကြံပြုသုံးသပ်ချက်များကိုလည်း လိုက်နာဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ယခင်နှစ်အားသာချက်များကို ဆက်လက်ထိန်းသိမ်း၍ အားနည်းချက်များကိုလည်း ပြုပြင်ဆောင်ရွက်သွားရန်လိုပြီး အောင်နိုင်ရေးအတွက် ကြိုးစား ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များ၏ အားသာချက်၊ အားနည်းချက်များကို အချိန်ယူ ပြင်ဆင်လုပ်ဆောင်ပါက အောင်မြင်မှုများ ရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များကို အနီးကပ်ကြီးကြပ် သင်ကြားပြသပေးမည့် ဆရာများအနေဖြင့်လည်း အားသာချက်၊ အားနည်းချက်များကိုလေ့လာသုံးသပ် သင်ကြားပြသပေးစေလိုကြောင်းနှင့် ပံ့ပိုးမှုကောင်းကောင်းဖြင့် သင်ကြားပြသပေးရန်လည်း လိုအပ်ပါကြောင်း၊ ဗဟိုအဆင့်တွင် အောင်မြင်မှုများရရှိရန် ခရိုင်တာဝန်ခံများ၊ နည်းပြဆရာများကလည်း လေ့ကျင့်ချိန်ကာလအတွင်း အမြဲတစေကြီးကြပ် ကြရန်လိုပါကြောင်းနှင့် တာဝန်ရှိသူများအနေဖြင့်လည်း လိုအပ်ချက်များရှိပါက ထပ်မံဖြည့် စွက်ဆွေးနွေးပေးကြစေလိုကြောင်း”အမှာစကားများပြောကြားသည်။ ဆက်လက်၍ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်နိုင်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူးက ပြိုင်ပွဲဝင်များအနေဖြင့် နည်းပြများဖြင့် စခန်းသွင်းလေ့ကျင့်မှုအခြေအနေများ၊ ပြိုင်ပွဲဝင်များ စခန်းသွင်းလေ့ကျင့်မည့်နေရာများနှင့် သွားလာရေးအတွက် ကြိုပို့ယာဉ်စီစဉ်ပေးမှု အခြေအနေများကို ဆွေးနွေးတင်ပြသည်။ ထို့နောက် ဘာသာရပ်အလိုက် အောင်နိုင်ရေးကော်မတီများမှ အစိုးရအဖွဲ့ဝင်ကြီးများနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ် အမှာစကားများ ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပုသိမ်မြို့၊ ကိုးသိန်း အားကစားကွင်းရှိ အားကစားသမားများ တည်းခိုဆောင်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ခရိုင်အသီးသီးမှ ပြိုင်ပွဲဝင်များရောက်ရှိ၍ စခန်းသွင်းလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင်များနှင့် အထောက်အကူပြုအဖွဲ့များ တည်းခိုနေထိုင်မည့် အမျိုးသားဆောင်၊ အမျိုးသမီးဆောင်များအား စနစ်တကျနေရာ ချထားရန်၊ ပြိုင်ပွဲဝင်များ လွတ်လပ်စွာလေ့ကျင့်နိုင်ရန်၊ ပြိုင်ပွဲဝင်များအား စုဖွဲ့မှုအားကောင်းကောင်းဖြင့် စနစ်တကျလေ့ကျင့်ရန်နှင့် တည်းခိုဆောင်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သောက်ရေ၊ သုံးရေ၊ လျှပ်စစ်မီးများပြည့်စုံစေရေး၊ စားရိပ်သာများ စနစ်ကျကောင်းမွန်ရေး၊ သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အမှိုက်သိမ်းကန်များထားရှိ၍ အမှိုက်များ စနစ်တကျစွန့်ပစ်ရေး ဆောင်ရွက်ကြရန် နည်းပြဆရာများနှင့် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး တည်းခိုဆောင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...
22-Sep-2023
ပုသိမ်ပြည်သူ့ဆေးရုံကြီး၊ အပတ်စဉ်(၃)၊ အကူသူနာပြု (ပြင်ပ)(၉)လသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ အပတ်စဉ်(၃)၊ အကူသူနာပြု(ပြင်ပ)(၉)လသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပုသိမ်ပြည်သူ့ဆေးရုံ ကြီးမှ တာဝန်ရှိသူများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“အပတ်စဉ်(၃)၊ အကူသူနာပြု(ပြင်ပ) (၉)လသင်တန်းမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည့် သင်တန်းသား၊ သင်တန်းသူ (၃၂)ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ အကူသူနာပြုပညာကို စာတွေ့၊ လက်တွေ့လေ့လာသင်ယူပြီး အရည်အချင်းပြည့်ဝစွာဖြင့် အောင်မြင်ခဲ့ကြ၍ ထိုက်တန်သည့် အကူသူနာပြု သင်တန်းဆင်းလက်မှတ်ကို လက်ခံရရယူရမှာဖြစ်ပါကြောင်း၊ ပညာရေးဘက်တွင် ထူးချွန်ရုံသာမက လက်တွေ့လုပ်ဆောင်မှု စွမ်းရည်မှာလည်း မြင့်မားရန်လိုအပ်ပါကြောင်း၊ လူနာများအပေါ်တွင်လည်း ဝါသနာ၊ စေတနာ၊ အကြင်နာ၊ ဂရုဏာ၊ စာနာမှု၊ အနစ်နာခံမှုများ စသည့် နာ(၆)နာနှင့်အတူ ပြုစုစောင့်ရှောက်ပေးရန်လိုအပ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများသည် အကူသူနာပြုအလုပ်ကို ဂုဏ်ယူစွာ၊ ကျေနပ်စွာဖြင့် အကောင်းဆုံး လုပ်ဆောင်ခဲ့ကြပါကြောင်း၊ ထိုကဲ့သို့ ကောင်းမွန်သည့် အစဉ်အလာများကို ဆက်လက်ထိန်းသိမ်း သွားကြရန် တိုက်တွန်းပါကြောင်း၊ အကူသူနာပြုများသည် ပြည်သူထဲမှ ပေါက်ဖွားလာကြ သည်နှင့်အညီ ပြည်သူကိုအလုပ်အကျွေးပြုရန် အဓိကဟုခံယူထားပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် လုပ်ငန်းခွင်တွင်လည်း သူနာပြုများကိုကူညီပြီး လူနာပြုစုသည့်နေရာများတွင် တစ်ထောင့် တစ်နေရာမှပါဝင်ပြီး ရှေ့ယခင် အကူသူနာပြုများနည်းတူ ပြစုစောင့်ရှောက်ပေးရန် မှာကြား လိုပါကြောင်း၊ ပြည်သူကို ဗဟိုပြုသော ကျန်းမာရေးစနစ်ကို အောင်မြင်အောင် ဖော်ဆောင်ရန် အကူသူနာပြုများက ပါဝင်ရန်လိုအပ်ပြီး အကူသူနာပြုများ ကိုယ်တိုင်ကလည်း အရည်အသွေး ပြည့်မီအောင်၊ ကိုယ်ရည်ကိုယ်သွေး ထက်မြတ်ထူးချွန်အောင် လူမူဝန်းကျင်မှာ ပြေလည်ညီညွတ် မျှတအောင် နေတတ်ရန် ကိုယ်တိုင်သင်ယူလေ့ကျင့်ကြရန် အလေးအနက်ထား ပြောကြားလို ပါကြောင်း၊ အကူသူနာပြုများသည် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်သွားကြရန်”အဖွင့်အမှာစကားများပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်သူ သင်တန်းသား၊ သင်တန်းသူများကို ဆုများချီးမြှင့်ခဲ့သည်။ ဆက်လက်၍ အပတ်စဉ်(၃)၊ အကူသူနာပြု(ပြင်ပ) (၉)လသင်တန်းသား၊ သင်တန်းသူ များကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သင်တန်းသား၊ သင်တန်းသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ပါသည်။


Read More...
22-Sep-2023
ဧရာဝတီတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အထက(၁)၊ ရတနာတန်ဆောင် ခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ မြို့နယ်အလိုက် အထက်တန်းကျောင်းအုပ်ကြီးများနှင့် အထက်တန်းကျောင်းခွဲ ကျောင်းအုပ်များ တက်ရောက် ကြပါသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးသည် ပညာရေးကဏ္ဍနှင့် ပတ်သက်၍ ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုနှင့် အတန်းစဉ်ကူးပြောင်းမှု အများဆုံး ဖြစ်ပါကြောင်း၊ ပညာရေးမြင့်မားသည့်တိုင်းဒေသကြီးဖြစ်ပြီး ပညာသင်ကြားမှုအခွင့်အရေးများ ရရှိစေရေး ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲစနစ်ဟောင်းတွင် ကျရှုံးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဖြေဆိုမှုမရှိခဲ့သည့်ကျောင်းသား၊ ကျောင်းသူ များသည် ယခုနှစ် စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရမည်ဖြစ်၍ ဖြေဆိုစေရေးအတွက် ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲမှ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး "ဝ၊ ထ၊ က၊ လ၊ သ" စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရန်လမ်းညွှန်ခဲ့ပါကြောင်း၊ မြို့ပေါ်နှင့်ကျေးလက် နှိုင်းယှဉ်ပါက ကျေးလက်၌ စာတတ်မြောက်မှုအားနည်းသည်ကိုတွေ့ရှိပါကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်ပေါ်လာစေရေးအတွက် လူငယ်များ၏ အခန်းကဏ္ဍ များကို မြှင့်တင်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လူငယ်စကားဝိုင်းများ ကျင်းပ ပြုလုပ်ပေးလျက်ရှိပြီး ဆွေးနွေးပွဲများသာမက ပြည်သူ့အကျိုးပြု လက်တွေ့လုပ်ငန်းများပါ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး တွန်းအားပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ အခြေခံပညာကျောင်းများတွင် စာပေကဏ္ဍ၊ အားကစားကဏ္ဍ၊ အနုပညာကဏ္ဍများ တိုးတက်မြင့်မားအောင် စနစ်တကျ လေ့ကျင့်သင်ကြားပေးရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ  ကျောင်းသား၊ ကျောင်းသူများ ဝါသနာအလိုက် တက်ရောက်နိုင်ရေး အသိပညာပေးဆောင်ရွက်သွားကြဖို့လိုကြောင်း၊ တိုင်းဒေသကြီးသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး မြစ်ချောင်းများနှင့်နီးစပ်သည့်ဒေသများတွင် ကမ်းပြိုမှုများဒဏ်ကိုခံစားရ သဖြင့် ကျောင်းနေရာများရွေးချယ်ရာတွင် မြစ်ကမ်းနှင့်ဝေးသည့်နေရာများတွင်ရွေးချယ်ကြရန် လိုကြောင်း၊ ကျောင်းအဆောက်အဦ၊ ပရိဘောဂများကိုလည်း ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ကြရမှာဖြစ်ပါကြောင်း၊ ပညာရေးကိုအခြေခံ၍ အားကစားနှင့် အနုပညာကဏ္ဍများ တိုးတက်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ လိုအပ်ချက်များရှိပါကလည်း တင်ပြဆောင်ရွက်ကြရန်လိုကြောင်း” အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်မြို့နယ်ပညာရေးမှူးများနှင့် အထက်တန်းကျောင်းအုပ်ကြီးများက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကာ ဆရာ၊ ဆရာမများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ ဆရာကြီး ဆရာမကြီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။


Read More...
20-Sep-2023
ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် ဂွေးတောက်ကွင်းကျေးရွာ ရွာလယ်တံတားအား အသစ်ပြန်လည်တည်ဆောက်နိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စု၊ ဂွေးတောက်ကွင်းကျေးရွာရှိ အလျား၂၀၀ပေခန့် သစ်/ဝါးတို့ဖြင့် ဆောက်လုပ်ထားသည့် ရွာလယ်တံတားသည် ယခုလ၁၁ရက်နေ့က ရေတိုက်စားမှုကြောင့် ကျိုးကျပျက်စီးမှုဖြစ်ပွားခဲ့သဖြင့် အသစ်ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် တိုင်းဒေသကြီးကျေးလက်လမ်းဦးစီးဌာနဦးစီးမှူး၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ တံတားသစ်ပြန်လည်တည်ဆောက်နိုင်ရေးအခြေအနေများ၊ ပြည်သူများသွားလာရေးအဆင်စေရေးဆောင်ရွက်ထားရှိမှုအခြေအနေများရှင်းလင်းတင်ပြချက်များနှင့် ပြည်သူများ၏လိုအပ်ချက်များတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ကျေးရွာနေပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ သွားရေးလာရေး အခက်အခဲမရှိစေရေးအတွက်  တံတားအသစ်ပြန်လည်တည်ဆောက်ပေးနိုင်ရန် လာရောက်ကြည့်ရှုစစ်ဆေးခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း တံတားအသစ်ပြန်လည်ဆောက်နိုင်ရေးအတွက် အမြန်ဆုံးတိုင်းတာတွက်ချက်၍ တင်ပြပေးကြစေလိုကြောင်း”မှ ာကြားခဲ့ကာ ​​ကျေးရွာသူရွာသားများနဲ့ရင်းရင်းနှီးနှီး​တွေ့ဆုံအားပေးခဲ့ပြီး တံတားပျက်စီးမှုအ‌ေခြအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာစာသင်တိုက်အတွင်းဝန်း၌  ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆောင် နံရံအုတ်စီခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများစနစ်တကျ ဆောင်ရွက်စေရေး၊ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ချိန်အတွင်းပြီးစီးစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိ စာသင်တိုက်၏ ပဓာနနာယဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)  မဟာထေရ်မြတ်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ကျောင်းဆောင်ဆောက်လုပ်နေမှုအခြေအနေများနှင့်ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ေကြာင်းသိရသည်။


Read More...
19-Sep-2023