သတင်းများ
လပွတ္တာမြို့နယ်စက်မှုလက်မှုပညာသင်တန်းကျောင်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုပညာ သင်တန်းကျောင်း၏ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၅)၊ လျှပ်စစ်သင်တန်းအမှတ်စဉ် (၁၂)၊ ဂဟေသင်တန်းအမှတ်စဉ်(၁၂)၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၇)နှင့် လက်ကိုင်ဖုန်းပြင် သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင်တန်းမှ သင်ယူခဲ့သည့်ပညာရပ်များသည် လက်တွေ့နယ်ပယ်တွင်များစွာ အသုံးတည့်သည့်ပညာရပ်များဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အလွန်အရေးပါသည့် ပညာရပ်များဖြစ်သည့် အတွက် ပြည်သူလူထုကိုများစွာ အကျိုးပြုနိုင်သည့် ပညာရပ်များဖြစ်ကြောင်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်းကိုလည်း အခြေခံတင်မကဘဲ အဆင့်မြင့်ပညာရပ်ဖြစ်သည့် ကွန်ပျူတာဖြင့် စစ်ဆေးပြုပြင်ခြင်းများအထိ သင်ကြားပေးခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ဆက်လက်လေ့လာသင်ယူ၍ မိမိနယ်ပယ်အလိုက် ကောင်းစွာဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုအဖြစ် ကောင်းစွာအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းမှသင်ယူခဲ့သောပညာရပ်များကို ဆက်လက် လေ့လာဆည်းပူး၍ မိမိအတွက် အများပြည်သူအတွက် အကျိုးရှိအောင် ကြိုးစားဆောင်ရွက်ကြ စေလိုပါကြောင်း ပြောကြားခဲ့ပြီး သင်တန်းတွင်ထူးချွန်ဆုရရှိသည့် ကျောင်းသားများအား ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်း ကျောင်းသား(၅၀)ဦးအား အောင်လက်မှတ်များပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး သင်တန်းခန်းမများအတွင်း လှည်လည်ကြည့်ရှုစစ်ဆေးအားပေးခဲ့ပါသည်။
Read More...
22-Apr-2022
ပုသိမ်မြို့နယ်နှင့် မြောင်းမြမြို့နယ်ပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့စာပေးစာယူပထမနှစ်သင်တန်း (၁/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မြောင်းမြပညာရေးဒီဂရီကောလိပ်နှင့် ပုသိမ်ပညာရေးဒီဂရီကောလိပ်များသို့ သွားရောက်၍ ပညာရေးဘွဲ့စာပေးစာယူပထမနှစ်သင်တန်း (၁/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားများသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးတည်ဆောက်ရာတွင် ဆရာဆရာမများ၏ ကဏ္ဍမှာများစွာ အရေးပါကြောင်း၊ လာမည့်နှစ်တွင်လည်း ဒုတိယနှစ်သင်တန်းများ ဆက်လက်ဖွင့်လှစ်သင်ကြားပြီး ရန်ကုန်ပညာရေးတက္ကသိုလ်မှပညာရေးဘွဲ့ (BEd)များပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ပညာသင်နှစ်တွင်အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရောက်နိုင်ခြင်းမရှိသည့် ကျောင်းသူ ကျောင်းသားများအား လာမည့်ပညာသင်နှစ်တွင်ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရန် ဝိုင်းဝန်းကြိုးပန်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆရာဆရာမများသည် တပည့်များကို သင်ကြားရင်း ကိုယ်တိုင်လည်း ထပ်မံလေ့လာဆည်းပူးနေရမည်ဖြစ်၍ ထာဝရကျောင်းသားကြီးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိကိုယ်တိုင်စဉ်ဆက်မပြတ်လေ့လာသင်ယူ၍ တစ်ဖက်ကလည်း မိမိတပည့်များအား ပြုစုပျိုးထောင် မြှင့်တင်ပေးကြရမည်ဖြစ်ကြောင်း၊ ဆရာဆရာမများသည် လောကကိုပညာဖြင့် အလှဆင်သူ၊ ဂရုဏာဖြင့်ဖြေဖျောက်သူများဖြစ်သည့်အတွက် ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့ပြီး ဆရာဆရာမများမှ တန်းခွဲအလိုက်အသီးသီး မိတ်ဆက်တင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ မြောင်းမြပညာရေးဒီဂရီကောလိပ်၊ ဘိုကလေးပညာရေး ဒီဂရီကောလိပ်တို့တွင် ဆရာဆရာမ စုစုပေါင်း ၉၂၀ ဦး တက်ရောက်လျက်ရှိပါကြောင်း သိရှိရပါသည်။
Read More...
22-Apr-2022
ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အုန်းပင်စုကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးအားပေးခဲ့ပြီး ကိုဗစ်ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး သက်ဆိုင်ရာဌာနများ၊ အုပ်ချုပ်မှုဆိုင်ရာ အဖွဲ့အစည်းများမှ အဆင့်ဆင့်ကြပ်မတ်၍ အထူးအလေးထားဆောင်ရွက်ကြရန်၊ ဒေသခံပြည်သူများအနေဖြင့် လာရောက်ထိုးနှံရန် အခက်အခဲရှိပါက အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်ချက်များအပေါ် ဝိုင်းဝန်းကူညီဖြည့်ဆည်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး အခြေခံပညာအလယ်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု၍ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ ကျောင်းပရိဘောဂများ၊ သောက်သုံးရေစီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ဆရာ၊ ဆရာမ ဝန်ထမ်းအိမ်ရာများ ပြည့်စုံကောင်းမွန်မှုရှိမရှိတို့အား ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ငပုတောမြို့နယ်၊ ဖျန်ရေကျော်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ ကျောင်းဝန်းအတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုအခြေအနေအား ကြည့်ရှုစစ်ဆေးအားပေးခဲ့ကာ ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ လိုအပ်ချက်များအပေါ် ဝိုင်းဝန်းကူညီဖြည့်ဆည်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု၍ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ ကျောင်းသားများကျောင်းတက်ရောက်မှုအခြေအနေနှင့် စာသင်ဆောင်များ ဆောက်လုပ်ထားရှိမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
Read More...
21-Apr-2022
ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာအုပ်စု၊ ဘောမိကျေးရွာသို့ရောက်ရှိ၍ ဘောမိချောင်းတံတား (၁၃၅၀ပေ) တည်ဆောက်ရေး အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများအား တံတားဆောက်လုပ်ရေးတာဝန်ခံမှ ရှင်းလင်းတင်ပြခဲ့ပြီး တံတားတည်ဆောက်မည့် လျာထားနေရာများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ မကျီးဇင်ကျေးရွာ တိုက်နယ်ဆေးရုံသို့ရောက်ရှိ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံခဲ့၍ တင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ကြစေရေး လမ်းညွှန်မှာကြားခဲ့ပြီး ဆရာဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ချောင်းဝချိုင်ကျေးရွာရှိ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်နယ်စပ်ရှိ ကျောက်ချွန်းတံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စစ်ဆေးရေးဂိတ်သို့သွားရောက်၍ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့ကာ လုံခြုံရေးနှင့်စနစ်တကျစစ်ဆေးနိုင်ရေး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
Read More...
20-Apr-2022
အိမ်မဲမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ခင်းရိတ်သိမ်းပွဲနှင့် မျိုးစေ့ပေးအပ်ပွဲကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧပြီလ ၁၉ရက်နေ့က မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကွင်းယားတံခွန်တိုင်ကျေးရွာ၊ ကွင်းအမှတ်၊ (၉၀-က) ကွင်းယားမြောက်၊ တောင်သူဦးထိန်ဝင်း၏ လယ်မြေ (၁) ဧကရှိ ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) မျိုးစေ့ထုတ်စိုက်ခင်းတွင် ပိုက်ဆံလျှော်ရိတ်သိမ်း၍ မျိုးစေ့ထုတ်နေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။
ထို့နောက် တိုင်းဒေကြီးဝန်ကြီးချုပ်မှ တောင်သူများနှင့်တွေ့ဆုံ၍ မြေဆီလွှာအာဟာရဓါတ်များ ပြန်လည်ကောင်းမွန်လာစေရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်း စိုက်ပျိုး၍ မြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရန်လိုပါကြောင်း၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအားတောင်သူများ ကျယ်ကျယ်ပြန်ပြန့် သိရှိအောင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံတောင်သူများအား သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Read More...
19-Apr-2022