သတင်းများ
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ငွေဆောင်မြို့၊ ချောင်းသာမြို့ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း
Read More...
ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ၂၀၂၁ ခုနှစ်၊ မတ်လ၊ (၁၆)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်၌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)တွင် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တိုင်းလျှပ်စစ်အင်ဂျင်နီယာ၊ တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် ငွေဆောင်/ ချောင်းသာမြို့ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များနှင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေးတို့အတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
Read More...
30-Nov--0001
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ဆန်ကုန်သည်များအသင်းနှင့်တွေ့ဆုံဆွေးနွေးခြင်း
Read More...
ပြည်သူလူထုစားဝတ်နေမှုအခက်အခဲမရှိစေရေး၊ ကုန်စည်စီးဆင်းမှုသွက်လက်မှန်ကန်စေရေးနှင့် အခြေခံစားသောက်ကုန်စျေးနှုန်း တည်ငြိမ်စေရေးအတွက် ၂၀၂၁ ခုနှစ်၊ မတ်လ၊ (၁၅)ရက်နေ့၊ နေ့လယ်(၁၄၃၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် ဆန်ကုန်သည်များအသင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီဝင်များ၊ ကောင်စီ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် ဆန်ကုန်သည်များအသင်းမှတာဝန်ရှိသူများ တက်ရောက် ခဲ့ပြီး ဆန်ကုန်သည်များမှ စပါးစျေးနှုန်းမျှော်မှန်းသည်ထက်လျော့ကျသည့်အတွက် နိုင်ငံတော်မှ စပါးဝယ်ယူပေးနိုင်ရေးတင်ပြခဲ့ပြီး ဘဏ်စနစ်ကြောင့် ငွေကြေးစီးဆင်းမှုနှေးကွေးမှုအပေါ် လျင်မြန်စေရေးတင်ပြခဲ့ရာ တိုင်းကောင်စီဥက္ကဋ္ဌမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဆောင်ရွက်ရမည့်အစီအမံများအား အသေးစိတ် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
16-Mar-2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)တွင် တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
Read More...
၂၀၂၁ ခုနှစ်၊ မတ်လ၊ (၁၅)ရက်နေ့၊ နေ့လယ်(၁၃၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)တွင် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီဝင်များ၊ ကောင်စီအတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
Read More...
30-Nov--0001
ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များအား Covid-19 ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို အားပေးကြည့်ရှု့
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲရိပ်သာခန်းမ၌ ၂၀၂၁ခုနှစ်၊မတ်လ (၁၄)ရက်နေ့ နံနက်(၉)နာရီခွဲ အချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူနှင့်ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့မှ တပ်ဖွဲ့ဝင်(၂၂၄)ဦး၊ စာရေးဝန်ထမ်း(၁၁)ဦး၊ မိသားစုဝင်(၁၅)ဦး၊ စုစုပေါင်း(၂၅၀)ဦးတို့အား အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၄)စစ်မြေပြင် ဆေးတပ်ရင်းမှပါရကူများ၊ ဆရာဝန်များက Convid-19 ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်း ပြုလုပ်ခဲ့ပါတယ်။
ရှေးဦးစွာ Covid-19 ရောဂါ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံရာတွင် သိရှိလိုက်နာ ရှောင်ကြင်ရမည့်အချက်များအား မဆရ(၄)မှဗိုလ်ကြီး စိုးသက်ဦးမှ ရှင်းလင်းပြောကြားခဲ့ပြီး ကာကွယ်ဆေးများ စတင်ထိုးနှံပေးခဲ့ပါတယ်။
အခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲမှူးကြီးတင်ဇော်ထွန်းနှင့်တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု အားပေးခဲ့ပါကြောင်း သတင်းရရှိပါတယ်။
Read More...
14-Mar-2021
ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူစနိယပွဲတော် ဖွင့်ပွဲကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူစနိယပွဲတော်ကြီး ဖွင့်ပွဲအခမ်းအနားကို အခမ်းအနားကို ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃) ဦးအုန်းမြင့်၊ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီး / ခရိုင်/မြိုနယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကာ ၂၀၂၁ ခုနှစ်၊မတ်လ ၁၃ ရက် (မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် တပေါင်းလဆန်း(၁)ရက်နေ့ နံနက်(၈)နာရီအချိန်မှာ စေတီတော်ကြီး၏ အောက်ခြေသမာဓိစောင်းတန်းထိပ်ပင်လယ်ကမ်းစပ်ရှိ မုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
ပထမဦးစွာ သမာဓိစောင်းတန်းထိပ်ပင်လယ်ကမ်းစပ်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃)နှင့်အဖွဲ့သည် ရှင်ဥပဂုတ္တဖောင်တော် အားရေမျောပူဇော်ခြင်းနှင့်နဂါးစာကျွေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကာ ဖွင့်ပွဲအခမ်းအနားကို မြတ်မော်တင် ကျောင်းတိုက်ဆရာတော် (မဟာသဒ္ဒမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသုဇာတ ) ဆရာတော်၊ဧရာဝတီတိုင်းဒေကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃) ဦးအုန်းမြင့်၊ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့က ဗုဒ္ဓပူစနိယဘုရားပွဲတော်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃)နှင့်အဖွဲ့သည် မြတ်မော်တင်စေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်၍ အင်္ဂါထောင့်တွင် ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ယို(၉)မျိုးတို့အား ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
အဲဒီနောက် သံဃာတော်များက မြတ်မော်တင်ဘုရားရင်ပြင်တော်ပေါ်မှာ ဗုဒ္ဓါဘိသေကအနေကဇာ တင်တော်မူခဲ့ကြပါတယ်။ ဆက်လက်ပြီး ရင်ပြင်တော်ရှိ မဟာမင်္ဂလာမပ်မှာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ အဖွဲ့ဝင်(၃)နှင့်အဖွဲ့တို့ဟာ ဧည့်ပရိတ်သတ်များနှင့်အတူ ငပုတောမြို့နယ်ဩဝါဒါစရိယ၊ ပြင်ခရိုင်၊ ရွှေကျောင်းတိုက်ဆရာတော်မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တကဝိနန္ဒအရှင်သူမြတ်ကြီးထံမှ ငါးပါးသီလခံယူခြင်း၊ သံဃာတော်အရှင်သူမြတ်များက ရွတ်ဖတ်သရဇ္ဈယ် ချီးမြှင့်တော်မှူသော ပရိတ်တရားတော်များအား နာယူကြည်ညိုခြင်း၊ ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ခြင်းတို့ဆောင်ရွက်ခဲ့ပါတယ်။
ထို့နောက် မြတ်မော်တင်ကျောင်းတိုက်ဆရာတော်အရှင်သူမြတ်ထံမှ အနုမောဒနာ တရား နာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြောင်း သတင်းရရှိပါတယ်။
Read More...
14-Mar-2021